← Chapters

အခန်း ၁၁၃၆

Vol. 76 Ch. 1136

အခန်း ၁၁၃၆

Vol. 76 Ch. 1136

အပိုင်း ( 1136 ) တန်တန်၏ စွမ်းအား။

"ဒုန်း"

ရှဲ့ချူ၏ခန္ဓာက တိုက်ရိုက်လွင့်စဉ်သွားကာ သွေးများ အန်ထွက်လာသည်။

သူ့ကို အကန့်အသတ်မဲ့ သတ်ဖြတ်ချင်စိတ်များက ဖုံးလွှမ်းထားခဲ့၍ သူ၏အင်အား အပြည့်အဝ မထုတ်နိုင်ခဲ့ပေ။ လုမင်ကမူ တတိယသွေးမျိုးဆက်မှ စွမ်းအားများ ထပ်မံ ချေးယူပြီးနောက် ပို၍ အားကောင်းလာခဲ့သည်။ ဤသည်က ရှဲ့ချူအား ထိမှန်သောအခါ တစ်ခါတည်း ဒဏ်ရာရရှိသွားတော့သည်။

ထို့နောက်တွင် နဝမနဂါးက ဟိန်းဟောက်ပြီး ပြိုကျသွားခဲ့သည်။ သို့သော်လည်း နဝမနဂါး ပျောက်ကွယ်သွားပြီးသည်နှင့် အလင်းတန်းများကြားတွင် ကြီးမားလှသော ကျောက်စာချပ်ကြီးတစ်ခု ပေါ်လာခဲ့၏။

ငရဲဖိနှိပ်ကျောက်စာတိုင်။

ငရဲဖိနှိပ်ကျောက်စာချပ်က ပေါ်လာသည်နှင့် လျင်မြန်စွာ ပင် တောင်လုံးတမျှ ကြီးမားလာသည်။ သွေးအလင်းများက ငရဲဖိနှိပ်ကျောက်စာချပ်ကို လွှမ်းခြုံကာ ရှဲ့ချူအပေါ် အား ပြင်းထန်စွာ ဖိချလိုက်၏။

"ကယ်ကြပါဦး"

အရာရာကို ဖိနှိပ်ထားသည့် ငရဲဖိနှိပ်ကျောက်စာတိုင်၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ် အရိပ်အယောင်များကို ခံစားရင်း ရှဲ့ချူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ရပ်စမ်း"

တစ်ဖက်မှ ကျွမ်းကျင်သူသုံးဦးလည်း အော်ဟစ်ကာ လုမင်အား ချက်ချင်း တိုက်ခိုက်ခဲ့၏။

သို့ရာတွင် လုမင်က သူတို့ကို လျစ်လျူရှုပြီး ရှဲ့ချူသို့ ဆက်လက် ဖိချလိုက်သည်။

"မဟုတ်ဘူး"

ရှဲ့ချူ ဟိန်းဟောက်ပြီး အစွမ်းကုန် ခုခံသည်။ သို့ရာတွင်၊ ဤအခိုက်မှာ သူက ဒဏ်ရာရရှိထား၍ တိုက်ခိုက်နိုင်စွမ်းများ အတော် လျော့ကျသွား၏။ သူက ဘယ်လိုလုပ်ပြီး ခုခံနိုင်မည်နည်း။

"ဝုန်း"

ငရဲဖိနှိပ်ကျောက်စာတိုင် ဆင်းသက်လာသည်နှင့် ရှဲ့ချူ ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောများ ပေါက်ပြဲသွားပြီး သွေးများ အန်ထွက်လာခဲ့သည်။ နောက်အခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး ပေါက်ကွဲသံနှင့်အတူ ပွင့်ထွက်သွား၏။

အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ရှဲ့ချူက လုမင်၏လက်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

"ဒုန်း ဒုန်း ဒုန်း"

ဤတော့မှ အခြားသုံးယောက်၏ တိုက်ခိုက်မှု သုံးခုက ငရဲဖိနှိပ်ကျောက်စာတိုင်ကို တစ်ချိန်တည်း ထိမှန်ကာ လွင့်စဉ်သွားစေခဲ့သည်။‌ ကျောက်စာတိုင်တစ်ခုလုံးက ပြင်းပြင်းထန်ထန် တုန်ခါကာ ပြိုကျလုနီး ဖြစ်သွားသည်။

"သတ်၊ သတ်၊ သတ်"

လုမင်၏ အေးစက်ပြီး ခံစားချက်မဲ့သော အသံက ငရဲဖိနှိပ်ကျောက်စာတိုင်အတွင်းမှ ဆက်လက် ထွက်ပေါ်လာသည်။

"ဒီကောင်ကို အသက်​ရှင်​ခွင့်​ မပေးရဘူး"

အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အဘိုးကြီး၏ စိတ်ထဲတွင် တုန်လှုပ်သွားကာ ပြောလိုက်သည်။

တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် လူငယ်တစ်ယောက်က အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအား အမှန်တကယ် သတ်နိုင်သည်။ ဤသည်က အမှန်တကယ် ထိတ်လန့်စရာကောင်းကာ တစ်ခါမျှ မကြားခဲ့ဘူးပေ။

သူ့စိတ်ထဲတွင် အေးစက်သွားပြီးနောက် လုမင်ကို ပို၍ပင် သတ်ချင်လာခဲ့သည်။

အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနှစ်ပါးနှင့် အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားတစ်ပါး လုမင်ကို တင်းတင်းကြပ်ကြပ် ဝိုင်းရံထားကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များအား ထုတ်လွှတ်လာတော့သည်။

"ဒီ​နေ့ မင်းတို့အားလုံးသေရမယ်"

လုမင်၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ သူက ဤလူအားလုံးကိုသတ်ရန် တတိယသွေးမျိုးဆက်မှ စွမ်းအား ပိုမိုချေးယူချင်ခဲ့၏။

"လုမင်၊ မင်းရဲ့ သွေးမျိုးဆက်စွမ်းအားကို ဆက်ပြီး မယူတော့နဲ့။ မဟုတ်ရင် မင်းရဲ့အသိစိတ်ကို ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး"

တန်တန်က အော်လိုက်သည်။

"သတ်၊ ငါ ဒီလူတွေကို သတ်ရမယ်"

လုမင်က‌ အော်ပြောလိုက်၏။ ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အသိစိတ်က ကြည်လင်ပြတ်သားမှု အရိပ်အယောင်မျှသာ ကျန်တော့သည်။ ၎င်းက အဆုံးမဲ့သတ်ချင်စိတ်များအောက်တွင် အချိန်မရွေး နစ်မြုပ်သွားတော့မည်ကဲ့သို့ပင် ဖြစ်သည်။

သို့သော်၊ အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားကို သတ်ဖြတ်လိုပါက ဤအင်အားနှင့် မလုံလောက်ပေ။ စွမ်းအားများ ပို၍ချေးယူရန် လိုသည်။ သို့ရာတွင် စွမ်းအင်ကို ပို၍ချေးယူလိုက်သည်နှင့် လုမင်၏အသိစိတ်က ထိန်းသိမ်းရန် ခက်ခဲလာကာ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များ၏ ဝါးမျိုခံရပေလိမ့်မည်။

သို့ရာတွင် ဤအချိန်ကိုရောက်မှ တခြားနည်းလမ်း ရှိသေးပါ၏လော။

လုမင် အစွမ်းကုန်သာ လုပ်နိုင်သည်။

"ဟင်း... ငါဒီတစ်ခါတော့ ငါလုပ်လိုက်မယ်။ ကောင်လေး၊ စွမ်းအင်ဆက်ချေးနေစရာ မလိုတော့ဘူး"

တန်တန်က သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ကာ ကျွမ်းကျင်သူ သုံးဦးဆီသို့ ပျံသန်းသွားခဲ့သည်။

"မင်းတို့ ​ကောင်​​လေး သုံး​ကောင်​၊ ဒီ​နေ့ ငါ့ရဲ့ စွမ်းအားအစစ်အမှန်ကို မြင်နိုင်တာကြောင့် နောင်​တမရဘဲ ​သေလို့ရပါပြီ"

တန်တန်က ပြောလိုက်သည်။ ဤအခိုက်အတန့်တွင်၊ သူ့ခန္ဓာကိုယ်က စူးရှသောအလင်းတန်းများ ထွက်လာခဲ့၏။ တန်တန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသောအငွေ့အသက်များ ပေါက်ကွဲထွက်လာတော့သည်။

၎င်းမှာ မရေမတွက်နိုင်သော သက်ရှိများ၏ အုပ်စိုးသူဖြစ်သကဲ့သို့ မြင့်မား၍ တန်ခိုးကြီးလှသည်။ သူက သဘာဝ လောကကြီးနှင့်တူပြီး လောကကြီးက သူ ဖြစ်သည်။

စူးရှသော အလင်းရောင်များကြားတွင် တန်တန်၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့၏။ နောက်ဆုံးတွင်၊ ၎င်းက ပေတစ်သောင်းမြင့်သော တောင်ကြီးထက်ပင် ပိုကြီးမားသော နတ်လိပ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဒါ… ဒါက…"

ဧရာမလိပ်ကြီး၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် အဘိုးကြီး သုံးဦး သွေးပျက်သွားကြသည်။

"သေ"

ဧရာမလိပ်ကြီး၏နှုတ် အသံတစ်ခု ထွက်လာသည်။ လိပ်ကြီးက အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ကုတ်ခြစ်လိုက်၏။

အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက ရှောင်တိမ်းချင်သော်လည်း သူ့ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့ကြောင်း သဘောပေါက်ခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးကို ချိတ်ပိတ်ထားသကဲ့သို့ နေရာတွင် အနည်းငယ်မျှ မလှုပ်နိုင်တော့ပေ။

"မဟုတ်ဘူး"

ဧရာမ လက်သည်းကြီး ဆင်းလာသည်ကို မြင်ရပြီးနောက် အဘိုးကြီး အော်လိုက်သည်။ သို့သော်၊ ရုန်းကန်မရဘဲ သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့သည်။

"မကောင်းတော့ဘူး၊ ပြေး...ပြေး"

ကျန်သော အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့က ထွက်ပြေးချင်သော်လည်း သူတို့ခန္ဓာကိုယ်များပါ လှုပ်ရှား၍မရတော့ပေ။

"သတ်"

ဧရာမလိပ်ကြီးက “သတ်” ဟူသော စကားလုံးကိုသာ ထပ်မံ ပြောလိုက်သည်။ သူ့ပါးစပ်အတွင်းမှ အလင်းနှစ်ခု ထွက်ပေါ်လာကာ အဘိုးကြီးနှစ်ဦး၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အသက်နှုတ်ယူသွားတော့သည်။

အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးက ထိုကဲ့သို့ပင် သေဆုံးသွားခဲ့ရသည်။

ဤအခိုက်တွင်၊ လုမင်က အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်နေသော်လည်း အံ့အားသင့်ခဲ့ရသေးသည်။

ကျွမ်းကျင်သူ သုံးဦးကို သတ်ဖြတ်ပြီးနောက် ဧရာမလိပ်ကြီးက လိပ်ငယ်လေးအဖြစ်သို့ လျင်မြန်စွာ ပြန်ကျုံ့သွားခဲ့သည်။ ၎င်းက လေထဲတွင် အားနည်းစွာ မျောလွင့်နေရင်း ပြောလိုက်သည်။

"အရှုံးကြီး ဆုံးရှုံးလိုက်တာပဲ။ ငါ စွမ်းအင်တွေ စုဆောင်းနေခဲ့ရတာ ကြာပြီ၊ အခုတော့ ခဏလေးနဲ့ ကုန်ပြီပဲ။ လုမင်၊ မင်းငါ့ကို ပြန်ပေးဆပ်ရမယ်"

တန်တန်က အော်ဟစ်ပြီး လုမင်ဆီသို့ ပျံသန်းလာခဲ့သည်။

"သွားကြရအောင်"

လုမင်က သတ်ဖြတ်ချင်စိတ်များ ပြည့်နေသော်လည်း အသိစိတ်ရှိသေးသည်။ သူက လက်ကိုဝှေ့ယမ်းပြီး တန်တန်နှင့် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရား ကျွမ်းကျင်သူများ၏ အလောင်းများကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဆွဲသွင်းခဲ့သည်။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားကာ ဤနေရာမှ ထွက်ခွာသွားတော့သည်။

ဤမျှကြီးမားသော လှုပ်ရှားမှုများဟာ မြို့တွင်းရှိ ကျွမ်းကျင်သူများကို သေချာပေါက် နှိုးဆော်မည်ဖြစ်သည်။ ထိုအတွက် တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရလိမ့်မည်။

လုမင်က သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဆုံးမဲ့ နယ်မြေများကို ဖြတ်ကျော်သွားခဲ့သည်။ မကြာမီ မိုင်သန်းချီအကွာတွင် သူပေါ်လာခဲ့၏။ သူက လျှို့ဝှက်နေရာတစ်ခုကိုရှာကာ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားတော့သည်။

တောင်နှင့်မြစ်ပန်းချီကားအတွင်းကို ဝင်ရောက်ပြီးနောက် လုမင်က တာအိုဉာဏ်အလင်း သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက မျက်လုံးများကိုမှိတ်ကာ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များကို တွန်းလှန်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့၏။

အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များအောက်တွင် လုမင်က လူသတ်စက်အဖြစ်သို့ အချိန်မရွေး ပြောင်းလဲသွားနိုင်ပုံရသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင်အလင်းတန်းများက တဖျပ်ဖျပ်တောက်နေသည်။ တဖြည်းဖြည်းနှင့် သွေးအလင်းက မှိန်ဖျော့သွားကာ တတိယသွေးမျိုးဆက်အတွင်းကို ပြန်ဆုတ်သွား၏။

သူက ထိုနေရာမှာပင် လဝက်ခန့် ထိုင်နေခဲ့သည်။

လဝက်ကြာပြီးနောက်မှာတော့ တတိယသွေးမျိုးဆက်၏ စွမ်းအားက သွေးမျိုးဆက်အတွင်းသို့ လုံးလုံးလျားလျား ဆုတ်ခွာသွားခဲ့ပြီ။ ၎င်းက လုမင်၏ ကျောရိုးဆီသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားထဲမှ အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များကိုလည်း ချေမှုန်းပစ်ခဲ့သည်။

ထိုအချိန်တွင် လုမင်၏ မျက်လုံးများက ဖွင့်လာသည်။ သူ့မျက်လုံးများမှာတော့ သတ်ဖြတ်ချင်စိတ် မရှိတော့ဘဲ ကြည်လင်တောက်ပနေတော့သည်။

"ဟူး…"

လုမင် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤတစ်ခါတော့ အလွန်နီးပေသည်။ တတိယ သွေးမျိုးဆက်၏ သတ်ဖြတ်ချင်စိတ်များက သူ့အသိစိတ်ကို ဝါးမြိုလုနီးပါး ဖြစ်ခဲ့သည်။

တတိယသွေးမျိုးဆက်က အသွားနှစ်ဖက်ဓား ဖြစ်သည်။ အသုံးပြုသည့်အခါ လွန်စွာ သတိထားရ၏။ အကယ်၍ သူ၏ ကျင့်ကြံခြင်းက လုံလောက်စွာ မမြင့်မားဘဲ စွမ်းအား အလွန်အကျွံ ချေးယူခဲ့လျှင် အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များ၌ နစ်မြှုပ်သွားလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့်၊ ဤတစ်ကြိမ်တွင် တန်တန်က လှုပ်ရှားနိုင်ခဲ့သည်။ မဟုတ်ပါက၊ သူ သည့်ထက်ပိုပြီး စွမ်းအင် ချေးယူရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လုမင်က အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များ၌ နစ်မြှုပ်သွားပြီး သတ်ဖြတ်ခြင်းရုပ်သေး ဖြစ်လာနိုင်ဖွယ် ရှိသည်။

လုမင်က တန်တန်ကို သတိရသွားကု လှည့်ကြည့်လိုက်သည်။ သူ့အနားတွင် ဆေးပင်ကိုကိုက်ဝါးရင်း လဲလျောင်းနေသော တန်တန်ကို မြင်လိုက်ရ၏။ သူ့ကိုကြည့်ရသည်မှာ အလွန်အားနည်းနေပုံရသည်။

လုမင် နိုးလာသည်ကိုမြင်တော့ တန်တန်က လုမင်၏ ပုခုံးပေါ်သို့ ခုန်တက်လာကာ အော်လိုက်သည်။

"လုမင်၊ ဒီတစ်ခါတော့ ငါအရမ်းဆုံးရှုံးသွားပြီပဲ။ ငါ့ရဲ့အားတွေ အရမ်းကုန်သွားပြီ။ မင်းငါ့ကို ဝိညာဉ်ဆေးပင်တွေ လျော်ကြေးပေးရမယ်၊ မဟုတ်ရင် ငါဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။ ငါ မင်းနဲ့ မပြီးဘူး"

"အေးပါ၊ နောင်မှာ ငါမလိုအပ်တဲ့ ဝိညာဉ်ဆေးပင်တွေကို ပေးမယ်"

လုမင်က ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ဆေးပင်တစ်ပုံ ပေါ်လာခဲ့သည်။

တန်တန်၏ မျက်လုံးများက တောက်ပသွားသည်။ သူက ဝိညာဉ်ဆေးပင်များအားလုံးကို တစ်လုပ်တည်းမျိုချပြီး ဖြည်းညှင်းစွာစား ဝါးစားလိုက်၏။

"တော်သေးတာပေါ့၊ အနည်းဆုံးတော့ မင်းမှာ အသိတရား နည်းနည်းရှိသေးတယ်"

တန်တန်က ရေရွတ်ကာ ဝံ့ကြွားဟန်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"ဘယ်လိုလဲ၊ ဒီကိုယ်တော်ရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းတယ် မဟုတ်လား"

All Chapters