← Chapters

အခန်း ၁၁၂၉

Vol. 76 Ch. 1129

အခန်း ၁၁၂၉

Vol. 76 Ch. 1129

အပိုင်း ( 1129 ) မင်ကျစ်နှင့် တိုက်ခိုက်ခြင်း။

"ဒကာတော် အထင်လွဲနေပြီ၊ ဒကာတော်လုလည်း အဲဒီတုန်းက နားလည်မှုလွဲခဲ့သေးတယ်။ တစ်စုံတစ်ယောက်က ဒီရဟန်းကို တမင် ချောက်ချခဲ့တာပဲ ဖြစ်ရမယ်။ ဒီရဟန်းလေးက သနားကြင်နာတတ်တဲ့ ရဟန်းတစ်ပါးပဲလေ။ ဒီလိုအလုပ်မျိုး ဘယ်လို လုပ်နိုင်မှာလဲ။ ဒီရဟန်းလေးကို ဘယ်သူက ဆဲရေးတာလဲ။ ငါ့ကိုပြော၊ ငါသူ့ကိုရိုက်သတ်ပစ်မယ်"

ရဟန်းဝူလျန်က လက်ဝါးတစ်ဖက်ကို ရင်ဘက်ရှေ့တွင်ထောင်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ သူ၏ စကား ပထမပိုင်းသည် ပုံမှန်ဖြစ်သော်လည်း နောက်ဆုံးအပိုင်းက လူတိုင်းကို ထူးခြားစေခဲ့၏။

စင်မြင့်အပြင်ဘက်မှ ဝူယွဲ့သီလရှင်လည်း လက်အုပ်ချီထားကာ မျက်နှာပေါ်မှ သွေးကြောစိမ်းများပင် ဖောင်းလာတော့သည်။

ရန့်ပိုထျန်းက နှုတ်ခမ်းကိုတွန့်ကွေးကာ ပြောလိုက်သည်။

"ပြောစရာ မလိုတော့ပါဘူး၊ ကိုယ်တော်ရဲ့ နည်းလမ်းတွေကို စမ်းကြည့်ရအောင်"

ရန်ပိုထျန်းက အချိန်မဖြုန်းဘဲ ဓားလှံအသွင်ပြောင်းကာ ရဟန်းဝူလျန့်နှင့် တိုက်ပွဲကြီးတစ်ခုအား စတင်ခဲ့သည်။

သံသယမရှိဘဲ၊ ရဟန်းဝူလျန့်၏ သွေးမျိုးဆက်ကလည်း နတ်ဘုရားအဆင့်ကိုး ဖြစ်ချေသည်။ ၎င်းက အဆုံးမဲ့ ဗုဒ္ဓအလင်းရောင်ကို ပေးစွမ်းနိုင်ကာ ကရုဏာကြီးသော မျက်နှာရှိသည့် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော် ဖြစ်သည်။

လူတိုင်း ဘာပြောရမည်မှန်း မသိတော့ပေ။ ရဟန်းဝူလျန့်ကဲ့သို့ ထူးခြားသည့်ရဟန်းက ဤကဲ့သို့သော မြင့်မြတ်သည့် ဗုဒ္ဓသွေးမျိုးဆက်ကို မည်သို့ နိုးထစေနိုင်ပါသနည်း။

သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲစင်မြင့်၏ တစ်ဝက်ခန့်ကို နေရာယူသွားသည်။

"လုရှောက်ချင်း၊ တိုက်ခိုက်ရအောင်"

အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်လာကာ မင်ကျစ်က လုမင်၏အရှေ့တွင် ပေါ်လာသည်။

"တိုက်ခိုက်"

အပိုစကားများ ပြောနေစရာ မလိုတော့ပေ။ လုမင်ထံမှ တိုက်ခိုက်ချင်စိတ်များ ဖြာတက်လာပြီး စကားတစ်ခွန်းသာ ပြောခဲ့သည်။

မင်ကျစ်ကို အနိုင်ရသရွေ့ ရဟန်းဝူလျန့်နှင့် ရန်ပိုထျန်းတွင် မည်သူ အနိုင်ရသည်ဖြစ်စေ၊ လုမင်က ထိပ်တန်း သုံးယောက်သို့ ဝင်ရောက်နိုင်လိမ့်မည်။

သူ၏ ပန်းတိုင်က နံပါတ်တစ် မဟုတ်ဘဲ ထိပ်တန်းသုံးဦးထဲကို ဝင်ရန်သာ ဖြစ်သည်။

အကန့်အသတ်မရှိသော အနက်ရောင် ငရဲစွမ်းအင်များက မင်ကျစ်ထံမှ ပေါက်ကွဲထွက်လာသည်။ တုန်လှုပ်စရာကောင်းအောင် အတွင်းမှ သရဲတစ္ဆေ အော်ညည်းသံများ ထွက်ပေါ်လာခဲ့၏။

မင်ကျစ်၏ လက်ထဲတွင် ဓားမော့တစ်ချောင်း ပေါ်လာသည်။ ၎င်းက မည်းနက်နေကာ မိစ္ဆာဝိညာဉ်များ တွက်သွားကာ ထွက်လာတော့မည်ကဲ့သို့ပင်။

"ဝူး"

မင်ကျစ်က ဓားမော့နှင့် လုမင်ကို ခုတ်ပိုင်းလိုက်ရာ လေထဲတွင် သရဲတစ္ဆေအော်ညည်းသံများ ထွက်ပေါ်လာခဲ့သည်။

"သတ်"

လုမင်ထံမှ သတ်ဖြတ်ချင်စိတ်များ တဟုန်ထိုးတက်လာကာ ဟိန်းဟောက်လိုက်၏။ သွေးနီရောင်လှံက သွေးတစ်စက်အဖြစ်သို့ ပြန်ပြောင်းသွားကာ လုမင်၏ ဦးခေါင်းထက်တွင် ပျံဝဲနေတော့သည်။ လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးချကာ မင်ကျစ်၏ ‌ဓားမော့အလင်းအား လက်ဝါးရိုက်ထုတ်ပြီး ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

သူတို့နှစ်ဦးက ခဏချင်းတွင် တိုက်ကွက်တစ်ဒါဇင်ကျော် ရင်ဆိုင်ခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

'ဟင်၊ ဘယ်လောက်တောင် ထူးဆန်းတဲ့ တိုက်ခိုက်မှုလဲ'

လုမင်ဟာ သူ့တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမျှတင်မကဘဲ သူ၏ ဝိညာဉ်နတ်ဘုရားကိုပါ အအေးဓာတ်အား ခံစားရစေသည်။

မင်ကျစ်၏ တိုက်ခိုက်မှုများက သူ၏ရုပ်ခန္ဓာကိုသာမကဘဲ ဝိညာဉ်နတ်ဘုရားကိုပါ ထိခိုက်ပျက်စီးစေသည်။

တာအိုငါးမျိုးက လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ချပ်ဝတ်တစ်ခုအဖြစ်သို့ ဖွဲ့စည်းသွား၏။ အဆုံးအဲ့ ယွမ်ချီစွမ်းအင်များက စီးဆင်းသွားကာ မင်ကျစ်၏ ထူးဆန်းသော တိုက်ခိုက်မှုအား ပိတ်ဆို့လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် လက်ဝါးရိုက်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။

လက်ဖဝါးရိုက်ချက်တိုင်းက ကြောက်စရာကောင်းသော စွမ်းအားများ ရှိ၏။

နဂါးခုနစ်ကောင်စွမ်းအားကလည်း ထောက်ပံ့ထားသေးရာ လက်ဝါးများက ပို၍ ကြောက်စရာကောင်းတော့သည်။

သို့သော်၊ မင်ကျစ်ကလည်း အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။ ဘုရင်ငယ်များကြားတွင်ပင် သူက အထွတ်အထိပ်တွင် တည်ရှိခဲ့၏။ သူကလည်း နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထခဲ့ပေသည်။ ၎င်း၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

သွေးမျိုးဆက် လျှို့ဝှက်ကျင့်စဉ်နှင့် သွေးမျိုးဆက်မှ နားလည်နိုင်သော သိုင်းပညာတိုင်းက အလွန်အစွမ်းထက်ပေသည်။

နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်မှ ပေးစွမ်းနိုင်သော စွမ်းအားက နဂါးခုနစ်ကောင်စွမ်းအားထက် ပို၍ အားကောင်းသည်။

ထို့အပြင်၊ မင်ကျစ်၏ တာအိုက အလွန်ကြောက်စရာကောင်းပြီး အနည်းငယ် များပြားခဲ့ပေသည်။ ၎င်းသည် လုမင်လောက် မများသော်လည်း လုမင်ထက် နားလည်မှုမြင့်မား၍ စွမ်းအားချင်း သိပ်ပြီးမခြားနားပေ။

ဘုရင်ငယ်အဆင့်သို့ ရောက်ရှိလာသော ပါရမီရှင်တိုင်းက ကဏ္ဍပေါင်းစုံ၌ အလွန်အားကောင်းပြီး ပြည့်စုံသည်ဟု ဆိုနိုင်သည်။

လုမင်၏ အမြင့်မားဆုံး သွေးမျိုးဆက်တောင်မှ နတ်ဘုရားအဆင့်ခုနစ်တွင် ရှိသေးသည်။

တစ်ဖက်တွင်၊ တတိယသွေးမျိုးဆက်ကတော့ အဆုံးစမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း လုမင်သည် ၎င်း၏စွမ်းအားကို အလွန်အကျွံ မဆွဲယူဝံ့ပေ။ သူ များများအသုံးပြုလေ၊ သတ်ဖြတ်ချင်စိတ်များက ပို၍ အားကောင်းလေလေ ဖြစ်သည်။ သတ်ဖြတ်ချင်စိတ်များကို မထိန်းချုပ်နိုင်၍ သူသတ်ငွေ့များက ကြီးစိုးလာသောအခါ၊ သူက လမ်းလျှောက်နေသော အလောင်းကောင်၊ သတ်ဖြတ်ရန်ကိုသာ သိသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာပေလိမ့်မည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံ မြင့်မားလာလျှင်တော့ ဆွဲယူနိုင်သော စွမ်းအားကလည်း ပို၍ အားကောင်းလာခဲ့မည် ဖြစ်သည်။ ယခု၊ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်တွင် ရှိစဉ်ကနှင့် နှိုင်းယှဉ်ပါက သူငှားယူနိုင်သည့် စွမ်းအားက များစွာတိုးပွားလာခဲ့ပြီ။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့နှစ်ယောက်က ဒါဇင်နှင့်ချီပြီး ရင်ဆိုင်ခဲ့ကြသည်။

"နတ်တံခါးရဲ့ တံဆိပ်ကိုးခု"

လုမင်က လက်ဟန်သင်္ကေတ ပြုလုပ်လိုက်သောအခါ နတ်တံခါးနှစ်ခုက မင်ကျစ်ကိုဖိနှိပ်ရန် ပေါ်လာသည်။

"ငရဲတံခါး"

မင်ကျစ်၏ ခန္ဓာကိုယ်ရှေ့တွင် အနက်ရောင်တံခါးကြီးတစ်ခု ပေါ်လာခဲ့၏။ တံခါးက တောက်ပပြီး လျင်မြန်စွာ ကျယ်ပြန့်လာကာ ချိတ်ပိတ်တံခါးကို မထင်မှတ်ပဲ ပိတ်ဆို့သွားတော့သည်။

"မရဏတမန် ပေါ်လာစေ"

ချက်ချင်းပင်၊ မင်ကျစ်၏ ဦးခေါင်းထက်တွင် အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။ ဤပုံရိပ်ကို အနက်ရောင် ဝတ်ရုံဖြင့် ဖုံးလွှမ်းထား၍ သူ့ရုပ်သွင်အား ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အနီရောင် မီးလုံးနှစ်လုံးကဲ့သို့ အလင်းနှစ်ခုသာ မျက်လုံးထဲတွင် တောက်လောင်နေခဲ့သည်။

ဤပုံရိပ်က သူ့လက်ထဲတွင် အနက်ရောင် တံစဉ်တစ်ချောင်းကို ကိုင်ထားပြီး အနက်ရောင် မီးတောက်များလည်း ကခုန်နေလေသည်။

သေမင်း နတ်ဘုရား၊ ဒဏ္ဍာရီလာ သေမင်းနတ်ဘုရား ဖြစ်သည်။

ဤအရာမှာ မင်ကျစ်၏ သွေးမျိုးဆက်ဖြစ်ပြီး နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်လည်း ဖြစ်ချေသည်။

"ကောင်းကင်ဆယ့်နှစ်တိုက်ပွဲဝင်္ကပါ"

မင်ကျစ်က သေမင်းနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အေးစက်စက်နှင့် မနှစ်မြို့ဖွယ် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သေမင်းနတ်ဘုရားက ပုံရိပ်ဆယ့်နှစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲသွားကာ လုမင်အား တိုက်ခိုက်လေတော့သည်။

လုမင်က အလုံပိတ်တံခါးကို ထပ်မံအသုံးပြုသော်လည်း ၎င်းတို့ထဲမှ နှစ်ယောက်ကိုသာ ပိတ်လှောင်နိုင်ခဲ့သည်။ အခြား သေမင်းများက လုမင်ကို ဆက်လက် တိုက်ခိုက်နေဆဲပင်။

"ဝုန်း ဝုန်း ဝုန်း"

လုမင်လည်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

သေမင်းတံစဉ် ဆယ်ခုက လုမင်အပေါ် ကျရောက်လာသော်လည်း ပြန်လည် တွန်းလှန်နိုင်ခဲ့၏။ သို့သော်လည်း လုမင်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။

'ထူးဆန်းလိုက်တဲ့ တိုက်ခိုက်မှု၊ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ'

လုမင်၏ မျက်လုံးများက လေးနက်လာသည်။

သေမင်းနတ်ဘုရား၏ တိုက်ခိုက်မှုများက အလွန်ပြင်းထန်ခြင်းတော့ မရှိပေ။ သို့ရာတွင်၊ ၎င်းတို့က ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ကာ ဝိညာဉ်နတ်ဘုရားအား ထိခိုက်စေနိုင်သော ထူးဆန်းသည့် စွမ်းအားတစ်မျိုး ပါဝင်သည်။

တစ်နည်းဆိုရသော်၊ ၎င်းတို့က ဝိညာဉ်နတ်ဘုရားမှ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နေခြင်းပင်။

မင်ကျစ်၏ တိုက်ခိုက်မှုများက စိတ်ဝိညာဉ်ကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်နိုင်ကာ သဲလွန်စမကျန်ဘဲ သေဆုံးစေနိုင်သည်။

လုမင်သည် ယခင်က ဝိညာဉ်သန့်စင်ခြင်း သစ်သီးနှင့် ဝိညာဉ်သန့်စင်ခြင်း ဆေးဝါးအများအပြားကို စားသုံးခဲ့ဖူးသည်။ ထိုအတွက် သူ၏ ဝိညာဉ်နတ်ဘုရားက အလွန်အမင်း သိပ်သည်းကာ အခြားသူများထက် အများကြီး အားကောင်းခဲ့ပေသည်။

သို့သော်လည်း လုမင်၏ ဝိညာဉ်နတ်ဘုရားက တုန်လှုပ်နေဆဲဖြစ်ကာ သူ၏ဝိညာဉ် ကွဲအက်လာသကဲ့သို့ ခံစားခဲ့ရသည်။

"သတ်"

မင်ကျစ်က ဟိန်းဟောက်ပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင်၊ အလုံပိတ်တံခါးနှစ်ခုက အကျိုးသက်ရောက်မှု ကုန်ဆုံးသွား၏။ သေမင်းနတ်ဘုရား ဆယ့်နှစ်ပါးက လုမင်ကို တိုက်ခိုက်လာတော့သည်။

သူတို့ တစ်ဦးစီက အစစ်အမှန်များ ဖြစ်ပုံရသည်။

လုမင်က တာအိုငါးခုကို ထိန်းချုပ်ကာ ဝိညာဉ်နတ်ဘုရားအပေါ်တွင် ရောင်စုံချပ်ဝတ်ငါးခု ဖွဲ့စည်းခဲ့သည်။ ထို့နောက်တွင် သေမင်းနတ်ဘုရားကို ဆက်လက် တိုက်ခိုက်ခဲ့၏။

သူ၏ ဝိညာဉ်နတ်ဘုရားက အကာအကွယ် ရရှိသောအခါ အခြေအနေ အနည်းငယ်ပို၍ကောင်းလာသည်။ သို့သော်လည်း၊ သူ၏ ဝိညာဉ်နတ်ဘုရားက အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် တုန်လှုပ်နေဆဲပင်။ ဤအတိုင်း ဆက်သွားပါက၊ သူ၏ ဝိညာဉ်နတ်ဘုရားတွင် မထင်မှတ်ထားသော ဒဏ်ရာများကို ခံစားရမည် ဖြစ်သည်။

ဝိညာဉ်နတ်ဘုရားသည် ကျင့်ကြံသူတစ်ဦးအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ ယွမ်ချီစွမ်းအင်၊ သွေးအနှစ်သာရနှင့် စိတ်ဝိညာဉ်တို့ နေထိုင်ရာ နေရာဆိုလျှင်လည်း မမှားပေ။ ဝိညာဉ်နတ်ဘုရားသာ အလွန်ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါက လူတစ်ဦး၏ အနာဂတ် ကျင့်ကြံခြင်းကို များစွာ ထိခိုက်စေမည် ဖြစ်သည်။

"လုရှောက်ချင်း ရှုံးတော့မဲ့ပုံပဲ။ သူက မင်ကျစ်အတွက် ပြိုင်ဘက် မဟုတ်ဘူး"

"ကောလဟာလတွေအရ မင်ကျစ်ရဲ့ သွေးမျိုးဆက်က လူတစ်ဦးရဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်ပြီး သဲလွန်စမချန်ဘဲ သတ်နိုင်တယ်။ အဲဒါက အရမ်းထူးဆန်းပြီး အစွမ်းထက်တယ်လေ၊ ခုခံလို့တောင် မရဘူး"

"အဲဒါကို ပြောရရင် လုရှောက်ချင်းရဲ့ သွေးမျိုးဆက်ကလည်း အရမ်းထူးဆန်းတယ်။ သူ့မှာ ချက္ကရတောင် မရှိဘူး"

"ငါလည်း ဒါကို သတိထားမိတယ်။ ထူးတော့ ထူးဆန်းသားပဲ၊ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့ အရာတွေက မရေတွက်နိုင်အောင်ပါပဲ။ သူက ချက္ကရ ဖုံးကွယ်နိုင်တဲ့ လျှို့ဝှက်ကျင့်စဉ် တစ်မျိုးမျိုးကို လေ့ကျင့်ထားတာ ဖြစ်နိုင်တယ်"

တိုက်ပွဲကိုကြည့်ရင်း လူအများက ဆွေးနွေးခဲ့ကြသည်။

ထိုအချိန်တွင်၊ မင်ကျစ်နှင့် လုမင်တို့၏ တိုက်ပွဲက သရေကျနေပုံရသည်။ သို့သော်လည်း မင်ကျစ်ကို နားလည်သူများကတော့ ဤကဲ့သို့ ဆက်သွားပါက လုမင် ရှုံးနိမ့်ရမည်မှန်း သိသွားခဲ့ကြပြီ။

တစ်ဖက်တွင်၊ ရဟန်းဝူလျန့်က ရန်ပိုထျန်းနှင့် တိုက်ပွဲတွင် အသာစီးရနေပြီ ဖြစ်သည်။

"ဒီတိုက်ပွဲကို ငါအနိုင်ရရမယ်။ ဘာတွေပဲ ပေးဆပ်ရ‌ ‌ပေးဆပ်ရ"

လုမင်၏ မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်သွားသည်။

ဤတိုက်ပွဲကို သူ အရှုံးမပေးနိုင်ပေ။ ဤအခွင့်အရေးကို အသုံးချပြီး ရှဲ့နျန်ချင်းကို ပြန်ခေါ်ချင်လျှင် တိုက်ပွဲကို သူ အနိုင်ယူရမည် ဖြစ်သည်။

သူ၏ အထောက်အထား အစစ်အမှန်ကို ဖော်ထုတ်နိုင်လျှင်ပင် နောက်မဆုတ်နိုင်တော့ပေ။

All Chapters