← Chapters

အခန်း ၁၁၃၃

Vol. 76 Ch. 1133

အခန်း ၁၁၃၃

Vol. 76 Ch. 1133

အပိုင်း ( 1133 ) ငရဲကိုးခု နတ်ဆိုးနယ်မြေကို ဝင်ရောက်ခြင်း။

"သူတော်စင်ဧကရာဇ်၊ ခင်ဗျား တကယ်ပြောတာလား"

လုမင်က ရှဲ့ချီထျန်းကို စိုက်ကြည့်လိုက်သည်။

"ငါက စကားတည်ပါတယ်၊ ငရဲကိုးခုနတ်ဆိုးနယ်မြေကိုဝင်ပြီး မိစ္ဆာနတ်ဆိုးတွေကို သတ်နေသရွေ့ အမှတ်ရလိမ့်မယ်။ မင်းမှာ အမှတ်တစ်သောင်း ပြည့်နိုင်‌သရွေ့ မင်းနဲ့ နျန်ချင်းတို့နှစ်ယောက်ကို ဘယ်တော့မှ မနှောင့်ယှက်ဘူးလို့ ငါကတိပေးတယ်"

ရှဲ့ချီထျန်းက ပြော၏။

"ကောင်းပြီ၊ ကျွန်တော် ကတိပေးတယ်"

လုမင် ပြောလိုက်သည်။

ဧကရာဇ်များနှင့် လူအများရှေ့တွင် ရှဲ့ချီထျန်းက သူ့စကားကို ရုတ်သိမ်းမည်မဟုတ်ဟု လုမင် ယုံကြည်ခဲ့ပေသည်။

လုမင်သည် မိစ္ဆာနတ်ဆိုးမျိုးနွယ်ကို သတ်ဖြတ်ရန်က လွယ်ကူမည်မဟုတ်ကြောင်း သိထားသော်လည်း မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်။

ထို့အပြင် သူ၏ အထောက်အထားကို ထုတ်ဖော်ခဲ့၍ တိရီလည်း မကြာခင်သိသွားပေတော့မည်။ မိစ္ဆာကိုးခု နတ်ဆိုးနယ်မြေကို ဝင်ရောက်ခြင်းဖြင့် ရှဲ့နျန်ချင်းကို ရှာတွေ့နိုင်ရုံသာမကဘဲ တိရီကိုလည်း ယာယီ ရှောင်နိုင်သည်။ လုမင်အတွက်တော့ ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်ဖမ်းခဲ့ခြင်းပင်။

ထိုအချိန်တွင် ရှဲ့ကျန်း၊ ရှဲ့ချီယုနှင့် အခြားသူများ၏ မျက်လုံးများက အရောင်လက်သွားသည်။ သို့သော်... ဘာမျှမပြောပေ။ သူတို့ ဘာများ တွေးနေသလဲဆိုတာကို မပြောနိုင်ပါချေ။

"ကောင်းပြီ၊ ဒီကိစ္စက ပြီးသွားပြီ။ ပွဲပြီးရင် မင်းကို မိစ္ဆာကိုးခု နတ်ဆိုးနယ်မြေဆီ ခေါ်သွားခိုင်းလိုက်မယ်"

ရှဲ့ချီထျန်းက ပြောလိုက်သည်။

ထို့နောက်တွင် ရှဲ့ချီထျန်းက ရဟန်းဝူလျန့်ကို ၎င်း၏အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။ ရဟန်းဝူလျန့်ကလည်း ထက်မြက်ပြီး လောလောဆယ်တွင် မတောင်းဆိုခဲ့ပေ။

"ကောင်းပြီ၊ သုံးရက်လောက်ကြာရင် ထိပ်တန်းဆယ်ယောက်က သူတော်စင်ဧကရာဇ်ရှေးနန်းတော်ထဲကို ဝင်နိုင်မယ်"

ရှဲ့ချီထျန်းက ကြေညာခဲ့သည်။ ထို့နောက်တွင် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့၏။

ပွဲမပြီးခင် နေ့တစ်ဝက်ခန့် ကြာခဲ့သည်။

အုပ်စိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်သွား၏။

ဝမ့်ဘိုးဘေး၊ ကျန်းဘိုးဘေး၊ တိရှန်နှင့် အခြားသူများလည်း ခပ်မြန်မြန်ပင် ထွက်ခွာသွားတော့သည်။

သူတို့က အရှေ့တိုင်းကန္တာရသို့ အမြန်ပြန်ကာ တိရီအား လုမင်အကြောင်း သတင်းပို့ရမည် ဖြစ်သည်။

ဤကိစ္စက လွန်စွာ ထူးဆန်းသည်။ လုမင်က ဖူရုပ်သေးဂိုဏ်းတွင် ရှိနေဆဲ ဖြစ်၏။ သို့ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် အလယ်ပိုင်းတိုက်ကြီးတွင် ထွက်ပေါ်လာသနည်း။ သူတို့က တိရီကို တတ်နိုင်သမျှ အမြန်ဆုံး သတိပေးသင့်သည်။

မကြာခင်မှာပဲ လူအုပ်ကြီးက လူစုပြန်ကွဲသွားခဲ့သည်။

"လုမင်၊ ငါတို့နဲ့လိုက်ခဲ့"

သံချပ်ကာဝတ် တပ်သားနှစ်ယောက်က လုမင်ကို အေးစက်စက်နှင့် ပြောလိုက်သည်။

လုမင်က ကြည့်လိုက်သောခါ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းကို မမြင်နိုင်မှန်း သိလိုက်ရ၏။ ၎င်းက နားမလည်နိုင်အောင်ပင်။

"ငရဲကိုးခုနတ်ဆိုးနယ်မြေကိုလား"

လုမင်က မေးသည်။

"ဟုတ်တယ်၊ သူတော်စင်ဧကရာဇ်က မင်းကို ငရဲကိုးခု နတ်ဆိုးနယ်မြေဆီ ခေါ်သွားခိုင်းထားတယ်။ ငရဲကိုးခု နတ်ဆိုးနယ်မြေရဲ့ ဝင်ပေါက်က သူတော်စင်မြို့ရဲ့ မြောက်ဘက်မှာပဲ"

သံချပ်ကာဝတ် တပ်သားတစ်ဦးက ပြောလိုက်သည်။

"ကျေးဇူးပြုပြီး..."

လုမင် ခေါင်းညိတ်လိုက်၏။

သံချပ်ကာဝတ် တပ်သားနှစ်ယောက်၏ ဦးဆောင်မှုဖြင့် လုမင်လည်း သူတော်စင်မြို့တော် မြောက်ဘက်သို့ ဦးတည်ခဲ့တော့သည်။

မကြာမီပင်၊ သူတော်စင်မြို့တော်၏ မြောက်ဘက်ခြမ်းသို့ ရောက်သွားသည်။ ထို့နောက် သူတို့သည် အတားအဆီး အလွှာများစွာကို ဖြတ်ကျော်ကာ အလင်းရောင်ဖြင့် ပြုလုပ်ထားသည့် ဧရာမတံခါးကြီးရှေ့သို့ ရောက်ရှိလာကြသည်။

လမ်းတစ်လျှောက်တွင် စုစုပေါင်း စစ်ဆေးရေးဂိတ် ဆယ့်ရှစ်ခုကို ဖြတ်သန်းခဲ့ကြောင်း လုမင် မှတ်သားမိ၏။ စစ်ဆေးရေးဂိတ်တစ်ခုစီတွင် အလွန်အားကောင်းသော ဝင်္ကပါတစ်ခုရှိပြီး အစွမ်းထကခ ကျွမ်းကျင်သူတစ်ဦးစီက စောင့်ကြပ်ထားကြသည်။

ယင်းမှနေ၍ တော်ဝင်မိသားစုသည် ဤနေရာသည် အလွန်အလေးထားကြောင်း တွေ့နိုင်သည်။

"ဒါက ဒါက ငရဲကိုးခုနတ်ဆိုးနယ်မြေရဲ့ ဝင်ပေါက်ပဲ။ ဒီကျောက်စိမ်းပြားကို ယူထားလိုက်ပါ။ မင်း ငရဲကိုးခုနတ်ဆိုးနယ်မြေမှာ မိစ္ဆာနတ်ဆိုးတွေကို သတ်နေသမျှ ဒီကျောက်စိမ်းပြားက ခံစားမိပြီး အမှတ်တွေနဲ့ မှတ်တမ်းတင်ထားလိမ့်မယ်"

တပ်သားတစ်ယောက်က ပြောလိုက်သည်။ သို့ရာတွင် သူ့မျက်လုံး နက်ရှိုင်းသောအပိုင်းမှာတော့ ဟန်ဆောင်မှု အရိပ်အယောင်များ ရှိနေခဲ့၏။

"ကောင်းပါပြီ"

လုမင်က ကျောက်စိမ်းပြားကိုယူကာ သိမ်းထားလိုက်သည်။

"ကောင်းပြီ၊ အထဲဝင်တော့"

တစ်ဦးက ပြောသည်။

လုမင် ခေါင်းညိတ်လိုက်၏။ ထို့နောက်မှာတော့ အလင်းတံခါးဆီသို့ လှမ်းဝင်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

"ဟားဟား၊ သူက ငရဲကိုးခုနတ်ဆိုးနယ်မြေမှာ အမှတ်တစ်သောင်း ရချင်နေတယ်။ ဒါက မိုက်မဲတဲ့ အိပ်မက်တစ်ခုပဲ။ သူ အဲဒီမှာ တစ်သက်လုံးနေရလိမ့်မယ်"

"ဧကရာဇ်ရဲ့ လှုပ်ရှားမှုက တကယ်ကို ထက်မြက်ပါပေတယ်"

တပ်သားနှစ်ယောက်လည်း ရယ်မောကာ နောက်လှည့်ပြီး ထွက်ခွာသွားတော့သည်။

…………

ဤအချိန်တွင်...

ရှဲ့ကျန်းနှင့် ရှဲ့ချီယုက တော်ဝင်နန်းတော်ရှိ ခန်းမဆောင်တစ်ခုထဲတွင် ထိုင်နေသည်။

"အစ်ကိုတော်ရဲ့ လှုပ်ရှားမှုက တကယ်ကို ထက်မြက်တယ်။ ဒီနည်းလမ်းနဲ့ လုမင်ရဲ့ ပါးစပ်ကို ပိတ်ထားရုံသာမကဘဲ ကတိကိုလည်း ဖြည့်ဆည်းပေးခဲ့တယ်၊ ငါ တကယ်ကို သဘောကျမိပါတယ်"

ရှဲ့ချီယုက ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ပြုံးလိုက်သည်။

"ငရဲကိုးခုနတ်ဆိုးနယ်မြေမှာရှိတဲ့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်တွေကိုသတ်ပြီး အမှတ်တစ်သောင်းရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်မသက်မသာဖြစ်နေတုန်းပဲ"

ရှဲ့ကျန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ခွေးမ ရှဲ့နျန်ချင်းက အရမ်းထက်မြက်တယ်။ သူက ထိပ်တန်းပါရမီရှင်တွေထက် အားနည်းတာ မဟုတ်ဘူး။‌‌ နောက်ပြီးတော့ အမှောင်သွေးမျိုးဆက်ကို နိုးထစေခဲ့တာ။ သူ့အတွက် ငရဲကိုးခုနတ်ဆိုးနယ်မြေက ရေထဲကိုလွှတ်လိုက်တဲ့ ငါးလိုပဲ။ ကောင်းကောင်းမွန်မွန် လေ့ကျင့်လို့ရနိုင်တယ်"

"လုမင်‌ကတော့ ပိုပြီးတော့တောင် အံ့ဩစရာကောင်းသေးတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်မှာ သူက ဝိညာဉ်ပင်လယ်နယ်ပယ်မှာပဲရှိခဲ့ပြီး သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ကျွန်တော့်ထက် နိမ့်ပါးခဲ့တယ်။ ဒါပေမဲ့ သုံးနှစ်ကျော်အတွင်းမှာတင် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်အထိ မြင့်တက်လာခဲ့ပြီ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းဆိုရင်လည်း ပိုတောင် အံ့သြစရာကောင်းသေးတယ်။ သူက ဘုရင်ငယ်အဆင့် ပါရမီရှင်တွေကို ဆက်တိုက် အနိုင်ယူခဲ့တာ။ ကျွန်တော့်အမြင်အရ လုံချန်ကလွဲပြီး ဘယ်သူမှ သူ့ကို မဖိနှိပ်နိုင်ဘူး။ ဒီကောင် အသက်ရှင်နေသရွေ့ ကျွန်တော် စိတ်မအေးဘူး"

"မင်းက သူ့ကို ငရဲကိုးခု နတ်ဆိုးနယ်မြေမှာ သတ်ချင်နေတာလား"

ရှဲ့ချီယုက ပြောလိုက်၏။

"ဟုတ်တယ်၊ ဒါပေမဲ့ လုမင်ရဲ့ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာသာ ရှိပေမဲ့၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ ကြောက်စရာကောင်းလွန်းတယ်။ သာမန် အဆင့်ခြောက် ဝိညာဉ်တော်ဘုရား နယ်ပယ်က ကျွမ်းကျင်သူတွေက သူ့ကို မယှဉ်မှာ ကြောက်ရတယ်။ သူ့ကို သတ်ဖို့ဆိုရင် သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်က ကျွမ်းကျင်သူတွေ ဒါမှမဟုတ် ပိုအားကောင်းတဲ့ တည်ရှိမှုတွေကို စေလွှတ်ရမယ်။ ဒါပေမဲ့လည်း ကျွန်တော်ရဲ့ အခွင့်အာဏာနဲ့ ဒီလောက် အစွမ်းထက်တဲ့ တည်ရှိမှုတွေကို မစည်းရုံးနိုင်ဘူး။ ဒါကြောင့် ဦးရီးတော်ရဲ့ အကူအညီကို လိုချင်ပါတယ်"

ရှဲ့ကျန်းက ပြောသည်။

"ဟုတ်တယ်၊ မင်းမှန်​တယ်​။ လုမင်ကို သတ်ပြီးရင် ဒီအခွင့်‌အရေးကိုသုံးပြီး​ ကောင်​မ​လေး ရှဲ့နျန်ချင်းကိုပါသတ်ရမယ်"

ရှဲ့ချီယု၏ မျက်နှာက အေးစက်သောအပြုံးကို ပေါ်လွင်စေခဲ့၏။

"ကျေးဇူးတင်ပါတယ် ဦးရီးတော်"

ရှဲ့ကျန်းလည်း ဝမ်းသာသွားကာ ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။

...........

လုမင်က အလင်းတံခါးထဲသို့ လှမ်းဝင်ပြီးနောက် နောက်အခိုက်တွင် အခြားအလင်းတံခါးမှ ထွက်လာခဲ့သည်။

"ဒါက ဘယ်မှာလဲ"

လုမင် ကြည့်လိုက်သောအခါ သူ တခြားနေရာကို ရောက်နေပြီမှန်း တွေ့လိုက်ရ၏။

ဤနေရာက မြို့တစ်မြို့ ဖြစ်ပုံရသည်။ မြို့၏အထက် ကောင်းကင်ယံတွင်၊ မြို့တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြီးမားသော အလင်းမျက်နှာပြင်တစ်ခု ရှိ၏။ အလင်းမျက်နှာပြင် အပြင်ဘက်မှ မြင်ကွင်းကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ဒါက ငရဲကိုးခု နတ်ဆိုးနယ်မြေပဲလား"

လုမင် ရေရွတ်လိုက်သည်။

"နောက်တစ်ယောက် လာပြီ"

ဘေးမှ အသံထွက်လာခဲ့၏။

လုမင် လှည့်ကြည့်လိုက်သောအခါ ချပ်ဝတ်တန်ဆာဝတ်ထားသော လူကောင်ထွားထွား လူတချို့ကို တွေ့လိုက်ရသည်။

"ညီအစ်ကိုတို့၊ ဒါက ငရဲကိုးခု နတ်ဆိုးနယ်မြေလား"

လုမင်က ရှေ့သို့လှမ်းကာ မေးလိုက်သည်။

"ဟုတ်ပါတယ်၊ ဒါက ငရဲကိုးခု နတ်ဆိုးနယ်မြေပဲ။ ငါတို့က တော်ဝင်မိသားစုရဲ့ ကျင့်ကြံသူတွေဖြစ်ပြီး မိစ္ဆာနတ်ဆိုးမျိုးနွယ်တွေ ထွက်ပေါက်ကို မတိုက်ခိုက်နိုင်ဖို့နဲ့ ဒီမြို့ကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ဒါနဲ့၊ မင်းက ဘာလို့ ဒီကိုရောက်လာတာလဲ"

လူထွားကြီးတစ်ယောက်က ရှင်းပြပြီးတော့ ပြန်မေးသည်။

"ကျွန်တော်က မိစ္ဆာနတ်ဆိုးမျိုးနွယ်ကိုသတ်ပြီး အမှတ်တွေရယူဖို့ လာတာပါ"

လုမင်က အမှန်အတိုင်းမပြောဘဲ ပြန်ဖြေလိုက်၏။

"နောက်ထပ် ပြည်နှင်ဒဏ်ခံရသူပဲ"

လုမင်၏ စကားကိုကြားတော့ ထွားကြိုင်းသော အမျိုးသားများ၏ မျက်နှာများက အေးစက်သွားကာ လှောင်ပြောင်လိုက်ကြသည်။

"ပြည်နှင်ဒဏ်လား"

လုမင် မျက်မှောင်ကြုတ်လိုက်၏။

"ကောင်းပြီ၊ မင်း ဒီမြို့မှာ တစ်ညနေရမယ်။ အခု ကောင်းကင်မှာ လထွက်နေတာကြောင့် နတ်ဆိုးစွမ်းအင်တွေ အသိပ်သည်းဆုံးပဲ။ နတ်ဆိုးစွမ်းအင်တွေ မစိမ့်ဝင်အောင် တားဆီးဖို့အတွက် မြို့ကို ပိတ်ထားတယ်။ မနက်​ဖဖြန်မှ မြို့ထဲက ထွက်နိုင်မယ်"

ချပ်ဝတ်တန်ဆာဝတ်ထားသော လူထွားကြီးတစ်ဦးက သူ့လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည်။

လုမင် ခေါင်းညိတ်ပြလိုက်၏။ သူ အပိုမေးခွန်းများ မမေးတော့ဘဲ နေရာမှ ထွက်ခွာသွားတော့သည်။

မကြာမီ၊ လုမင်က ကျပန်း လမ်းတစ်လမ်းကို ရောက်လာခဲ့သည်။ ဤနေရာတွင် လူအတော်များတာကို တွေ့ရ၏။ သို့ရာတွင် ၎င်းတို့တစ်ဦးစီက အားကောင်းသော အရှိန်အဝါများရှိပြီး ကျွမ်းကျင်သူများ ဖြစ်ကြသည်။

လုမင်က အသိစိတ်ညွှတ်ကြည့်သောအခါ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူးများ အများအပြားရှိကြောင်း သူတွေ့ရှိခဲ့သည်။

ဤလူများကို တော်ဝင်မိသားစုက ဤနေရာကိုစောင့်ရှောက်ရန် စေလွှတ်ထားခြင်း ဖြစ်ချေသည်။

လုမင်က အခြားသူတချို့ကို မေးကြည့်သောအခါ၊ မျှော်လင့်ထားသည့်အတိုင်း ယခုချက်ချင်း မြို့မှ မထွက်ခွာနိုင်ဘဲ နောက်နေ့အထိ စောင့်ရမည် ဖြစ်သည်။

လုမင်လည်း တိတ်ဆိတ်သော တစ်နေရာကိုရှာကာ တင်ပျဉ်ခွေထိုင်ပြီး စောင့်ဆိုင်းနေခဲ့၏။

လုမင် ဝင်ရောက်လာပြီး တစ်နာရီကျော်အကြာတွင် ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ အလင်းတံခါးက လင်းလက်လာပြီး အဘိုးကြီးလေးယောက် ပေါ်လာပြန်တော့သည်။

All Chapters