အခန်း ၁၁၄၄
Vol. 77 Ch. 1144
အပိုင်း ( 1144 ) ချိုမြိန်သော။
လုမင်က မျိုးဆက်သစ် ပါရမီရှင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သူတော်စင်မြို့တော်သို့ ရောက်ရှိလာပုံနှင့် ငရဲကိုးခုနတ်ဆိုးနယ်မြေသို့ ရောက်ရှိလာပုံအား ပြောပြသောအခါ ရှဲ့နျန်ချင်း၏ မျက်လုံးများက အေးစက်စက် အရိပ်အမြွက်တို့ လှစ်ဟလာခဲ့သည်။
"လုမင်၊ နင် တကယ်ပဲ သူတို့လှည့်စားတာ ခံလိုက်ရပြီ။ ငါ့လိုပဲ၊ အမှတ်တစ်သောင်းရဖို့က အရမ်းခက်တယ်"
ထို့နောက် သူမက လုမင်ကို ချစ်မြတ်နိုးစွာဖြင့်ကြည့်ပြီး ပြောလိုက်သည်။
"လုမင်၊ နင် ဘာဖြစ်လို့ ဒီလောက်တောင် မိုက်မဲရတာလဲ။ နင် ဒီကိုလာခဲ့ရတာ ငါ့ကြောင့်ပဲလား"
"အရူးမလေး၊ မင်းကို ငါမှ လာမရှာရင် ဘယ်သူက လာမှာလဲ၊ ငါ ဘယ်လိုလုပ်ပြီး စိတ်သက်သာရာ ရနိုင်မှာလဲ။ ဒါနဲ့ မင်း နဂါးကိုးကောင်မြို့ကနေ ပြန်လာတာနဲ့ ဒီကို လာခဲ့ရတာလား"
လုမင် မေးလိုက်သည်။
"ဟုတ်တယ်"
ရှဲ့နျန်ချင်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ငါပြန်လာတာနဲ့ ရှဲ့ချီထျန်းက ငါ့ကို ငရဲကိုးခုနတ်ဆိုးနယ်မြေဆီကို ပို့လိုက်တယ်။ ကံမကောင်းချင်တော့၊ ငါ့ရဲ့ သွေးမျိုးဆက်က အမှောင်ဘက်ကိုရောက်မှန်း သူတို့သိပေမယ့် ငါ့ရဲ့သွေးမျိုးဆက်အကြောင်းကို သူတို့မသိကြဘူး။ ငရဲကိုးခု နတ်ဆိုးနယ်ပယ်မှာ ငါက ရေထဲက ငါးတစ်ကောင်လိုပဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက ပြင်ပကမ္ဘာမှာထက် အများကြီးပိုမြန်ခဲ့တယ်။ အဲဒီနောက် ငါ့ရဲ့ တတိယသွေးမျိုးဆက်ကို နိုးထစေခဲ့တယ်လေ။ နတ်ဆိုးစွမ်းအင်တွေနဲ့ နတ်ဆိုးကျောက်တွေကို အသုံးပြုပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက ပိုတောင်မြန်ခဲ့တယ်"
ဤအကြောင်းများကို ပြောချိန်တွင် ရှဲ့နျန်ချင်း၏ အသံက ရှဲ့မိသားစုအပေါ် မုန်းတီးမှုအပြည့်နှင့် အေးစက်သွားခဲ့သည်။
လုမင်လည်း ရှဲ့နျန်ချင်း၏ လက်ကလေးကို တင်းတင်းဆုပ်လိုက်၏။ ဤနှစ်များတွင် ရှဲ့နျန်ချင်းက ငရဲကိုးခုနတ်ဆိုးနယ်မြေ၌ တစ်ယောက်တည်း ဖြစ်ခဲ့သည်။ ထိုအတွက် သေခြင်းရှင်ခြင်း အခြေနေများကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရမည်မှာ သေချာလှပေသည်။ မဟုတ်ပါက ဤကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားနိုင်မည် မဟုတ်ပေ။
ယင်းကိုတွေးရင်း လုမင်၏ နှလုံးသားက နာကျင်သွားသည်။
"လုမင် နင်ရောက်လာတာ ငါ အရမ်းပျော်တာပဲ"
ရှဲ့နျန်ချင်း၏အသံက လုမင်၏ နားထဲတွင် ခပ်တိုးတိုး ထွက်ပေါ်လာသည်။
လုမင်က ဦးခေါင်းကို အနည်းငယ်လှည့်ကာ သူ့အနီးနားမှ လှပသော မျက်နှာလေးကို ကြည့်လိုက်သည်။ ရှဲ့နျန်ချင်းထံမှ ပျော့ပျောင်းသော အသက်ရှုသံကို ခံစားလိုက်ရတော့ လုမင် နှလုံးခုန်မြန်လာသလို ခံစားလိုက်ရ၏။ အပြစ်ကင်းစင်စွာ လှပသောမျက်နှာနှင့် သူ့မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သောအပြုံးက လုမင်အတွက် အရာအားလုံးဖြစ်ပုံရသည်။
လုမင်က သူ့လက်ကိုဆန့်ထုတ်ကာ လှပသော မျက်နှာအနှံ့ တဖြည်းဖြည်းချင်း ပွတ်ဆွဲလိုက်သည်။ ရှဲ့နျန်ချင်း၏ မျက်နှာပြင်မှ နူးညံ့သောအထိအတွေ့ကြောင့် သူ့ဦးခေါင်းကို အနည်းငယ်ငုံ့ကာ ယောင်္ကျားတို့ကို ရူးလောက်စေသော အနီရောင် နှုတ်ခမ်းဖူးဖူးကို နမ်းလိုက်၏။ သူမ၏ လှပသောမျက်လုံးများကတော့ ပွင့်နေဆဲဖြစ်ကာ လုမင်ကိုပြန်ကြည့်ရင်း အသက်ရှူသံများအား ခံစားကြည့်နေသည်။
လုမင်က ပို၍ လောဘကြီးလာသည်။ သူ့လက်က ရှဲ့နျန်ချင်း၏ လည်တိုင်မှ အောက်ဘက်ကို ဆက်လက် ဆင်းသွားသည်။ သူ့လက်တစ်ဖက်က အဝတ်အစားများပေါ်မှ ခါးတစ်ဝိုက်ကို ဆင်းသက်သွား၏။ ကျန်လက်တစ်ဖက်က ရှဲ့နျန်ချင်း၏ အဝတ်အစားများအတွင်းသို့ တဖြည်းဖြည်း ဝင်သွားခဲ့လေသည်။ သူမ၏ အရေပြား တစ်လက်မစီတိုင်းမှ နွေးထွေးမှုကို သူခံစားရသည်။
ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါလာသော်လည်း မရုန်းပေ။ သူမက လုမင် အလိုရှိသည့်အတိုင်း ပြုလုပ်ခွင့်ပေးခဲ့သည်။
လုမင်က ရှဲ့နျန်ချင်းကို ပွေ့ဖက်ကာ တောင်ထိပ်ပေါ်မှ ကျောက်ပြာပေါ်တွင် ဖြည်းညှင်းစွာ လှဲချလိုက်၏။
သူ့လက်ချောင်းများက မိန်းကလေးတစ်ယောက်၏ ပူနွေးသော အသားအရေပေါ်တွင် အသာအယာ လှုပ်ရှားနေသည်။ ရှဲ့နျန်ချင်း၏ အထိအတွေ့အကို သေသေချာချာ ခံစားနေသလို လုမင်၏လက်များက နှေးလာခဲ့၏။ သူ၏ လက်ချောင်းများက အရည်ပျော်တော့မည်ကဲ့သို့ ရွေ့လျားသည့် အမြန်နှုန်းမှာ အလွန်နှေးကွေးသွားခဲ့သည်။
လုမင်၏ လက်ချောင်းများက ချောမွေ့သော အရေပြားပေါ်တွင် ရွေ့လျားရင်း ပျော့ပျောင်းသော ကမူလေးတစ်ခုကို ထိတွေ့မိသွားပုံရသည်။ ကမူလေးကို ဖိကပ်ရင်း သူ၏လက်ဝါးက အနည်းငယ် မြင့်တက်လာသည်။ ထိုအစိတ်အပိုင်းက နူးညံ့ပျော့ပျောင်းပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်းလည်း ရှိသေးသည်။ ၎င်းမှာ အလိုရှိသည့်အတိုင်း ဆုပ်နယ်နိုင်သကဲ့သို့ ဖြစ်သည်။
လုမင်၏ လက်က တောင်ပူစာလေးထိပ်သို့ ရောက်လာသောအခါ မထိန်းချုပ်နိုင်တော့ဘဲ ဖျစ်ညှစ်လိုက်မိသည်။ ဖျစ်ညှစ်ခြင်းကြောင့် အနည်းငယ် ပုံပျက်သွားသော နူးညံ့ပျော့ပြောင်းသည့် အစိတ်အပိုင်းသည် လုမင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို လှုံ့ဆော်ပေးခဲ့၏။ ၎င်းက သူ၏သွေးများကို ပွက်ပွက်ဆူကာ အသက်ရှူပင် မြန်လာစေခဲ့သည်။
"အာ့..."
ရှဲ့နျန်ချင်းထံမှ သဘာဝတေးသံကဲ့သို့ နူးညံ့သော ညည်းသံတစ်ချက် ထွက်လာသည်။ ယင်းက လုမင်၏သွေးများကို ပို၍ဆူပွက်စေကာ နီထွေးသောနှုတ်ခမ်းကို အငမ်းမရ နမ်းရှိုက်စေခဲ့၏။ နောက်ဆုံးတွင်၊ ရှဲ့နျန်ချင်း၏ ရှက်ရွံ့မှုက အထိမတွေ့ကို မထိန်းချုပ်နိုင်တော့ပါ။ သူမ၏ မျက်လုံးများကို တဖြည်းဖြည်း မှိတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တွင် လုမင် ပျော်ရွှင်နေခြင်းကို ခွင့်ပြုပြီး သူမကိုယ်တိုင် စီးမျောသွားတော့သည်။
"မျက်လုံးစပ်တယ်ဟေ့၊ တကယ် မျက်လုံးစပ်တယ်"
အချိန်ဘယ်လောက်ကြာသွားပြီမသိ၊ ခပ်စူးစူး အသံတစ်ခုက သူတို့နှစ်ဦးကို အနှောင့်အယှက်ပြုလာသည်။
နှစ်ယောက်သား မျက်လုံးဖွင့်လိုက်သည်နှင့် မနီးမဝေးတွင် တန်တန်ကို မြင်လိုက်ရ၏။ တန်တန်က မျက်လုံးများ ပြူးကျယ်နေကာ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရလေသည်။
ရှဲ့နျန်ချင်း၏ လှပသောမျက်နှာကလေးက ချက်ချင်းပင် နီရဲလာသည်။ သူမ၏နားနှင့် လည်ပင်းများပင် နီရဲလာတော့သည်။
"ဆက်လုပ်ကြပါ၊ ဆက်လုပ်ကြပါ။ ငါ့ကို ဂရုမစိုက်နဲ့"
တန်တန်က သူတို့နှစ်ယောက် သူ့ကိုကြည့်နေသည်ကို မြင်သောအခါ အေးအေးဆေးဆေး ပြောလိုက်သည်။
"ထွက်သွား"
လုမင်လည်း စွမ်းအင်များ ပေါက်ကွဲကာ တန်တန်ကို ရိုက်လိုက်၏။ လုမင်၏ရိုက်ချက်က တန်တန်ကို ကျောက်တုံးကဲ့သို့ လွင့်စဉ်သွားစေတော့သည်။
"ဂါး၊ မင်းက မင်းရဲ့ချစ်သူကို မင်းသူငယ်ချင်းတွေထက် တန်ဖိုးထားနေတာပဲ။ မဟုတ်ဘူး... မင်းရဲ့ အကြီးအကဲကို..."
တန်တန်၏ အသံက အဝေးမှ ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးမှာတော့ သူဟာ အနက်ရောင် အစက်ကလေးကဲ့သို့ အဝေးမှ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
တန်တန်ကြောင့် ဖရိုဖရဲဖြစ်ပြီးနောက် သူတို့နှစ်ဦး၏ ပွက်ပွက်ဆူနေသော သွေးများက ငြိမ်သက်သွားရသည်။
"နင်... နင်လူညစ်ကောင်..."
ရှဲ့နျန်ချင်းက သူမ၏ ရှုပ်ပွနေသော အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်းရင်း နီရဲသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
လုမင်က ရယ်မောပြီး ရှဲ့နျန်ချင်း၏ လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"ရှောင်ချင်း၊ မိစ္ဆာနတ်ဆိုးမျိုးနွယ်က မင်းကို ဘာဖြစ်လို့ ဝိုင်းထားကြတာလဲ"
"ဒါက ဂိုလမ်တစ်ခုကြောင့်ပါ"
ရှဲ့နျန်ချင်းက ပြောလိုက်၏။ ထို့နောက် သူမ၏လက်ထဲတွင် နတ်ဆိုးရုပ်ထုတစ်ခု ပေါ်လာခဲ့သည်။
ဂိုလမ်က သေးငယ်ပြီး လက်သီးဆုပ်အရွယ်သာ ရှိသည်။ သို့ရာတွင်၊ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစိတ်ဆန္ဒများကို ထုတ်လွှန်နေခဲ့၏။ ဤနတ်ဆိုးစိတ်ဆန္ဒက ကောင်းကင်ကို ဖျက်ဆီးကာ ကမ္ဘာကြီးကို စိုးမိုးလိုသည့်အတိုင်း ဝံ့ကြွားပြီး လွှမ်းမိုးချုပ်ကိုင်မှုရှိသည်။
"သန်မာလိုက်တဲ့ နတ်ဆိုးစိတ်ဆန္ဒ"
လုမင် တိတ်တဆိတ် အံ့ဩသွား၏။ ၎င်းက ဂိုလမ်တစ်ခုမျှသာဖြစ်သော်လည်း အလွန်ကြောက်စရာကောင်းလှသည်။ ဤဂိုလမ်က နတ်ဆိုးတာအို ကျင့်ကြံသူ သို့မဟုတ် မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်များအတွက် အဖိုးတန်ရတနာတစ်ခုဖြစ်သည်မှာ သေချာလှပေသည်။ ထိုအတွက် မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ ကျွမ်းကျင်သူ အများအပြားက ရှဲ့နျန်ချင်းကို ဝိုင်းထားခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
"ငါ ဒီဂိုလမ်ကို မိုပိုင်တောင်ကနေ ရခဲ့တာ"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။ ထို့နောက် သူမက ဂိုလမ်ကို ပြန်သိမ်းလိုက်ရာ ပတ်ဝန်းကျင်မှ ဖိအားများလည်း ပျောက်ကွယ်သွားတော့သည်။
"ရှောင်ချင်း၊ မင်းတကယ်ပဲ မိုပိုင်တောင်ကို သွားခဲ့တာလား။ အဲဒီမှာ အရမ်းအန္တရာယ်များတယ်လို့ ကြားတယ်။ ဝင်လလာသူမှန်သမျှ သေကြရတယ်တဲ့"
လုမင်သည် ရှဲ့နျန်ချင်း အဆင်ပြေမှန်းသိသော်လည်း မစိုးရိမ်ဘဲ မနေနိုင်ပေ။
"မိုပိုင်တောင်က တကယ်ကို အန္တရာယ်များတယ်လို့ ငါကြားတယ်။ မိစ္ဆာနတ်ဆိုးမျိုးနွယ်နဲ့ လူသားကျင့်ကြံသူ အတော်များများလည်း အဲဒီနေရာမှာ သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ မိုပိုင်တောင်နဲ့ နီးလာတဲ့အခါ ငါ့ရင်ထဲမှာ ပြင်းထန်တဲ့ တုန်လှုပ်မှုကို ခံစားခဲ့ရတယ်။ မိုပိုင်တောင်ပေါ်ကနေ တစ်စုံတစ်ခုက ငါ့ကို ဆွဲဆောင်နေသလိုပဲ။ အဲဒါကြောင့် ငါ စွန့်စားပြီး မိုပိုင်တောင်ကို ဝင်ခဲ့တာ"
"ဒါပေမဲ့ ထူးဆန်းတာတစ်ခုက၊ မိုပိုင်တောင်ထဲကို ငါဝင်သွားတော့ ဘာအန္တရာယ်မှ မကြုံခဲ့ရဘူး။ အဲဒီအစား အခွင့်အရေးတစ်ခုရခဲ့ပြီး ကျင့်ကြံခြင်းအခြေခံ တိုးတက်လာခဲ့တယ်။ မဟုရင် ဒီဂိုလိမ်ကို ယူလာနိုင်မှာမဟုတ်ဘူး"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"မင်းလည်း ဒီလို ခံစားရတာလား။ မင်းကိုဆွဲဆောင်နေတာကဘာလဲ"
လုမင် အံ့ဩသွား၏။
ရှဲ့နျန်ချင်းက လုမင်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။
"နင်လည်း ဒီလိုခံစားရတာလား"
"ဟုတ်တယ်၊ မိုပိုင်တောင်နဲ့ နီးကပ်လာတဲ့အခါ ငါ့ရဲ့ ဒုတိယသွေးမျိုးဆက်က ပူလောင်ပြီး ဂနာမငြိမ်ဖြစ်သွားတယ်။ အဲဒါကို တစ်ခုခုက ဆွဲဆောင်နေသလိုပဲ။ ငါသာ အဲဒါကို မထိန်းချုပ်ရင် သူ့အလိုလို ပေါ်လာလိမ့်မယ်"
လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤကိစ္စက ထူးခြားသလို သူခံစားမိလေသည်။
"ရှောင်ချင်း၊ မိုပိုင်တောင်မှာ ဘာရှိလဲ"
"မသိဘူး၊ အဲဒီတုန်းက အစွန်းတစ်ဝိုက်လောက်မှာပဲသွားပြီး နက်နက်ရှိုင်းရှိုင်း မဝင်ခဲ့ဘူး။ မိုပိုင်တောင်ကို မြူတွေက ဖုံးလွှမ်းနေတော့ အဝေးကလည်း မမြင်နိုင်ဘူးလေ။ အရင်ကတော့ ဒီဂိုလမ်ကို လေ့လာပြီးမှ မိုပိုင်တောင်ကိုဝင်ဖို့ ငါရည်ရွယ်ထားခဲ့တာ"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
ထို့နောက်တွင်၊ နှစ်ယောက်သား အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြသော်လည်း အတည်မပြုနိုင်သေးပေ။ နောက်ဆုံးမှာတော့ သူတို့ဟာ မိုပိုင်တောင်ကို အတူတူ စူးစမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။
အကြောင်းမှာ၊ ရှဲ့နျန်ချင်း ဝင်ရောက်စဉ်က အန္တရာယ်မရှိခဲ့၍ ဖြစ်ချေသည်။
သူတို့နှစ်ဦးက ခဏတာ စကားပြောနေပြီးနောက် တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်ကာ အဝေးမှ မိုပိုင်တောင်အား လှမ်းကြည့်လိုက်ကြသည်။
သူတို့က အလွန် ဝေးကွာနေသော်လည်း လုမင်၏ ငရဲဖိနှိပ်ကျောက်စာချပ်က လှုပ်ရှားပြီး ရှဲ့နျန်ချင်း၏ ကျောရိုးရှိ သွေးမျိုးဆက်က အလင်းအနည်းငယ် ဖြာထွက်လာခဲ့သည်။