အခန်း ၁၁၂၈
Vol. 76 Ch. 1128
အပိုင်း ( 1128 ) နောက်ဆုံးလူငါးယောက်
စင်ပေါ်တွင် ရန်ပိုထျန်းနှင့် ခုန်လင်း၏ မျက်နှာများက လေးနက်တည်ကြည်နေသည်။
မင်ကျစ်၊ ရဟန်းဝူလျန့်နှင့် တိရှန်တို့အားလုံး ထိတ်လန့် တုန်လှုပ်သွား၏။
“ငါ့ဆံပင်၊ ဗုဒ္ဓ… ကရုဏာကြီးပါတယ်၊ ဒါက ယုတ္တိမဲ့လွန်းတယ်"
ရဟန်းဝူလျန့်က ထူးထူးခြားခြား ဗုဒ္ဓအမည်ကို ရွတ်ဆိုလိုက်သည်။
'ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ'
လုမင်၏ မျက်လုံးများလည်း စူးရှသွားလေသည်။
လုမင်ဟာ လုံချန်၏ သွေးမျိုးဆက်က လျှော့တွက်၍မရကြောင်း ဝေဝါးဝါး ခံစားခဲ့မိသည်။ ၎င်းက အလွန်ကြောက်စရာကောင်းသော သွေးမျိုးဆက်တစ်ခု ဖြစ်နေမည်မှာ အသေအချာပင်။
ထိုပါ့ရှီကို အနိုင်ယူပြီးနောက် လုံချန်၏လက်သည် ပုံမှန်ပြန်ဖြစ်လာပြီး ထိုနေရာတွင် ငြိမ်သက်စွာ ရပ်မြဲ ဆက်ရပ်နေခဲ့သည်။
သူသည် အလွန်ရိုးရှင်းသော်လည်း သိုင်းအုပ်ချုပ်သူများပင်လျှင် လျှော့မတွက်ဝံ့ပေ။ ထိုသို့သော ပါရမီရှင်မျိုးသည် အသက် မသေသရွေ့ အနာဂတ်တွင် သိုင်းအုပ်ချုပ်သူ ဧကန်မုချ ဖြစ်လာပေလိမ့်မည်။ သူဟာ ပို၍မြင့်မားသောအဆင့်သို့ ရောက်ရှိကာ ရှမ်းဟွမ်တိုက်ကြီးကိုပင် စိုးမိုးနိုင်သည်။
ရှေးခေတ်ကတည်းက ထိုသို့သော ပါရမီရှင်မျိုးမှာ ရှားပါးခဲ့ပေသည်။
ယခုတော့ စင်မြင့်ပေါ်မှာ လူခုနစ်ယောက်သာ ကျန်တော့သည်။
သူတို့ ခုနစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။
"ရန်ပိုထျန်း၊ တိုက်ခိုက်ကြရအောင်"
ရောင်စုံအလင်းတစ်ခု လင်းလက်လာပြီး ရန်ပိုထျန်း၏ အရှေ့တွင် ခုန်လင်း ပေါ်လာသည်။
အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါတွင် ရန်ပိုထျန်းက တတိယအဆင့်ရှိပြီး ခုန်လင်းကမူ စတုတ္ထအဆင့် ဖြစ်သည်။
ကမ္မတိုက်ပွဲတွင်၊ ခုန်လင်းက ရန်ပိုထျန်းထက် အနည်းငယ် အားနည်း၍ ကပ်ကာ ရှုံးနိမ့်ခဲ့ရသည်။ ယနေ့မှာတော့ သူ့ကို အနိုင်တိုက်ခိုက်ကာ သူ့အရှက်တရားအတွက် လက်စားချေတော့မည်။
"ဒါဆိုရင် ငါမင်းကို ထပ်ပြီး အနိုင်ယူမယ်"
ရန်ပိုထျန်းက အလွန်ယုံကြည်မှုရှိသည်။ သူက ဓားလှံနှင့် ခုန်လင်းကို ညွှန်ပြလိုက်ရာ ဟင်းလင်းပြင်က လှုပ်ရှားသွား၏။
တစ်ဖက်တွင်မူ၊ ခုန်လင်း၏ ခန္ဓာကိုယ်ပေါ်၌ ရောင်စုံအလင်းငါးရောင် တောက်ပလာတော့သည်။
သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ဓာတ်ကြီးငါးပါး ဖြစ်သည်။
ဓာတ်ကြီးငါးပါး ဥဒေါင်းက ဓာတ်ကြီးငါးပါးကို ထိန်းချုပ်နိုင်သော စွမ်းရည်ဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။ ၎င်းက အလွန် အစွမ်းထက်ခဲ့ပေသည်။
ဟုတ်သည်၊ ဤထိန်းချုပ်မှုက တာအိုငါးခုကို တစ်ပြိုင်နက်တည်း နားလည်နိုင်သည့် ကျင့်ကြံသူတစ်ယောက်နှင့် မတူပေ။ အကြောင်းမှာ ဥဒေါင်း၏ ဓာတ်ကြီးငါးပါးက တာအိုငါးမျိုးကို ပေါင်းစပ်ခဲ့သော လုမင်နှင့် မတူဘဲ ကွဲကွာသွားခြင်းကြောင့် ဖြစ်သည်။
ဓာတ်ကြီးငါးပါး ဥဒေါင်းက ဓာတ်ကြီးငါးပါးကို ထိန်းချုပ်နိုင်ရုံသာ ဖြစ်ချေသည်။ ခုန်လင်းက ဓာတ်ကြီးငါးပါး ဥဒေါင်း သွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်း ရှိသောကြောင့် ဓာတ်ကြီးငါးပါးကို ထိန်းချုပ်နိုင်စွမ်းအား သဘာဝအတိုင်း အမွေဆက်ခံခဲ့သည်။
"ဝှစ် ဝှစ်"
နှစ်ယောက်စလုံးက တစ်ချိန်တည်း လှုပ်ရှားကာ တိုက်ခိုက်လိုက်ကြသည်။
"ဝုန်း ဝုန်း"
ထိုအချိန်တွင် လုမင်က လှုပ်ရှားလာပြီး သူတို့ထဲမှ တစ်ယောက်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုသူက တိရှန်။
လုမင်က တိရှန်ဆီသို့ လျှောက်သွားခဲ့၏။
တိရှန်က လုမင်ကို လေးနက်သောအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
"ဆင်းသင့်ပြီ"
လုမင်က တိရှန်ကိုကြည့်ကာ လျစ်လျူရှုစွာဖြင့် ပြောသည်။
"ငါတို့ အရင်က တွေ့ဖူးလား"
တိရှန်က လုမင်ကို စိုက်ကြည့်လိုက်၏။ တိရှန်က သူဟာ လုမင်နှင့် အလွန်ဆင်တူသည်ဟု ခံစားနေရသည်။
"တကယ်လား။ ဒီကမ္ဘာမှာ ငါလို ပြိုင်ဘက်ကင်းတဲ့သူတစ်ယောက် ရှိနေသေးတယ်လို့တော့ မပြောနဲ့"
လုမင်က အေးစက်စက်ဖြင့် ပြုံးလိုက်၏။ သူ၏ သွေးနီရောင် ဆံပင်များက တိရှန်အား သတ်ဖြတ်လိုဟန်ဖြင့် လေထဲတွင် ကခုန်လှုပ်ရှားလာတော့သည်။
"မင်းရဲ့တိုက်ခိုက်နိုင်စွမ်းက အားကောင်းပေမယ့် ငါ ရှောင်ချင်ရင် မင်းငါ့ကို ဘာမှလုပ်လို့မရဘူး"
တိရှန်က ပြောသည်။ သူဟာ သူ၏ ဟင်းလင်းပြင်တာအိုကို ယုံကြည်မှုရှိသည်။
"တကယ်လား"
လုမင် လှောင်ပြောင်လိုက်သည်။ သူ၏ သွေးရောင်လှံက သွေးရောင်လျှပ်စီးကဲ့သို့ တိရှန်ထံ ထိုးဝင်သွားခဲ့သည်။
တိရှန် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ရေပြင်ကဲ့သို့ လှိုင်းထသွား၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားကာ မီတာတစ်ရာအကွာတွင် ပြန်ပေါ်လာတော့သည်။
"ဟင်းလင်းပြင်တာအိုက တကယ့်ကို အံ့မခန်းပါပဲ၊ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ တစ်ချက်တောင် မခံနိုင်ဘူး"
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်နှစ်ဖက်ဖြင့် တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။ အလင်းတံခါးတစ်ခု ထွက်ပေါ်လာပြီး တိရှန်ကို ဖိနှိပ်ရန် အလင်းများကို ထုတ်ဖော်လိုက်၏။
တိရှန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူဟာ ရုတ်ချည်းဆိုသလို မလှုပ်ရှားနိုင်တော့သကဲ့သို့ ခံစားလိုက်ရ၏။
သူတင်မကဘဲ ဟင်းလင်းပြင်ကိုပါ ပိတ်လှောင်သွားတော့သည်။
"ဒါ... နတ်တံခါးရဲ့ တံဆိပ်ကိုးခုပဲ"
ဧကရာဇ်တစ်ပါးက အံ့အားသင့်စွာဖြင့် ရုတ်တရက် ထအော်လိုက်သည်။
"အဲဒါက နတ်တံခါးရဲ့ တံဆိပ်ကိုးခုပဲ။ ကောင်းကင်ချုပ်လှောင် ဧကရာဇ်ရဲ့ သိုင်းပညာ၊ ဒါကို လုရှောက်ချင်းက ကျွမ်းကျင်မယ်လို့ မမျှော်လင့်ထားဘူး"
နောက်ထပ် ဧကရာဇ်တစ်ပါးကလည်း ဝင်ပြောလိုက်၏။
လွန်ခဲ့သည့်နှစ်ပေါင်း တစ်သိန်းကျော်က ဤသိုင်းပညာမှာ ကမ္ဘာပေါ်တွင် ကျော်ကြားခဲ့သည်။ ၎င်းက သိုင်းအုပ်ချုပ်သူ၏ အကြွင်းမဲ့ သိုင်းပညာ ဖြစ်ခဲ့၏။ သို့သော်လည်း ကောင်းကင်ချုပ်လှောင်ဧကရာဇ် ကွယ်လွန်သွားပြီးနောက် ဤသိုင်းပညာသည်လည်း ကမ္ဘာမှ ပျောက်ကွယ်သွားခဲ့သည်။ မထင်မှတ်ပဲ ယနေ့မှာတော့ ပြန်ပေါ်လာခဲ့ပြီ။
အခြား ကြည့်ရှုသူများလည်း တိတ်တဆိတ် တုန်လှုပ်သွားကြသည်။ ဤသည်က သိုင်းအုပ်ချုပ်သူ၏ အကြွင်းမဲ့ သိုင်းပညာ တစ်ခုပင်။
"ဟင်းလင်းပြင် ခရီးသွား"
တိရှန်က ဟိန်းဟောက်ပြီး အင်အားအပြည့် ထုတ်ဖော်လိုက်သည်။ လုမင်၏ ချုပ်လှောင်ခြင်းမှ လွတ်မြောက်ရန် ရုန်းကန်သောအခါ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါလာတော့သည်။
"ဒါဆို နောက်တစ်ခု ထပ်ထည့်မယ်"
လုမင်က လက်ဟန်သင်္ကေတ ပြုလုပ်လိုက်သောအခါ နောက်ထပ် နတ်တံခါးတစ်ခု ထွက်ပေါ်လာပြီး တိရှန်ကို ဖိနှိပ်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ တိရှန်ကို လုံးလုံးလျားလျား ထိန်းချုပ်ထားပြီး မလှုပ်ရှားနိုင်တော့ပေ။
ဤကာလအတွင်း၌ လုမင်သည် နတ်တံခါး၏ တံဆိပ်ကိုးခုကို လေ့ကျင့်ခြင်းအား မရပ်တန့်ခဲ့ပေ။ လအတော်ကြာအောင် ကြိုးစားလုပ်ဆောင်ပြီးနောက်၊ လုမင်သည် နတ်တံခါး၏ တံဆိပ်ကိုးခုတွင် နတ်တံခါးနှစ်ခုအထိ ထိန်းချုပ်လာနိုင်ခဲ့သည်။
"ဝှစ်"
သွေးနီရောင်လှံက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး တိရှန်၏ရင်ဘတ်ကို ထိမှန်သွား၏။
"ဝုန်း"
လှံက တစ်ချက်တုန်ခါသွားပြီးနောက် တိရှန်၏ခန္ဓာမှာ အဝေးသို့ လွင့်စဉ်သွားတော့သည်။ သူဟာ စင်မြင့်ပေါ်မှ ပြုတ်ကျသွားပြီး သွေးများ အန်ထွက်လာခဲ့သည်။
"မင်း အားနည်းလွန်းတာပဲ။ သူတော်စင်ဧကရာဇ်ကြောင့် မင်းကို ဒီနေ့ မသတ်သေးဘူး။ ဒါပေမယ့် နောင်မှာ ငါ မင်းကိုတွေ့ရင် သေချာပေါက် သတ်မယ်"
လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
ယနေ့တွင်၊ ပြိုင်ဘက်ကို မသတ်နိုင်သောကြောင့်သာ မဟုတ်ပါက တိရှန်အား ဒဏ်ရာအပြင်းအထန် ရစေမည့်အစား သတ်ဖြတ်မည် ဖြစ်သည်။
သို့သော်လည်း တိရှန်သည် လုမင်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။ သူ့ကိုသတ်ချင်ပါက အနာဂတ်မှာ အခွင့်အရေး အများကြီး ရနိုင်သည်။
လေထဲတွင် တိရှန်က သွေးအန်ရင်း သူ့မျက်နှာမှာလည်း ဖြူဖျော့သွားသည်။ သူက လုမင်ကို စိုက်ကြည့်ရင်း မေး၏။
"ငါတို့ အရင်တုန်းက တွေ့ဖူးပုံရတယ်။ မင်း ဘယ်သူလဲ"
လုမင်က သူ့ကို မကြည့်တော့ပေ။ သူက ရန်ပိုထျန်းနှင့် ခုန်လင်း၏ တိုက်ပွဲကိုသာ ကြည့်လိုက်သည်။
ရန်ပိုထျန်း၏ ဟင်းလင်းပြင်တာအိုက တိရှန်ထက် များစွာ အားကောင်းသလို အခြား တာအိုများကိုလည်း ကျွမ်းကျင်မှုရှိသည်။
အဆုံးတွင် ခရမ်းရောင်ရွှေရောင် ဓားလှံက သူ၏ ဦးခေါင်းထက်တွင် လွင့်ပျံလာသည်။ ၎င်းဓားလှံက ရွှေရောင်ချက္ကရ ကိုးခုရှိပြီး အလွန်တောက်ပနေပေသည်။
နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက် ဖြစ်သည်။
ဘုရင်ငယ်အဆင့် ပါရမီရှင်က နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထစေနိုင်ခဲ့သည်။
"ဒါက ဒဏ္ဍာရီလာ ဟင်းလင်းပြင် ဓားလှံလား"
တစ်ယောက်ယောက်က အော်လိုက်သည်။
ရန်ပိုထျန်း၏ သွေးမျိုးဆက်က ဒဏ္ဍာရီလာ အဓိပဓိ နတ်လက်နက်ဖြစ်သည့် ဟင်းလင်းပြင် ဓားလှံ ဖြစ်သည်။ ၎င်းက ဟင်းလင်းပြင်ကို ဖြိုခွဲကာ ဖြတ်တောက်နိုင်ပေသည်။
ရန်ပိုထျန်းက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ ဟင်းလင်းပြင်ဓားလှံအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအခါ သူ၏ တိုက်ခိုက်နိုင်စွမ်းက ပို၍ ကြောက်စရာကောင်းလာတော့သည်။
ခုန်လင်းသည်လည်း ငါးရောင်ဥဒေါင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူသည် ရန်ပိုထျန်းကို မယှဉ်နိုင်သေးပါ။ တိုက်ပွက် ဒါဇင်နှင့်ချီကာ ရင်ဆိုင်ပြီးနောက် ခုန်လင်း ဖိနှိပ်ခံရပြီး နောက်ဆုတ်လာခဲ့ရသည်။
အဆုံးတွင် ခုန်လင်းက သံရှည်ဆွဲကာ ဟိန်းဟောက်၍ စင်မြင့်ပေါ်မှ ထွက်ခွာသွားတော့သည်။
ခုန်လင်း ရှုံးသွားသည်။ ယုအခါ စင်မြင့်ပေါ်၌ လူ ငါးယောက်သာ ကျန်တော့သည်။
လုံချန်၊ မင်ကျစ်၊ ရဟန်းဝူလျန့်၊ ရန်ပိုထျန်းနှင့် လုမင်။
၎င်းတို့ တစ်ဦးစီက ပြိုင်ဘက်ကင်းသော တိုက်ခိုက်နိုင်စွမ်းဖြင့် အလွန်အစွမ်းထက်သော တည်ရှိမှုများ ဖြစ်သည်။
တိုက်ပွဲက အရေးကြီးဆုံးအချိန်သို့ ရောက်လာသည်။ နောက်ထပ် လူနှစ်ယောက် ရှုံးနိမ့်သရွေ့ ထိပ်ဆုံး သုံးယောက်ကို အဆုံးအဖြတ် ပေးလိမ့်မည်။
"မင်းတို့ ပြောကြည့်စမ်း၊ သူတို့ငါးယောက်ထဲမှာ ဘယ်သူက ပိုအားကောင်းပြီး အားနည်းမယ်လို့ ထင်လဲ"
လူအုပ်ကြီးက စတင်ဆွေးနွေးလိုက်သည်။
"လုံချန်က အသန်မာဆုံးဆိုတာတော့ သေချာပါတယ်။ သူက ရန်ပိုထျန်းထက် အားမနည်းတဲ့ ထိုပါ့ရှီကိုတောင် လက်သီးတစ်ချက်နဲ့ အနိုင်ယူခဲ့တာ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက နားမလည်နိုင်လောက်အောင်ပါပဲ။ ကျန်တဲ့ လေးယောက်ကတော့ ပြောဖို့ခက်တယ်"
"မင်ကျစ်၊ ရဟန်းဝူလျန့်နဲ့ လုရှောက်ချင်းက အတူတူပဲလို့ ငါထင်တယ်။ ရန်ပိုထျန်းက နည်းနည်း အားနည်းလိမ့်မယ်"
"အတိအကျတော့ ပြောလို့မရဘူး။ ရန်ပိုထျန်းကလည်း အရမ်းသန်မာတာပဲလေ။ သူက တခြားသုံးယောက်ထက် အားနည်းနေမှာ မဟုတ်ဘူး"
"ငါလည်း သူက အားနည်းမယ်လို့ မထင်ဘူး။ နောက်တိုက်ပွဲက အထွတ်အထိပ်ပဲ"
လူတိုင်းက သူတို့၏ အမြင်များကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
"ငါ့ဆံပင်၊ ဒကာတော်... မင်း ငါနဲ့ ဘာဖြစ်လို့ လှည့်ကွက်နည်းနည်းလောက် မဖလှယ်ရမှာလဲ"
ရဟန်းဝူလျန့်က ရန်ပိုထျန်းဆီသို့ လျှောက်သွားကာ ဗုဒ္ဓ၏အမည်ကို ရွတ်ဆိုလိုက်သည်။
"ဒါက ငါလိုချင်တာချင်တာပဲ။ ရဟန်း... မင်းက မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေမှာ မြင့်မြတ်အိမ်တော် တံဆိပ်ပြားအတုတွေကို ထုတ်ပစ်ခဲ့တယ်။ အဲဒီအကြွေးကို ဖြေရှင်းဖို့အချိန်တန်ပြီ"
ရန်ပိုထျန်းက ရဟန်းဝူလျန့်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။