အခန်း ၁၁၄၀
Vol. 76 Ch. 1140
အပိုင်း ( 1140 ) အားလုံးကို သတ်ခြင်း။
လူလတ်ပိုင်းအရွယ် အမျိုးသား အံ့အားသင့်ကာ အေးခဲသွားခဲ့သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးခုနစ်ယောက် ရှိသည်။ ၎င်းတို့အနက် အသန်မာဆုံးသည် အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိ၏။ ၎င်းတို့ကို လုမင်က အလွယ်တကူ သုတ်သင်ခဲ့၍ လူလတ်ပိုင်းအရွယ် အမျိုးသားလည်း အိပ်မက်မက်နေသကဲ့သို့ ခံစားခဲ့ရသည်။
ထို့အပြင် လုမင်က အလွန်ငယ်ရွယ်သေးပုံရသည့်တိုင် တိုက်ခိုက်နိုင်စွမ်းက ရိုးရိုးရှင်းရှင်း စိတ်ကူးမယဉ်နိုင်ပေ။
"အစ်ကို၊ ပြီးသွားပြီ"
လုမင်က နဝမမဂါးသွေးမျိုးဆက်ကို ဖယ်ရှားကာ ပြုံးလိုက်သည်။ သူ၏အသိစိတ် အနည်းငယ်ခွဲကာ ၎င်းတို့ကို သန့်စင်လိုက်၏။
"ညီ... ညီငယ်လေးက အံ့သြစရာ၊ တကယ်ကို အံ့သြစရာပါပဲ။ ငါ မင်းကို လေးစားမိတယ်"
သက်လတ်ပိုင်းအရွယ် အမျိုးသားက စိတ်လှုပ်ရှားစွာဖြင့် စကားများပင် ထစ်ငေါ့သွားသည်။
လုမင်က ပြုံးရုံပြုံးနေကာ ဘာမှပြန်မပြောပေ။
"ငါက တုရှန်ပါ၊ မင်းနာမည်ဘယ်လိုခေါ်လဲ"
လူလတ်ပိုင်းကြီးက မေးလိုက်သည်။
"လုမင်"
လုမင် ပြောလိုက်၏။
"ညီလေးလု၊ အစ်ကို့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ မင်းနဲ့ ဆက်မနေနိုင်တော့ဘူး။ ငါ့ညီ၊ သတိထားပါ"
ပြောပြီးသည်နှင့် တုရှန်သည် ဦးတည်ရာတစ်ခုဆီသို့ ပျံသန်းသွားရန် ရည်ရွယ်လိုက်သည်။
"အစ်ကိုတု၊ ဘာကိစ္စများ ရှိလို့လဲ။ လုမင် ကူညီနိုင်တာဆိုရင် ကူညီပါရစေ"
လုမင် ပြောလိုက်၏။ နောက်ဆုံးမှ သူဟာ နောက်ထပ် လူသားမျိုးနွယ်ဝင် ကျင့်ကြံသူတစ်ဦးအား ရှားရှားပါးပါး တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူသည် တုရှန်ထံမှ ရှဲ့နျန်ချင်းအကြောင်း မေးမြန်းရန် ကြံရွယ်ထားသဖြင့် အလွယ်တကူ ထွက်ခွာသွားရန် ခွင့်မပြုနိုင်ပေ။
"ဟင်း... အခု ငါရောက်နေတဲ့ လူသားမျိုးနွယ် စုစည်းရာနေရာကို မိစ္ဆာနတ်ဆိုးမျိုးနွယ်က ဝိုင်းထားတယ်။ ငါသတင်းရရချင်း အကူအညီပေးဖို့ အမြန် ပြန်သွားချင်ပေမယ့် ဒီနေရာမှာ မိစ္ဆာနတ်ဆိုးတွေရဲ့ ပိတ်ဆို့ခံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
တုရှန်က သက်ပြင်းချရင်းမှာပင် အနည်းငယ် စိုးရိမ်သွားသည်။
"လူသားတွေ စုဝေးရာနေရာလား၊ ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်"
လုမင်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
"ကောင်းတယ်၊ ငါညီနဲ့ဆိုရင် သူတို့ကို ကယ်တင်နိုင်လိမ့်မယ်"
တုရှန်လည်း မျက်လုံးများ အရောင် တောက်ပသွား၏။
အစောပိုင်းက လုမင်ဖော်ပြခဲ့သော တိုက်ခိုက်နိုင်စွမ်းသည်အလွန်ကြောက်စရာကောင်းပြီး နားမလည်နိုင်အောင် ဖြစ်စေသည်။ ထို့ကြောင့် လုမင်ကို အကူအညီတောင်းချင်ခဲ့ပေသည်။ သို့သော်လည်း ယခုလေးတင် လုမင်က သူ့ကို ကယ်တင်ခဲ့၍ နောက်ထပ် အန္တရာယ်များအတွက် အကူအညီတောင်းရန် အမှန်တကယ် ရှက်ရွံ့သွားခဲ့သည်။ ထို့အတွက်၊ ဤအခိုက်တွင် လုမင်က မေးမြန်းရန် အစပြုလာပေရာ သဘာဝအရ လွန်စွာ ဝမ်းသာသွားတော့သည်။
လုမင်လည်း တုရှန်၏ ဦးဆောင်မှုနှင့် မြောက်ဘက်ကို လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
မိုင်သိန်းအနည်းငယ် ပျံသန်းလာပြီးနောက် အရှေ့နားမှ တိုက်ခိုက်သံများကို ကြားလာခဲ့ရသည်။
အဝေးတွင် ထူးဆန်းသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည့် ခံတပ်တစ်ခုကို တွေ့ဪသည်။ တိုက်ပွဲက ခံတပ်တစ်ဝိုက်တွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့၏။
မိစ္ဆာနတ်ဆိုးမျိုးနွယ်သား တစ်ထောင်ကျော်က ခံတပ်ကို ဝိုင်းထားခဲ့ကြသည်။
၎င်းတို့တွင် အစွမ်းထက် အရှိန်အဝါများ အများအပြား ရှိနေသည်။ လုမင်က ဝိညာဉ်အသိနှင့် အကဲခတ်လိုက်သောအခါ ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုး ဒါဇင်ချီရှိကြောင်း သိလိုက်ရ၏။ ကျန်မိစ္ဆာနတ်ဆိုးများ အားလုံးမှာလည်း အဆင့်မြင့် ဝိညာဉ်သန္ဓေသား နယ်ပယ်များတွင် ရှိကြသည်။
အခြားတစ်ဖက်တွင်မူ၊ ခံတပ်တွင်း၌ လူအနည်းငယ်သာရှိသည်။ ၎င်းတို့က လူ နှစ်ဆယ်ကျော်ခန့်သာ ရှိ၏။ ၎င်းတို့အားလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကာ မိစ္ဆာနတ်ဆိုးများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့က သိသိသာသာ အရေးနိမ့်နေခဲ့ကြပေသည်။
"လူသား၊ သေစမ်း"
ခပ်ဩဩ ကြိမ်းမောင်းသံကို ကြားလိုက်ရသည်။ မိစ္ဆာနတ်ဆိုးများကြားတွင် တစ်ဦးက အလွန်အားကောင်းသော အရှိန်အဝါများ ရှိ၏။ သူ့လက်နှစ်ဘက်စလုံးက အလွန်ထက်ပုံရသော အနက်ရောင် အရိုးလှံတစ်ချောင်းကို ကိုင်ဆွဲထားပေသည်။ သူက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ရွေ့လျားကာ လူသားပညာရှင်တစ်ဦးဆီသို့ ပြေးသွားသည်။
ထိုလူသားကျွမ်းကျင်သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် တွင် တတိယအဆင့်တွင် ရှိခဲ့သော်လည်း ဤမိစ္ဆာနတ်ဆိုးကိုတော့ မခုခံနိုင်ပေ။ အရိုးလှံက ထိုသူ၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်သွားရာ အော်ပင် မအော်နိုင်ဘဲ သေဆုံးခဲ့ရသည်။
အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်။
လုမင်သည် ဤမိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်က အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တွင် ရှိနေသူဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ၎င်းက မိစ္ဆာနတ်ဆိုးများကြားတွင် အသန်မာဆုံး ဖြစ်၏။ လူသား ကျင့်ကြံသူများကြားတွင် အသန်မာဆုံးက အဆင့်လေး ဝိညာဉ်နတ်ဘုရားမျှသာ ဖြစ်ခဲ့သည်။
"သေစမ်း၊ သတ်"
ယင်းကိုမြင်တော့ တုရှန်က ဟိန်းဟောက်ကာ ပုဆိန်ကြီးတစ်လက်နှင့် ရှေ့ကို ပြေးသွား၏။
"နောက်ထပ် သေဖို့လာနေပြီ"
အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးက တုရှန်ကို မြင်တွေ့သွားကာ အေးစက်စက်ဖြင့် ရယ်လိုက်သည်။ သူ့ထံမှ နတ်ဆိုးအရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာကာ အရိုးနှစ်ချောင်း ပစ်လွှတ်လိုက်၏။ သူက လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားခဲ့သည်။
တုရှန်၏ ဦးခေါင်းထက်တွင် ပုဆိန်တစ်ခု ထွက်လာသည်။ ၎င်းမှာ တုရှန်၏ နတ်ဘုရားအဆင့်လေး သွေးမျိုးဆက် ဖြစ်၏။ တုရှန်က ပုဆိန်အသွင်ပြောင်းကာ မိစ္ဆာနတ်ဆိုးကို ခုတ်ချလိုက်သည်။
"ဒင် ဒင်"
အသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ တုရှန်အသွင်ပြောင်းထားသော ပုဆိန်က အဝေးကို လွင့်စဉ်သွား၏။
"သေ"
မိစ္ဆာနတ်ဆိုးက အော်ငေါက်ပြီး အနောက်မှ ကပ်လိုက်လာသည်။ သူ့လက်ထဲမှ အရိုးဆူးသည် သေးသွယ်ပြီး ရှည်လျားသော်လည်း အလွန်မာကျောကာ ထက်၏။ ၎င်းက အရာအားလုံးကို ထိုးဖောက်နိုင်ဟန်ဖြင့် တုရှန်အား ထိုးချလိုက်တော့သည်။
"ဒင် ချွမ်"
အသံနှစ်ခုကို ကြားလိုက်ရသည်။ မိစ္ဆာမျိုးနွယ်ဝင်၏ အရိုးဆူးက တုရှန်အသွင်ပြောင်းထားသော ပုဆိန်ကို ထိုးဖောက်သွား၏။
ပုဆိန်အတွင်းမှ နာကျင်စွာ အော်ဟစ်လိုက်သံ ပေါ်လာသည်။ ပုဆိန်က တုန်ခါသွားကာ တုရှန်အသွင် ပြန်ပြောင်းသွား၏။ သူ့မျက်နှာက ဖြူရော်ကာ အနောက်သို့ အမြန်ဆုတ်သွားတော့သည်။
"သေ"
မိစ္ဆာနတ်ဆိုးမျိုးနွယ်စု၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ အရိုးဆူးက လေထုကို ထိုးဖောက်ဝင်ရောက်ကာ တုရှန်ကို ထိုးချလိုက်သည်။
ထိုအချိန်တွင် ဓားအလင်းကဲ့သို့ လက်ဝါးစောင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး အရိုးဆူးကို ခုတ်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ အရိုးဆူးက အပိုင်းအစများအဖြစ် ပေါက်ကွဲသွားတော့သည်။
ဓားလက်ဝါးကြီးက အရှိန်အဟုန်ဖြင့် ဆက်လက်တိုးဝင်ကာ မိစ္ဆာနတ်ဆိုး၏ပခုံးကို ထိမှန်သွားခဲ့သည်။
"ဝုန်း"
ထိုမိစ္ဆာနတ်ဆိုး၏ပခုံးက ပေါက်ကွဲသွားကာ အမြောက်ကျည်ကဲ့သို့ လွင့်သွားခဲ့။ ထိုသက်ရောက်မှုကြောင့် ဝိညာဉ်သန္ဓေသားနယ်ပယ် မိစ္ဆာနတ်ဆိုးတချို့ပင် သေဆုံးတော့သည်။
"ဂါး"
နဝမနဂါးဟိန်းသံနှင့် ဝါးမျိုခြင်း စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ကာ မိစ္ဆာနတ်ဆိုး မျိုးနွယ်များအား လွှမ်းခြုံသွားခဲ့သည်။
ဝိညာဉ်သန္ဓေသားနယ်ပယ် မိစ္ဆာနတ်ဆိုးများက စွမ်းအင်အားလုံး ဝါးမျိုခံရကာ သွေ့ခြောက်သော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် ဝိညာဉ်နတ်ဘုရားများမှာလည်း ကြောက်လန့်တကြား အော်ဟစ်ရုန်းကန်ရင်းမှာပင် ဝါးမျိုခြင်းစွမ်းအားအောက်၌ သွေ့ခြောက်သောအလောင်းကောင်အဖြစ် ပြောင်းလဲသွား၏။
လူသား ပညာရှင်အားလုံး အံ့အားသင့်သွားကြတော့သည်။
ကျန်မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်များလည်း ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်ကြသည်။ သို့သော်... ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်း စွမ်းအားအောက်တွင် ချောက်နက်ကြီးထဲ ကျသွားသကဲ့သို့ မလှုပ်ရှားနိုင်ခဲ့ပေ။
"သတ်"
လုမင်က မြက်ပင်များကို ရိတ်သကဲ့သို့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်အားလုံးကို သုတ်သင်ပစ်ခဲ့သည်။
"ဝှစ်"
အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးတစ်ဦးသာ ဒဏ်ရာရပြီး အသက်မသေခဲ့ပေ။ သူက သူ၏အတောင်များကို ခတ်ကာ နတ်ဆိုးအလင်းတန်းတစ်ခုကဲ့သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ထိပ်တန်း လူသားကျွမ်းကျင်သူတစ်ဦး ရောက်ရှိလာကြောင်း သူသိသွားခဲ့ပြီ။ ရိုးရှင်းသော ထိပ်တိုက်တွေ့ခြင်းမှာပင် သူ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ မထွက်ပြေးပါက သေခြင်းတရားကသာ သူ့ကို စောင့်ကြိုနေလိမ့်မည်။
သို့သော်၊ ကြောက်စရာကောင်းအောင် သူ လုံးဝ မလွတ်နိုင်တော့ကြောင်း တွေ့လိုက်ရသည်။
လုမင်၏ ပုံရိပ်က အလင်းတန်းကဲ့သို့ အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာမျိုးနွယ်သား၏ အရှေ့တွင် ပေါ်လာသည်။
"အတူတူသေမယ်၊ အစဉ်မပြတ်မိုးရေတန်း"
သူ မလွတ်မြောက်နိုင်သည်ကို မြင်လိုက်ရသဖြင့် မိစ္ဆာနတ်ဆိုးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ နတ်ဆိုးစွမ်းအင်များက ကောင်းကင်ကို ထိုးတက်သွား၏။ သူ့အတောင်ပံများကို ဖြန့်လိုက်ပြီးနောက် လေထဲတွင် လျင်မြန်စွာ လှည့်ပတ်လာတော့သည်။
မိစ္ဆာနတ်ဆိုး၏ အတောင်ပံတစ်စုံက ဓားနှစ်လက်ကဲ့သို့ လေထုကို လှီးဖြတ်သွားခဲ့သည်။ ၎င်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော လေဆင်နှာမောင်းသဖွယ် ဖြစ်လာခဲ့၏။ ကြောက်စရာကောင်းသော ဤတိုက်ခိုက်မှုက လုမင်ထံ တိုးဝင်လာတော့သည်။
လုမင်က နဂါးနှစ်ကောင်စွမ်းအားကို ပေါက်ကွဲလိုက်သည်။ ထို့နောက် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ဤလက်ဝါးက အရာအားလုံးကို ဖျက်ဆီးနိုင်သော ကောင်းကင်ဓားသွားကဲ့သို့ပင်။
"ဝုန်း"
မိစ္ဆာနတ်ဆိုး၏ ပြင်းထန်သော တိုက်ခိုက်မှုက ချက်ချင်း ပြိုကျသွားခဲ့သည်။ လက်ဝါးရိုက်ချက်က ရှေ့ဆက်တိုးကာ မိစ္ဆာနတ်ဆိုးကို ချက်ချင်း သတ်လိုက်၏။ သူ၏ စွမ်းအင်နှင့် သွေးအနှစ်သာရအားလုံးကို လုမင်က ဝါးမြိုသွားတော့သည်။
ခံတပ်ထဲတွင် လူသားကျင့်ကြံသူများက မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။ သူတို့ကိုကြည့်ရသည်မှာ တုံ့ပြန်သေးပုံ မရပေ။
"ညီလေးလုမင်၊ ငါတို့ကို ထပ်ပြီး ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင်တော့၊ ဟင်း…"
တိရှန်က လုမင်အနားသို့ လျှောက်လာကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ခံစားချက်အပြည့်ဖြင့် သူ သက်ပြင်းချလိုက်၏။
လုမင်ကြောင့်သာမဟုတ်လျှင် သူ သေသွားတာ ကြာမြင့်ပြီ။
ခံတပ်အတွင်းရှိ လူသားပညာရှင်တို့လည်း ဤတော့မှ သတိပြန်ဝင်လာကာ သူ့ကို ကျေးဇူးတင်စကားပြောရန် ပြေးလာခဲ့ကြသည်။
အထူးသဖြင့်၊ လုမင်က တိုက်ခိုက်နိုင်စွမ်း မြင့်မားသလောက် အသက်ငယ်လွန်းသေးကြောင်း မြင်ရသောအခါ ပို၍ပင် အံ့သြသွားတော့သည်။
"အခုခေတ်မှာ ပါရမီရှင်တွေ အရမ်းပေါများလာတယ်လို့ ကြားတယ်။ လူငယ်မျိုးဆက်ကိုတော့ ဘုရင်ငယ်ငါးပါးက လွှမ်းမိုးထားတယ်တဲ့။ ဒါပေမယ့် ငါ့အမြင်အရတော့ ညီလေးလုရဲ့ တိုက်ခိုက်နိုင်စွမ်းက ဘုရင်ငယ်ငါးပါးထက်တောင် ပိုပြီး အားကောင်းမယ် ထင်တယ်"
ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က ပြောလိုက်သည်။
တော်ဝင်မိသားစုသည် နှစ်စဉ်နှစ်တိုင်း ငရဲကိုးခု မိစ္ဆာနယ်မြေသို့ တစ်ယောက်မဟုတ် တစ်ယောက်ကို ပြည်နှင်ဒဏ်များ ပေးတတ်သည်။ ထိုအတွက်၊ ငရဲကိုးခု မိစ္ဆာနယ်မြေကို ကြာမြင့်စွာကတည်းက ရောက်ရှိနေသူများလည်း အပြင်လောကမှ သတင်းများအား ကြားသိနေခဲ့ရပေသည်။