အခန်း ၁၁၄၃
Vol. 77 Ch. 1143
အပိုင်း ( 1143 ) နောက်ဆုံးတော့ နင် ဒီကိုရောက်လာပြီ။
"ဓားနက်ကြာပန်း သတ်ဖြတ်ခြင်း"
ရှဲ့နျန်ချင်းက အော်ဟစ်လိုက်သည်။ ကြာပန်းနက် ပွင့်ဖတ်များက သူမခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့၏။ ကြာပန်းနက် ပွင့်ဖတ်များက ဓားကြီးတစ်လက်အဖြစ် စုဖွဲ့လာကာ မိစ္ဆာနတ်ဆိုးများကို ခုတ်ပိုင်းလိုက်တော့သည်။
ကြာပန်းနက်ဓားတစ်လက်စီတိုင်းက ကြောက်စရာကောင်းအောင် အစွမ်းထက်သည်။ ဓားများက လေထုကို ပိုင်းဖြတ်သွားကြသည်။
မိစ္ဆာနတ်ဆိုးများလည်း ကြာပန်းနက်ဓားများကို ခုခံရန် အာရုံထပ်မံခွဲကြရ၏။ ယင်းက သူတို့၏ တိုက်ခိုက်နိုင်စွမ်းများကို ပို၍ လျော့ကျစေပြန်တော့သည်။
"ဝှစ်"
လုမင်က လျင်မြန်စွာ လှုပ်ရှားရင်း နောက်ထပ် မိစ္ဆာနတ်ဆိုးနှစ်ဦးထက်မနည်းကို သတ်ဖြတ်ပစ်ခဲ့သည်။
"မကောင်းတော့ဘူး၊ သူတို့ နှစ်ယောက်က အစွမ်းထက်လွန်းတယ်"
မိစ္ဆာနတ်ဆိုးတချို့က ကြောက်ရွံ့စွာ အော်ဟစ်လာခဲ့ကြသည်။
လုမင်နှင့် ရှဲ့နျန်ချင်း၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကြောက်စရာကောင်းအောင် အစွမ်းထက်၏။ ယင်းက တစ်နှင့်တစ် ပေါင်းသလောက် မရိုးရှင်းဘဲ တိုက်ခိုက်နိုင်စွမ်း အဆများစွာ တိုးတက်လာခဲ့သည်။
ထို့ကြောင့် မိစ္ဆာနတ်ဆိုး အဖွဲ့ဝင်များ ကြောက်ရွံ့ကာ ဆုတ်ခွာချင်လာကြတော့သည်။
"ဘာကိုကြောက်နေတာလဲ။ အတူတူ တိုက်ခိုက်ကြရအောင်"
ထိုအချိန်တွင် ခပ်ဩဩ အသံတစ်ခု ထွက်ပေါ်လာသည်။ မနီးမဝေးမှ အလင်းတန်းတစ်ခု ပေါ်လာကာ သူတို့ဆီကို ပျံသန်းလာခဲ့၏။ ၎င်းတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေခဲ့ကြသည်။
သတ္တမအဆင့် ဝိညာဉ်နတ်ဘုရား။
လုမင် ရင်တစ်ချက်ခုန်သွားသည်။ ၎င်းက အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင် ဖြစ်၏။
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို မြင်ရသောအခါ ကျန်မိစ္ဆာနတ်ဆိုးများလည်း ပို၍ ယုံကြည်မှုရှိလာပြန်တော့သည်။
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားက အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားထက် အများကြီး ပိုပြီး အစွမ်းထက်သည်။
"သတ်"
"သတ်"
မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်များက စွမ်းအားပိုင်နက်ကို ဖြတ်ကျော်ကာ လုမင်ကိုတိုက်ခိုက်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။
"ဝုန်း"
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးက ရှဲ့နျန်ချင်းကို ဦးဆုံး တိုက်ခိုက်ခဲ့၏။
အုပ်စုတိုက်ပွဲတွင် ရှဲ့နျန်ချင်း၏ ဩဇာလွှမ်းမိုးမှုကို သူ မြင်သည်။ ရှဲ့နျန်ချင်းကို အရင်ရှင်းလိုက်ပါက လုမင်ကို ကိုင်တွယ်ရတာ ပိုလွယ်ကူလိမ့်မည်။
"ဝှစ်"
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရား၏ တိုက်ခိုက်မှုက ကောင်းကင်နတ်ဆိုးပိုင်နက်ကို ဝင်ရောက်လာသည်။
တိုက်ခိုက်မှုက ကောင်းကင်နတ်ဆိုးပိုင်နက်ကို ဖြတ်ကျော်ကာ ရှဲ့နဖန်ချင်းဆီကို ဆက်လက် တိုးဝင်လာခဲ့၏။
ရှဲ့နျန်ချင်းက သူ့လက်ကိုဝှေ့ယမ်းကာ ကြာနက်ဓားများကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း အရိုးဆူး၏အင်အားကြောင့် အနည်းငယ် ဆုတ်သွားရတော့သည်။
"သတ်"
ဤအခိုက်တွင် လုမင်၏ ပုံရိပ်က အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးအရှေ့တွင် ပေါ်လာသည်။ သူက သွေးဓားကိုင်ကာ ပြိုင်ဘက်၏အရိုးဆူးကို ခုတ်ချလိုက်၏။
"ဒုန်း"
ပေါက်ကွဲသံနှင့်အတူ လုမင်ကော ပြိုင်ဘက်ပါ တစ်ပြိုင်နက်တည်း ဆုတ်သွားခဲ့ရသည်။
ထိုမိစ္ဆာနတ်ဆိုး အံ့ဩသွားခဲ့သည်။ လုမင်ကို ဤမျှ သန်မာမည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်သာ ရှိသေးသော်လည်း အမှန်တကယ်ပင် သူ့ကို နောက်ပြန်တွန်းထုတ်နိုင်ခဲ့သည်။
"ဂါး"
နဝမနဂါးသွေးမျိုးဆက်က လုမင်၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။ လုမင်က သွေးမျိုးဆက် ပေါင်းစပ်ခြင်းကို အသုံးပြုကာ နဝမနဂါးအသွင် ပြောင်းလဲခဲ့၏။ နဝမနဂါးက ဟိန်းဟောက်လိုက်သည်တွင် ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ရှဲ့နျန်ချင်း၏ စွမ်းအားပိုင်နက်နှင့်အတူ ဝါးမျိုခြင်းစွမ်းအားက မိစ္ဆာနတ်ဆိုးများကို ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နဝမနဂါးက ရှေ့သို့တိုးပြီး မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်ကို တိုက်ခိုက်လိုက်သည်။
အခြားတစ်ဖက်တွင်၊ ရှဲ့နျန်ချင်းကလည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး အနှိုင်းမဲ့ကျက်သရေနှင့် လှပတင့်တယ်သည့် နတ်ဆိုးမအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအခါ ကောင်းကင်နတ်ဆိုးပိုင်နက်က ပို၍ပင် အားကောင်းလာခဲ့၏။ သူမ၏လက်ကို အောက်ဘက်သို့ ဖိချဟန်ပြုလိုက်သောအခါ ကျောက်စိမ်းကဲ့သို့ လက်ဝါးကြီးက မိစ္ဆာနတ်ဆိုးကို ဖိနှိပ်လာတော့သည်။
"ဝုန်း ဝုန်း"
သူတို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးလည်း အကြိမ်ကြိမ် အရိုက်ခံရပြီး သွေးများ အန်ထွက်လာခဲ့သည်။
"ဖိနှိပ်၊ သတ်"
နဝမနဂါးက ရှေ့သို့လှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ် တစ်လက်မတိုင်းက အတားဆီးမဲ့သော ကောင်းကင်သိုင်းကို ပေါက်ကွဲနိုင်ကြ၏။ နဂါးလက်သည်းကုပ်ချက်များနှင့် နဂါးအမြီးရိုက်ချက်တို့က အလွန်ကြောက်စရာကောင်းသည်။
ထို့အပြင်၊ တချိန်က လုမင်သည် ထျန်းရှအကယ်ဒမီ၏ ကျောက်စိမ်းနံရံမှ အစစ်အမှန်နဂါး တိုက်ခိုက်ရေးနည်းလမ်းကို နားလည်ခဲ့ဖူးသည်။ စွမ်းရည်များကို ပေါင်းစပ်သောအခါ စွမ်းအားက ပို၍ပင် အားကောင်းလာတော့သည်။
"ဒုန်း"
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးက သွေးအန်သည်အထိ အရိုက်ခံခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ အတောင်ပံများကို နဝမနဂါးက ဆုပ်ဖြဲလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ရှဲ့နျန်ချင်း အသွင်ပြောင်းထားသော ကောင်းကင်နတ်ဆိုး၏ လက်ဝါးရိုက်ချက်က မိစ္ဆာနတ်ဆိုး၏ရင်ဝကို ဖောက်ထွက်လုနီး ရိုက်ခတ်သွားခဲ့သည်။ သူက မသေသေးသော်လည်း သေမတတ် ဖြစ်သွားခဲ့ရပြီ။
"မဟုတ်ဘူး၊ မဟုတ်ဘူး"
ထိုမိစ္ဆာနတ်ဆိုးလည်း ဒေါသတကြီး ဟိန်းဟောက်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ဤအခိုက်တွင် သူ အလွန် ကြောက်လန့်နေခဲ့ပြီ။
ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်မှ ပုရွက်ဆိတ်များက ဤမျှ အစွမ်းထက်မည်ဟု မထင်ထားခဲ့ပေ။ သူတို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုက အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုပင် အမှန်တကယ် အနိုင်ယူခဲ့သည်။
သို့သော်လည်း ယခုမှ ထွက်ပြေးချင်လျှင် လွန်စွာ နောက်ကျနေခဲ့ပြီ။
"ဒုန်း"
နဝမနဂါးလက်သည်းများက မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားခဲ့သည်။ လက်သည်းများက ဦးခေါင်းခွံကိုခွဲကာ ဖောက်ထွက်သွားခဲ့၏။ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားရပြီ။
"ပြေး"
အခြား မိစ္ဆာနတ်ဆိုးများလည်း အလွန်တုန်လှုပ်ကာ လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။
ယင်းက ကြောက်စရာကောင်းလွန်းသည်။ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူမှာ ထိုကဲ့သို့ပင် သေဆုံးသွားခဲ့၏။ အစမှအဆုံးထိ တိုက်ကွက် အနည်းငယ်မျှသာ ရင်ဆိုင်ခဲ့ရသည်။
"မင်းတို့အားလုံး ဒီမှာနေ"
နဝမနဂါးက ဟိန်းဟောက်လိုက်သည်နှင့် ဝါးမျိုခြင်းစွမ်းအားများ ပျံ့နှံ့သွားကာ ကျန်မိစ္ဆာနတ်ဆိုးများကို ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ရှဲ့နျန်ချင်းထံမှ ကောင်းကင်နတ်ဆိုး စွမ်းအားပိုင်နက်ကလည်း မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်အားလုံးကို လွှမ်းခြုံထားခဲ့၏။
"ဝှစ်"
နဝမနဂါးက မိစ္ဆာနတ်ဆိုးတစ်ကောင်ရှေ့တွင် ခဏချင်းပေါ်လာကာ လက်သည်းတစ်ချက်နှင့် တစ်ခါတည်း သုတ်သင်လိုက်တော့သည်။
ရှဲ့နျန်ချင်း အသွင်ပြောင်းခဲ့သော ကောင်းကင်နတ်ဆိုးကလည်း ရှေ့သို့ တိုးလာကာ မိစ္ဆာနတါဆိုးတစ်ဦးကို အပိုင်းပိုင်း ရိုက်သတ်လိုက်သည်။
သူတို့နှစ်ဦး၏ ပူးပေါင်းခြင်းဖြင့် အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်များကို သတ်ဖြတ်ခြင်းမှာ ဘာမျှမခက်ပေ။
မိစ္ဆာနတ်ဆိုးများက မည်မျှပင် အော်ဟစ်ရုန်းကန်နေကြပါစေ၊ အသုံးမဝင်ခဲ့ပါ။ သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရသည်။
တစ်မိနစ်မပြည့်မီတွင်၊ ကျန်သော မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်အားလုံး သေဆုံးသွားကြသည်။ ၎င်းတို့၏ သွေးအနှစ်သာရနှင့် စွမ်းအင်အားလုံးကို နဝမနဂါးက ဝါးမြိုခဲ့ပေသည်။
ထိုအချိန်တွင် နဝမနဂါးက လျင်မြန်စွာ သေးငယ်လာပြီး လုမင်အဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ ရှဲ့နျန်ချင်းလည်း သူ၏ သွေးမျိုးဆက်ကို ရုပ်သိမ်းလိုက်လေသည်။
နှစ်ယောက်သား လေထဲ၌ ရပ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။
သူတို့ မျက်လုံးများက တောင့်တမှုတို့ ပြည့်နှက်နေကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။
"လုမင်"
ရှဲ့နျန်ချင်းက ခပ်တိုးတိုး ခေါ်လိုက်သည်။ နောက်ဆုံးတွင်၊ တိုက်ပွဲအပြီးမှာတော့ ရှဲ့နျန်ချင်းအတွက် ဤအရာအားလုံးက အိပ်မက်မဟုတ်ဘဲ တကယ်ကြောင်း သေချာသွားခဲ့ပြီ။ လုမင်က ငရဲကိုးခုနတ်ဆိုးနယ်မြေကို အမှန်တကယ် ရောက်ရှိလာကာ သူမနှင့် တွေ့ခဲ့သည်။
ဤအခိုက်တွင် သူတို့က မလှုပ်ရှားဘဲ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်နေခဲ့ကြလေသည်။
နောက်ဆုံးတွင်၊ ရှဲ့နျန်ချင်း၏ မျက်ဝန်းမှ မျက်ရည်များကို မထိန်းနိုင်တော့ဘဲ သူ့ပါးပြင်ပေါ်သို့ အဆက်မပြတ် စီးကျလာခဲ့သည်။
"ရှောင်ချင်း"
လုမင်က သူ့လက်ကိုဆန့်ထုတ်ကာ ရှဲ့နျန်ချင်း၏ မျက်ရည်များကို သုတ်လိုက်သည်။
"လုမင်၊ နောက်ဆုံးတော့ နင် ဒီကိုရောက်လာပြီ"
ရှဲ့နျန်ချင်းက လုမင်၏ ရင်ခွင်ထဲကို ပြေးဝင်သွားခဲ့သည်။ လုမင်လည်း ရှဲ့နျန်ချင်း၏ ကိုယ်ကလေးကို ဘယ်တော့မှ လက်မလွှတ်ချင်သကဲ့သို့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတော့သည်။
မသိလိုက်ခင်မှာပင် သူတို့နှစ်ယောက်၏ နှုတ်ခမ်းများက မခွဲတော့ဘဲ နမ်းရှိုက်လိုက်ကြသည်။
အချိန်အတော်ကြာပြီးမှ နှုတ်ခမ်းများ ကွဲသွားခဲ့လေသည်။
"ရှောင်ချင်း၊ ဒီကနေ အရင်ထွက်သွားရအောင်"
လုမင် ပြောလိုက်သည်။
ဤနေရာတွင် တိုက်ပွဲပြီးသွားသော်လည်း နောက်ထပ် မိစ္ဆာနတ်ဆိုးများ အချိန်မရွေး ရောက်ရှိလာနိုင်သည်။
"ကောင်းပြီ!"
ရှဲ့နျန်ချင်း ခေါင်းညိတ်လိုက်၏။
လုမင်လည်း ရှဲ့နျန်ချင်း၏ လက်လေးကို ဆုပ်ကိုင်ကာ ကျပန်းဦးတည်ရာသို့ ပျံသန်းသွားတော့သည်။
မိုင်တစ်သိန်းကျော်အကွာတွင် လုမင်က လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေကာ တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ အတူတူ ဝင်ရောက်သွားခဲ့သည်။
"ဂူလှိုဏ်ကောင်းကင်ရတနာ"
ရှဲ့နျန်ချင်း၏ မျက်လုံးများက အရောင်လက်သွားသည်။
"ဟုတ်တယ်၊ ရှောင်ချင်း... မင်းရဲ့ဒဏ်ရာတွေကို အရင်ကုလိုက်ပါ"
လုမင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ ရှဲ့နျန်ချင်း၏ပခုံးမှ အရိုးဆူးချွန်နှင့် ထိုးခံရသောဒဏ်ရာမှာ မသက်သာသေးပေ။
ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်ပြကာ တင်ပျဉ်ခွေထိုင်ပြီး သူ့ဒဏ်ရာများကို ကုစားလိုက်သည်။ နေ့တစ်ဝက်အကြာတွင် ရှဲ့နျန်ချင်း၏ ဒဏ်ရာများ လုံးဝပျောက်ကင်းသွားလေသည်။
တောင်နှင့်မြစ် ပန်းချီကားရှိ တောင်ထွတ်တစ်ခုတွင် သူတို့နှစ်ဦးက ဘေးချင်းကပ်ထိုင်နေကြသည်။ ရှဲ့နျန်ချင်း၏ ဦးခေါင်းက လုမင်၏ ပခုံးပေါ်ကို မှီခိုထားလေသည်။ သူတို့နှစ်ဦးက ဤကာလအတွင်း ၎င်းတို့၏ အတွေ့အကြုံများကို ပြောဆိုခဲ့ကြသည်။
သူတို့နှစ်ယောက် မတွေ့ရသည်မှာ သုံးနှစ်ကျော်ပြီဖြစ်၍ ပြောစရာစကားများ အလွန်များသည်။
လုမင်က လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း သူ၏ အတွေ့အကြုံများကို ပြောပြခဲ့ပေသည်။ ထိုအခါ ရှဲ့နျန်ချင်း၏ နှလုံးသားက ခံစားချက် အတက်အကျတို့ ပြည့်နေခဲ့ရသည်။ လုမင် အန္တရာယ်ရှိကြောင်း ကြားလိုက်ရတိုင်း ရှဲ့နျန်ချင်းမှ စိုးရိမ်ပူပန်စွာ ခပ်တိုးတိုးလေး အော်လိုက်မိပေသည်။
ယခုအချိန်တွင် ရှဲ့နျန်ချင်းက သာမန် မိန်းမပျိုလေးအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လုမင်၏ ပခုံးကိုမှီကာ လုမင်၏လက်မောင်းကို ပွေ့ဖက်ထားသည့် အနှီမိန်းမပျိုလေးက လုမင်ကို နင်းချေမည့်စကားမျိုး မပြောတော့ပါ။ လုမင်၏ စကားများကို တိတ်တဆိတ်လေး နားထောင်ရုံဖြင့် လုံလောက်သည်။