← Chapters

အခန်း ၁၁၃၈

Vol. 76 Ch. 1138

အခန်း ၁၁၃၈

Vol. 76 Ch. 1138

အပိုင်း ( 1138 ) လှည့်ဖြားမှု။

လုမင် မြို့ထဲကို ရောက်လာသည်နှင့် မျက်လုံးအကြည့်များက ကျရောက်လာသည်။

"သူက လူသစ်ပဲ။ တော်ဝင်မိသားစုက မိစ္ဆာနတ်ဆိုးတွေကို အမဲလိုက်ဖို့ လူတွေ စေလွှတ်ရမယ့် အချိန်မဟုတ်သေးဘူး။ သူက တော်ဝင်မိသားစုကို စော်ကားခဲ့လို့ ဒီနေရာကို ပြည်နှင်ခံခဲ့ရပုံပဲ"

"သူက အရမ်းငယ်သေးတာပဲ။ အစွမ်းထက်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်နိုင်တယ်။ သူက အတော်ချမ်းသာမှာတော့ အသေချာပဲ၊ အဟဲ"

"ဒီကောင်လေးကို ငါ့အတွက် ထားပါ၊ ငါ ကျောက်ကြမ်းတွေ လိုတယ်"

"တော်စမ်း၊ ဘယ်သူက ကျောက်ကြမ်းတွေကို မလိုလို့လဲ။ ဒီကောင်လေးက ငါ့အတွက်ပဲ"

ပတ်ဝန်းကျင်မှ အသံပေါင်းများစွာ ထွက်ပေါ်လာကာ လုမင်ကို ပူလောင်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြသည်။

ဤအသံများက လုမင်၏နားထဲကို သဘာဝအတိုင်း ဝင်ရောက်လာသည်။ အေးစက်စက်အလင်းများ လင်းလက်သွားကာ သူ မျက်မှောင်ကြုတ်လိုက်၏။

"သူက ငါ့ဟာပဲ"

ရုတ်တရက် အော်သံတစ်ခုနှင့် ထွားကျိုင်းသော လူကြီးတစ်ယောက် ပေါ်လာခဲ့သည်။ သူက လက်ကြမ်းကြီးများနှင့် လုမင်ကို ဖိချလိုက်သည်။

အားကောင်းသော အင်အားတစ်ခုက လုမင်ဆီသို့ တိုးဝင်လာကာ ဟင်းလင်းပြင်သည်ပင် တုန်လှုပ်သွား၏။ ၎င်းက အတင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။

"မင်း သေချင်နေပြီ"

လုမင်၏ အကြည့်များက အေးစက်သွားကာ လက်ဝါးစောင်းနှင့် လွှဲခုတ်လိုက်သည်။ သူ၏လက်ဝါးက ဓားတစ်လက်ကဲ့သို့ဖြစ်ကာ လူထွားကြီး၏လက်ဝါးကို ခုတ်ချလိုက်၏။

"ဂျွတ်"

ထိုလူကြီး၏ လက်ဝါးအရိုးများက တခါတည်းကျိုးကြေသွားကာ အော်ညည်းလိုက်ရသည်။ သူသည် ကသောကမျော နောက်ဆုတ်ရင်း လုမင်ကို ကြောက်ရွံ့ဟန်ဖြင့် ကြည့်လိုက်သည်။

"ဒီကောင်လေးမှာ အစွမ်းအစရှိတာပဲ။ အတူတူ တိုက်ခိုက်ကြစို့"

တစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ ခဏချင်းပင် ပုံရိပ်ခုနစ်ခု ထွက်လာခဲ့၏။

ဤပုံရိပ်များက အမှန်တကယ်ပင် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သည်။

ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများအပြင် ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများလည်း ရှိ၏။ အသန်မာဆုံးမှာ တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများဖြစ်သည်။

သူတို့ ရှစ်ယောက်က အတူတူ တိုက်ခိုက်သောအခါ အင်အားက အလွန်ကြောက်စရာကောင်းသည်။ တိုက်ခိုက်မှုမျိုးစုံက အရပ်ရပ်မှ လုမင်တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ သာမန် တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ပါက၊ ကျွမ်းကျင်သူများစွာ၏ တိုက်ခိုက်အောက်တွင် ဒဏ်ရာရခြင်း သို့မဟုတ် ဖိနှိပ်ခံရခြင်းပင် ဖြစ်နိုင်သည်။

သို့သော်၊ သာမန် တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက လုမင်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းပြီး ရှစ်ကြိမ်ဆက်တိုက် ရိုက်ထုတ်လိုက်သည်။

"အုန်း ဖြောင်း ဒိုင်း..."

ပေါက်ကွဲသံ ရှစ်ချက် ထွက်ပေါ်လာကာ အရိုးကျိုးသံများနှင့် အော်ညည်းလိုက်သံများ တစ်ဆက်တည်း ထွက်ပေါ်လာတော့သည်။

လူရှစ်ဦးက သွေးချင်းချင်းနီကာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများထဲသို့ ပြင်းပြင်းထန်ထန် လွင့်စဉ်သွားခဲ့သည်။

ပထမအဆင့် ဝိညာဉ်နတ်ဘုရား၊ ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရား၊ သို့မဟုတ် တတိယအဆင့် ဝိညာဉ်နတ်ဘုရားပင် ဖြစ်ပါစေ၊ သူတို့အားလုံး တူညီသောကံကြမ္မာကို ခံစားခဲ့ကြရပေသည်။

ဤသည်ကပင် လုမင်က ကရုဏာပြခဲ့၍ ဖြစ်သည်။ မဟုတ်ပါက သူတို့အားလုံး တစ်ချက်တည်းနှင့် သေဆုံးသွားရပေလိမ့်မည်။

လူတိုင်းသည် လုမင်ကို ထိတ်လန့်တကြားဖြင့်ကြည့်ရင်း ပင့်သက်ရှိုက်လိုက်သည်။

ကြောက်စရာကောင်းလွန်းလှပေသည်။ ၎င်းက တစ်ချက်တည်းသာ လှုပ်ရှားသော်လည်း ကျွမ်းကျင်သူ ရှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်မှ ကျွမ်းကျင်သူပင် ခြွင်းချက်မရှိပေ။ ဤသည်က အဘယ်သို့သော တိုက်ခိုက်နိုင်စွမ်း ဖြစ်မည်နည်း။

ထို့အပြင်၊ မယုံနိုင်စရာကောင်းအောင် သူက အလွန် ငယ်ရွယ်သေးသည်။

"သူက အပြင်လောာကရဲ့ ထိပ်တန်း ပါရမီရှင်တွေထဲက တစ်ယောက် ဖြစ်နိုင်မလား"

တစ်စုံတစ်ယောက်က တုန်လှုပ်သောလေသံဖြင့် ပြောလိုက်သည်။ လူတိုင်း ထိတ်လန့်သွားကြ၏။

မည်သူမျှ မလှုပ်ရဲတော့ပေ။

ဤမြို့တွင် လူရာဂဏန်းခန့်ရှိသော်လည်း၊ ၎င်းတို့အားလုံးက ဝိညာဉ်နတ်ဘုရားများ မဖြစ်နိုင်ပါ။ တကယ်တော့၊ သူတို့ထဲတွင် အများစုက ဝိညာဉ်သန္ဓေသား နယ်ပယ်များ ဖြစ်သည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက တစ်ဒါဇင်ခန့်သာ ရှိပေသည်။

လုမင်က အေးစက်စက်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လုမင်၏အကြည့်နှင့် ရင်ဆိုင်ရသောအခါ အားလုံး တုန်လှုပ်သွား၏။ လူတိုင်းက ခေါင်းလျှိုသွားကာ လုမင်ကို တိုက်ရိုက် မကြည့်ဝံ့ကြပေ။

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့် ကျွမ်းကျင်သူ၏ အပေါ်တွင်ပေါ်လာသည်။

၎င်းက ဆံပင်ဖြူဖွေးနေသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။ ဤအခိုက်တွင် အဘိုးကြီးက လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်၏။

ယခုလေးတင်၊ လုမင်၏ လက်ဝါးရိုက်ချက်က အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပါရှိသော်လည်း မပေါက်ကွဲခဲ့ပေ။ ပေါက်ကွဲသွားလျှင် သူသေနေပြီဟု ခံစားခဲ့ရသည်။

"သူရဲကောင်းလေး... ချမ်းသာပေးပါ၊ ဒီအဘိုးကြီးက ခဏလောက် စိတ်လွတ်သွားလို့ပါ"

အဘိုးအိုက တောင်းပန်လိုက်သည်။

"ပြောစမ်း၊ ငါဝင်လာတာနဲ့ မင်းတို့ငါ့ကို ဘာဖြစ်လို့ တိုက်ခိုက်တာလဲ"

လုမင်က အေးစက်စက်ဖြင့် မေးလိုက်သည်။

"ဟင်း၊ ငါတို့က အတင်း ဖိအားပေးခံရတာပါ။ သူရဲကောင်းလေး... မင်းက အခုမှ ငရဲနယ်‌မြေကို ဝင်လာခဲ့တာ မဟုတ်လား။ ငါ မင်းကို အသေးစိတ် ရှင်းပြပါရစေ"

အဘိုးကြီးက သက်ပြင်းချကာ အသေးစိတ် ရှင်းပြလိုက်သည်။

ဤလူများက တော်ဝင်မိသားစုကို စော်ကားခဲ့ခြင်း သို့မဟုတ် ရှေးဟောင်းသူတော်စင်မင်းဆက်နှင့် တစ်ခုခု ညိစွန်းခဲ့သူများ ဖြစ်သည်။ သူတို့၏ အမှားများကြောင့် သူတို့အပြစ်များကို ချေဖျက်ရန်၊ မိစ္ဆာနတ်ဆိုးများကို အမဲလိုက်ရန်အတွက် ‌ငရဲကိုးခု နတ်ဆိုးနယ်မြေသို့ နှင်ထုတ်ခံခဲ့ရသည်။

သို့သော်၊ ငရဲကိုးခုနတ်ဆိုးနယ်မြေတွင် မိစ္ဆာနတ်ဆိုးများက အလွန်များပြီး နေရာတိုင်းတွင် ရှိခဲ့သည်။ ယင်းက အန္တရာယ်များလွန်းခဲ့ပေသည်။

လူသားကျင့်ကြံသူများက နတ်ဆိုးနယ်မြေတွင် နတ်ဆိုးစွမ်းအင်များကို အလွန်နှေးကွေးစွာ စုပ်ယူ သန့်စင်ကြရသည်။ သူတို့ ယူဆောင်လာသည့် ကျောက်ကြမ်းများကလည်း ဟိုအရင်ကတည်းက သုံး၍ကုန်သွားပြီ။ နတ်ဆိုးစွမ်းအင်များကို တဖြည်းဖြည်းသန့်စင်ပြီး မိစ္တာနတ်ဆိုးများနှင့် တိုက်ခိုက်ရခြင်းက အဆင်မပြေပေ။

တစ်ခါတစ်လေ၊ သူတို့က အမဲလိုက်သူများမဟုတ်ဘဲ မိစ္ဆာနတ်ဆိုးများ၏ တန်ပြန်အမဲလိုက်ခြင်းကိုပင် ခံရသည်။ ထို့ကြောင့် မိစ္ဆာနတ်ဆိုးများကို ခုခံကာကွယ်ရန် အတူတကွစုရုံးပြီး မြို့ကို တည်ဆောက်ရန်အပြင် ရွေးချယ်စရာ မရှိတော့ပေ။

ဤသည်ကပင် ဤမြို့လေးကို လုမင် မြင်တွေ့ရသည့် အကြောင်းရင်း ဖြစ်သည်။

ငရဲကိုးခုနတ်ဆိုးနယ်မြေတွင် လူသားများအတွက် အဖိုးအတန်ဆုံးက ကျောက်ကြမ်းများ ဖြစ်သည်။ ထို့ကြောင့်ပင် ငရဲကိုးခုနတ်ဆိုးနယ်မြေကို လုမင် ဝင်ရောက်လာကြောင်း မြင်ရပြီးနောက် သဘာဝအတိုင်း လောဘကြီးကာ လုယက်လိုခဲ့ကြသည်။

မညှာတမ်းပြောရလျှင် ဤလူများက သနားစရာကောင်းသည့် လူတစ်စုသာ ဖြစ်ပေသည်။

"မင်းတို့အားလုံး ထွက်သွားပါ။ ငါ မင်းတို့ကို ခက်ခဲတဲ့အရာတွေ လုပ်မှာမဟုတ်ဘူး"

လုမင်က သူ့ကိုတိုက်ခိုက်ခဲ့သူများကို လက်ဝှေ့ယမ်းပြီး နှင်လိုက်သည်။ အဘိုးကြီးကိုတော့ ခေါ်ထားလိုက်လေသည်။

ဤပိန်ပိန်အဘိုးကြီး၏ ကျင့်ကြံခြင်းက ဤလူများထဲတွင် အသန်မာဆုံး ဖြစ်သည်။ ၎င်းက ဤလူများ၏ ခေါင်းဆောင် ဖြစ်ရပေလိမ့်မည်။

"သူရဲကောင်းလေး၊ မင်းမှာ တခြား ပြောစရာရှိလို့လား"

အဘိုးကြီးက လုမင်ကို ကြောက်ရွံ့ဟန်ဖြင့် ကြည့်လိုက်သည်။

အမှန်အတိုင်းဆိုရလျှင် သူ၏ဘဝတွင် ဤမျှ အစွမ်းထက်သော လူငယ်ပညာရှင်အား တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။

"မင်းကို မေးပါရစေ၊ မင်းတို့ကိုလည်း တော်ဝင်မိသားစုက မိစ္ဆာနတ်ဆိုးတွေကိုသတ်ဖို့ စေလွှတ်ခဲ့တာလား။ အမှတ်တွေစုဖို့လေ။ မင်း အမှတ်တွေ လုံလုံလောက်လောက်ရရင် သူတို့က ပြန်လွှတ်ပေးမှာ မဟုတ်လား"

လုမင် မေးလိုက်သည်။

"ဟုတ်တာက ဟုတ်ပါတယ်၊ ဒါပေမယ့် အမှတ်တွေကတော့ လှည့်စားမှုတစ်ခုပဲ"

ပိန်ပိန်အဘိုးကြီးက အံကြိတ်လိုက်သည်။

"လှည့်စားတာလား၊ ဘာဖြစ်လို့လဲ။ နောက်ပြီးတော့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ကို သတ်တာက ငါ ဘာဖြစ်လို့ အမှတ်မရခဲ့တာလဲ"

လုမင် မေးလိုက်၏။

"သူရဲကောင်းလေး၊ တော်ဝင်မိသားစုက မင်းကို ဘယ်နှစ်မှတ်ရမယ်လို့ ပြောလိုက်လဲ"

အဘိုးကြီးက ပြန်မေးသည်။

"တစ်သောင်း"

လုမင် ပြောလိုက်သည်။

"တစ်သောင်းလား"

အဘိုးကြီး မျက်လုံးများပြူးကျယ်ကာ မယုံကြည်နိုင်မှုများ ပြည့်သွားသည်။ ထို့နောက် မောဟိုက်သွားသလို သက်ပြင်းချလိုက်တော့သည်။

လုမင်လည်း အဘိုးအို ပြောလာမည့်စကားကို တိတ်တဆိတ် စောင့်နေခဲ့သည်။

"ဟင်း၊ ငါ့အမြင်အရတော့ တော်ဝင်မိသားစုက မင်းကိုလွှတ်ပေးဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူး၊ မင်းကို ဒီမှာပဲ တစ်သက်လုံး ချုပ်နှောင်ထားလိမ့်မယ်"

အဘိုးကြီးက မချိပြုံးပြုံးကာ ပြောလိုက်သည်။

"မင်း ဘာကိုဆိုလိုတာလဲ"

လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

"သူရဲကောင်းလေး၊ အမှတ်တွေ ဘယ်လိုရတယ်ဆိုတာ မင်း မသိသေးဘူး မဟုတ်လား။ ငါ ရှင်းပြပါမယ်။ အမှတ်တွေက ဝိညာဉ်နတ်ဘုရားနယ်ပယ်အောက်က မျိုးနွယ်ဝင်တွေအတွက် အကျုံးမဝင်ဘူး။ ဝိညာဉ်နတ်ဘုရားနယ်ပယ်နဲ့အထက် မျိုးနွယ်ဝင်တွေကိုသတ်မှ အမှတ်ရနိုင်တယ်"

"အဆင့်တစ် ဝိညာဉ်နတ်ဘုရားက တစ်မှတ်၊ အဆင့်နှစ်က နှစ်မှတ်၊ အဆင့်သုံးက သုံးမှတ် ပေးလိမ့်မယ်။ အဆင့်ကိုးက ကိုးမှတ်ရပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံမှုကတော့ ဆယ်မှတ်ရနိုင်တယ်"

"တကယ်လို့ အဓိပဓိနယ်ပယ်ကိုသတ်ရင် အမှတ်တစ်ရာပေးပြီး သိုင်းအုပ်ချုပ်သူနယ်ပယ် မိစ္ဆာနတ်ဆိုးကို သတ်နိုင်ခဲ့ရင် အမှတ်တစ်သောင်း ပေးလိမ့်မယ်"

အဘိုးကြီးက ရှင်းပြလိုက်သည်။

"သေစမ်း"

လုမင် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ့မျက်လုံးများမှ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့၏။

သူ လှည့်စားခံလိုက်ရကြောင်း နားလည်ခဲ့ပြီ။ ဂုဏ်သိက္ခာရှိသော သူတော်စင်ဧကရာဇ် ရှဲ့ချီထျန်းက သူ့အား အမှန်တကယ် လှည့်စားခဲ့သည်။

ဤအမှတ်ပြောင်းလဲခြင်းအရ အမှတ်တစ်သောင်းကို မည်သို့ရရှိနိုင်မည်နည်း။

ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အဖွဲ့ဝင်တစ်ဦးကို သတ်ခြင်းက သူ့အား တစ်မှတ်သာ ပေးမည်ဖြစ်ပြီး ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားကို သတ်ခြင်းဖြင့် ဆယ်မှတ်သာ ရနိုင်သည်။

အဓိပဓိအဆင့် မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးပင်လျှင် အမှတ်တစ်ရာသာ ပေး၏။ ဆိုလိုသည်မှာ သူက အမှတ်တစ်သောင်း ရရှိရန်အတွက် အဓိပဓိအဆင့် မိစ္ဆာနတ်ဆိုး အဖွဲ့ဝင်တစ်ရာကို သတ်ရမည် ဖြစ်သည်။

ထို့အပြင်၊ မိစ္ဆာနတ်ဆိုးဧကရာဇ်ကို အမှတ်တစ်သောင်း ပေးသည်။ သို့ရာတွင် မိစ္ဆာနတ်ဆိုးဧကရာဇ်ကို မည်သို့ သတ်ရပါမည်နည်း။

ငရဲကိုးခု နတ်ဆိုးနယ်မြေတွင် မိစ္ဆာဧကရာဇ် ရှိမရှိကို မပြောလိုသေးပါ။ ရှဲ့ချီထျန်းပင်လျှင် မလုပ်ဆောင်နိုင်သောအရာကို လုမင်က မည်သို့ လုပ်နိုင်ပါမည်နည်း။

All Chapters