← Chapters

အခန်း ၁၁၂၃

Vol. 75 Ch. 1123

အခန်း ၁၁၂၃

Vol. 75 Ch. 1123

အပိုင်း ( 1123 ) ဘုရင်ငယ်နှင့် တိုက်ပွဲ။

"ဖြန်း"

လုမင်က ဝူချန်ခုန်း၏ပါးကို ဖြတ်ရိုက်လိုက်သည်။

ဝူချန်ခုန်း အော်ဟစ်က စင်ပေါ်ကို ပစ်လဲသွား၏။ သူ၏ဦးခေါင်းက စင်မြင့်ကို တူကြီးတစ်လက်နှင့် ထုနှက်သကဲ့သို့ ဆောင့်ကျသွားခဲ့သည်။

ဝူချန်ခုန်း၏ ဦးခေါင်းက ထုံကျဉ်သွားကာ သူ လုံးဝ အံသြသွားသည်။

"ဂျွတ်"

ထိုစဉ် ဘယ်ဘက်ခြေထောက်မှ စူးစူးရှရှ နာကျင်မှုတစ်ခု ထွက်ပေါ်လာကာ သတိပြန်ဝင်လာခဲ့၏။

"ငါ့ခြေထောက်..."

သူ ထအော်လိုက်သည်။

လုမင်က သူ့ခြေထောက်တစ်ဖက်ကို နင်းချလိုက်ရာ အရိုးအားလုံး ကျိုးသွားသည်။

"ဂျွတ်"

ထို့နောက် လုမင်သည် ညာခြေထောက်ကိုပါ နင်းချိုးလိုက်၏။

ဝူချန်ခုန်း၏နဖူးမှ ချွေးပေါက်ပေါက် စီးကျလာကာ အော်ဟစ်လိုက်တော့သည်။

"ဘာတွေအော်နေတာလဲ။ ငါ့ ခြေလက်တွေ အရိုးတွေ ကျိုးသွားလိမ့်မယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား။ ဒီလိုဆိုရင် မင်းကို အရင် မြည်းစမ်းကြည့်စေမယ်"

လုမင်၏ လက်ထဲတွင် လှံရှည်တစ်ချောင်း ထွက်ပေါ်လာပြီး ငေါက်လိုက်သည်။ သူက ဝူချန်ခုန်း၏ လက်များကိုထိုးကာ လက်အရိုးအားလုံးကို ချိုးပစ်လိုက်၏။

ဤသည်က သာမန်အရိုးချိုးခြင်း မဟုတ်ပါ။ ၎င်းတွင် လုမင်၏ ကြောက်စရာကောင်းသော စွမ်းအင်များ ပါဝင်သည်။ ဝူချန်ခုန်း၏ ယွမ်ချီစွမ်းအင်များက တုန်ခါသွားကာ သူ့လက်မောင်းရှိ အရိုးများအားလုံး ကွဲအက်သွား၏။ ဝူချန်ခုန်း၏ အားကောင်းသော ကျင့်ကြံခြင်းအခြေခံ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် လအနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာတော့ မဟုတ်ပေ။

ထိုင်ခုံများမှ၊ တိုက်ပွဲကိုကြည့်ရှုနေသော ထျန်းဝူဓားဂိုဏ်းမှ လူသူများလည်း မျက်နှာမှုန်ကုပ်သွားခဲ့သည်။

တချို့ဆိုလျှင် လုမင်ကို ချက်ချင်းထပြီး အပိုင်းပိုင်းဖြတ်ချင်သွားသည်။ သို့ရာတွင် ထိုကဲ့သို့သော အခြေအနေမျိုးတွင် သည်းခံရုံသာ ရှိတော့သည်။

"မင်းရဲ့အော်သံက စိတ်ပျက်စရာကောင်းလိုက်တာကွာ။ ဝက်ပေါ်နေတာ ကျနေတာပဲ။ ထွက်သွား"

အဆုံးမှာတွင်၊ လုမင်က ဝူချန်ခုန်းကို တိုက်ပွဲစင်မြင့်မှ ကန်ချလိုက်သည်။

ဟုတ်ပေသည်၊ နောက်ဆုံးကန်ချက်က ဝူချန်ခုန်း၏ ခန္ဓာကိုယ်ထဲမှ အရိုးအားလုံးကို ကွဲကြေစေခဲ့သည်။ ယင်းက နှစ်ဝက်အတွင်း ပြန်ကောင်းရန်ပင် အခက်အခဲရှိတော့မည်။

ပါရမီရှင်များကြားမှ ယှဉ်ပြိုင်မှုတွင် စက္ကန့်တိုင်းက အရေးကြီးသည်။ ဤနှစ်ဝင်အတွင်း ဝူချန်ခုန်းဟာ အခြားပါရမီရှင်များ၏ လွှမ်းမိုးမှုကို ခံရနိုင်ဖွယ် ရှိပေသည်။

ထျန်းဝူဓားဂိုဏ်း၏ တပည့်တစ်ဦးသည် ပြေးထွက်လာကာ ဝူချန်ုန်းကို ဖမ်းယူပြီး ခေါ်ဆောင်သွားခဲ့သည်။ ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ဝူချန်ခုန်းကို ဒဏ်ရာသက်သာစေသော ဆေးတစ်လုံး တိုက်ကျွေးလိုက်၏။

"ဒီခွေးကောင်က ရက်စက်လွန်းတယ်"

ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲက မုန်းတီးစိတ်ဖြင့် အံကိုကြိတ်လိုက်သည်။

လုမင်က ရက်စက်လွန်းလှသည်။ သူသည် ဝူချန်ခုန်း၏ ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို ကွဲကြေစေခဲ့၏။ အရိုးတစ်ချောင်းမျှပင် အကောင်းအတိုင်း မကျန်ခဲ့ပေ။

သူ့အတွက် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ရန်မှာ လွန်စွာခက်ခဲမည် ဖြစ်သည်။

ယခုအချိန်တွင် စင်မြင့်ပေါ်ရှိ တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။

လုမင်က ဝူချန်ခုန်းကို အနိုင်ယူခဲ့ချိန်တွင် ခြင်္သေ့မင်းနှင့် ခုန်လင်းကလည်း အနိုင်ရလုနီး ဖြစ်ခဲ့၏။

ဒုတိယတန်းစား ပါရမီရှင်ခြောက်ယောက်ထဲမှ တစ်ဦးကို စင်မြင့်ပေါ်မှ ဖယ်ရှားထားခဲ့ပြီး ဖြစ်သည်။

"အဲ့ဒီအမှိုက်"

ဝူချန်ခုန်း ရှုံးသွားတာကိုမြင်တော့ ခြင်္သေ့မင်း မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။ ထို့နောက် ရွှေရောင်အလင်းများဖြင့် သူ့တစ်ကိုယ်လုံး တောက်ပနေသကဲ့သို့ အရှိန်အဝါများ ဟုန်းကနဲ ထွက်လာခဲ့၏။ နောက်အခိုက်မှာတော့ ခြင်္သေ့မင်းဟာ သူ၏ပုံစံအမှန်သို့ ပြောင်းလဲသွားတော့သည်။

ရွှေခြင်္သေ့ကြီးက အရပ်ငါးမီတာနှင့် ဆယ်မီတာကျော်ရှည်သည်။ ၎င်း၏ တစ်ကိုယ်လုံးကို ရွှေရောင်သားမွေးများကဖုံးလွှမ်းထားကာ အမွှေးများပေါ်တွင် ရွှေမီးတောက်များပင် ကခုန်လျက်ရှိ၏။

နေနတ်ဘုရားခြင်္သေ့။

ခြင်္သေ့မင်းတွင် နေနတ်ဘုရားခြင်္သေ့၏ သွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်း ရှိသည်။ သူက သွေးသန့်စင်သော နေနတ်ဘုရားခြင်္သေ့ ဖြစ်လုနီးပါးပင်။

သူသည် သိုင်းအုပ်ချုပ်သူ ဖြစ်လာသမျှ ကာလပတ်လုံး အစစ်အမှန် နေနတ်ဘုရားခြင်္သေ့အဖြစ်သို့ ပြောင်းလဲသွားနိုင်မည် ဖြစ်သည်။

"ဝေါင်း"

ခြင်္သေ့မင်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ယခုအခါ သူ၏ပုံစံအစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွား၍ ပို၍ပင် ကြောက်စရာကောင်းလာခဲ့၏။ ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ မိုးနှင့်မြေ တုန်ခါသွား၍ ကောင်းကင်ယံမှ တိမ်တိုက်များလည်း ပြန့်ကျဲသွားတော့သည်။

သူ၏ ကြီးမားသောလက်ဝါးနှင့် တစ်ချက်ရိုက်လိုက်ခြင်းဖြင့် ဒုတိယတန်းစား ပါရမီရှင်တစ်ဦးမှာ သွေးအန်ပြီး စင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။

ကွာခြားချက်က ကြီးလွန်း၏။ တိုက်ခိုက်မှု တစ်ခုကပင် သူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်ခဲ့သည်။

ထိပ်တန်း အယောက်နှစ်ဆယ်ကို ဝင်ရောက်နိုင်ခဲ့သော ပါရမီရှင်အားလုံးက ဒုတိယတန်းစား ပါရမီရှင်များထဲမှ ထိပ်သီးများ ဖြစ်သည်။ သို့သော်လည်း သူတို့က ခြင်္သေ့မင်းနှင့် မယှဉ်သေးပါ။

"ဝေါင်း"

ခြင်္သေ့မင်းက ကျယ်လောင်စွာဖြင့် ထပ်မံဟိန်းဟောက်လိုက်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ရွှေရောင်အလင်းများနှင့် ပို၍ကြီးမားစွာ ပေါက်ကွဲထွက်လာခဲ့၏။ နောက်ထပ် ပါရမီရှင်နှစ်ဦး လွင့်စဉ်သွားခဲ့ပြီ။

ကျန်နှစ်ယောက်မှာလည်း ခုန်လင်း၏ ရိုက်ချခြင်း ခံလိုက်ရသည်။

ဤနည်းဖြင့်၊ ဒုတိယတန်းစား ပါရမီရှင် ခြောက်ဦးစလုံး ရှုံးနိမ့်ခဲ့သည်။ လုမင်ကြောင့် လွင့်သွားရသော ဝူချန်ခုန်းအပါအဝင် စုစုပေါင်း ခုနစ်ယောက် ရှုံးနိမ့်ခဲ့၏။ ယခုအခါ စင်ပေါ်၌ ဆယ့်သုံးဦးသာ ကျန်တော့သည်။

နောက်ထပ် ပါရမီရှင်သုံးဦး ရှုံးနိမ့်သရွေ့ ထိပ်ဆုံးဆယ်ယောက် မွေးဖွားလာတော့မည် ဖြစ်သည်။

ခြင်္သေ့မင်း၏ အေးစက်သော အကြည့်က လုမင်အပေါ်သို့ ပထမဆုံး ကျရောက်လာသည်။

အခြားတစ်ဖက်တွင်၊ ခုန်လင်း၏အကြည့်က စန္ဓကူးနတ်သမီးနှင့် ကျင်းခုန်းလင်ကိုဖြတ်ကျော်ကာ တိရှန်အပေါ်သို့ ကျရောက်သွား၏။

"ခြင်္သေ့မင်း... ငါက တိရှန်၊ မင်း မင်လုကို ယူလိုက်ချေ။ ဘယ်လိုလဲ"

ခုန်လင်း ပြောလိုက်သည်။

"ဒါက ငါလိုချင်တဲ့အတိုင်း အတိအကျပဲ"

ခြင်္သေ့မင်းက မငြင်းပေ။

ထိုအချိန်တွင်၊ ခုန်လင်း၏ အကြည့်များက စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်အပေါ်သို့ ကျရောက်သွားသည်။ သူက ပြုံးလျက် ပြောလိုက်၏။

"စန္ဒကူးနတ်သမီး၊ တိရှန်နဲ့ မင်လုကို ငါတို့ ဂရုစိုက်ပြီးရင် စင်ပေါ်မှာ ပါရမီရှင် ဆယ့်တစ်ဦးပဲ ကျန်တော့မယ်။ ငါ မိန်းကလေးခုန်းလင်ကို အပြစ်ပြုပြီး ဆင်းခိုင်းလိုက်ပါမယ်။ ဒီနည်းနဲ့ ထိပ်တန်းဆယ်ယောက်ကို မင်းဝင်လို့ရပြီ"

ခုန်လင်းသည် စန္ဒကူးနတ်သမီးကို ပိုးပန်နေသူများထဲမှ တစ်ဦး ဖြစ်သည်။ သဘာတအတိုင်း၊ သူက သူမထံမှ မျက်နှာသာရရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားပေသည်။

"အိုး၊ သခင်လေးခုန်က ယုံကြည်မှုအတော်ရှိတာပဲ။ တကယ်ကော လုပ်နိုင်ပါ့မလား"

စန္ဒကူးနတ်သမီးက ပြုံးပြီး ပြောလိုက်သည်။

"ဟားဟားဟား၊ မလုပ်နိုင်ဘူးလား။ ဘုရင်ငယ်အဆင့်ကလွဲရင် ဘယ်သူမှ ငါ့လက်ကနေ မလွတ်နိုင်ဘူး"

ခုန်လင်းက ရယ်မောပြီး ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူ့ထံမှ အရောင်ငါးမျိုး လင်းလက်လာကာ တိရှန်ထံသို့ ပြေးသွား၏။ သူ၏ အမြန်နှုန်းက အလွန်ကြောက်စရာကောင်းသည်။

ခုန်လင်း၏ မူလခန္ဓာမှာ ဒေါင်းဖြစ်သည်။ သူ့တွင် ဓာတ်ကြီးငါးပါး ဥဒေါင်းသွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်း ရှိ၏။ သူ၏အမြန်နှုန်းက မြင့်မားလွန်းပြီး တုနှိုင်းမမီပေ။

သို့ရာတွင် သူ၏ပြိုင်ဘက်က တိရှန် ဖြစ်သည်။

သူက ဟင်းလင်းပြင်၏ဘုရင်ဖြစ်သလို အမြန်နှုန်းလည်း မြင့်မားသည်။

"ဝှစ် ဝှစ်"

တိရှန်က ခုန်လင်းနှင့် မတိုက်ခိုက်ပေ။ ထိုအစား ခုန်လင်း၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန် တခဏခြေလှမ်းကို အသုံးပြုခဲ့သည်။

သူတို့ နှစ်ယောက်က အံ့မခန်းအမြန်နှုန်းဖြင့် ပြေးတမ်း၊ လိုက်တမ်း ဖြစ်ခဲ့သည်။ စင်ပေါ်တွင် ပုံရိပ်များက တောက်ပလာခဲ့၏။

မည်သူက အနိုင်ရမလဲ ဆိုတာကတော့ အချိန်တိုအတွင်း ပြောရခက်ပေသည်။

"ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရား။ တိရှန်လည်း ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်နေပြီ"

တိရှန်၏ ကျင့်ကြံခြင်းအခြေခံကို မြင်သောအခါ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

"နောက်ဆုံးတော့ အရှေ့တိုင်းမှာ သင့်တင့်လျောက်ပတ်တဲ့ ပါရမီရှင်တစ်ဦး ပေါ်လာပြီ။ သူကတော့ ဘုရင်ငယ်တွေလောက် မသန်မာပေမယ့်၊ ဒုတိယအဆင့် ပါရမီရှင်တွေထဲမှာတော့ အကောင်းဆုံးထဲက တစ်ယောက်ပါပဲ"

တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်သည်။

တိရှန်က ဟင်းလင်းပြင်တာအိုကို နားလည်ခဲ့သည်။ သူ့၏နယ်ပယ်ကလည်း ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိခဲ့၏။ သူက ဒုတိယအဆင့် ပါရမီရှင်များကြားတွင် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ ဝူချန်ခုန်းပင်လျှင် သူ့ကို မနှိုင်းယှဉ်သာပေ။

"ဝေါင်း"

ခြင်္သေ့မင်းက ဟိန်းဟောက်ပြီး လုမင်ဆီသို့ ဦးတည်သွားခဲ့သည်။

ရွှေဝါရောင် ခြေသည်းက ရွှေရောင်ကောင်းကင်ဓားသွားကဲ့သို့ ဟင်းလင်းပြင်ကို ခွဲထုတ်သွား၏။

'နဂါးစွမ်းအား'

အတွေးတစ်ခုဖြင့် လုမင်၏ ခန္ဓာကိုယ်မှ နဂါးခုနစ်ကောင်စွမ်းအား ပေါက်ကွဲသွားသည်။

လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်အလင်းများ တောက်ပလာခဲ့၏။ သို့သော် အကြေးခွံချပ်ဝတ်တန်ဆာ ပေါ်မလာခဲ့ပေ။ ထို့ကြောင့် ဝမ့်မိသားစု၏ အကြီးအကဲနှင့် ကျန်းမိသားစု ဘိုးဘေးက လုမင်ကို အသိအမှတ်မပြုနိုင်ပေ။

လုမင်၏စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းသည်။ တချိန်တည်းမှာပင် သူက တာအိုငါးမျိုးကို ထုတ်ဖော်ခဲ့၏။

ဤအခိုက်အတန့်မှာ လူတိုင်း အံ့အားသင့်သွားကြတော့သည်။

"ဒီမင်လုက ခြင်္သေ့မင်းကို ထိပ်တိုက်တိုက်ချင်တယ်၊ သူက သူ့ကိုယ်သူ ပိုတွက်နေတာပဲ"

"ဟုတ်တယ်၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို အားကောင်းပါတယ်။ ဒါပေမယ့်၊ သူနဲ့ ဘုရင်တစ်ယောက်ကြားက ကွာဟချက်ကြီးတစ်ခု ရှိသေးတယ်။ သူ့ကို ထိပ်တိုက် ရင်ဆိုင်တာက ပညာမဲ့တာပဲ"

မူလက၊ သူတို့သည် လုမင်ကို တိရှန်နည်းတူ အချိန်‌ဆွဲပြီး ရှောင်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဟု ထင်ခဲ့ကြသည်။ တောင်ပိုင်းနှင့် အနောက်တိုင်းကြားမှ တိုက်ပွဲနှင့် ရန်ပိုထျန်းနှင့် ထိုပါ့ရှီကြားမှတိုက်ပွဲကို စောင့်ဆိုင်းနေသမျှ ကာလပတ်လုံး ထိပ်တန်းဆယ်ယောက်သို့ ဝင်ရောက်နိုင်လိမ့်မည်။

လုမင်က ခြင်္သေ့မင်းကို ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

"တာအို အရောင်ငါးမျိုး၊ သူက တာအိုငါးခုကို နားလည်ထားတာပဲ"

ပွဲကြည့်စင်ပေါ်၌ ဝမ့်ဘိုးဘေးနှင့် ကျန်းဘိုးဘေးတို့ ထိတ်လန့်သွားကြသည်။

ယခင်က သူတို့သည် လုမင်က တာအိုလေးမျိုးအား နားလည်ထားကြောင်း သဘောပေါက်ခဲ့ကြသည်။ ယင်းက လူတစ်ယောက် နားလည်သဘောပေါက်နိုင်သည့် အမြင့်ဆုံးသော တာအိုတစ်ခု ဖြစ်နေပြီ။ ယခုမူကား၊ တစ်စုံတစ်ယောက်က တာအိုငါးခုကို အမှန်တကယ် နားလည်ထားခဲ့ပြီ ဖြစ်သည်။

သူတို့က မင်လုကို လုမင်ဖြစ်မည်ဟုတော့ မတွေးမိကြပါ။ ပထမက လုမင်ကို ဖူရုပ်သေးဂိုဏ်းတွင် သူတို့ မကြာခဏ တွေ့ရသည်။ သူက အလယ်ပိုင်းတိုက်ကြီးကို ရောက်ရှိနေရန် မဖြစ်နိုင်ပေ။

ဒုတိယအနေနှင့်၊ လုမင်သည် ကမ္မတိုက်ပွဲတွင် တာအိုလေးခုကိုသာ နားလည်ထားခဲ့သည်။ ဤကဲ့သို့ မြင့်မားသော ကျင့်ကြံခြင်းအခြေခံနှင့် တာအိုအသစ်များကို ဆက်လက် နားလည်ရန်မှာ ခက်ခဲလွန်းပေသည်။ ယင်းက မဖြစ်နိုင်ပေ။

အလယ်ပိုင်းတိုက်ကြီးက အလွန်အားကောင်းပြီး တာအိုငါးခုကို နားလည်သူများ ရှိသည်ဟုတွေးကာ သူတို့ စိတ်ပျက်လက်ပျက်သာ ဖြစ်ခဲ့ရသည်။

All Chapters