← Chapters

အခန်း ၁၁၂၇

Vol. 76 Ch. 1127

အခန်း ၁၁၂၇

Vol. 76 Ch. 1127

အပိုင်း ( 1127 ) လုံချန်၏ စွမ်းအား။

ခေါင်းသုံးလုံး ငရဲခွေး၏ အသက်ဓာတ်က အလွန်ခိုင်မာသည်။ ‌ဦးခေါင်း သုံးခုစလုံး အဖြတ်ခံရခြင်း သို့မဟုတ် ဖောက်ထွင်းမခံရပါက အလွန်ဆုံး ဒဏ်ရာအပြင်းအထန် ရရှိရုံသာဖြစ်ပြီး သေဆုံးနိုင်မည် မဟုတ်ပေ။

နောင်တွင် ဦးခေါင်းသုံးလုံး ပြန်ပေါက်လာခဲ့မည် ဖြစ်သည်။

ထိုအချိန်တွင် ခေါင်းသုံးလုံး ငရဲခွေးက လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်သည်။

"သတ်"

လုမင် အော်လိုက်သည်။ သူ၏ သတ်ဖြတ်ချင်များမှာ ဒီရေကဲ့သို့ တိုးလာသည်။ သူ၏ သွေးနီရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ သူ့မျက်လုံးများပင် ချင်းချင်းနီလာခဲ့၏။ သူက‌ ခေါင်းသုံးလုံး ငရဲခွေးဆီသို့ လျှောက်သွားတော့သည်။

သူသည် တတိယသွေးမျိုးဆက်မှ သတ်ဖြတ်ခြင်းတာအိုကို ငှားယူနိုင်သည်။ ၎င်းကို သူ၏ တာအိုငါးခုနှင့် ပေါင်းစပ်မရနိုင်သော်လည်း အချင်းချင်း ဖြည့်တင်းကာ ပိုအားကောင်းလာနိုင်ခဲ့၏။

သွေးနီရောင်လှံက လှုပ်ရှားကာ သွေးနီရောင် သတ်ဖြတ်ခြင်းမုန်တိုင်းကို ဖန်တီးတော့သည်။

ခေါင်းသုံးလုံးငရဲခွေးသည် လုမင်ကို တိုက်ခိုက်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း တိုက်ကွက်အနည်းငယ်အတွင်း ဒုတိယမြောက် ဦးခေါင်းကို လုမင်၏ လှံဖြင့် ထိုးဖောက်ခံလိုက်ရသည်။ ဤဒဏ်ရာက ပို၍ပင် ပြင်းထန်ခဲ့၏။

နောက်ဆုံးတွင်၊ ခေါင်းသုံးလုံး ငရဲခွေးလည်း အရှုံးပေးပြီး စင်ပေါ်မှ ထွက်ခွာရန်အပြင် ရွေးချယ်စရာမရှိတော့ပေ။

ခေါင်းသုံးလုံး ငရဲခွေး ရှုံးနိမ့်သွားခဲ့သည်။

ဤတပ်မှူး လုရှောက်ချင်းက ထိပ်တန်းပါရမီရှင် နှစ်ယောက်ဖြစ်သည့် ခြင်္သေ့မင်းနှင့် ခေါင်းသုံးလုံး ငရဲခွေးကို တစ်ယောက်ကို တစ်ယောက် အနိုင်ယူခဲ့သည်။ ယင်းက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့ပေသည်။

ယခုအချိန်တွင် မင်ကျစ်နှင့် ဝူယွဲ့ကြားမှ တိုက်ပွဲကလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဝူယွဲ့က သန်မာသော်လည်း မင်ကျစ်ထက်တော့ အားနည်းနေဆဲပင်။ သူသည် အစကတည်းက အားနည်းချက်ရှိခဲ့ပြီး ယခုအခါ လုံးဝ ဖိနှိပ်ခံထားခဲ့ရပြီ ဖြစ်သည်။ လုမင်က ခေါင်းသုံးလုံးငရဲခွေးကို အနိုင်ယူပြီး မကြာမီပင် အရှုံးပေးသွားရတော့သည်။

ဝူယွဲ့၏ နုတ်ထွက်မှုနှင့်အတူ၊ ထိပ်တန်းဆယ်ယောက် မွေးဖွားလာခဲ့သည်။

လုံချန်၊ ရန်ပိုထျန်း၊ ထိုပါ့ရှီ၊ ရဟန်း ဝူလျန့်၊ မင်ကျစ်၊ ခုန်လင်း၊ တိရှန်၊ စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်နှင့် လုမင်။

ထိပ်တန်းဆယ်ယောက်ကို ဝင်လိုက်ခြင်းဖြင့် သူတော်စင်ဧကရာဇ် ရှေးဟောင်းနန်းတော်ထဲကို ဝင်နိုင်ကာ အတိတ်မှ ဧကရာဇ်များ၏ ထိုးထွင်းသိမြင်မှုကို နားလည်နိုင်စေသည်။ ၎င်းက သူတို့အတွက် ဧကရာဇ်ဖြစ်ရန် အုတ်မြစ်ဖြစ်လာနိုင်လိမ့်မည်။

ယခုအချိန်တွင် ရန်ပိုထျန်းနှင့် ထိုပါ့ရှီမှလွဲ၍ အခြားသူများက လှုပ်ရှားမှု မရှိတော့ပါ။ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရပ်သွားခဲ့ကြသည်။

"အစ်ကိုလု၊ နင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က လုမင်ကို ဦးညွှတ်လိုက်ကြသည်။

"မင်းတို့ ယဉ်ကျေးလွန်းပါပြီ"

လုမင်လည်း ပြုံးလျက် ပြောလိုက်သည်။

"အစ်ကိုလု၊ အခု နင့်အပေါ်မှာ မူတည်သွားပြီ။ အမခုန်းလင်နဲ့ ငါ့အတွက်တော့ ထိပ်တန်းဆယ်ယောက်ကို ဝင်ခွင့်ရတာတောင် အတော် ကံကောင်းနေပါပြီ"

စန္ဒကူးနတ်သမီးက ပြောလိုက်၏။ ထို့နောက်မှာတော့ ကျင်းခုန်းလင်နှင့်အတူ စင်ပေါ်မှ ထွက်သွားကြတော့သည်။

ဤသို့ဖြင့် သူတို့နှစ်ယောက်က ရှုံးနိမ့်မှုကို ဝန်ခံခဲ့ကြသည်။

ဤအတွက် မည်သူမျှ မအံ့ဩပါ။ ဤသည်က သူတို့၏ မျှော်လင့်ချက်ထဲတွင် ရှိသည်။

စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်အတွက်က ထိပ်တန်းဆယ်ယောက်ကို ၀င်ခွင့်ရတာတောင် အလွန်ကံကောင်းခဲ့ပြီ ဖြစ်သည်။ သူတို့၏ စစ်မှန်သော ခွန်အားအရ ထိပ်တန်းဆယ်ယောက်ကို ဝင်ရောက်နိုင်ရန် အလွန် ခက်ခဲပေလိမ့်မည်။

ထိပ်တန်းဆယ်ယောက်သို့ ဝင်နိုင်ပြီး သူတော်စင်ဧကရာဇ် ရှေးဟောင်းနန်းတော်ကို ဝင်ရောက်နိုင်ခဲ့ခြင်းက လုံလောက်သည်ထက် ပိုနေပြီ။ ယခုအချိန်တွင် နုတ်ထွက်ခြင်းက ပညာအရှိဆုံး ရွေးချယ်မှု ဖြစ်သည်။

ဤသို့ စင်မြင့်ပေါ်တွင် လူရှစ်ဦးသာ ကျန်တော့သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရန်ပိုထျန်းနှင့် ထိုပါ့ရှီက အပြန်အလှန် ထိုးနှက်ပြီး ဆုတ်ခွာသွားကြသည်။ နှစ်ဘက် လူခွဲရပ်ပြီးနောက် တိုက်ပွဲများ ရပ်သွား၏။

၎င်းတို့နှစ်ဦးက ရာနှင့်ချီသော တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ကြသော်လည်း ပြတ်ပြတ်သားသား အားသာခြင်းမျိုး မရှိသေးပေ။

"ရန်ပိုထျန်း၊ မင်းက အလယ်ပိုင်းတိုက်ကြီးက ဘုရင်ငယ်ငါးပါးထဲမှာ နံပါတ်သုံးလို့ ငါကြားတယ်။ ရှဲ့နျန်ကျွင်းက နံပါတ်နှစ်နဲ့ လုံချန်က နံပါတ်တစ်တဲ့။ သူတို့က မင်းထက် တကယ်ကို အားကောင်းကြတာလား"

ထိုပါ့ရှီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"မင်း ဘာဖြစ်လို့ မကြိုးစားတာလဲ"

ရန်ပိုထျန်းက ပြောလိုက်၏။

"ဟားဟားဟား၊ မင်းငါ့ကို စိတ်ဆွနေစရာ မလိုပါဘူး၊ ဒါပေမဲ့ ငါတကယ်ပဲ စမ်းကြည့်ချင်တယ်"

ထိုပါ့ရှီက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ ထို့နောက်တွင် သူက လုံချန်ကို လှည့်ကြည့်လိုက်၏။

လူတိုင်း တုန်လှုပ်သွားကြသည်။ ထိုပါ့ရှီက လုံချန်ကို တိုက်ခိုက်တော့မည်လော။

လူတိုင်းက ယင်းကို စောင့်မျှော်နေခဲ့ကြသည်။ လုံချန်သည် ကမ္မတိုက်ပွဲကတည်းက မတိုက်ခိုက်ခဲ့ပေ။ ထိုအတွက် လူတိုင်းက သိလိုကြသည်။

လုံချန်က ဘယ်လောက်အထိ တိုးတက်ခဲ့ပြီနည်း။ သူ ဘယ်လောက်ထိ သန်မာလာသနည်း။ သူက အခြား ပါရမီရှင်အားလုံးထက် သာလွန်ပါမည်လော။

လုမင်၏ မျက်လုံးများမှာလည်း မျှော်လင့်ခြင်း အရိပ်အယောင်များ ရှိလာသည်။ လုံချန်က သူ့ကို ပြင်းထန်သော ဖိအားများ ပေးခဲ့၏။ လုံချန် မည်မျှ အားကောင်းမည်ကို သူသိချင်မိသည်။

"ဝုန်း"

ထိုပါ့ရှီက ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်တွင် ဟင်းလင်းပြင်က ပေါက်ကွဲသံမြည်လာသည်။ သူက လုံချန်ဆီကို တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများက ပို၍ အားကောင်းလာခဲ့၏။ ထိုပါ့ရှီ၏ လက်ထဲမှ တင်းပုတ်ကလည်း တုန်ခါလျက်ရှိတော့သည်။

သူ၏ ကြွက်သားများကလည်း အဆုံးမဲ့ စွမ်းအားများ ပြည့်နှက်နေသကဲ့သို့ တဖြည်းဖြည်း ဖောင်းကြွလာခဲ့သည်။

သူနှင့်ယှဉ်လျှင် လုံချန်က ရိုးရှင်းလှပေသည်။ သူ၏ စိတ်နေစိတ်ထားနှင့် အသွင်အပြင်မှာ သာမန် ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ လူအများကြားမှ သာမန်လူငယ်တစ်ဦးနှင့် မခြားပေ။

စင်မြင့်ပေါ်တွင် လူတိုင်းက အဝေးသို့ ဆုတ်ခွာပြီး လုံချန်နှင့် ထိုပါ့ရှီကို ကြည့်လိုက်သည်။

"လုံချန်၊ မင်းက အလယ်ပိုင်းတိုက်ကြီးနဲ့ ရှန်းဟွမ်တိုက်ကြီးမှာ နံပါတ်တစ်လို့ ပြောကြတယ်။ အခု ငါစမ်းကြည့်ချင်တယ်"

ထိုပါ့ရှီက လုံချန်၏အရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်သည်။ သူ့ မျက်လုံးများက တိုက်ခိုက်ချင်စိတ်များဖြင့် ပြည့်နှက်နေပေသည်။

မြောက်ပိုင်းလွင်ပြင်သည် တိုက်ပွဲကို ဆာလောင်သူများနှင့် ပြည့်နေသော နေရာ ဖြစ်သည်။ ထိုပါ့ရှီကတော့ အဆိုးဆုံးပင်။

မဟုတ်ပါက၊ သူသည် အလယ်ပိုင်းဒေသအထိလာပြီး ရန်ပိုထျန်းနှင့် တိုက်ခိုက်မည် မဟုတ်ပေ။

ထို့အပြင် ရန်ပိုထျန်းပို အနိုင်မယူနိုင်ခဲ့သောကြောင့် အကြိမ်ကြိမ် ဆက်လက်တိုက်ခိုက်ခဲ့သည်။ ယင်းမှ သူဟာ တိုက်ပွဲကို ဆာလောင်သူဖြစ်ကြောင်း ထင်ရှားသည်။

သူ့အတွက် မြောက်ပိုင်းလွင်ပြင်တွင် ပြိုင်ဘက်မရှိပေ။ သူ၏ မျိုးဆက်သစ် လူငယ်များကြားတွင် ဘယ်တုန်းကမှ မရှုံးခဲ့ဖူးပါ။ သူ့ကို ဖိအားပေးရန် ပိုအားကောင်းသည့် သူတစ်ယောက်ကို လိုအပ်သည်။ ထို့ကြောင့် လုံချန်ကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်ချေသည်။

"ဆက်လုပ်ပါ"

လုံချန် ပြောလိုက်သည်။ ဤသည်က ပထမဆုံး သူ စကားပြောချင်ပင်။ သူ့လေသံက အေးဆေးတည်ငြိမ်ပြီး မာနကြီးခြင်း၊ နှိမ့်ချခြင်းလည်း မရှိပါ။

သို့ရာတွင်၊ လုမင်က ၎င်းထံမှ "အရှိန်အဝါ"ကို ခံစားနိုင်သည်။ ၎င်းက အနှိုင်းမဲ့သော အရှိန်အဝါတစ်ခုပင်။

ကိုယ့်ကိုကိုယ် အလွန်ယုံကြည်မှုရှိမှ ခံစားရစေနိုင်သည့် အရှိန်အဝါမျိုး ဖြစ်သည်။

"ဒါကိုယူလိုက်စမ်း"

ထိုပါ့ရှီ ဟိန်းဟောက်လိုက်သည်။ ထွားကျိုင်းပြီးသား သူ့ခန္ဓာကိုယ်သည် ပို၍ ကြီးမားလာခဲ့သည်။ ထိုပါ့ရှီ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ တင်းပုတ်အရောင် လက်သွားတော့သည်။

"ဒုန်း"

ထိုပါ့ရှီက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုံချန်ကို ထုချလိုက်သည်။ သူ၏ တင်းပုတ်က အံ့မခန်းအင်အားဖြင့် လုံချန်ဆီသို့ ဝင်ရောက်သွားတော့သည်။

လုံချန်ကို ရင်ဆိုင်ရသောအခါ ထိုပါ့ရှီက မပေါ့ဆဝံ့ပေ။ အစကတည်းက သူ၏ခွန်အားကို အစွမ်းကုန် အသုံးခဲ့သည်။

လူတိုင်းက လေးနက်သွားခဲ့သည်။ ထိုပါ့ရှီ၏ တိုက်ခိုက်မှုက အလွန် အားကောင်း၏။ ဤတိုက်ခိုက်မှုကို မည်သူမျှ လျစ်လျူရှု၍ မရပေ။

သို့ရာတွင်၊ လုံချန်က တည်ငြိမ်နေခဲ့ဆဲ ဖြစ်သည်။ ထိုပါ့ရှီ၏တင်းပုတ်က သူ့ကို ထိခါနီးမှ ကြောက်စရာကောင်းသော အငွေ့အသက်များ ပျံ့နှံ့သွားသည်။ သူ့လက်တစ်ဖက်က လျင်မြန်စွာ ဖောင်းကြွလာကာ ကြွက်သားများ တောင့်တင်းလာခဲ့၏။ ယင်းက ပုံမှန်ထက် နှစ်ဆပို၍ ထူထဲသည်။

"ဝုန်း"

လုံချန်က လက်သီးချက် ထုတ်ဖော်ခဲ့သည်။ ဤလက်သီးက ဟင်းလင်းပြင်ကို တိုက်ရိုက်ထိုး‌ဖောက်ပြီး အမှောင်လမ်းကြောင်းတစ်ခု ပေါ်လာစေခဲ့၏။ တစ်ကမ္ဘာလုံး တုန်ခါသွားခဲ့သည်။ စင်မြင့်ပေါ်တွင် လုမင်နှင့် ကျန်လူများအားလုံး သူတို့ဆီသို့ ပျံ့နှံ့နေသော စွမ်းအားများကို ခံစားလိုက်ရ၏။ ယင်းကို တွန်းလှန်ရန်အတွက် သူတို့၏ စွမ်းအင်များကို လှည့်ပတ်ခဲ့ရသည်။

"ဒုန်း"

လုံချန်၏ လက်သီးက ထိုပါ့ရှီ၏ တင်းပုတ်နှင့် တိုက်မိသွားခဲ့သည်။ ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့၏။

ယင်းက အင်အားခြင်း ရင်ဆိုင်ကြခြင်းပင်။

ထို့နောက်တွင် တရှိန်ထိုး ဆုတ်သွားရသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အမြောက်ကျည်ကဲ့သို့ သူသည် စင်မြင့်ပေါ်တွင် တောက်လျှောက် ဆုတ်ခွာသွားခဲ့ရ၏။

၎င်းမှာ ထိုပါ့ရှီ ဖြစ်သည်။ လုံချန်က လက်သီးတစ်ချက်ဖြင့် သူ့ကို စင်ပေါ်မှ တွန်းထုတ်ပစ်လိုက်၏။ သူ့မျက်နှာက ဖြူဖျော့နေကာ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

သူ၏ မျက်လုံးများက အံ့သြထိတ်လန့်မှုများနှင့် ပြည့်နှက်သွားသည်။

"ဟူး…"

ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။

လုံချန်က ထိုပါ့ရှီကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူခဲ့၏။

ထိုပါ့ရှီ၏ ခွန်အားကို သူနှင့် ရန်ပိုထျန်းကြား တိုက်ပွဲမှ မြင်တွေ့ရနိုင်သည်။ သူ့ခွန်အားက အလွန် ကြောက်စရာကောင်း၏။ သူ၏ ခွန်အားက ကြီးမားလွန်းကာ အားလုံးကို ချိုးနှိမ်နိုင်ကာ တိုက်ခိုက်နိုင်စွမ်းတွင် ရန်ပိုထျန်းထက် အားမနည်းပေ။

သို့သော်လည်း လုံချန်၏ လက်သီးချက်ကြောင့် တိုက်ရိုက်ထွက်ခွာရကာ ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။

ဤမြင်ကွင်းမျိုးက တကယ်ကို ထိတ်လန့်စရာကောင်းလွန်းလှပေသည်။

အလယ်ပိုင်းတိုက်ကြီးမှ လူများကတော့ အလွန်အံ့သြခြင်းမရှိပါ။ သို့ရာတွင် မြောက်ပိုင်း၊ တောင်ပိုင်း၊ အနောက်တိုင်းနှင့် အရှေ့တိုင်းတို့မှ လူများက ဤမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်သွားကြသည်။

အစွမ်းထက်လွန်းလှပေသည်။

All Chapters