← Chapters

အခန်း ၁၁၂၅

Vol. 75 Ch. 1125

အခန်း ၁၁၂၅

Vol. 75 Ch. 1125

အပိုင်း ( 1125 ) ဘီလူးကြီးတစ်ယောက် ရှုံးသွားသည်။

"ဘာတွေအော်နေတာလဲ၊ တိုက်ခိုက်"

လုမင်က လက်သီးချက်များ ထပ်မံထုတ်ဖော်လိုက်သည်။ ခြင်္သေ့မင်းက ဟိန်းဟောက်ပြီး အစွမ်းကုန် အသုံးပြုခဲ့သော်လည်း အသုံးမဝင်ခဲ့ပါ။ လုမင်၏ လက်သီးများက သူ့ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာခဲ့သည်။

ခြင်္သေ့မင်း၏ ကြီးမားသော ခန္ဓာကိုယ်က ဒရမ်တစ်ခုကဲ့သို့ တုန်လှုပ်သွားသည်။ ၎င်း၏ နူးညံ့သော ရွှေရောင်သားမွေးများမှာလည်း ရှုပ်ပွသွား၏။ နောက်ဆုံးတွင် စင်မြင့်ပေါ်၌ ပြန့်ကျဲကာ ရွှေရောင်လွှမ်းသွားစေတော့သည်။

"ငါ မဖြုန်းတီးနိုင်ဘူး"

လုမင်က သူ့လက်ကိုဝှေ့ယမ်းကာ ခြင်္သေ့မင်း၏ ခန္ဓာကိုယ်မှ ကျွတ်ကျလာသော ရွှေရောင်သားမွေးများကို သိမ်းဆည်းလိုက်သည်။ ၎င်းကလည်း ထူးခြားသော ရတနာတစ်ခု ဖြစ်ခဲ့၏။ ဤသားမွှေးများနှင့် အဝတ်ချုပ်လိုက်ပါက ရေနှင့်မီးကိုပင် ခံနိုင်ရည်ရှိလိမ့်မည်။

လူအုပ်ထဲက လူတချို့က မနာလိုဖြစ်သွားခဲ့ကြသည်။ ထိုကဲ့သို့သော ရွှေရောင်သားမွေးများက ရှားပါးရတနာတစ်ခု ဖြစ်ချေသည်။

"ဝေါင်း"

ခြင်္သေ့မင်းလည်း ရှက်စိတ်ဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် လုမင်ကို ကိုက်သတ်ချင်စိတ်များပင် ဖြစ်လာခဲ့၏။ ကံမကောင်းစွာဖြင့်၊ သူမလုပ်နိုင်ဘဲ လုမင်၏ ရိုက်နှက်ခြင်းကိုသာ ခံခဲ့ရသည်။

အဆုံးမှာတော့ လုမင်က ခြင်္သေ့မင်း၏ ခန္ဓာကိုယ်ကို ခွစီးကာ ထိုးကြိတ်တော့သည်။

ခြင်္သေ့ဒူးက စိတ်ပျက်အားငယ်ကာ ဟိန်းဟောက်လိုက်သည်။ သူသည် မြေပြင်ပေါ်၌ပင် လူးလှိမ့်နေသော်လည်း အသုံးမဝင်ပေ။ လုမင်ကို သူ မဖယ်ရှားနိုင်ခဲ့ပါ။ လုမင်၏ လက်သီးချက်တိုင်းက အလွန်အစွမ်းထက်သည်။ ၎င်းက ခုခံမှုအားလုံးကို ဖြိုခွင်းကာ ခြင်္သေ့မင်း၏ ခန္ဓာကိုယ်ကို ဆက်လက်ထိုးကြိတ်ခဲ့သည်။ ခြင်္သေ့မင်းလည်း သူ့အရိုးများ ကျိုးတော့မည်ကဲ့သို့ ခံစားလိုက်ရပြီး သွေးများပင် အန်ထွက်လာတော့သည်။

မွန်းစတားသားရဲများက အလွန်သန်မာသော ခန္ဓာကိုယ်များရှိသည်။ အထူးသဖြင့် သူကဲ့သို့ နတ်သားရဲသွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်းသော သားရဲများတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပို၍ပင် အားကောင်းသည်။ သို့သော်၊ လုမင်၏ သံလက်သီးများကို သူ မခံနိုင်ပေ။

"ဒုန်း"

နောက်ဆုံးတွင်၊ ခြင်္သေ့မင်းက ဟောဟဲလိုက်ပြီး မြေပြင်ပေါ်တွင် လဲကျသွားခဲ့သည်။

ခြ‌င်္သေ့မင်း ရှုံးနိမ့်သွားခဲ့ပြီ။

ထိုအတွေးက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ဤတိုက်ပွဲမဖြစ်မီတွင်၊ ခြင်္သေ့မင်းကို တရားစီရင်ရေးတပ်၏ ထူးဆန်းသောတပ်မှူးက အနိုင်ယူလိမ့်မည်ဟု မည်သူမျှမထင်ခဲ့မိပေ။ ယင်းက စိတ်ကူးယဉ်ဇာတ်လမ်းကဲ့သို့ပင် ဖြစ်သည်။

ခြင်္သေ့မင်းက အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးတွင် နောက်ဆုံးအဆင့် ဖြစ်သော်လည်း၊ သူ၏အစွမ်းသတ္တိကို မည်သူမျှ လျှော့မတွက်ဝံ့ပေ။ ထိုဒုတိယတန်းစား ဉာဏ်ကြီးရှင်များကို ခြင်္သေ့မင်းက အလွယ်တကူ ချေမှုန်းနိုင်သည်။

သို့သော်လည်း သူဟာ တရားစီရင်ရေးတပ်မှူးကိုတော့ မယှဉ်နိုင်ခဲ့ပေ။

"ဘယ်လိုလဲ၊ မင်း အခု လက်ခံပြီလား။ ငါ့ရဲ့စီးတော် ဖြစ်လာတော့"

လုမင်က ခြင်္သေ့မင်း၏ ခေါင်းပေါ်တွင်ရပ်ကာ ငုံ့ကြည့်လိုက်သည်။

"ဝေါင်း"

ခြင်္သေ့မင်းက ရူးသွပ်စွာဟိန်းဟောက်ကာ စင်အောက်ကို ရုတ်တရက် ပြေးဆင်းလိုက်၏။

သူရှုံးခဲ့လျှင်ပင် လုမင်ကို သူနှင့်အတူ ဆွဲချရလိမ့်မည်။

"မေ့လိုက်ပါ၊ ဒီတစ်ခါတော့ မင်းကို လွှတ်လိုက်မယ်"

လုမင်က အနောက်ကိုဆုတ်လိုက်သည်။ သူက ခြင်္သေ့မင်း၏ တင်ပါးကိုပိတ်ကန်ကာ စင်မြင့် အခြားတစ်ဖက်တွင် ဆင်းသက်လိုက်သည်။

ခြင်္သေ့မင်း ရှုံးနိမ့်သွားခဲ့ပြီ။

ခြင်္သေ့မင်းလည်း စိတ်ဓာတ်ကျခြင်းကို ထုတ်ဖော်လိုသကဲ့သို့ ကောင်းကင်ကိုမော့၍ ဆွဲ‌ဆွဲငင်ငင် အော်လိုက်သည်။ အကြိမ်ရေ တစ်ဒါဇင်ကျော် ဟိန်းဟောက်ပြီးနောက်မှာတော့ သူ့ပုံစံကို ပြန်ပြောင်းကာ ခြင်္သေ့နှင့်ကျားခန်းမ၏ ထိုင်ခုံသို့ ပြန်ရောက်သွားတော့သည်။ သူ့မျက်နှာက မည်းမှောင်နေခဲ့သည်။

သူဟာ ထိပ်တန်းဆယ်ဦးစာရင်းဝင်ရန် ပျက်ကွက်ခဲ့ပြီး စောစီးစွာပင် ဖယ်ထုတ်ခံခဲ့ရသည်။

အဓိကအားဖြင့် သူက လုမင်ကို စောစီးစွာ ဖယ်ထုတ်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။

ယခုအခါ၊ စင်မြင့်ပေါ်တွင် လူဆယ့်နှစ်ယောက်သာ ကျန်တော့သည်။

ခုန်လင်းက တိရှန်အနောက်ကို ဆက်လက်လိုက်နေသော်လည်း တိရှန်က ဟင်းလင်းပြင်တာအိုကို အသုံးပြုကာ ခုန်လင်း၏တိုက်ခိုက်မှုများအား အစွမ်းကုန် ရှောင်ရှားခဲ့သည်။ တိရှန်၏ ကျင့်ကြံခြင်း၊ ဟင်းလင်းပြင်တာအိုအပေါ် နားလည်မှုတို့နှင့်အတူ ခုန်လင်းက လျင်မြန်သော်လည်း အမီမလိုက်နိုင်ခဲ့ပေ။

"ဝှစ်"

ထိုအချိန်တွင် ခုန်လင်းက ရပ်တန့်ကာ တိရှန်ကို ဆက်လက်မလိုက်နိုင်တော့ပေ။ ထိုအစား သူက လုမင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

ခြင်္သေ့မင်းက လုမင်ကို အနိုင်မရရုံသာမကဘဲ ရှုံးပင် ရှုံးနိမ့်ခဲ့သေးသည်။ ယင်းက သူ၏ မျှော်လင့်ချက်ထက် လုံးဝ ကျော်လွန်သွားခဲ့သည်။

ဤအချိန်မှာတော့ အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်သွားပြန်လေသည်။

စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က တစ်နေရာတည်းတွင် အတူရပ်နေသည်။ လုံချန်ကမူ တိုက်ပွဲစတင်ကတည်းက ထိုနေရာတွင် ရပ်နေခဲ့၏။

ခုန်လင်းက တိရှန်ကို အမီမလိုက်နိုင်သလို လုမင်ကိုလည်း သတိထားရသည်။ သူက စန္ဒကူးနတ်သမီးကို ပိုးပန်းနေသူဖြစ်သောကြောင့် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်ကိုလည်း သဘာဝအတိုင်း တိုက်ခိုက်မည်မဟုတ်ပါ။

တိရှန်ကတော့ အခြားသူများ ရှုံးနိမ့်ပြီး ထိပ်တန်းဆယ်ယောက်သို့ မဝင်မချင်း၊ ဟင်းလင်းပြင်တာအို၏ အားသာချက်ကိုသုံးကာ တတ်နိုင်သမျှ အချိနဆွဲရန် စီစဉ်ထားကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူကလည်း ဦးစွာတိုက်ခိုက်မည် မဟုတ်ပေ။

ရန်ပိုထျန်းနှင့် ထိုပါ့ရှီက အပြင်းအထန် တိုက်ခိုက်ဆဲဖြစ်သည်။

အနောက်တိုင်းကန္တာရနှင့် တောင်ပိုင်းကြားမှ တိုက်ပွဲကလည်း ပို၍ပင် ပြင်းထန်လာခဲ့၏။

ဤအချိန်တွင် ခွန်အားကွာခြားမှုက ထင်ရှားလာသည်။

မသမာသော ရဟန်းတော်က အနက်ရောင်မီးလျှံများဖုံးလွှမ်းနေသော လူငယ်တစ်ဦးကို တိုက်ခိုက်နေသည်။ ဤအခိုက်အတန့်တွင်၊ အနက်ရောင်မီးလျှံများနှင့် လူငယ်က သားရဲအဖြစ်သို့ ပြောင်းလဲသွားကာ မူလရုပ်သွင်ကို ထုတ်ဖော်ခဲ့သည်။

သူက ဒဏ္ဍာရီလာ ခေါင်းသုံးလုံး ငရဲခွေးနှင့် ထပ်တူနီးပါး တူညီသည်။ အနက်ရောင်မီးလျှံများနှင့် လူငယ်သည် ခေါင်းကိုးလုံး ငရဲခွေး သွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်းရှိကာ အလွန်အစွမ်းထက်သည်။

ခေါင်းသုံးလုံးတွင် တစ်လုံးစီက မတူညီသော တိုက်ခိုက်မှုအား ပြုလုပ်နိုင်သည်။ အနက်ရောင်မီးတောက်များကလည်း လေထဲတွင် ပြည့်နေခဲ့၏။ သို့သော်လည်း ထိုမီးများမှာ ပူပြင်းမှုမရှိဘဲ အရိုးကွဲမတတ် အေးစက်မှုကို ထုတ်လွှတ်နေတော့သည်။

ဤမီးတောက်များက လူများ၏ စိတ်ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်ပုံရသည်။

ဤသည်မှာ ငရဲမီးလျှံ ဖြစ်ချေသည်။

ခေါင်းသုံးလုံးငရဲခွေးက အလွန်သန်မာသော်လည်း မသမာသောရဟန်းမှာ ပို၍ အားကောင်းသည်။

မသမာသောရဟန်းက ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်ပုံပေါက်သည်။ သူ့ကို ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းနေကာ ဦးခေါင်းပေါ်မှာလည်း ရွှေရောင် ဗုဒ္ဓပုံရိပ်တစ်ခု ရှိ၏။ ဗုဒ္ဓအလင်းများက ခေါင်းကိုးလုံးငရဲခွေးကို ဖိနှိပ်ခဲ့သည်။

ခေါင်းကိုးလုံး ငရဲခွေးက ရွှေရောင်ဗုဒ္ဓအလင်းကြောင့် လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရကာ အလွန်ခက်ခဲသော အခြေအနေတွင် ရှိနေခဲ့ပေသည်။

အခြားတစ်ဖက်တွင်မူ၊ မင်ကျစ်နှင့် သီလရှင်းကြားမှ တိုက်ပွဲက အလွန်ပြင်းထန်ခဲ့သည်။

သို့သော်လည်း၊ မင်ကျစ်က အမှန်တကယ်ပင် လွန်စွာ အစွမ်းထက်၏။ သူ့ကို ငရဲကလေးငယ်ဟု ခေါ်ကာ တောင်ပိုင်း၏ အသန်မာဆုံး မျိုးဆက်သစ် ဖြစ်သည်။ သူက ခေါင်းသုံးလုံး ငရဲခွေးထက်ပင် အားကောင်းခဲ့ပေသည်။ သူ၏ ငရဲစွမ်းအင်များက ကောင်းကင်တွင် ပြည့်နှက်နေကာ သီလရှင်ကို ဖိနှိပ်ခဲ့သည်။

သို့သော်လည်း ဗုဒ္ဓဂိုဏ်း၏ နည်းလမ်းများက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်မျိုးစလုံး ရှိသည်။

သီလရှင်က သွေးမျိုးဆက်ပေါင်းစပ်မှုကို အသုံးပြုကာ တကယ့် အမျိုးသမီး ဗောဓိသတ္တအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဗုဒ္ဓအလင်းများက လေထဲတွင်ပြည့်ကာ ဗုဒ္ဓအလင်းနံရံကို ဖန်ဆင်းခဲ့၏။ သူမက တိုက်ပွဲတွင် အားနည်းချက်ရှိနေသော်လည်း တိုက်ခိုက်မှုများကို ခုခံနိုင်ဆဲပင်။

'အရမ်းသန်မာတယ်။ သူတို့တစ်ဉီးစီက ခြင်္သေ့မင်းထက် ပိုသန်မာတာပဲ။ သူတို့အားလုံးက တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်နေကြပြီ'

လုမင်က အကဲခတ်လိုက်ရာ လူတိုင်း၏ ကျင့်ကြံခြင်းအခြေခံကို မြင်လိုက်ရသည်။

အနောက်တိုင်းကန္တာရနှင့် တောင်ပိုင်း၏ ဉာဏ်ကြီးရှင်လေးယောက်က ရန်ပိုထျန်းနှင့် ထိုပါ့ရှီကဲ့သို့ပင်။ သူတို့အားလုံးက တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိကြကာ ခြင်္သေ့မင်းထက် ပို၍ အားကောင်းခဲ့ကြသည်။

"ခွေးအပုပ်ကောင်၊ ရှုံးတော့"

တိုက်ပွဲ အချိန်ကြာလာသည်နှင့် မသမာသောရဟန်းသည် ပို၍ အားသာလာခဲ့၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက နားမလည်နိုင်အောင်ဖြစ်ကာ ခေါင်းသုံးလုံး ငရဲခွေးကို လုံးလုံးလျားလျား ချေမှုန်းလာတော့သည်။

ခေါင်းသုံးလုံးငရဲခွေးက အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားခဲ့ရင်း တစ်ချိန်တည်းတွင် ဝိညာဉ်အသိဖြင့် စစ်မြေပြင်ကို အကဲခတ်ခဲ့သည်။

'ဒီအတိုင်း ဆက်သွားလို့ မရဘူး။ စစ်မြေပြင်မှာ လူဆယ့်နှစ်ယောက် ကျန်သေးတယ်။ ဒီကတုံးကို ရှုံးသွားမယ်ဆိုရင် ထိပ်ဆုံးဆယ်ယောက်ကိုတောင် ငါ ဝင်နိုင်တော့မှာ မဟုတ်ဘူး။ ဟိုမိန်းကလေးနှစ်ယောက်က ငါတို့ထဲမှာ အားအနည်း‌ဆုံးပဲ။ ဒီလိုဆိုမှတော့ သူတို့ကို အရင်ဖြေရှင်းလိုက်မယ်။ ဒါဆိုရင် နောက်ပြီးမှ ငါရှုံးခဲ့မယ်ဆိုရင်တောင် ထိပ်တန်းဆယ်ယောက်ကို ဝင်နိုင်တယ်'

ခေါင်းသုံးလုံး ငရဲခွေးက အမြန်တွေးကာ ထိန်းလိုက်သည်။

ထို့နောက် မသမာသောရဟန်း၏ တိုက်ခိုက်မှုကို အစွမ်းကုန် တားဆီးလိုက်၏။ ထို့နောက်မှာတော့ သူ၏ပုံရိပ်က တောက်ပလာကာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး စန္ဒကူးနတ်သမီးဆီသို့ ပြေးသွားတော့သည်။

သူသည် အလွန်လျင်မြန်ပြီး လျှပ်စီးလက်သကဲ့သို့ သူတို့ရှေ့သို့ ချက်ချင်းရောက်လာခဲ့သည်။

"ရပ်စမ်း"

စန္ဒကူးနတ်သမီးက လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူမက ပေါ့ပါးသွက်လက်စွာဖြင့် ခြေလှမ်းလိုက်ရာ မြေပြင်ပေါ်တွင် ကမ္ပည်းစာလုံးများ လင်းလက်သွား၏။ ခဏချင်းပင် သူ့အရှေ့တွင် ဝင်္ကပါဒိုင်းတချို့ ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် ကျင်းခုန်းလင်လည်း လှုပ်ရှားသွားခဲ့သည်။ လေထဲတွင် မြစ်ကြီးများ ပေါ်လာကာ ရှေးသစ်ပင်များလည်း ပေါက်လာကြ၏။ မြစ်များကြားမှ သစ်ပင်များက အကိုင်းအခက်များကို ယှက်နွယ်ကာ ရှေ့တွင် ပိတ်ဆို့သွားတော့သည်။

"ဝုန်း ဝုန်း"

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ငရဲမီးလျှံများက လေထဲတွင် ပြည့်သွားသည်။ ငရဲမီးများက ဒိုင်းလွှားနှင့် မြစ်ထဲမှရှေးသစ်ပင်များကို လောင်ကျွမ်းလိုက်၏။

သို့သော်လည်း၊ ဤသို့ပိတ်ဆို့ပြီးနောက် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က နောက်ဆက်တွဲနည်းလမ်းများဖြင့် ပေါက်ကွဲခဲ့သည်။

စနန္ဒကူးနတ်သမီး၏ ခန္ဓာကိုယ်က တောက်ပကာ ဝင်္ကပါအလင်းများ လည်ပတ်နေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ လက်ဝှေ့ယမ်းမှုနှင့်အတူ ဆေးလုံး သုံးဆယ့်ခြောက်လုံးက ပျံထွက်သွားပြီး မှော်ရတနာ သုံးဆယ့်ခြောက်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ သူမက ကျင်းခုန်းလင်နှင့် ပူးပေါင်းကာ ခေါင်းသုံးလုံး ငရဲခွေးကို အကောင်းဆုံး ခုခံလိုက်တော့သည်။

All Chapters