← Chapters

အခန်း ၁၁၂၂

Vol. 75 Ch. 1122

အခန်း ၁၁၂၂

Vol. 75 Ch. 1122

အပိုင်း ( 1122 ) အနိုင်ကျင့်ရန် ကြိုးစားခြင်း။

ပြိုင်ပွဲစတင်သည်နှင့် တပြိုင်နက် အနောက်တိုင်းကန္တာရနှင့် တောင်ပိုင်းတို့၏ ပါရမှရှင်များက တိုက်ပွဲစတင်ခဲ့ကြသည်။ ရန်ပိုထျန်းနှင့် ထိုပါ့ရှီလည်း ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်ခဲ့၏။

ပါရမီရှင်ခြောက်ဦးက ပြင်းထန်သောတိုက်ပွဲတွင် ပါဝင်နေချိန်တွင် ကျန်သူများမှာ မလှုပ်ရှားနိုင်တော့ပါ။

လုံချန်က ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူ့အမူအရာက ဘာမှမထူးခြားသလို သူ့အရှိန်အဝါများကလည်း မပြောင်းလဲပေ။ သူ့ထံမှ ထူးထူးခြားခြား ဘာမျှ မတွေ့ခဲ့ရပေ။ သို့ရာတွင် လူတိုင်းက သူ့နှင့် ဝေးကွာရန် အစပြုခဲ့ကြသည်။ သဘာဝအတိုင်း၊ သူ့ကို တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမည့်သူ မရှိပါချေ။

ကျန်ဘုရင်ငယ်များကြားတွင် ခုန်လင်းနှင့် ခြင်္သေ့မင်းတို့သာ ကျန်သည်။

သူတို့နှစ်ယောက်လုံးက ဒုတိယတန်းစား ပါရမီရှင်များကို အေးစက်စက်ဖြင့် အကဲခတ်လိုက်၏။

အထူးသဖြင့် ခြင်္သေ့မင်း။ သူ၏ အေးစက်ပြီး သတ်ဖြတ်လိုသောအကြည့်က လုမင်ကို ရံဖန်ရံခါ ဖြတ်ကျော်သွားခဲ့သည်။

ကျန်ဒုတိယတန်းစား ပါရမီရှင်များကတော့ တစ်ယောက်ကိုတစ်ယောက် သတိထားပြီး ခပ်ခွာခွာနေကြဆဲပင်။

"အစ်ကိုခြင်္သေ့၊ အစ်ကိုခုန်း၊ ငါ့မှာ အကြံတစ်ခုရှိတယ်။ ငါတို့ အတူတူပေါင်းပြီး သူတို့အားလုံးကို ဘာဖြစ်လို့ အနိုင်မယူရမှာလဲ။ ဒီလိုဆိုရင် ငါတို့ထဲက ဆယ်ယောက်ပဲကျန်တော့မယ်"

ဝူချန်ခုန်းက ခြင်္သေ့မင်းဆီသို့ လျှောက်သွားကာ အကြံပြုလိုက်သည်။

ထို့နောက် လုမင်အပါအဝင် ဒုတိယတန်းစား ပါရမီရှင်များအားလုံးကို အကဲခတ်လိုက်၏။

ထိုစကားကိုကြားတော့ ဒုတိယတန်းစား ပါရမီရှင်အားလုံး မျက်နှာပျက်သွားကြတော့သည်။

စင်ပေါ်တွင် ဒုတိယတန်းစား ပါရမီရှင်ကိုးယောက် ရှိသည်။ ဝူချန်ခုန်းအပါအဝင် ဆယ်ယောက်ရှိ၏။

ဝူချန်ခုန်းက ထိုသူအားလုံးကို ဖယ်ရှားပြီးနောက် ထိပ်တန်းဆယ်ဦးသို့ ဝင်ရောက်နိုင်ရန် စိတ်ကူးနေကြောင်း ထင်ရှားသည်။

ခြင်္သေ့မင်းနှင့် ခုန်လင်းလည်း မျက်လုံး အရောင်လက်သွားခဲ့သည်။

"ကောင်းပြီ မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့"

ခြင်္သေ့မင်းက ပြော၏။

ခြင်္သေ့နှင့်ကျားခန်းမက ထျန်းဝူဓားဂိုဏ်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ခြင်္သေ့မင်းကလည်း ဝူချန်ခုန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိ၏။ ထို့ကြောင့် သူက ဝူချန်ခုန်း၏ အကြံပြုချက်ကို သဘောတူခဲ့သည်။

ထို့ပြင် နောက်တစ်ချက်က၊ ထိပ်တန်းဆယ်ယောက်နေရာကို စောစော ရနိုင်ပါက သူတို့အတွက် ပို၍ အကျိုးရှိလိမ့်မည်။

ပါရမီရှင်တိုင်းက ထိပ်တန်းဆယ်ယောက်အတွက် သေချာပေါက် တိုက်ပွဲဝင်မည်ဖြစ်သည်။ သို့သော်လည်း၊ အကယ်၍ ယခုတိုက်ခိုက်ပြီး တစ်ယောက်ယောက် ရှုံးနိမ့်ပါက၊ ထိပ်တန်းဆယ်ယောက်နေရာကို လက်လွတ်ရကာ ဒုတိယတန်းစား ပါရမီရှင်များ အခွင့်ကောင်း ယူခံရမည် မဟုတ်လော။

အကယ်၍ သူတို့သာ ထိပ်တန်းဆယ်ယောက်ကို အခိုင်အမာ ဝင်ရောက်ပြီးပါက ပို၍ စိတ်လက်ပေါ့ပါးမည် ဖြစ်သည်။ ဤတော့မှ ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် သူတော်စင်ဧကရာဇ် ရှေးဟောင်းနန်းတော်ထဲသို့ ဝင်နိုင်ပါဦးမည်။

ခုန်လင်းကလည်း ဤအချက်ကို တွေးမိခဲ့သည်။

"ငါလည်း သဘောတူတယ်"

"ကောင်းပြီ၊ ခုန်လင်း၊ အဖွဲ့ဖွဲ့ပြီး ဒီအမှိုက်တွေကို ရှင်းရအောင်"

ခြင်္သေ့မင်း၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

ဒုတိယတန်းစား ပါရမီရှင်အားလုံး မျက်နှာပျက်သွားကြ၏။

"ဝူချန်ခုန်း၊ မင်းက စက်ဆုပ်စရာကောင်ပဲ"

"သေစမ်းပါကွာ။ အားလုံးပဲ... ငါတို့လည်း အဖွဲ့ဖွဲ့ဖို့ အကြံပြုချင်တယ်။ မဟုတ်ရင် ငါတို့အားလုံး ရှုံးလိမ့်မယ်"

"ကောင်းပြီ၊ ငါသဘောတူတယ်။ အတူတူအလုပ်လုပ်ရအောင်"

ဒုတိယတန်းစား ဉာဏ်ကြီးရှင် အများအပြားက တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်။ ခဏချင်းတွင်၊ ဒုတိယတန်းစား ပါရမီရှင် ခြောက်ဦးက ခြင်္သေ့မင်း၊ ခုန်လင်းနှင့် ဝူချန်ခုန်းကို တိုက်ခိုက်ရန် စုစည်းလိုက်‌၏။

သို့သော်လည်း စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က ၎င်းတို့နောက်သို့ မလိုက်ခဲ့ကြပေ။ နတ်သမီးနှစ်ဖော်က သီးခြားစုဝေးကာ ဘေးဘက်သို့ ဆုတ်သွားခဲ့ကြသည်။

ထို့အပြင် တိရှန်ကလည်း ၎င်းတို့နှင့်အတူ မစုဝေးခဲ့ပေ။ သူ့ပုံရိပ်က တဖျပ်ဖျပ်တောက်ကာ နောက်ပြန်ဆုတ်သွားသည်။

လုမင်ကလည်း သဘာဝအတိုင်း သူတို့နှင့် မပါဝင်ခဲ့ပေ။

"ဟေ့ကောင်တွေ၊ မင်းတို့ ဘာလို့မလာသေးတာလဲ။ မင်းသူတို့ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခံချင်နေတာလား"

လူငယ်တစ်ယောက်သည် တိရှန်နှင့် လုမင်တို့ကိုကြည့်ရင်း အေးစက်စက်ဖြင့် လှမ်းအော်သည်။

"မင်း ငါ့အတွက် စိတ်ပူစရာမလိုဘူး"

လုမင် ပြုံးရုံ ပြုံးလိုက်၏။

"ဟမ့်၊ ခေါင်းမာတယ်။ မင်းမှာ ခွန်အားရှိတယ်လို့ ထင်နေမှတော့ နေကွာ၊ မင်း ဘယ်လို ရှုံးမလဲဆိုတာ ကြည့်ရအောင်"

လူငယ်က လုမင်ကို ကြိမ်းမောင်းလိုက်သည်။ လုမင်က သူတို့နှင့် မပေါင်းစည်းရာ မကျေမနပ် ဖြစ်သွားခဲ့မိသည်။

"လုပ်ကြရအောင်"

ခြင်္သေ့မင်းက လုမင်ကို ဦးစွာ စိုက်ကြည့်လိုက်သည်။

"အစ်ကိုခြင်္သေ့၊ မင်း ဒီကောင်အတွက် ဘာမှလုပ်စရာ မလိုပါဘူး။ ငါ သူ့ကို ဆုံးမလိုက်မယ်"

ဝူချန်ခုန်းက လုမင်ကို စိုက်ကြည့်ရင်း ဝင်ပြောလိုက်၏။

"ကောင်းပြီလေ၊ သူတော်စင်ဧကရာဇ်က သူ့ကို မသတ်နိုင်ဘူးလို့ ပြောပေမဲ့ ဒါပဲ။ အခု ဘာလုပ်ရမယ်ဆိုတာ မင်းသိမှာပါ"

ခြင်္သေ့မင်းက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့၊ သူ့ခြေလက်က အရိုးတွေ ကျိုးသွားလိမ့်မယ်၊ အနည်းဆုံးတော့ သူ နှစ်ဝက်လောက် အိပ်ရာက မထနိုင်ဘူးဆိုတာ ငါ အာမခံတယ်"

ဝူချန်ခုန်းက ရက်စက်ကြမ်းကြုတ်သော အပြုံးကို လှစ်ဟလိုက်သည်။

ယခုအခါ သူက ဒုတိယအဆင့် ဝိညာဉ် နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွား၍ တိုက်ခိုက်နိုင်စွမ်းများ သိသိသာသာ တိုးလာသည်။ သူက ယုံကြည်မှုအပြည့်ရှိကာ လုမင်ကို လုံးဝ အလေးအနက်မထားတော့ပေ။

"ဒုန်း ဒုန်း"

သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

"ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်တွေကို ဘယ်လိုတောင် ဒဏ်ရာရစေဝံ့တာလဲ။ ဒီအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို အခု မင်းသိရစေ့မယ်"

ဝူချန်ခုန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ထျန်းဝူဓားဂိုဏ်းကို ရိုက်တာလား၊ မင်းကြည့်ရတာ သင်ခန်းစာမရသေးဘူးထင်တယ်။ ဒီလိုဆိုမှတော့ ငါ မင်းကို သင်ခန်းစာပေးမယ်"

လုမင်၏ မျက်လုံးများကလည်း အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝူချန်ခုန်းကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။

"ရွှမ်"

ဓားစွမ်းအင်များ ဖြာထွက်လာခဲ့၏။ ဝူချန်ခုန်းထံမှ ဓားစွမ်းအင်တစ်ခုက လုမင်ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားပြီးနောက် တိုက်ခိုက်နိုင်စွမ်းကလည်း မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် ရှိစဉ်ကာလကထက် များစွာ အားကောင်းလာခဲ့သည်။ ဓားစွမ်းအင်က ဟင်းလင်းပြင်ကိုဖြတ်ကာ လုမင်ကို ခုတ်ပိုင်းလိုက်သည်။

"ဝုန်း"

လုမင်၏လက်ဝါးက ဝူချန်ခုန်း၏ ဓားစွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ဝါးရိုက်ချက်က ဆက်လက် ကျဆင်းသွား၏။

"ထန်"

လက်ဝါးရိုက်ချက်က ဓားအပေါ်သို့ ကျလာသောအခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။ ဓားက အဆက်မပြတ် တုန်လှုပ်သွားခဲ့သည်။ ဝူချန်ခုန်းသည် ရှေးဟောင်းနတ်တောင်တစ်လုံးနှင့် ရိုက်ခံရသကဲ့သို့ ခံစားခဲ့ရ၏။ သူ့ဆီသို့ တိုးဝင်လာသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ခံစားရသောအခါ သူ့ခန္ဓာကိုယ်မှ အလိုအလျောက် နောက်ပြန်ဆုတ်သွားမိတော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ဝူချန်ခုန်း၏ မျက်လုံးများတွင် မယုံကြည်မှုများ ပြည့်သွားသည်။

လုမင်၏ လက်ဝါးရိုက်ချက်ကြောင့် သူ ပြန်ဆုတ်သွားရသည်။

သူသည်ကား၊ ဒုတိယတန်းစား ပါရမီရှင်များထဲမှ ထိပ်တန်းတစ်ဦး ဖြစ်နေပြီ။ ယခုဆိုလျှင် သူက အခြားဒုတိယတန်းစား ပါရမီရှင်များထက် သာလွန်ပြီး ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ပထမဆုံး ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်သန်မာသောကြောင့် ဘုရင်ငယ်များအောက်တွင် အတုမရှိသလောက်ပင်။ သို့ရာတွင်၊ ယခုအခါ လုမင်၏ လက်ဝါးရိုက်ချက်ကြောင့် သူ ပြန်ဆုတ်သွားရပြီ ဖြစ်သည်။ ယင်းက လက်ခံနိုင်ရန် ခက်ပေသည်။

ပတ်ဝန်းကျင်ရှိ ပရိသတ်များလည်း ပြောမပြတတ်အောင် ထိတ်လန့်သွားကြသည်။

ဤမုတ်ဆိတ်ထူတပ်မှူး၏ တိုက်ခိုက်နိုင်စွမ်းက ၎င်းတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ။ သူက အမှန်တကယ် ဝူချန်ခုန်း၏ ပြိုင်ဘက်ဖြစ်နိုင်ပါမည်လော။

"ဝုန်း ဝုန်း"

ယခုအချိန်တွင် ခြင်္သေ့မင်းနှင့် ခုန်းလင်က လှုပ်ရှားမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ သူတို့နှစ်ဦးက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့ကာ ဒုတိယတန်းစား ပါရမီရှင်ခြောက်ဦးကို မုန်တိုင်းထန်သကဲ့သို့ တိုက်ခိုက်ခဲ့၏။

ဒုတိယတန်းစား ပါရမီရှင် ခြောက်ဦးက အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားခဲ့သော်လည်း အားနည်းချက် ရှိနေကြဆဲပင်။ ဤအချက်မှ၊ ဘုရင်ငယ်များ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို မြင်သာစေခဲ့သည်။

"ဒုန်း"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ စင်မြင့်တစ်ခုလုံး တုန်ခါသွားသည်။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုလိုက်ရာ သူ့အင်အားများသည် တဟုန်ထိုး တက်လာခဲ့၏။ သူ၏ လှုပ်ရှားမှု တစ်ခုစီတိုင်းက ကြောက်စရာကောင်းသော စွမ်းအားများ ပါရှိသည်။

သူက ချက်ချင်းဆိုသလို ဝူချန်ခုန်းရှေ့မှာ ပြန်ပေါ်လာပြီး ထိုးကြိတ်လိုက်သည်။

လက်သီးချက်တိုင်းက အဆုံးမဲ့စွမ်းအားကို သယ်ဆောင်လာခဲ့၏။ လက်သီးအင်အားများကို မခံနိုင်သကဲ့သို့ ကောင်းကင်ကြီးပင် တုန်ခါနေတော့သည်။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ"

ဝူချန်ခုန်း ထိတ်လန့်သွားခဲ့သည်။ သူက အစွမ်းကုန်ပေါက်ကွဲကာ ဓားချက်များ ထုတ်ဖော်လိုက်၏။ သို့သော်လည်း လုမင်၏ လက်သီးချက်များအောက်တွင် တိုက်ခိုက်မှုအားလုံး ချေမှုန်းခံခဲ့ရတော့သည်။

လုမင်၏ လက်သီးချက်များက ဓားထက်ထက်နှင့် ထောပတ်ကို လှီးဖြတ်သကဲ့သို့ ဝူချန်ခုန်းကို အပြတ်ဖိနှိပ်ထားခဲ့သည်။ သူ့တစ်ကိုယ်လုံး တုန်ခါကာ သွေးအန်လာရ၏။

"ပေါက်ကွဲ... ပေါက်ကွဲ"

ဝူချန်ခုန်းက ကမန်းကတန်း‌ဆုတ်ရင်း သွေးမျိုးဆက်ပေါက်ကွဲကာ ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း အသုံးမဝင်ခဲ့ပါ။ လုမင်၏ လက်သီးများက အင်အားကြီးလွန်းပြီး အရာအားလုံးကို ဖြိုခွင်းလိုက်သည်။

"ဒုန်း ဒုန်း..."

လက်သီးချက််များက ဓားကို ထိမှန်သွားခဲ့သည်။ ခုနစ်ချက်ဆင့်ထိုးပြီးနောက် ဝူချန်ခုန်း အသွင်ပြောင်းခဲ့သော ဓားသည် ပေါက်ကွဲသွား၏။ ဖြူဖပ်ဖြူရော်မျက်နှာနှင့် ဝူချန်ခုန်း၏ ခန္ဓာကိုယ်က ပြန်ပေါ်လာကာ သွေးများအန်နေတော့သည်။

ရှုံးနိမ့်ပြီ၊ ဝူချန်ခုန်း ရှုံးနိမ့်သွားခဲ့ပြီ။

ဤရလဒ်က လူအများ၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

လုမင်က ဝူစန်းကို အနိုင်ယူခဲ့သော်လည်း ဝူစန်းသည် ဒုတိယတန်းစား ပါရမီရှင်များကြား၌ အားနည်းသူဟုသာ ယူဆနိုင်သည်။ အခြားတစ်ဖက်တွင်မူ၊ ဝူချန်ခုန်းက ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖျက်သွားသော ဒုတိယအဆင့် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ဝူစန်းထက် များစွာ အားကောင်းသည်။

ဤမတိုင်ခင်က၊ လုမင်ကို ဝူချန်ခုန်း၏ပြိုင်ဘက် ဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

"ဒီတရားစီရင်သူတပ်မှူးက တကယ်ကို မထင်မှတ်ပဲ..."

မျိုးဆက်ဟောင်းမှ လူအချို့က သက်ပြင်းချလိုက်သည်။

ထျဲရှင်းနှင့် အခြားသူများလည်း မလှုပ်ရှားနိုင်ကြတော့ပေ။

All Chapters