← Chapters

အခန်း ၁၁၃၇

Vol. 76 Ch. 1137

အခန်း ၁၁၃၇

Vol. 76 Ch. 1137

အပိုင်း ( 1137 ) သွေးမျိုးဆက် အဆင့်တက်ခြင်း။

"ဒါက တကယ် အစွမ်းထက်ပါတယ်"

ဤတစ်ကြိမ်တွင် လုမင်၏ နှလုံးသားထဲမှ ရိုးရိုးသားသား ချီးမွမ်းလိုက်မိသည်။

တန်တန်သည် အလွန်ကြောက်စရာကောင်းသော ဧရာမလိပ်ကြီးအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားပြီး အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားများကို ချက်ချင်းသတ်ခဲ့သည်။ ယင်းက လုမင်ကို တုန်လှုပ်သွားစေခဲ့ပေသည်။

"ဒါက ဘာမှမဟုတ်သေးဘူး၊ ငါပြောပြမယ်... ငါ့ရဲ့ ခွန်အားတွေ ပြန်ကောင်းလာဖို့ ဝေးသေးတာကြောင့် မဟုတ်ရင် ငါ ဒီ့ထက် အများကြီးပိုပြီး သန်မာလိမ့်မယ်"

"ငါက ထိပ်တန်းစစ်သားရဲဆယ်ကောင်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကမ္ဘာ့လိပ်ပဲလေ။ ငါသာ အထွတ်အထိပ်ကိုရောက်ပြီး ငါ့ရဲ့ ရုပ်သဏ္ဍာန်အစစ်အမှန်အဖြစ် ပြောင်းလဲခဲ့ရင် ကမ္ဘာလောက်တောင် ကြီးလိမ့်မယ်။ အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားကို မပြောနဲ့၊ သိုင်းအုပ်ချုပ်သူကိုတောင် ငါက အသာလေး သတ်နိုင်တယ်"

တန်တန်က ဝံ့ကြွားလာသည်။ လုမင်၏ အထင်ကြီးသော အမူအရာက သူ့ကို အလွန်တရာ သက်တောင့်သက်သာ ရှိသကဲ့သို့ ခံစားစေခဲ့ရပေသည်။

"မင်းရဲ့ အထွတ်အထိပ်မှာ မင်းက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ကျော်လွန်သွားတာလား"

လုမင်က စိတ်ဝင်တစား မေးလိုက်သည်။

လုမင်သည် တန်တန်က ပြန်လည်မွေးဖွားလာသော အထူး ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သဘာဝအတိုင်း ယုံကြည်ခဲ့သည်။ သို့မဟုတ်လျှင်၊ သူ့မှာ ထိုကဲ့သို့နည်းလမ်းများ ရှိရန် မဖြစ်နိုင်ပါချေ။

"ဖွီး၊ ထိပ်တန်းစစ်သားရဲဆယ်ကောင်မှာ ဘယ်သူက ပြိုင်ဘက်မကင်းဘဲ နေလို့လဲ။ သိုင်းအုပ်ချုပ်သူဆိုတာ တကယ်တမ်း ဘာဆို ဘာမှမဟုတ်ဘူး။ မင်းရဲ့ နဝမနဂါး သွေးမျိုးဆက်ကိုပဲ ဥပမာကြည့်။ သူ့ရဲ့ အထွတ်အထိပ်မှာ ရှိနေသေးရင် နေနဲ့လကိုတောင် တစ်ချက်တည်းနဲ့ ဝါးမျိုနိုင်လိမ့်မယ်။ ဘယ်သိုင်းအုပ်ချုပ်သူက သူ့လို တစ်ချက်တည်းနဲ့ အရာအားလုံးကို ဝါးမြိုနိုင်မှာလဲ"

တန်တန်က ပြိုင်ဘက်ကင်းသော ယုံကြည်မှုများ ပို၍ မြင့်မားလာခဲ့သည်။ ထို့နောက်တွင်မှ သက်ပြင်းတစ်ချက်ချကာ ပြောလေသည်။

"ဒါပေမဲ့၊ ငါကလွဲပြီး ထိပ်တန်းစစ်သားရဲဆယ်ကောင်မှာ ဘယ်သူများ အသက်ရှင်ကျန်ရစ်ခဲ့မလဲ မသိဘူး။ အဲဒီအချိန်က တိုက်ပွဲက ... ဟင်း…"

အဆုံးတွင် တန်တန် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။

လုမင်လည်း တိတ်တဆိတ် နားစွင့်နေလေသည်။

ယခုအခါ၊ တန်တန်က တိုးတက်လာ၍ သူ၏မှတ်ဉာဏ်များစွာ ပြန်လည်ကောင်းမွန်လာခဲ့ပုံ ရသည်။ သူ့ထံမှ မသိရဘူးသော လျှို့ဝှက်ချက်အချို့ကိုပင် ကြားနိုင်ခဲ့ပေသည်။

တန်တန်က လုမင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ဟင်း၊ ငါ အရမ်းအားနည်းနေပြီ။ ​​ကောင်းကောင်းအနားယူဖို့ လိုတယ်"

ပြောပြီးသည်နှင့် မျက်လုံးတစ်မှိတ်အတွင်းမှာပင် အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

လုမင် ဆွံ့အသွားသည်။

ထို့နောက်တွင် လုမင်က အခြားတောင်ပေါ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ အဆင့်ရှစ် ဝိညာဉ်နတ်ဘုရား အဘိုးကြီးများ၏ အလောင်းများက ထိုနေရာတွင် ရှိနေကြသေးသည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ၏ အလောင်းများက နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက်ပင် ပုပ်၍ ပျက်သွားမည် မဟုတ်ပေ။

"ကံမကောင်းချင်‌တော့ သွေးစွမ်းအင်တွေ မရှိကြတော့ဘူး"

လုမင်က ယင်းကို သတိထားမိကာ အနည်းငယ် နှမြောသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါပေမဲ့ သွေးအနှစ်သာရတော့ ရှိနေသေးသင့်တယ်။ အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ သွေးအနှစ်သာရက တစ်နှစ်ကြာသွားရင်တောင်မှ ပျက်ပြယ်သွားမှာ မဟုတ်ဘူး"

အတွေးတစ်ခုဖြင့် လုမင်သည် နဝမနဂါးသွေးမျိုးဆက်ကို ထုတ်ဖော်ပြီး ဝါးမျိုခြင်းစွမ်းရည်အား ထုတ်လွှတ်လိုက်သည်။

ပုလဲကဲ့သို့ သွေးအနှစ်သာရ တစ်ဆယ့်ရှစ်စက် ထွက်ပေါ်လာရာ နဝမနဂါးက မျိုချလိုက်သည်။ လုမင်လည်း တင်ပျဉ်ခွေထိုင်ကာ ၎င်းတို့ကို စတင် သန့်စင်လိုက်၏။

အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦး၏ သွေးအနှစ်သာရနှင့် သွေးစွမ်းအင်တို့က ကြောက်စရာကောင်းအောင် သိပ်သည်းသည်။ လုမင်လည်း ၎င်းတို့ကို အစွမ်းကုန် သန့်စင်နေခဲ့ရပေသည်။

နဝမနဂါး၏ သွေးမျိုးဆက်တစ်ဝိုက်တွင် ရွှေရောင် ချက္ကရခုနစ်ခုက တလက်လက် တောက်ပနေသည်။

သွေးအနှစ်သာရ စွမ်းအားများကို ဆက်လက် သန့်စင်ပြီး ပေါင်းစပ်လာသည်နှင့်အမျှ၊ ရွှေရောင် ချက္ကရခုနစ်ခုသည် ပိုမိုတောက်ပပြီးရင်း တောက်ပလာသည်။

ခဏအကြာတွင် ခပ်တိုးတိုး အသံနှင့်အတူ နောက်ထပ် ရွှေရောင်ချက္ကရတစ်ခု ထွက်ပေါ်လာတော့သည်။

အဋ္ဌမမြောက် ရွှေရောင်ချက္ကရ။

သူ၏ နဝမနဂါးသွေးမျိုးဆက်က အခြားအဆင့်တစ်ခုသို့ တိုးမြင့်လာပြီး နတ်ဘုရားအဆင့်ရှစ် ဖြစ်လာခဲ့သည်။

နဝမနဂါး၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားပြီး ရှည်လျားလာကာ သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်၏။ ၎င်း၏ အရွယ်အစားက နှစ်ဆတိုးလာကာ ပို၍ပင် ကြီးကျယ်ခမ်းနားလာတော့သည်။

"သိမ်းမယ်"

လုမင်၏ အတွေးတစ်ခုဖြင့် နဝမနဂါးသွေးမျိုးဆက်က လျင်မြန်စွာ ကျုံ့သွားကာ သွေးအလင်းကဲ့သို့ လုမင်၏ကျောရိုးထဲကို ဝင်ရောက်သွားခဲ့သည်။

"မျှော်လင့်ထားသလိုပဲ၊ နဂါးစွမ််းအားလည်း ပိုများလာတယ်။ နေပါဦး... ဒီနဂါးစွမ်းအားက အရမ်းအစွမ်းထက်တယ်"

ထူးခြားမှုကို အနည်းငယ် သတိပြုမိပြီးနောက် လုမင်၏ မျက်လုံးများက တောက်ပလာသည်။

နဝမနဂါးသွေးမျိုးဆက်ကို အဆင့်မြှင့်ခြင်းက နဂါးစွမ်းအားသစ်ကို မွေးဖွားပေးခဲ့သည်။ သို့ရာတွင် အဋ္ဌမမြောက် နဂါးစွမ်းအားက အလွန်အစွမ်းထက်ကြောင်း လုမင် ခံစားခဲ့ရ၏။ ၎င်းက ယခင် နဂါးစွမ်းအားခုနစ်ခု ပေါင်းစပ်ထားခြင်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

တကယ်တော့၊ လုမင်သည် ဤမတိုင်မီကတည်းက နဂါးစွမ်းအားများမှာ ယခင်အင်အားများထက် နောက်တစ်ခုက ပိုအားကောင်းမှန်း သိထားပြီး ဖြစ်သည်။ သို့ရာတွင် တိုးတက်နိုင်မှု အတိုင်းအတာမှာ အလွန်အကန့်အသတ်ရှိ၏။ ၎င်းက ချဲ့ကားလွန်းသည်အထိ မဟုတ်ပေ။

သို့ရာတွင် အဋ္ဌမမြောက် နဂါးအင်အားက ပထမ နဂါးစွမ်းအားခုနစ်ခုထက် များစွာ အားကောင်းလာခဲ့သည်။

'နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်က အမှန်တကယ် ထူးကဲပါပေတယ်။ နတ်ဘုရား အဆင့်ရှစ် သွေးမျိုးဆက်ကို နိုးထစေနိုင်သူတွေသာ ဗဟိုတိုက်ကြီးရဲ့ ဒုတိယတန်းစား ပါရမီရှင်တွေလို ခေါ်နိုင်တယ်။ နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်က နတ်ဘုရားအဆင့်ရှစ်ထက် အများကြီး အားနည်းခဲ့တာပဲ'

တွေးရင်းဖြင့်၊ လုမင်၏ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

နဂါးစွမ်းအားက ပိုအားကောင်းလာလေလေ၊ ထုတ်ဖော်ပြီးသောအခါ သူ၏ တိုက်ခိုက်နိုင်စွမ်းက ပိုအားကောင်းလေပင်။

လုမင်သည် နဝမနဂါးသွေးမျိုးဆက်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသောအခါ ဘာဖြစ်မည်ကို စောင့်မျှော်နေခဲ့သည်။ နဂါးစွမ်းအားက မည်မျှ အားကောင်းမလဲဆိုတာ သိချင်ခဲ့ပေသည်။

နတ်ဘုရားအဆင့်ရှစ်နှင့် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်များကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိသည်။

ဘုရင်ငယ်အဆင့် ပါရမီရှင်များနှင့် ဒုတိယတန်းစား ပါရမီရှင်တို့ကြား ခြားနားချက်ကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပေလိမ့်မည်။

နဝမနဂါးနှင့် ငရဲဖိနှိပ်ကျောက်စာတိုင် သွေးမျိုးဆက်နှစ်ခုစလုံးက နတ်ဘုရားအဆင့်ကိုးသို့ ရောက်ရှိသောအခါ၊ လုမင်၏အင်အားက မည်မျှအားကောင်းလာမည်နည်း။

လုမင်သည် ယခုအချိန်တွင် သူ၏ နဂါးစွမ်းအားကို အကုန်ပေါက်ကွဲပါက မင်ကျစ်၊ ခေါင်းသုံးလုံးငရဲခွေးနှင့် အခြားသူများကဲ့သို့ ဘုရင်ငယ်များကို ပို၍မြန်မြန် အနိုင်ယူနိုင်မည် ဖြစ်သည်။

ထို့နောက်တွင် လုမင်က အဖိုးအိုနှစ်ယောက်၏ သိုလှောင်လက်စွပ်များကို ဖယ်ထုတ်လိုက်သည်။ သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်သောအခါ မီးတောက်များ ထွက်ပေါ်လာပြီး အဘိုးအိုနှစ်ယောက်၏ အလောင်းများးကို ပြာဖြစ်သွားစေခဲ့တော့သည်။

'ငါ့ကိုသတ်ဖို့ လူတွေကို ဘယ်သူက စေလွှတ်ခဲ့တာလဲ'

လုမင် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။

ပထမတော့ သူဟာ သူ့ကိုသတ်ရန် ရှဲ့ချီထျန်းမှ လူများ လွှတ်လိုက်တာဟု ထင်ခဲ့သည်။ သို့ရာတွင်၊ နောက်ပိုင်းမှာ ထိုလူများက သူ့ကိုသတ်ပြီး ရှဲ့နျန်ချင်းကိုပါ သတ်ချင်ကြောင်း ပြောခဲ့၏။ ယင်းကြောင့် လုမင်ဟာ ရှဲ့ချီထျန်းမဖြစ်သင့်ဟု ကောက်ချက်ချခဲ့သည်။

ရှဲ့ချီထျန်းသည်သာ ရှဲ့နျန်ချင်းကို သတ်ချင်ပါက အရင်ကတည်းက လုပ်ခဲ့ပေလိမ့်မည်။ ဘာကြောင့် ယခုအချိန်အထိ စောင့်နေပါမည်နည်း။

လုမင်သည် ဤလူများကို အခြားသူများက စေလွှတ်လိုက်သည်ဟု မှန်းဆထားခဲ့သည်။

'ဒါက ရှဲ့ကျန်း ဖြစ်နိုင်မလား။ ဒါပေမဲ့ ရှဲ့ကျန်းက အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို စည်းရုံးတဲ့အထိ စွမ်းအားကြီးနိုင်ပါ့မလား'

လုမင် ဆက်၍ တွေးတောလိုက်၏။

ရှဲ့ချီထျန်းတွင် မင်းသားတစ်ဒါဇင်ကျော် ရှိသည်။ ထိုအထဲတွင် ရှဲ့ကျန်း၏ အရည်အချင်းက သာမန်ဆန်လွန်း၍ သူ့တွင် ဤမျှကြီးမားသော စွမ်းအားရှိရန် မဖြစ်နိုင်ပေ။

'ရှဲ့ကျန်းဆိုရင်တောင် သူ့ကို ကူညီတဲ့သူ ရှိသင့်တယ်။ ဒါက ရှဲ့ချီယု ဖြစ်နိုင်မလား'

လုမင်က သံသယဖြစ်စရာလူများကို ဆက်၍ တွေးကြည့်သည်။

နောက်ဆုံးတွင်၊ ဤလူနှစ်ယောက်က သူ့ကို သေစေချင်နေခဲ့၏။ တစ်ချိန်တည်းမှာပင် ရှဲ့ကျန်းက ရှဲ့နျန်ချင်းကို လုပ်ကြံရန် လူများကို မကြာခဏ စေလွှတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူဟာ ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်သည်။

"ရှဲ့ကျန်း"

လုမင်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားသည်။ ဤသူက လုမင် သတ်ကိုသတ်ပစ်ရမည့် လူတစ်ယောက်ပင်။

ခဏစဉ်းစားပြီးနောက် လုမင်လည်း တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်ကာ ငရဲကိုးခု နတ်ဆိုးနယ်မြေ နက်နဲရာအရပ်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။

ဤတစ်ခါတော့ လုမင်သည် သူ့အရှိန်ကို လျှော့ချလိုက်၏။ လမ်းတလျှောက်တွင် သူ့ကို တိုက်ခိုက်ခဲ့သည့် မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင် အတော်များများနှင့် ကြုံခဲ့ရသည်။ သူတို့အားလုံးက ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိကြ၏။ အဆင့်ခုနစ်၊ အဆင့်ရှစ်နှင့် အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိခဲ့သည်။ သူတို့အားလုံးကို လုမင်က အလွယ်တကူ သတ်ပစ်ခဲ့၏။ သို့သော်လည်း၊ ကျောက်စိမ်းအမှတ်အသားတွင် မည်သည့်အမှတ်မျှ မပေါ်သေးပါ။

"ရှဲ့ချီထျန်း ငါ့ကို လိမ်လိုက်တာပဲလား"

လုမင်၏ မျက်လုံးများက အေးစက်စက်အလင်းများ လင်းလက်သွားခဲ့သည်။ ထို့နောက်မှာတော့ ဆက်လက် ပျံသန်းသွားတော့သည်။

သူ မည်မျှ ခရီးဆက်လာခဲ့မှန်း မသိပေ။ တစ်ရက်အကြာတွင် လုမင်၏ရှေ့မှာ မြို့ကြီးတစ်မြို့ ပေါ်လာခဲ့သည်။

အဝေးမှ လှမ်းကြည့်လိုက်တော့ မြို့ထဲတွင် လူရိပ်များကို မြင်လိုက်ရ၏။

၎င်းတို့က လူသား ကျင့်ကြံသူများဖြစ်ကာ မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်များ မဟုတ်ပေ။

ဤသည်မှာ လူသားမျိုးနွယ်စု၏ စုစည်းရာနေရာ ဖြစ်သင့်သည်။ ‌လုမင်လည်း တောက်ပသော မျက်လုံးများနှင့် မြို့တော်ကို ပျံသန်းသွားတော့သည်။

လူများရှိလျှင် ရှဲ့နျန်ချင်းအကြောင်း မေးနိုင်သည်။

လုမင် ချဉ်းကပ်လာသောအခါ မြို့ရိုးပေါ်ရှိ လူများက သတိပြုမိသွားသည်။ ၎င်းတို့က သူ့ကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။

"ဒါက လူသားပဲ"

မြို့ရိုးပေါ်တွင် တစ်စုံတစ်ယောက်က တီးတိုးပြောရင်း မျက်လုံး အရောင်လက်သွားသည်။

"မင်းဘယ်သူလဲ"

မြို့ရိုးပေါ်တွင် တစ်စုံတစ်ယောက်က မေး၏။

"မကြာ​သေးခင်​က​မှ ငရဲနယ်မြေထဲကို ဝင်လာတာ၊ ​ကျေးဇူးပြုပြီး ဝင်​ခွင့်​​ပေးပါ"

လုမင် ပြောလိုက်သည်။

"လူသစ်လား"

မြို့ရိုးပေါ်ရှိလူများ၏ မျက်လုံးများက အရောင်လက်‌သွားကာ ပြောလိုက်သည်။

"မင်းက လူသားပဲ၊ ဝင်လာခဲ့ပါ"

လုမင်လည်း ခေါင်းညိတ်ပြကာ မြို့ရိုးကိုပျံသန်းပြီး မြို့ဆီသို့ ဦးတည်လိုက်သည်။

မြို့က သိပ်မကြီးပေ။ လမ်းပေါ်မှာလည်း လူအနည်းငယ်သာ ရှိသည်။

လမ်းတစ်ဖက်စီကို ကြည့်လိုက်ပါက မြို့ရိုးပတ်လည်တွင် လူတစ်ရာခန့် ရှိနေကြောင်း မြင်ရသည်။ မြို့တွင်းရှိ အဆောက်အဦတစ်ခုစီ၏ ထိပ်မှာလည်း တင်ပျဉ်ခွေထိုင်ပြီး လေ့ကျင့်နေပုံရသော လူတစ်ရာကျော် တွေ့ခဲ့ရပေသည်။

All Chapters