← Chapters

အခန်း ၁၁၁၉

Vol. 75 Ch. 1119

အခန်း ၁၁၁၉

Vol. 75 Ch. 1119

အပိုင်း ( 1119 ) လျိုယွီရှင်းနှင့် တိုက်ခိုက်ရခြင်း။

ရန်ပိုထျန်း၊ ခြင်္သေ့မင်း၊ ခုန်လင်းနှင့် လုံချန်တို့ကို ဖယ်ထုတ်ခဲ့သည်။

ထိုပါ့ရှီ၊ မသမာသောရဟန်းနှင့် အခြားကျွမ်းကျင်သူများကိုလည်း ဖယ်ထုတ်ထားခဲ့၏။ သူတို့ကို စိန်ခေါ်ခြင်းက အရှုံးပေးလိုက်ခြင်းနှင့် မခြားပေ။

ထို့ပြင် ဟင်းလင်းပြင်တာအိုကို နားလည်သော တိရှန်ကိုလည်း ဖယ်ထုတ်ထားခဲ့သည်။

ဒုတိယတန်းစား ပါရမီရှင်များ၏ ထိပ်ဆုံးတွင် အမြဲရှိခဲ့သော ဝူချန်ခုန်းကိုလည်း ချန်လှပ်ကြပေသည်။

ထိပ်တန်း လူနှစ်ဆယ်တွင် နားမလည်နိုင်သော ခံစားချက်များ ပေးစွမ်းနေသူ လူအချို့လည်း ရှိသေးသည်။ ဤအထဲတွင် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်တို့က လူအများ၏ လိုက်စားခြင်းကို ခံရသော အလှလေးများ ဖြစ်ကြသည်။ ဟုတ်ပေသည်၊ သူတို့ကိုလည်း မည်သူကမျှ စိန်ခေါ်လိုမည် မဟုတ်ချေ။

ထိုအခါ လူအနည်းငယ်သာ ကျန်သည်။

လူတော်တော်များများ၏ အကြည့်များက လုမင်နှင့် အခြားလူနှစ်ယောက်ပေါ်သို့ စုပြုံကျလာခဲ့သည်။

လုမင်သည် ယခင်က ဝူစန်းကို အနိုင်ယူခဲ့ဖူးသော်လည်း၊ ဝူစန်းက ဒုတိယတန်းစား ပါရမီရှင်းများကြားတွင် အားနည်းသူဟု ဆိုနိုင်သည်။

ထို့အပြင်၊ လုမင်က စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား၏ တိုက်ခိုက်ခြင်းကို တားဆီးရန်ပင် ရတနာတစ်ခုကို အသုံးပြုခဲ့၏။ သို့သော်လည်း၊ ဤတိုက်ပွဲမျိုးတွင် ရတနာများကို အားကိုးနေ၍မရပါ။ ကိုယ်ပိုင်အင်အားကိုသာ အားကိုးကြရမည်။

ထို့ကြောင့်၊ လုမင်သည် သူတို့ စိန်ခေါ်ရန်အတွက် အကောင်းဆုံးပစ်မှတ်များထဲမှ တစ်ဦးဖြစ်သည်မှာ သေချာလှပေသည်။

"ကိုင်း၊ ပြိုင်ပွဲမစခင်မှာ ပြောစရာက နှစ်ခုပဲရှိတယ်။ ပထမ၊ ဒါက ပြိုင်ပွဲတစ်ခုသာဖြစ်လို့ မင်းတို့ရဲ့ပြိုင်ဘက်ကို သတ်လို့မရဘူး။ ဒုတိယ... ပြင်ပပစ္စည်းတွေကို သိပ်အားမကိုးပါနဲ့။ မင်းတို့ ကိုယ့်အစွမ်းအစကိုပဲ အားကိုးရမယ်"

ရှဲ့ချီထျန်းက ကြေညာခဲ့သည်။

"ဟိုမုတ်ဆိတ်ကြီး၊ မင်း... မင်းကို ငါစိန်ခေါ်တယ်"

"မင်းဘာလုပ်တာလဲ၊ အဲဒီ မုတ်ဆိတ်ကြီးက ငါ့လူကွ"

"မင်းတို့အားလုံး ထွက်သွား၊ သူကတော့ ငါ့လူ"

"..."

ရှဲ့ချီထျန်း ပြောပြီးသည်နှင့် လူတချို့ တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။

'အိုး၊ မင်းတို့အားလုံးက ငါ့ကို အနိုင်ကျင့်ဖို့ လွယ်မယ်ထင်နေကြတာလား'

အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း လုမင် မျက်လုံးများတွင် ကြမ်းကြုတ်မှုများ လင်းလက်သွား၏။

"ခဏနေဦး၊ ဒါက အရမ်းရှုပ်နေတယ်။ ရလဒ်တွေအတိုင်းပဲ ငါတို့ သွားကြ‌တာပေါ့။ အောက်တန်းနှစ်ဆယ်မှာ ရလဒ်ကောင်းသူတွေကို ဦးစားပေးရမယ်"

ရှဲ့ချီထျန်း ပြောပြီးသည်နှင့် မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထို့နောက် အဘိုးကြီးတစ်ယောက် ထွက်လာကာ အောက်တန်း လူနှစ်ဆယ်၏ အဆင့်များကို တစ်ယောက်ပြီးတစ်ယောက် ဖတ်ပြလိုက်၏။

နာမည်များ အနောက်ရောက်‌လာလေလေ၊ မျက်နှာအမူအရာ ပျက်ယွင်းလာလေလေပင်။

ရလဒ်ကောင်းသူများကို ဦးစားပေးမည်ဆိုပါက အားနည်းသူများကို စိန်ခေါ်နိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရသော် နောက်ဆုံးလူက အသန်မာဆုံးနှင့် ရင်ဆိုင်ရလိမ့်မည်။

ဥပမာအားဖြင့် လုံချန်၊ ရန်ပိုထျန်းနှင့် အခြားသူများ... တိုက်ပွဲအစမှာ မည်သူက ၎င်းတို့ကို စိန်ခေါ်ပါမည်နည်း။

အောက်ခြေအဆင့်ရှိသူများက ရန်ပိုထျန်း၊ အခြားသူများနှင့် ရင်ဆိုင်ရမည်မှာ သေချာသည်။ သို့ဖြစ်ပေရာ သူတို့ မပျော်နိုင်ကြတော့ပေ။

"ကိုင်း၊ စလိုက်ကြရအောင်"

အမည်များကို သတင်းပို့ပြီးနောက် ရှဲ့ချီထျန်းက ကြေညာလိုက်သည်။

"ငါလာပြီ"

လျိုယွီရှင်းသည် ချက်ချင်း ထွက်သွား၏။ အောက်တန်း လူနှစ်ဆယ်တွင် သူမက ရလဒ်အကောင်းဆုံး ဖြစ်သည်။ သူမက ထိပ်တန်း လူနှစ်ဆယ်စာရင်းပင် ဝင်လုနီးပါး ဖြစ်ခဲ့ပါသေးသည်။

သူမက လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် လုမင်အပေါ်တွင် ရပ်တန့်သွားခဲ့သည်။

"မုတ်ဆိတ်ကြီး၊ နင့်ကို ငါစိန်ခေါ်တယ်"

ပြောရင်း သူ့မျက်လုံးများတွင် အေးစက်စက်အလင်းတစ်ခု လင်းလက်သွား၏။

ယခင်က လုမင်သည် သူမကို လုံးဝ မျက်နှာသာမပေးခဲ့ပေ။ လူတိုင်းရှေ့တွင် သွေးအေးနန်းတော်မှ ပါရမီရှင်ကိုပင် ဖိနှိပ်ခဲ့သည်။ လျိုယွီရှင်း၏ အမြင်တွင်၊ ဤအရာက သူမ၏ပါးကို တည့်တည့်ကြီး ဖြတ်ရိုက်လိုက်ခြင်းပင်။ ထိုစဉ်ကတည်း လုမင်ကို သင်ခန်းစာ အတော်ပေးချင်သွားခဲ့သည်။ ယခုတော့ အခွင့်အရေးကောင်းက ရောက်ရှိလာပြီဖြစ်ရာ သူမ အလွတ်မပေးနိုင်တော့ပါချေ။

"မိန်းကလေး၊ မင်းက ငါ့ကို စိန်ခေါ်ချင်တာလား။ ငါအရင်ကပြောခဲ့သလိုပဲ သတိထားပါ၊ မဟုတ်ရင် ငါမင်းရဲ့ တင်ပါးတွေကို ရိုက်ပေးရလိမ့်မယ်"

လုမင်က လျိုယွီရှင်း၏ ခပ်မို့မို့ တင်ပါးများကို လှမ်းကြည့်ရင်း ပြုံးလျက်ပြောလိုက်သည်။

"နင်... နင်သေချင်နေတာပဲ"

လျိုယွီရှင်း၏မျက်နှာက မည်းမှောင်သွားသည်။

"ဒီကောင်က တကယ်ကို သေချင်နေတာပဲ"

ဘုရင်ငယ်ငါးပါးမှ ခြ‌င်္သေ့မင်း၏ မျက်လုံးများမှာလည်း အေးစက်စက် သတ်ဖြတ်ချင်စိတ်များ လင်းလက်သွား၏။ ယင်းက သူ့ဘေးတွင် ရပ်နေသူများကိုပါ တုန်လှုပ်စေခဲ့သည်။

ခြင်္သေ့မင်းက လျိုယွီရှင်းကို အမြဲ ပိုးပန်းနေသူဖြစ်ကြောင်း အလယ်ပိုင်းတိုက်ကြီးမှ လူတိုင်း သိသည်။ ယခုမူ၊ လုမင်က လျိုယွီရှင်းကို ပေါ်တင် ပရောပရည်လုပ်ခဲ့၏။ ယင်း‌က ခြင်္သေ့မင်းကို ဒေါသဖြစ်စေခဲ့ကြောင်း ထင်ရှားသည်။

လျိုယွီရှင်းက လုမင်ကို စိန်ခေါ်ခဲ့သည်။ တခြားလူများလည်း နောက်ပြန်ဆုတ်ကာ စင်မြင့်အစွန်းတွင် ရပ်လိုက်ကြ၏။ လုမင်နှင့် လျိုယွီရှင်းသာလျှင် စင်မြင့်အလယ်တွင် မျက်နှာချင်းဆိုင် ရပ်နေခဲ့တော့သည်။

"နင့်ကို ဒီနေ့ မျက်ရည်ကျအောင်မရနိုင်ရင် ငါ လျိုယွီရှင်း မဟုတ်တော့ဘူး"

လျိုယွီရှင်း၏ လှပသော မျက်လုံးများက အေးစက်စက် အလင်းရောင်များ ပြည့်နှက်နေခဲ့သည်။

လုမင်ကို အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်မှုရှိ၏။

အကြောင်းမူကား၊ ယခင် စိစစ်မှုတွင် သူမက အင်အားအပြည့် မထုတ်ဖော်ခဲ့၍သာ ဖြစ်တော့သည်။

"ဝှစ်"

လျိုယွီရှင်းက စတင် လှုပ်ရှားသည်။ သူမက လုမင်ကို လက်သီးနှင့် ထိုးချလိုက်၏။ ထူးဆန်းသည်က လျိုယွီရှင်း လှုပ်ရှားလိုက်သည်နှင့် ပုံရိပ်များစွာ ထွက်ပေါ်လာ‌ခြင်း ဖြစ်တော့သည်။

တစ်ယောက်၊ နှစ်ယောက်၊ လေးယောက်၊ ရှစ်ယောက်...

အဆုံးတွင်၊ စင်မြင့်က လျိုယွီရှင်း၏ ပုံရိပ်များနှင့် ပြည့်သွားသည်။ လျိုယွီရှင်း ရာနှင့်ချီက ပတ်ဝန်းကျင်တွင် ပြည့်ကျပ်သွား၏။

"ဒါက အမှောင်ပုံရိပ်ဂိုဏ်းရဲ့ ပုံရိပ်ယောင်နတ်ဆိုးခန္ဓာကျမ်းပဲ။ လျိုယွီရှင်းက ဒီအဆင့်အထိ လေ့ကျင့်ထားနိုင်တာ တကယ် အံ့ဩစရာကောင်းတယ်"

လျှောက်လမ်းအစွန်းတွင် ဒုတိယတန်းစား ပါရမီရှင်တချို့က ဤနည်းလမ်းကို အသိအမှတ်ပြုကာ မျက်နှာအမူအရာများ လေးနက်သွားခဲ့သည်။

ရာနှင့်ချီသော ပုံသဏ္ဌန်များက ရုတ်ချည်း ပေါ်လာခဲ့လျှင် မည်သို့ ပြန်ခုခံနိုင်မည်နည်း။

လျိုယွီရှင်း၏ တိုက်ခိုက်နိုင်စွမ်းက ဒုတိယတန်းစား ပါရမီရှင်များကြားတွင် ပျမ်းမျှအဆင့်ထက် သာလွန်သည်ဟု ဆိုနိုင်သည်။

"ပုံရိပ်ယောင်နတ်ဆိုးလက်ချောင်း"

ကြွေးကြော်သံနှင့်အတူ ရာနှင့်ချီသော ပုံသဏ္ဌန်များက ၎င်းတို့၏လက်များအား တပြိုင်နက်တည်း ဆန့်ထုတ်လိုက်ကြသည်။

သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းများက သေးသွယ်ကာ အားနည်းပုံပေါက်သော်လည်း ဝိညာဉ်လက်နက်ထက် ပိုကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။ လက်ချောင်းများက လုမင်ကို သတ်ဖြတ်လိုဟန်ဖြင့် ဟင်းလင်းပြင်ကို ထွင်းဖောက်သွား၏။

"ဝှစ် ဝှစ်"

အရပ်ရပ်မှ လက်ချောင်းများက လုမင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ ဦးတည်လာခဲ့သည်။

လုမင်၏ လက်ထဲတွင် အနက်ရောင်လှံတစ်ချောင်း ပေါ်လာသည်။

မင်လုက လှံနက်ဂိုဏ်းမှ ဆင်းသက်လာသောကြောင့် လှံနက်တစ်ချောင်းကို ယခင်ကတည်းက သူ ဝယ်ထားခဲ့၏။ ဤသည်မှာ အဆင့်ရှစ် အလယ်လတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်သည်။

"ဝှစ် ဝှစ်.."

လေတိုးသံနှင့်အတူ အနက်ရောင် လှံအလင်းများက လေထဲတွင် သိပ်သည်းပြီး လက်ချောင်းများဆီသို့ တိုးဝင်သွားကြသည်။

"ဝုန်း ဝုန်း"

အဆက်မပြတ် တိုက်မိပြီးနောက် လှံအလင်းများနှင့် လက်ချောင်းအင်မားများ အတူတူ ကွယ်ပျောက်သွား၏။

"ဝမ်"

ထို့နောက်မှာတော့ အနက်ရောင်လှံအလင်းများက ကျယ်ပြန့်လာပြီးကာ တပ်မဟာကြီးတစ်ခုကိုပင် ချေမှုန်းပစ်နိုင်သော စွမ်းအားမျိုးဖြင့် ပျံ့နှံ့သွားတော့သည်။

သို့သော်၊ လျိုယွီရှင်း၏ ကိုယ်ဖော့ကျမ်းက အမှန်တကယ်ပင် စွဲမက်ဖွယ်ကောင်းသည်။ ထိုသို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ၊ စင်မြင့်ပေါ်ရှိ ရာနှင့်ချီသော ပုံသဏ္ဌန်များကလည်း တောက်ပလာပြီး လုမင်၏ လှံအလင်းများကို ရှောင်တမ်းသွားခဲ့သည်။

"လှံဘယ်နှစ်ချောင်း ရှောင်နိုင်မလဲ ကြည့်ရသေးတာပေါ့"

လုမင်က လှံကိုကိုင်ကာ အဆက်မပြတ် လှုပ်ရှားလိုက်သည်။ လှံအလင်းများက အနက်ရောင်နဂါးကြီးကဲ့သို့ စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

လျိုယွီရှင်း၏ ကိုယ်ဖော့ကျမ်းက အားကောင်းသော်လည်း ဤတိုက်ပွဲစင်မြင့်မျိုးတွင် ၎င်း၏ အားသာချက်များစွာ လျော့ကျသွားခဲ့သည်။ မကြာမီ၊ သူမရှောင်တိမ်းနိုင်တော့ဘဲ လှံအလင်းများထိမှန်သွားသွား၏။ ပုံရိပ်များလည်း တစ်ခုပြီးတစ်ခု ကွယ်ပျောက်သွားတော့သည်။

"ဟမ့်"

လျိုယွီရှင်းက နောက်ပြန်ဆုတ်သွားမည့်အစား အော်ဟစ်ပြီး အရှိန်မြှင့်လိုက်သည်။ သူမ၏ ပုံသဏ္ဍာန်က မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့၏။

လုမင်၏ လှံအလင်းက နဂါးကြီးတစ်ကောင်နှင့်တူသော်လည်း သူမကို မထိတွေ့နိုင်ပေ။

လုမင်အနီးသို့ ရောက်လာသည်နှင့် လျိုယွီရှင်း၏ ဦးခေါင်းထက်တွင် မီးခိုးရောင်မြူခိုးတစ်စု ပေါ်လာခဲ့သည်။ မီးခိုးရောင် မြူခိုးပေါ်တွင် ရွှေရောင်ချာကရ ရှစ်ခု ရှိ၏။

ဤသည်ကား၊ လျိုယွီရှင်း၏ သွေးမျိုးဆက်ပင် ဖြစ်တော့သည်။

"နွေဦးနဲ့ ဆောင်းဦးရဲ့ အိပ်မက်များ"

ထိုအချိန်တွင် လျိုယွီရှင်းက မီးခိုးရောင် မြူခိုးထုအဖြစ် ပြောင်းလဲသွားခဲ့သည်။ မီးခိုးရောင် မြူခိုးများက လျင်မြန်စွာ ကျယ်ပြန့်လာကာ လုမင်ကို ဖုံးလွှမ်းသွား၏။

လုမင်အား မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းသွားသောအခါ ပတ်ဝန်းကျင် မြင်ကွင်းများကလည်း ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

"ဝုန်း"

မိုးနှင့်မြေက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ လုမင်သည် သူ့ရှေ့တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို တွေ့လိုက်ရ၏။

"ဖူရုပ်သေးဂိုဏ်း"

လုမင် အံ့သြသွားသည်။

ဖူရုပ်သေးဂိုဏ်းက သူ့ရှေ့တွင် ရှိနေသည်။ ဤအခိုက်တွင် ဖူရုပ်သေးဂိုဏ်း၏ အကာကွယ်ဝင်္ကပါက ပျက်ဆီးသွား၏။ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ တပ်များက လျန်ရီတောင်ကို အလုံးအရင်းဖြင့် ဝင်ရောက်ကြတော့သည်။ ဤအခိုက်တွင် နှစ်ဖက်စလုံးက သွေးချောင်းစီးစေသော တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခဲ့သည်။

အဓိပဓိကျိုးယန်နှင့် ရန်ခွမ်းစုလည်း ဧကရာဇ်ရီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများလည်း ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ တန်ခိုးရှင်များလက်ချက်ဖြင့် သေဆုံးသွား၏။

သူ့မိဘများ၊ သူ့တပည့်များနှင့် သူ့ငယ်ချင်း အားလုံးလည်း သွေးချောင်းစီးသည့် ဤတိုက်ပွဲတွင် ပြာဖြစ်သွားရပြီ။

'ပုံရိပ်၊ ပုံရိပ်ယောင်... ဒါက ပုံရိပ်ယောင်တွေပဲ'

လုမင်၏ မျက်လုံးများက အရောင်လက်လာကာ အသက်ပြင်းပြင်းရှူလိုက်သည်။

မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင်လည်း သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်မှ တန်ခိုးရှင်တစ်ဦး၏ ပုံရိပ်ယောင်ဝင်္ကပါထဲကို သူ ကျရောက်ဖူးသည်။ ထိုပုံရိပ်ယောင်များနှင့် နှိုင်းယှဉ်လျှင် ဤပုံရိပ်ယောင်က ဘာမျှ မပြောပလောက်ပေ။ ဤအရာလောက်နှင့် လုမင်ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

လုမင်က သူ၏ မျက်လုံးများကို တဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

All Chapters