အခန်း ၁၁၃၉
Vol. 76 Ch. 1139
အပိုင်း ( 1139 ) ရှဲ့နျန်ချင်းရဲ့ သတင်း။
အမှတ်တစ်သောင်းက လုမင်၏ တစ်သက်လုံး ရနိုင်တော့မည် မဟုတ်ပေ။ သူတို့က လုမင်ကို ငရဲကိုးခုနတ်ဆိုးနယ်မြေတွင် ထာဝရ အကျဉ်းချချင်ခဲ့ကြသည်။
ယင်းက တကယ်ကို ရက်စက်ပြီး ပညာသားပါးသည့် နည်းလမ်းတစ်ခုပင်။
လုမင်ထံမှ ထွက်ပေါ်လာသော အေးစက်စက် သတ်ဖြတ်ချင်စိတ်များက အဘိုးကြီးကို တုန်လှုပ်စေခဲ့သည်။
"ရှောင်ချင်းကိုပဲ အရင်ရှာတာပေါ့"
လုမင်လည်း အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။
"ဆရာကြီး၊ မင်းသမီးဆယ့်ခြောက် ရှဲ့နျန်ချင်းက ဘယ်မှာဆိုတာ မင်းသိလား"
လုမင်လည်း နောက်ဆုံးတွင် သူအသိချင်ဆုံးမေးခွန်းကို မေးလိုက်သည်။
ငရဲကိုးခုနတ်ဆိုးနယ်မြေက အလွန်ကြီးမားသည်။ ဤနေရာတွင် လူတစ်ယောက်ကို ရှာဖွေခြင်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသကဲ့သို့ပင်။ ဤအဘိုးအိုက ဤနေရာတွင် နှစ်အတော်ကြာ နေခဲ့သောကြောင့် တစ်စုံတစ်ခုကို သိနိုင်သည်။
"မင်းသမီးဆယ့်ခြောက်လား၊ တော်ဝင်မိသားစုက မင်းသမီးကို ပြောတာာလး"
အဘိုးအိုက ပြောသည်။
"ဟုတ်ပါတယ်"
လုမင် ခေါင်းညိတ်လိုက်၏။
"သူ့ကိုတော် ငါ အမြင်ကောင်းတွေရှိပါတယ်။ မင်းသမီးဆယ့်မြောက်က လွန်ခဲ့တဲ့ သုံးနှစ်ကပဲ ငရဲကိုးခုနတ်ဆိုးနယ်မြေကို ပြည်နှင်ဒဏ် ခံခဲ့ရတာ။ သူ ဒီကို စရောက်တုန်းကတော့ သူ့ရဲ့ ကျင့်ကြံခြင်းက အားနည်းခဲ့ပါတယ်။ အစက ငရဲကိုးခုနတ်ဆိုးနယ်မြေအစွန်းမှာ သူ ခဏနေခဲ့တယ်။ နောက်ပိုင်းကျတော့ ဒီမြို့မှာ တစ်နှစ်လောက် ထပ်နေခဲ့တယ်လေ။ ငါ သူနဲ့ တော်တော်ရင်းနှီးခဲ့ပါတယ်"
"ဟင်း... တော်ဝင်မိသားစုက သူ့လို ရှားပါးပါရမီရှင်တစ်ယောက်ကို ဒီလောက်ဆိုးဆိုးရွားရွားဆက်ဆံခဲ့တာ သနားစရာပဲ။ ဒါနဲ့ မင်းက ဘာဖြစ်လို့ သူ့ကိုရှာနေတာလဲ"
အဘိုးကြီးက ရှဲ့နျန်ချင်းအတွက် စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
ယင်းကိုကြားတော့ လုမင်၏ မျက်လုံးများက တောက်ပသွားသည်။
"ငါက သူ့သူငယ်ချင်းပါ။ အခု သူဘယ်ရောက်နေလဲ မင်းသိလား"
"ငါမသိပါဘူး"
အဘိုးအိုက ခေါင်းခါယမ်းပြီး ပြောလိုက်ပြီး ပြောလိုက်သည်။
"တော်ဝင်မိသားစုက မင်းလိုပဲ မင်းသမီးဆယ့်ခြောက်ကို အမှတ်တစ်သောင်း တောင်းလိုက်တယ်။ ဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ပိုအားကောင်းလာပြီးနောက်မှာတော့ ဒီကနေ ထွက်ခွာပြီး ငရဲကိုးခု မိစ္ဆာနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားတော့တာပဲ"
အဘိုးကြီး၏စကားကြောင့် လုမင် လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ သူ့နှလုံးသားထဲတွင် လူသတ်ချင်စိတ်များက ထိန်းမနိုင်သိမ်းမရ ထပ်မံ ထွက်ပေါ်လာခဲ့၏။
တော်ဝင်မိသားစု၊ ရှဲ့ကျန်းနှင့် ရှဲ့ချီထျန်းတို့အပေါ် သူ၏ သတ်ဖြတ်ချင်စိတ်က အလွန် အားကောင်းနေခဲ့ပြီ။
သူတို့က ရှဲ့နျန်ချင်းကို ငရဲကိုးခု နတ်ဆိုးနယ်မြေတွင် တစ်သက်လုံး အကျဉ်းချချင်ကြသည်။
အထူးသဖြင့် လွန်ခဲ့တဲ့ သုံးနှစ်က။
ထိုအချိန်က ရှဲ့နျန်ချင်းသည် ဝိညာဉ်ပင်လယ်နယ်ပယ်တွင်သာ ရှိခဲ့သော်လည်း ၎င်းတို့က ငရဲကိုးခုနတ်ဆိုးနယ်မြေသို့ အကျဉ်းချခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမ ကြုံတွေ့ခဲ့ရသော အန္တရာယ်များကို စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။
ယင်းကိုတွေးရင်း လုမင်၏ နှလုံးသားများ နာကျင်သွားရသည်။
ယခုဆိုလျှင် ရှဲ့နျန်ချင်းက ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ အတွင်းပိုင်း နက်နဲရာသို့ပင် ဝင်ရောက်သွားခဲ့ပြီ။ သူမ ဘယ်နေရာကို ရောက်သွားပါမည်နည်း။
အတွေးများ ယောက်ယက်ခတ်နေပြီးနောက် ပြန်လည် ငြိမ်သက်သွားခဲ့သည်။
"ဆရာကြီး၊ ဒီကျောက်ကြမ်းတွေကို ယူလိုက်ပါ"
လုမင်က ကျောက်ကြမ်း သောင်းနှင့်ချီကာ ထည့်ထားသော သိုလှောင်လက်စွပ်တစ်ကွင်းကို အဘိုးအိုအား ပေးခဲ့သည်။ ထို့နောက်မှာတော့ ကောင်းကင်သို့ ပျံတက်ကာ မြို့တော်မှ ငရဲကိုးခု နတ်ဆိုးနယ်မြေ အနက်ရှိုင်းဆုံးဆီသို့ ဦးတည်သွားတော့သည်။
ငရဲကိုးခုနတ်ဆိုးနယ်မြေတွင်လည်း နေ့နှင့်ည ရှိသည်။
နေ့ခင်းဘက်တွင် မှောင်မိုက်သော နေမင်းကြီးက ကောင်းကင်ယံ၌ တွဲခိုသည်။ ညဘက်တွင်မူ သွေးရောင်လတစ်စင်း ထွက်လာခဲ့၏။
ထို့အပြင်၊ ကောင်းကင်ယံ၌ သွေးလမင်း ပေါ်လာသောအခါ၊ ကမ္ဘာပေါ်ရှိ နတ်ဆိုးစွမ်းအင်များက အလွန်သိပ်သည်းသည်။ ဤအချိန်တွင်၊ မိစ္ဆာနတ်ဆိုးမျိုးနွယ်နှင့် နတ်ဆိုးသားရဲများက ပိုအားကောင်းလာပြီး လူသားမျိုးနွယ်ကို ဖိနှိပ်ကြလိမ့်မည်။
ကောင်းကင်ယံတွင် သွေးရောင်လရှိ၍ နတ်ဆိုးစွမ်းအင်များက အလွန်တကာ သိပ်သည်းသည်။ သို့သော်လည်း လုမင်အတွက်တော့ သက်ရောက်မှု လုံးဝ မရှိပေ။ နဝမနဂါးသွေးမျိုးဆက်၏ ဝါးမျိုခြင်းစွမ်းအင်က နတ်ဆိုးစွမ်းအင်များကိုဝါးမျိုကာ ယွမ်ချီစွမ်းအင်အဖြစ် ပြောင်းလဲပေးခဲ့သည်။
လုမင်လည်း ငရဲကိုးခု နတ်ဆိုးနယ်မြေ အနက်ရှိုင်းဆုံးသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ငရဲကိုးခုနတ်ဆိုးနယ်မြေတွင် လူသားကျင့်ကြံသူများက သိပ်တော့မနည်းပေ။ ငရဲကိုးခုနတ်ဆိုးနယ်မြေ အတွင်းပိုင်းမှာလည်း လူသားမျိုးနွယ်၏ စုဝေးရာအရပ်များ ရှိသည်။ လုမင်က လူသားမျိုးနွယ်စု၏ စုစည်းရာနေရာကို ရှာဖွေကာ သတင်း မေးမြန်းခဲ့ပေသည်။
"ဝှစ် ဝှစ်"
လေထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်ပုံရိပ်တချို့က လုမင်ကို တိုက်ခိုက်လိုက်၏။
၎င်းက ရက်စက်ကြမ်းကြုတ်သော မိစ္ဆာနတ်ဆိုးသုံးဦး ဖြစ်သည်။ သူတို့က အရိုးလှံများကို လက်ထဲတွင်ကိုင်ကာ လုမင်ကို ထိုးချလိုက်၏။ သူတို့၏ အမြန်နှုန်းက ကြောက်စရာကောင်းပြီး အရှိန်အဝါများကလည်း ကြောက်စရာကောင်းလွန်းလှပေသည်။
၎င်းတို့သုံးဦးက ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အဖွဲ့ဝင်များ ဖြစ်သည်။
ကောင်းကင်ယံတွင် သွေးရောင်လသာနေသောကြောင့် မိစ္ဆာနတ်ဆိုးအများအပြား သွားလာတတ်ကြသည်။ ဤအချိန်မျိုးတွင် ငရဲကိုးခုမိစ္ဆာနယ်မြေထဲမှာ သွားလာခြင်းက အလွန်အန္တရာယ်များသည်။
"ဂါး"
နဝမနဂါး ဟိန်းဟောက်သံနှင့်အတူ ဝါးမျိုခြင်းစွမ်းအားက မိစ္ဆာနတ်ဆိုးသုံးယောက်ကို ဖုံးလွှမ်းသွားခဲ့သည်။ မိစ္ဆာနတ်ဆိုးသုံးဦးလည်း မလှုပ်နိုင်တော့ဘဲ ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။
၎င်းတို့၏ စွမ်းအင်နှင့် သွေးအနှစ်သာရကို နဝမနဂါးက အတင်းအကြပ် ဝါးမျိုခဲ့၍ ခြောက်ကပ်သော အလောင်းသုံးကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နတ်ဘုရားအဆင့်ရှစ်သို့ ရောက်ရှိပြီးနောက် နဝမနဂါး၏ ဝါးမျိုခြင်းစွမ်းအားမှာ သံသယဖြစ်ဖွယ်မရှိဘဲ ပို၍အားကောင်းလာခဲ့သည်။
ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးသုံးကောင်ကို သတ်ဖြတ်ပြီးနောက်၊ နောက်ဆုံးတွင် ကျောက်စိမ်းပြား၌ ပြောင်းလဲမှုတစ်ခု ပေါ်လာသည်။
ကျောက်စိမ်းပြားပေါ်တွင် နံပါတ်တစ်ခု ပေါ်လာခဲ့၏...သုံး။
လုမင် လှောင်ရယ်လိုက်သည်။ ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးတစ်ဦးကို သတ်ဖြတ်ခြင်းက သူ့အား အမှတ်တစ်မှတ်သာ ပေး၏။
ကြောက်မက်ဖွယ်ကောင်းသော လိုအပ်ချက် အမှတ်တစ်သောင်းနှင့် နှိုင်းယှဉ်ပါက ဤအမှတ်မှာ ဘာများဖြစ်မည်နည်း။
လုမင်လည်း ငရဲကိုးခု နတ်ဆိုးနယ်မြေ အတွင်းပိုင်းသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ ခဏအကြာတွင်၊ ပထမအဆင့် ဝိညာဉ်နတ်ဘုရားသုံးပါး၏ သွေးအနှစ်သာရကို လုမင်မှ အပြည့်အဝ သန့်စင်ပြီးသွားခဲ့သည်။
လုမင်၏ လက်ရှိ ကျင့်ကြံခြင်းဖြင့် ပထမအဆင့် ဝိညာဉ်နတ်ဘုရား၏ သွေးအနှစ်သာရသည် သဘာဝအတိုင်း အသုံးမဝင်တော့ပေ။
ဤကဲ့သို့ဖြင့် လုမင်ဟာ သုံးရက်တိုင်တိုင် ခရီးဆက်ခဲ့သည်။
လမ်းတစ်လျှောက်တွင် တိုက်ခိုက်မှုပေါင်း တစ်ဒါဇင်ကျော် ကြုံတွေ့ခဲ့ရ၏။ တချို့က မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်ဖြစ်ကာ တချို့က နတ်ဆိုးသားရဲများ ဖြစ်သည်။ သို့သော်လည်း၊ ဝိညာဉ်နတ်ဘုရားနယ်ပယ်အထက်က အများအပြား မရှိပေ။ တိုက်ခိုက်မှုအများစုက ဝိညာဉ်သန္ဓေသားနယ်ပယ်မှ ဖြစ်သည်။
သုံးရက်အတွင်း လုမင်သည် တောင်တန်းတစ်ထောင်နှင့် မြစ်တစ်သောင်းကို ဖြတ်ကျော်ခဲ့သည်။
"သတ်၊ လူသားကို သတ်"
"သူ့ကိုသတ်"
သူ့ရှေ့မှ ခပ်ဩဩ အသံများ ထွက်ပေါ်လာသည်။ ထိုအသံကိုကြားရသည်နှင့် မိစ္ဆာနတ်ဆိုးများဖြစ်မှန်း လုမင် သဘောပေါက်ခဲ့သည်။
ထို့နောက်တွင်၊ သူ့ရှေ့မှ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားသည်။
လုမင်လည်း တုံ့ဆိုင်းမနေတော့ဘဲ အသံ၏ အရင်းမြစ်ဆီသို့ ပြေးသွားခဲ့သည်။
သုံးရက်ကြာပြီးနောက် နောက်ဆုံးမှာတော့ လူသားတစ်ဦးနှင့် ထပ်မံတွေ့ဆုံရတော့မည်။
တောင်တန်းတစ်ခုတွင် မိစ္ဆာနတ်ဆိုး ခုနစ်ယောက်မှ ရှစ်ယောက်က လူလတ်ပိုင်း လူတစ်ဦးကို ဝိုင်းရံထားကြသည်။
ထိုလူလတ်ပိုင်း၏ ကျင့်ကြံခြင်းအခြေခံက အလွန်မြင့်မားသည်။ သူက စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင်ရှိကာ မိစ္ဆာနတ်ဆိုးမျိုးနွယ်များကို တိုက်ခိုက်နေခဲ့၏။
သို့သော် မိစ္ဆာနတ်ဆိုးအားလုံးက အစွမ်းထက်ကြသည်။ ၎င်းတို့အထဲတွင် အားအနည်းဆုံးက ဒုတိယအဆင့် ဝိညာဥ်နတ်ဘုရားနယ်ပယ် ဖြစ်သည်။ ကျန်သူများက တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိကြ၏။ ၎င်းတို့ထဲတွင် စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ မိစ္ဆာတစ်ဦးပင် ရှိသေးသည်။
မိစ္ဆာနတ်ဆိုး အများအပြားက ပူးပေါင်းတိုက်ခိုက်နေသောကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားတွင် အားနည်းချက်ရှိနေပြီ ဖြစ်သည်။ သူ့ကိုယ်သူ ခုခံကာကွယ်ရုံသာ တတ်နိုင်ခဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။
"လမ်းဖယ်စမ်း"
လူလတ်ပိုင်းအရွယ် အမျိုးသားက ခွန်အားအပြည့်ဖြင့် ပြန်လည်တိုက်ခိုက်ကာ ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးတစ်ကောင်ကို သတ်ခဲ့သည်။ သို့သော်၊ စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုး၏ အရိုးဆူးက သူ့နောက်ကျောကို ထိုးဖောက်ကာ သွေးများ စီးကျလာတော့သည်။
သူက ဝိုင်းရံမှုမှ လွတ်မြောက်ရန် အစွမ်းကုန်သုံးပြီး ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ ကျန်မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်များလည်း သူ့နောက်ကို ပြေးလိုက်သွား၏။
လူလတ်ပိုင်း အမျိုးသားက လုမင်ဘက်သို့ ပြေးထွက်လာခဲ့သည်။
အနည်းငယ် ပျံသန်းလာပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားက လုမင်ကို လှမ်းမြင်လိုက်သည်။
"ညီလေး၊ မြန်မြန်ထွက်သွားတော့"
လူလတ်ပိုင်းအရွယ်က အမျိုးသားက ပြေးရင်း လှမ်းအော်လိုက်၏။
သို့သော် လုမင်က လေထဲတွင် ရပ်နေကာ မလှုပ်ရှားပေ။
"ဟေး...ညီလေး၊ မြန်မြန်ထွက်သွားစမ်း။ နောက်မှာ မိစ္ဆာနတ်ဆိုးမျိုးနွယ်က ကျွမ်းကျင်သူတွေ လိုက်လာနေတယ်"
လုမင်က မလှုပ်ရှားကြောင်း မြင်ရသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသား ထပ်အော်လိုက်၏။ သူ အနည်းငယ်စိုးရိမ်သွားသည်။
လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ကောင်းရှိ၏။ သူ့ကိုပင် ထွက်သွားရန် သတိပေးနေသေးသည်။ သာမန်လူသာဆိုလျှင်၊ ၎င်းတို့အတွက် အချိန်ရရန် လုမင်နှင့် တိုက်ခိုက်ခြင်းအား တားဆီးရန် အသုံးပြုခဲ့ပေလိမ့်မည်။
"ဒါက မိစ္ဆာနတ်ဆိုးနည်းနည်းပါပဲ။ ပြေးစရာ မလိုဘူး"
လုမင် ပြုံးလိုက်သည်။ နဝမနဂါးသွေးမျိုးဆက်မှ ဝါးမျိုခြင်းစွမ်းအားများ ထွက်ပေါ်လာကာ မိစ္ဆာနတ်ဆိုးအားလုံးကို လွှမ်းခြုံသွား၏။
လူလတ်ပိုင်း အမျိုးသားလည်း အံ့အားသင့်သွားသည်။
စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးမှလွဲ၍ ကျန်မိစ္ဆာနတ်ဆိုးများသည် ခန္ဓာများ တဆတ်ဆတ်တုန်သွားကြ၏။ နောက်ဆုံးတွင် ၎င်းတို့၏ အသက်ဓာတ်အားလုံး ဆုံးရှုံးခဲ့၍ ခြောက်ကပ်နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဝှစ်"
လုမင်က လက်ညိုးတစ်ချက်ညွှန်လိုက်သည်နှင့် လှံအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လှံအလင်း အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးကို ထိုးဖောက်သွား၏။ ၎င်း၏ သွေးအနှစ်သာရ စွမ်းအင်ကိုလည်း နဝမနဂါး ဒယ်စောက်အိုးက ဝါးမျိုသွားတော့သည်။