← Chapters

အခန်း ၁၁၂၀

Vol. 75 Ch. 1120

အခန်း ၁၁၂၀

Vol. 75 Ch. 1120

အပိုင်း ( 1120 ) မနာလိုပြီး မျက်လုံးတွေတောင် နီရဲသွားကြပြီ။

ဤအခိုက်အတန့်တွင် စင်မြင့်အစွန်းမှ ပါရမီရှင်များ၊ ဧကရာဇ်၊ အဓိပဓိများနှင့် စားပွဲများမှ အခြားစွမ်းအားရှင်များအပြင်... ပတ်ဝန်းကျင်လေထဲမှ သူတော်စင်မြို့တော်ရှိ ကျင့်ကြံသူများအားလုံး စင်မြင့်ကို စိုက်ကြည့်နေခဲ့သည်။

မီးခိုးရောင်မြူများဖြင့် ဖုံးလွှမ်းနေသော လုမင်၏ရုပ်သွင်ကို သူတို့မြင်ကြရ၏။

"ဒါက လျိုယွီရှင်းရဲ့ နွေဦးနဲ့ ဆောင်းဦးရဲ့ အိပ်မက်ပဲ။ မင်လုလို့ခေါ်တဲ့ ဒီကောင်တော့ ပြီးသွားပြီ။ ရလဒ်က ဆုံးဖြတ်ပြီးပါပြီ"

"ဟုတ်တယ်၊ လျိုယွီရှင်းက နွေဦးနဲ့ ဆောင်းဦးအိပ်မက်ကို အသုံးပြုကတည်းက သူနောက်ဆုတ်သွားရမှာ။ မဟုတ်လို့ ဖုံးကွယ်သွားရင် အဆုံးမဲ့ ပုံရိပ်ယောင်ထဲ ကျရောက်သွားလိမ့်မယ်။ ဒီအခါကျရင် ထိပ်တန်း ဘုရင်ငယ်ငါးယောက်တောင် အန္တရာယ်ရှိနိုင်တယ်။ လျိုယွီရှင်း နိုင်သွားခဲ့ပါပြီ"

ဒုတိယတန်းစား ပါရမီရှင်အချို့က ဆွေးနွေးလိုက်ကြသည်။ လျိုယွီရှင်း၏ နွေဦးနှင့်ဆောင်းဦး အိပ်မက်က မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ ကောင်းကောင်းသိပေသည်။

ဤသည်က လျိုယွီရှင်း၏ သွေးမျိုးဆက်သိုင်းပညာဖြစ်ကာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည်။

ထို့နောက်မှာတော့ မည်သူမျှ အသံမထွက်ဘဲ ငြိမ်သက်စွာ စောင့်နေကြတော့သည်။

မီးခိုးရောင် မြူခိုးများကြားတွင် လုမင်က သူ၏ မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားသည်။ သို့သော်လည်း နှစ်မိနစ်အကြာတွင် လုမင်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။

"ဒါကို အဆုံးသတ်ရအောင်"

လုမင်က နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလိုက်သည်။ ဖူရုပ်သေးဂိုဏ်းမှ တိုက်ပွဲ မြင်ကွင်းများက ရုတ်တရက် အေးခဲသွား၏။ ထို့နောက်မှာတော့ မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားကာ ကွယ်ပျောက်သွားတော့သည်။

လုမင်က မီးခိုးရောင် မြူခိုးများဖုံးလွှမ်းနေသော စင်မြင့်ပေါ်တွင် ရပ်နေဆဲ ဖြစ်သည်။

"ချိုးဖြတ်လော့"

လုမင်၏ လက်ဝါးက ဓားတစ်လက်ကဲ့သို့ပင်။ သူ့လက်ဝါးတွင် တာအိုအလင်း ငါးခုကလည်း လင်းလက်သွားခဲ့သည်။

မီးခိုးရောင် မြူခိုးများက နိမ့်ဆင်းလာသလို ကောင်းကင်နှင့်မြေပြင်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လုမင်၏ စွမ်းအင်များနှင့် အဆက်မပြတ် ဖျက်ဆီးခံနေရသည်။

နောက်အခိုက်အတန့်တွင် လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိကျသော ဦးတည်ရာသို့ ပြေးသွား၏။ သူ့လက်မှ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများ ပေါက်ကွဲထွက်လာကာ ရှေ့သို့ ဖမ်းဆုပ်လိုက်တော့သည်။

ထိုလမ်းကြောင်းမှ မီးခိုးရောင် မြူခိုးများ ဖျက်ဆီးခံရပြီးနောက် လျိုယွီရှင်း၏ရုပ်ပုံ ပြန်ပေါ်လာခဲ့သည်။

ဤအခိုက်တွင် သူမ၏ မျက်လုံးများက ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့မျက်နှာတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်သွား၏။

ကြီးမားသော စွမ်းအင်လက်ဝါးကြီးက လျိုယွီရှင်းကို ဖမ်းဆုပ်ကာ စွမ်းအင် မဖြန့်ကျက်နိုင်စေရန်အတွက် တံဆိပ်ခတ်လိုက်တော့သည်။

လျိုယွီရှင်းကို လုမင်က ဖမ်းဆုပ်လိုက်သည်နှင့် မီးခိုးရောင် မြူများလည်း ပျောက်ကွယ်သွားသည်။

ဤမြင်ကွင်းကို မြင်တော့ လူအုပ်ကြီးမှာ အံ့အားသင့်သွား၏။

"လျိုယွီရှင်း ရှုံးပြီး၊ အဖမ်းခံလိုက်ရပြီ။ ဘာဖြစ်သွားတာလဲ"

မီးခိုးရောင် မြူခိုးများကြောင့် ဖြစ်ပျက်ခဲ့သည်များကို လူတော်တော်များများက မမြင်ခဲ့ကြပေ။ လုမင် သေချာပေါက် ရှုံးလိမ့်မည်ဟု သူတို့ ထင်နေခဲ့ကြသည်။ သို့သော်လည်း၊ နှစ်မိနစ်အကြာတွင် မြူများ ကွယ်ပျောက်သွားပြီး ဤမြင်ကွင်းကို မြင်လိုက်ကြရလေတော့သည်။

သိုင်းအုပ်ချုပ်သူများကတော့ မျက်လုံးများ အရောင်လက်သွားသည့်တိုင် ဘာမျှမပြောကြပေ။

တစ်ခုခုကို သူတို့ မြင်တွေ့သွားတာတော့ သိသာသည်။

"ငါ့ကိုလွှတ်"

လျိုယွီရှင်းက စွမ်းအင်လက်ကြီးမှ လွတ်မြောက်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သည်။ သို့ရာတွင် သူမ၏ ယွမ်ချီများကို တံဆိပ်ခတ်ထား၏။ သို့ဖြစ်ပေရာ သူမ၏ ရုပ်ခန္ဓာခွန်အားဖြင့် မည်သို့ လွတ်မြောက်နိုင်မည်နည်း။

"လွှတ်​​ရမှာလား။ ဟဲဟဲ... ငါပြောထားတာကို မေ့သွားပြီလား"

လုမင်က ပြုံးပြုံးကြီးဖြင့် လျိုယွီရှင်း၏ ခန္ဓာကိုယ်အနှံ့ အကြည့်ဖြန့်လိုက်သည်။

လျိုယွီရှင်း တုန်လှုပ်သွားကာ လုမင်ကို စိုက်ကြည့်လိုက်၏။

"နင်... နင် ဘာလုပ်မလို့လဲ"

"ဒါပေါ့... မင်းတင်ပါးကို ရိုက်မလို့"

လုမင်က အာပေါင်အာရင်းသန်သန်ဖြင့်ပြောရာ မုတ်ဆိတ်များပင် လှုပ်ခတ်သွားသည်။

"နင်... နင်လုပ်ဝံ့လား"

လျိုယွီရှင်းက လုမင်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။ သူမက ခြိမ်းခြောက်ရန် ကြိုးစားခဲ့၏။

"မင်း ငါ့ကို ခြိမ်းခြောက်ဝံ့သေးတာလား။ မင်းကို တကယ်ကြီးရိုက်အောင် လုပ်နေတာလား"

အတွေးတစ်ခုဖြင့် လုမင်က ယွမ်ချီစွမ်းအင်ကို ထိန်းချုပ်ကာ လျိုယွီရှင်းအား ဆွဲလှည့်လိုက်သည်။ ထို့နောက်တွင် တင်ပါးဝိုင်းဝိုင်းအိအိကို လွှဲရိုက်လိုက်၏။

"ဖြန်း"

ကြည်လင်ပြတ်သားသော အသံတစ်ခုက ဧရိယာတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

လုမင်၏ရိုက်ချက်က ပြင်းထန်ပေရာ လူအများ၏ အကြည့်အောက်မှာပင် လျိုယွီရှင်း၏ တင်ပါးများက တလှုပ်လှုပ်ဖြစ်သွားသည်။

တိတ်ဆိတ်သည်။

မြင်ကွင်းသည် ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွား၏။

မရေမတွက်နိုင်သော လူများလည်း ပါးစပ်အဟောင်းသားဖြစ်ကာ မြင်ကွင်းကို စိုက်ကြည့်နေတော့သည်။

"သူ...သူ... သူ တကယ်ကြီး... လျိုယွီရှင်းရဲ့ တင်ပါးကို..."

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ယောက်က အထစ်ထစ်အငေါ့ငေ့ါဖြင့် ပြောလိုက်သည်။

သူတို့ မယုံနိုင်ပေ။

တိုင်းပြည်များကို ပြိုလဲအောင် စွမ်းဆောင်နိုင်သည့် ပြိုင်ဘက်ကင်းအလှလေး လျိုယွီရှင်းမှာ အမှန်တကယ် လူတိုင်း၏ရှေ့တွင် အရိုက်ခံခဲ့ရသည်။ ဤသည်က တကယ်ကို မယုံနိုင်စရာပင်။ ဤမင်လုက ဘယ်လိုလုပ်ပြီး ဤမျှ သတ္တိကောင်းနေပါသနည်း။

လျိုယွီရှင်းက အလယ်ပိုင်းတိုက်ကြီး၏ ပြိုင်ဘက်ကင်းသော အလှဘုရင်မငါးပါးထဲမှ တစ်ဦး ဖြစ်သည်။

ဟုတ်ပေသည်၊ လူအများစုက မနာလိုဖြစ်ကြကြသည်။ အသက် ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည် ဖြစ်စေ... အားလုံး မနာလိုဖြစ်ခဲ့ကြ၏။ တချို့ဆိုလျှင် မျက်လုံးများပင် နီရဲလာတော့သည်။

နောက်ဆုံးတွင်၊ အမျိုးသားတိုင်းလိုလို အလယ်ပိုင်းတိုက်ကြီး၏ အလှဘုရင်မငါးပါးထဲမှ တစ်ယောက်ကို ရိုက်ကြည့်ချင်ကြသော်လည်း မလုပ်နိုင်ကြသည် မဟုတ်ပါလား။

"နင်၊ လူယုတ်မာ"

အမျိုးသမီးတစ်ဦးက အထင်အမြင်သေးစွာဖြင့် လုမင်ကိုကြည့်ကာ ပြစ်တင်လိုက်သည်။

"မင်း သေချင်နေတာပဲ"

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ကြားရပြီးနောက် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကို ထိုးတက်သွား၏။

၎င်းက ခြင်္သေ့မင်း။ ခြင်္သေ့မင်းသည် လုမင်အား အပိုင်းပိုင်း ပိုင်းဖြတ်၍ သတ်လိုဟန်ဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

အားလုံးသိကြသည့်အတိုင်း ခြင်္သေ့မင်းသည် လျိုယွီရှင်းကို ပိုးပန်းနေခဲ့သူ ဖြစ်သည်။ ယခုတော့ လုမင်က လျိုယွီရှင်းကို ဤကဲ့သို့ ဆက်ဆံဝံ့သောကြောင့် သဘာဝအတိုင်း သူ ပေါက်ကွဲတော့သည်။

ထိုအချိန်တွင် လျိုယွီရှင်းလည်း ထိတ်လန့်သွားသည်။ သူမက လုမင်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်လိုက်၏။ အချိန်အတော်ကြာပြီးနောက်မှာတော့ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။

လူအများ၏ရှေ့တွင် သူမကို လုမင်က ဤသို့... အမှန်တကယ်...

ဤနေရာ၌သာ တွင်းပေါက်တစ်ခုရှိပါက ရှက်လွန်းသဖြင့် ချက်ချင်း ခုန်ဝင်သွားခဲ့ပြီး ဖြစ်သည်။

"နင်... နင်သေပြီ၊ ငါနင့်ကိုသတ်မယ်၊ နင့်ကိုသတ်မယ်...."

လျိုယွီရှင်းက အော်ဟစ်ကာ ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သည်။

"ဘာတွေ အော်နေတာလဲ။ မင်းကများ ငါ့ကို ခြိမ်းခြောက်ဝံ့သေးတယ်။ ငါ ထပ်ရိုက်လိုက်ရ"

လုမင်က ကြိမ်းမောင်းပြီး ထပ်မံ လွှဲရိုက်လိုက်သည်။

ကြည်လင်ပြီး ပြတ်သားသော အသံက ဧရိယာတစ်ခုလုံးကို တစ်ဖန် ပဲ့တင်ထပ်သွား၏။

အထူးသဖြင့် အမျိုးသားများ၏ မျက်လုံးများက ပေါက်ကွဲတော့မည်။ မနာလိုလွန်းဥ မျက်လုံးများ နီလာသည်။ တချို့က စိတ်လှုပ်ရှားလွန်း၍ ခန္ဓာများ တုန်ယင်‌လာကြ၏။ လုမင်၏ နေရာတွင် အစားထိုး၍ လျိုယွီရှင်းကို သင်ခန်းစာ ပေးလိုစိတ်များဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြတော့သည်။

"တပ်မှူး... သူ..."

ထျဲရှင်းနှင့် တရားစီရင်ရေးခန်းမနှ လူများလည်း ဆွံ့အသွားကြသည်။

လုမင်က ပြတ်သားမှန်း သူတို့သိကြသော်လည်း ဤသည်က လွန်လွန်းနေသေးသည်။

စားပွဲများရှိ ဧကရာဇ်နှင့် အဓိပဓိအချို့ပင်လျှင် ၎င်းတို့၏ မျက်ခွံများ လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသည်။

"ရိုင်းလိုက်လေ"

အမှောင်ပုံရိပ်ယောင်ဂိုဏ်းမှ အဓိပဓိလည်း မချုပ်တည်းနိုင်တော့ပါ။ အဓိပဓိ အရှိန်အအဝါများက ပေါက်ကွဲထွက်လာကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။

သို့သော်လည်း အမှောင်ပုံရိပ်ယောင်ဂိုဏ်း၏ ဧကရာဇ်က ချက်ချင်း တားမြစ်ခဲ့၏။ ယနေ့သည် ရှေးဟောင်း သူတော်စင်မင်းဆက်၏ နှစ်တစ်သန်း ပူဇော်ပွဲ အခမ်းအနား ဖြစ်သည်။ ဤနေရာတွင် တန်ခိုးရှင် အများအပြား စုဝေးခဲ့ကြ၏။ ထို့အပြင် လုမင်နှင့် လျိုယွီရှင်းက တိုက်ပွဲစင်မြင့်ပေါ်တွင် တရားမျှတစွာ တိုက်ခိုက်‌နေကြခြင်း ဖြစ်ရာ သူတို့အ‌နေဖြင့် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ပေ။

"လုမင်၊ မင်းသေပြီ"

ခြင်္သေ့မင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းများက ပို၍တောက်ပလာကာ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်များကလည်း လုမင်အား ဖုံးလွှမ်းသွားခဲ့သည်။

"ဘာတွေ လာအော်နေတာလဲ။ မင်း ဘယ်ကကောင်လဲ။ သောက်ပါးစပ်ပိတ်ထား"

လုမင်က ခြင်္သေ့မင်းကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။

ခြင်္သေ့မင်းလည်း ဒေါသထွက်လွန်း၍ လုမင်ကို ချက်ချင်း ထသတ်လုမတတ် ဖြစ်နေတော့သည်။

သို့သော်လည်း ဤနေရာတွင် ဧကရာဇ်များ စုရုံးနေသောကြောင့် နောက်ဆုံးတွင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။

"မင်း ငါ့ကို ခြိမ်းခြောက်ဝံ့သေးလား"

လုမင်က လျိုယွီရှင်းကို ထပ်မံ ကြည့်လိုက်သည်။

"ဝံ့တယ်၊ ငါ နင့်ကို သ..."

လျိုယွီရှင်းက အော်ဟစ်လိုက်သည်။

"ဖြန်း"

နောက်ထပ် အရိုက်ခံလိုက်ရပြီး လျိုယွီရှင်း၏ အော်သံများ ရုတ်တရက် ရပ်တန့်သွားသည်။

ဘေးပတ်ဝန်းကျင်မှ လူများလည်း ထုံကျဉ်နေကြပြီ။

ဤတပ်မှူးက မိုက်လွန်းသည်။ သူက ကောင်းကင်ကိုပင် အံတုနေပြီ။

သူက အထိန်းအကွပ်မဲ့ပြီး ရဲတင်းလွန်းလှသည်။

"ဒီမင်လုက ဘယ်ကလာတာလဲဟ။ ငါ တစ်ခါမှမကြားဖူးဘူး။ သူ ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့သူလိုပဲ။ ပထမ သူက ဝူစန်းကို ဖိနှိပ်တယ်၊ အခုလည်း လျိုယွီရှင်းကို ဒီလိုဆက်ဆံနေပြန်ပြီ။ ရိုးရိုးသားသားပြောရရင် ငါ သူ့ကို တကယ်သဘောကျတယ်"

ပါရမီရှင်တစ်ဦးက ပြောလိုက်သည်။

"ငါ့ဆံပင်၊ ဒီရဟန်းက... မနာလိုတယ်"

ဗုဒ္ဓနာမ ရွတ်ဆိုသံနှင့် စကားများကို ကြားရသည်။

၎င်းက သာမန်လူယောင်္ကျားမဟုတ်ဘဲ မသမာသောရဟန်းဖြစ်သောကြောင့် လူတိုင်း အံ့ဩသွား၏။

မင်းက ရဟန်းပဲ၊ ဘာကို မနာလိုနေတာလဲ။ မင်းကိုယ်တိုင်တက်ပြီး စမ်းကြည့်ချင်လို့လား။

လူတော်တော်များများ ဆွံ့အသွားကြသည်။

"အမိတ္တဘ"

အနောက်တိုင်းမှ ဗုဒ္ဓလည်း ရှက်ရွံ့ဟန်ဖြင့် ဗုဒ္ဓအမည်ကို ရေရွတ်လိုက်တော့သည်။

All Chapters