← Chapters

အခန်း ၁၁၂၁

Vol. 75 Ch. 1121

အခန်း ၁၁၂၁

Vol. 75 Ch. 1121

အပိုင်း ( 1121 ) ဝိုင်းကြီးချုပ် တိုက်ပွဲ။

"မင်းငါ့ကို ခြိမ်းခြောက်ဦးမလား"

လုမင်က ဆက်ပြီး စိုက်ကြည့်လိုက်သည်။

လျိုယွီရှင်း နှုတ်ခမ်းကို ကိုက်လိုက်၏။ ဤတစ်ခါတော့ သူမ စကားမပြောဝံ့တော့ပေ။

"ဒါပဲလေ၊ ငါမင်းကို နှစ်ခါတောင် သတိပေးခဲ့တယ်၊ ဒါပေမယ့် မင်းနားမထောင်ဘူး။ မိန်းကလေး... ငါက မင်းကို မင်းရဲ့ အကြီးအကဲတွေအစား သင်ခန်းစာတစ်ခု ပေးလိုက်မယ်။ အာဃာတမထားပါနဲ့၊ ငါက ဒါကို မင်းကောင်းဖို့အတွက် လုပ်နေတာ"

လုမင်က အငယ်ကို လမ်းပြနေသည့် အကြီးအကဲကဲ့သို့ တည်ကြည်ခန့်ညားစွာဖြင့် ပြောလိုက်သည်။

ထူထဲသော မုတ်ဆိတ်များကြောင့်လည်း သူသည် အသက်လေးဆယ်ကျော်ခန့် ရှိပုံရ၏။ သူ့တွင် ဤအရှိန်အဝါမျိုး တကယ် ရှိခဲ့သည်။

လျိုယွီရှင်းလည်း လုမင်ကို မုန်းတီးစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် လုမင်ကို အပိုင်းပိုင်းဖြတ်ရန် မစောင့်နိုင်တော့သော်လည်း စကားတစ်ခွန်းမှ မပြောဝံ့တော့ပေ။

သူမ မုန်းတီးသည်။ နောင်တွင်၊ အခြားသူများက သူမကို မြင်ကြသောအခါ ဤမုတ်ဆိတ်ကြီးကိုပါ သေချာပေါက် တွေးတောမိကြပေလိမ့်မည်။

"ကောင်းပြီလေ၊ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ အနာဂတ်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ မာနမကြီးနဲ့"

ထို့နောက်တွင် လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး လျိုယွီရှင်းအား လွှတ်ပေးလိုက်သည်။

သူမ စင်မြင့်ပေါ်မှ ပြေးထွက်သွားသောအခါ၊ လုမင်က သူမ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်တံဆိပ်အား ဖြည်ထုတ်ပေးပြီးသား ဖြစ်သည်။ စွမ်းအင်များ လှည့်ပတ်နိုင်သောအခါ လျိုယွီရှင်းက လုမင်ကို သတ်ဖြတ်ချင်စိတ်များနှင့် စိုက်ကြည့်လိုက်၏။ ထို့နောက်မှာတော့ စကားမပြောတော့ဘဲ ပုံရိပ်ယောင်ဂိုဏ်း၏ ထိုင်ခုံဆီသို့ ပြေးထွက်သွားတော့သည်။

"ဒီတိုက်ပွဲမှာ မင်လုနိုင်တယ်"

တော်ဝင်ရှဲ့မိသားစုမှ အကြီးအကဲတစ်ဦးက ကြေညာလိုက်သည်။

လုမင်လည်း ပြုံးကာ စင်မြင့်အစွန်းသို့ လျှောက်သွားသည်။

"ဒီဒကာက တကယ်ကို အံ့မခန်းပါပဲ။ ငါသဘောကျတယ်"

ဘေးနားတွင် မသမာသောရဟန်းက လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

ယင်းက သူ့ပတ်ဝန်းကျင်မှ လူများ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့လေသည်။ ဤရဟန်းက အမှန်ကော အနောက်တိုင်းကန္တာရ၏ ရဟန်းဖြစ်သေးပါ၏လော။

"ဟားဟားဟား၊ ကိုယ်တော်... မင်းက ချဲ့ကားနေတာပဲ"

လုမင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သို့သော်၊ ဤမသမာသောရဟန်းကို သူ လျှော့မတွက်ဝံ့ပေ။ ဤရဟန်းက နားမလည်နိုင်သကဲ့သို့ သူ ခံစားခဲ့ရသည်။

ထို့နောက်တွင်၊ ပြိုင်ပွဲကို ဆက်လက်ကျင်းပနေခဲ့သည်။ တောင်ပိုင်းမှ ပါရမီရှင်တစ်ဦးက ရှေ့သို့ထွက်လာသည်။ သူ့အဆင့်သည် လျိုယွီရှင်းပြီးလျှင် ဒုတိယ ဖြစ်၏။

ဤလူက အနည်းငယ်အားနည်းပုံရသော ပါရမီရှင်ကို ရွေးချယ်ခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူရှုံးနိမ့်ပြီး လျိုယွီရှင်း၏ ခြေရာအတိုင်း လိုက်ခဲ့ရသေးသည်။

ထို့နောက်တွင် စိန်ခေါ်မှုများက တစ်ခုပြီးတစ်ခု ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

နောက်ပြိုင်ပွဲဝင်နှစ်ယောက်ကတော့ အလွန် အားကောင်းသည်။ သူတို့နှစ်ယောက်စလုံး အနိုင်ရခဲ့ကြပေသည်။

သို့ရာတွင် ပဉ္စမ စိန်ခေါ်မှုမှ စ၍ စိန်ခေါ်သူများ ရှုံးစပြုလာသည်။

ခုန်းရှင်းက ဝူချန်ခုန်းကိုစိန်ခေါ်ကာ ရှုံးနိမ့်ခဲ့၏။ ဝူချန်ခုန်း၏ ကျင့်ကြံခြင်းအခြေခံက အမှန်တကယ်ပင် ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ဝူချန်ခုန်းက ဤကာလအတွင်း နောက်ထပ် အောင်မြင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပုံ ရပေသည်။

လူနှစ်ယောက်က စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်တို့ကို စိန်ခေါ်ခဲ့သော်လည်း သူတို့ မအောင်မြင်ခဲ့ပေ။

စန္ဒကူးနတ်သမီးက သူမ၏ ခန္ဓာကမ္ပည်းကို အသုံးပြုခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ သတ်ဖြတ်ခြင်းဝင်္ကပါများ ထွက်ပေါ်လာကာ အလွန်အစွမ်းထက်ပေသည်။

သူမက ဆေးပညာတွင် ကျွမ်းကျင်သည့်အပြင် တိုက်ခိုက်နိုင်စွမ်းကလည်း အံ့မခန်းပင်။

ကျင်းခုန်းလင်ကမူ မတူညီသော တာအိုသုံးခုအား နားလည်သဘောပေါက်ခဲ့သည်။ ထိုတာအိုသုံးမျိုး၏ ပေါင်းစပ်မှုက လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆမရပေ။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်အားကောင်းပေရာ သူ့ပြိုင်ဘက်ကို အနိုင်ယူရန်က မခက်ခဲခဲ့ပါချေ။

တစ်ယောက်က တိရှန်ကို စိန်ခေါ်လိုက်သည်။

ဟင်းလင်းပြင်တာအိုက အမှန်တကယ်ပင် တာအိုဘုရင်ဟု ခေါ်ဆိုထိုက်သည်။ နားလည်မှု နက်ရှိုင်းလာလေလေ၊ ၎င်း၏ စွမ်းအားက ပို၍ အံ့ဩစရာ ဖြစ်လာလေပင်။ နောက်ဆုံးတွင် တိရှန်က ၎င်း၏ပြိုင်ဘက်ကို အနိုင်ယူပြီး ထိပ်တန်း နှစ်ဆယ်စာရင်း၌ ဆက်လက်ရပ်တည်ခဲ့သည်။

မကြာခင်မှာပဲ လုံချန်၊ ရန်ပိုထျန်း၊ မသမာသောရဟန်းနှင့် အခြားသူများသာ ကျန်တော့သည်။

စိန်ခေါ်ချက်မထုတ်ရသေးသော ကျန်ကိုးဦးလည်း မျက်နှာပျက်သွားခဲ့ကြသည်။

တချို့လူများကတော့ ဤအတိုင်း လက်မလျှော့ချင်ပါ။ တစ်ဦးက မသမာသောရဟန်းကို ရွေးချယ်စိန်ခေါ်ခဲ့သည်။

သို့ရာတွင် ထိုလူ၏အင်အားက ဖြစ်ဖြစ်မြောက်မြောက် မရှိပေ။

ထို့နောက်တွင် စိန်ခေါ်ချက်ထုတ်သည့် ဒုတိယတန်းစား ပါရမီရှင်အား မသမာသောရဟန်းက စင်ပေါ်မှ ကန်ထုတ်ခဲ့သည်။

တိုက်ကွက်တစ်ခုတည်းဖြင့် သူ အနိုင်ရရှိခဲ့ပေသည်။ ကွာခြားချက်က ကြီးလွန်းသည်။

ဤအခါ ကျန်ရှစ်ယောက်က သက်ပြင်းချလိုက်သည်။ စိန်ခေါ်ခြင်းက အဓိပ္ပါယ်မရှိမှန်းသိ၍ သူတို့အားလုံး အရှုံးပေးခဲ့ကြလေသည်။

ပထမအကျော့ ပြီးသွားသည်။

လူ နှစ်ဆယ်တော့ ကျန်သေးသည်။

အားလုံးက ရှဲ့ချီထျန်းကို ကြည့်လိုက်သည်။ စည်းမျဉ်းများက နှစ်ယောက်တစ်တွဲ ဖြစ်မလားဆိုတာ သူတို့ သိလိုက်ကြပေသည်။

"ဒုတိယအချီမှာ၊ အနိုင်ရတဲ့သူနဲ့ အရှုံးသမားကို တိုက်ရိုက် ဆုံးဖြတ်လိုက်ကြရအောင်"

ရှဲ့ချီထျန်းက ပြောလိုက်သည်။

"မင်းတို့ အယောက်နှစ်ဆယ်စလုံး စင်ပေါ်မှာ စုပြီးတိုက်ရမယ်။ မင်းတို့ ဆန္ဒရှိသလောက် တိုက်ခိုက်လို့ရတယ်။ စင်ပေါ်မှာ မင်းတို့ ရှိနေချိန်ပေါ်မူတည်ပြီး ရမှတ်တွေကို တွက်ချက်ပေးမှာ။ စင်မြင့်မှာ ကြာကြာနေလေလေ၊ မင်းရဲ့ရမှတ်က ပိုကောင်းလေပဲ။ နောက်ဆုံးမှာ ထိပ်ဆုံးဆယ်ယောက်နဲ့ ထိပ်ဆုံးသုံးယောက်ကို ဆုံးဖြတ်မယ်"

"ဝိုင်းကြီးချုပ်လား"

လူတိုင်း တုန်လှုပ်သွား၏။

ရှဲ့ချီထျန်းက အောင်နိုင်သူအား ဆုံးဖြတ်ရန် စင်ပေါ်ရှိ လူနှစ်ဆယ်ကို ဝိုင်းကြီးချုပ် တိုက်ခိုက်သည့်နည်းလမ်းကို အမှန်တကယ် အသုံးပြုခဲ့သည်။

ယင်းက အခြေအနေကို ရှုပ်ထွေးလာစေခဲ့ပေသည်။

ဤသည်မှာ၊ အားလုံးအတွက် လွတ်လပ်သော တိုက်ပွဲတစ်ခု မဟုတ်ပါ။ မဟာမိတ်ဖွဲ့နိုင်သည်၊ အခြေအနေက အမြဲပြောင်းလဲနေနိုင်သည်။

"ကိုင်း၊ စလိုက်ကြရအောင်"

ရှဲ့ချီထျန်း၏ အသံက ပျံ့နှံ့သွားခဲ့သည်။

"ဝှစ် ဝှစ်"

ရှဲ့ချီထျန်း၏ စကားသံဆုံးသည်နှင့် တပြိုင်နက် စင်မြင့်ပေါ်ရှိ လူနှစ်ဆယ်သည် သူ့ပတ်ဝန်းကျင်မှ လူများနှင့်ဝေးရာသို့ ရွေ့သွားသည်။ အားလုံးက အခြားသူများကို သတိထားပြီး စိုက်ကြည့်လိုက်၏။

မိမိကိုယ်တိုင်ကလွဲလျှင် လူတိုင်းက ရန်သူများသာ ဖြစ်ကြသည်။ မည်သူကမှ မိမိကို ရုတ်တရက် တိုက်ခိုက်မည်မဟုတ်ကြောင်း အာမခံချက်မရှိပေ။

လုံချန်တစ်ဦးသာ အေးဆေးတည်ငြိမ်ပြီး မထူးခြားဟန်ဖြင့် ရှိခဲ့သည်။ သူက ထိုနေရာတွင် ‌ရပ်နေကာ ဘာကိုမှ ဂရုမစိုက်သကဲ့သို့ ရှေ့တည့်တည့်ကို ကြည့်နေခဲ့သည်။

စင်ပေါ်တွင်၊ ကျန်လူများ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လေထုက အလွန်တင်းမာလာတော့သည်။

ရန်ပိုထျန်း၊ မင်းနဲ့ငါ တိုက်ခိုက်ကြရအောင်။ ဒီနေ့တော့ အနိုင်ရသူကို ဆုံးဖြတ်မယ်"

ကျယ်လောင်သော အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ထိုပါ့ရှီက သူ့တင်းပုတ်ကိုမြှောက်ကာ ရန်ပိုထျန်း၏ဦးခေါင်းကို ခုန်ပြီး ရိုက်ချလိုက်၏။

"ဒါက ငါလိုချင်တာပဲ။ ဒီနေ့ မင်းကို အနိုင်ယူမယ်"

ရန်ပိုထျန်းလည်း ဓားလှံကိုကိုင်ကာ ထိုပါ့ရှီအား တိုက်ခိုက်လိုက်တော့သည်။

တင်းပုတ်နှင့် ဓားလှံက ပြင်းပြင်းထန်ထန် တွေ့ဆုံသောအခါ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားက အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

'တတိယအဆင့် ဝိညာဉ်နတ်ဘုရား'

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ရန်ပိုထျန်းနှင့် ထိုပါ့ရှီ၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ချိုးဖြတ်သွားခဲ့ပြီ။ သူတို့က မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် ရှိစဉ်ကထက် ပို၍အားကောင်းလာခဲ့သည်။

ထိုသို့သော ပါရမီရှင်မျိုးက ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းရုံသာမကဘဲ ကြီးထွားမှုနှုန်းမှာလည်း ကြောက်စရာကောင်းလှသည်။

"ဝုန်း ဝုန်း ဝုန်း"

သူတို့နှစ်ဦးက ဆယ်ကြိမ်ထက်မနည်း အပြန်အလှန် တိုက်ခိုက်ကြကာ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားပုံရသည်။

"အရမ်းအစွမ်းထက်တယ်"

ဤမြင်ကွင်းကို မြင်ရသောအခါ ဒုတိယတန်းစား ပါရမီရှင်များအားလုံး တုန်လှုပ်သွားကြသည်။

ဤသည်က ဘုရင်ငယ်များ၏ ခွန်အားလား။ အားကောင်းလွန်းလှသည်။

"အနောက်တိုင်းကန္တာရက ကတုံး၊ ငါမြင်ချင်စမ်းတယ်။ မင်းရဲ့ ခွန်အားတွေ တိုးတက်လာပြီလား"

အနက်ရောင်မီးလျှံများ ဖုံးလွှမ်းနေသော လူငယ်က မသမာသောရဟန်းနှင့် သီလရှင်ကို စိုက်ကြည့်လိုက်သည်။

"မီးလောင်နေတဲ့ခွေးကလေး၊ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

မသမာသောရဟန်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းများ လွှမ်းခြုံသွား၏။ အနက်ရောင် မီးတောက်များ ဖုံးလွှမ်းနေသော လူငယ်လေးဆီသို့ ရွှေရောင် လက်ဝါးပုံရိပ်ကြီးတစ်ခုက တိုးဝင်သွားတော့သည်။

လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် မီးတောက်များက ပို၍ပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့သည်။ ၎င်းက ငရဲမီးလျှံများကဲ့သို့ဖြစ်ကာ အလွန် ကြောက်စရာကောင်း၏။

"ဝုန်း ဝုန်း"

မသမာသောရဟန်းနှင့် အနက်ရောင် မီးတောက်များ ဖုံးလွှမ်းနေသော လူငယ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ အနက်ရောင် မီးတောက်များနှင့် ရွှေရောင်အလင်းတန်းများက ကမ္ဘာကြီးကို နှစ်ခြမ်းကွဲစေခဲ့၏။ စင်မြင့်စွန်းမှ အခြားလူများလည်း အဝေးကို ဆုတ်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့်၊ စင်မြင့်သည် အလွနခကြီးမားပြီး ကြံ့ခိုင်သည်။ မဟုတ်ပါက အခြားသူများ နေစရာရှိမည် မဟုတ်ချေ။

သူတို့နှစ်ဦးကြားမှ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော လှိုင်းများသည် ရန်ပိုထျန်းနှင့် ထိုပါ့ရှီတို့ တိုက်ပွဲထက် သေးငယ်သည်မဟုတ်ပေ။

"အမိတ္တဘ"

အနောက်တိုင်းကန္တာရမှ သီလရှင်က ဗုဒ္ဓ၏နာမည်ကို ရွတ်ဆိုကာ ရှေ့သို့ လှမ်းလိုက်သည်။

ခြေတစ်ချက်လှမ်းလိုက်တိုင်း ခြေဖဝါးအောက်တွင် ရွှေကြာပန်းများ ပေါ်လာခဲ့၏။

သူမ၏ ပစ်မှတ်မှာ မင်ကျစ် ဖြစ်သည်။

အနောက်တိုင်းနှင့် တောင်ပိုင်းသည် ရှေးခေတ်ကတည်းက ရန်သူများ ဖြစ်သည်။ တစ်ဦးက သန့်စင်သော အလင်းဖြစ်ကာ နောက်တစ်ဦးက မိစ္ဆာအမှောင်ထုကို ဆောင်သည်။

ဆန့်ကျင်ဘက် ပါရမီရှင်များက အချင်းချင်း သဘာဝအတိုင်း သိခဲ့ကြပေသည်။ ယခင်ကလည်း သူတို့ဟာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဘူးသည်။ ထိုအတွက် ဤတစ်ခါ ထပ်မံဆုံသောအခါ သဘာဝအတိုင်း တိုက်ခိုက်ပြန်တော့သည်။

သီလရှင်ကော မင်ကျစ်ပါ ဘုရင်ငယ်အဆင့်တွင် ရှိကြသည်။ သူတို့နှစ်ဦးကြားမှ တိုက်ပွဲကလည်း အံ့ဖွယ်ဖြစ်နေခဲ့ပေသည်။

All Chapters