အခန်း ၁၁၄၆
Vol. 77 Ch. 1146
အပိုင်း ( 1146 ) ငရဲဖိနှိပ်ကျောက်စာချပ်၏ မူလခန္ဓာ။
မိုပိုင်တောင်ထိပ်တွင် လုမင်၏ ငရဲဖိနှိပ်ကျောက်စာချပ်က ဧရာမကျောက်စာချပ်ကြီးနှင့် ပဲ့တင်ထပ်နေသည်။
ဤအခိုက်တွင် တုန်ခါမှုများက ပို၍ပင် ပြင်းထန်လာခဲ့၏။
"ဒုန်း"
ဧရာမ ကျောက်စာချပ်ကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွားကာ တောင်တစ်ခုလုံး တုန်လှုပ်သွားသည်။ ကျောက်စာချပ်ကြီးက တဖြည်းဖြည်း ကြွတက်လာကာ မြေပြင်ပေါ်မှ ကျောက်တုံးကြီးများလည်း ပွင့်ထွက်သွား၏။
ကျောက်စာချပ်ကြီးက ငရဲဖိနှိပ်ကျောက်စာချပ်နောက်ကို လိုက်ပါလိုသကဲ့သို့ တဖြည်းဖြည်းချင်း ကြွတက်လာတော့သည်။
ကျောက်စာချပ်ကြီးက တောင်တစ်ခုလုံးတွင် နစ်မြုပ်နေပုံရသည်။ ၎င်းက တဖြည်းဖြည်းချင်းသာ ကြွလာခဲ့၏။
"ဝုန်း"
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ကျောက်စာချပ်အောက်မှ ထွက်ပေါ်လာခဲ့သည်။
ဤအရှိန်အဝါက ကမ္ဘာကို လွှမ်းမိုးနိုင်ပုံရကာ အလွန်ကြီးစိုး၏။
တစ်ချိန်တည်းမှာပင် ကြီးကျယ်ခမ်းနားသော နတ်ဆိုးတစ်ကောင် မွေးဖွားတော့မည် ဖြစ်သကဲ့သို့ ကြီးမားလှသော နတ်ဆိုး အရှိန်အဝါတစ်ခုက ပျံ့နှံ့သွားတော့သည်။
ကြီးမားလှသော နတ်ဆိုးအရှိန်အဝါအောက်တွင်၊ လုမင်နှင့် ရှဲ့နျန်ချင်းက ကျောက်စာချပ်ကြီးအောက်မှ ပုံရိပ်တစ်ခုကို ဝေဝါးဝါး မြင်လိုက်ရသည်။ ဤပုံရိပ်သည် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ သူ၏ အနက်ရောင်ဆံပင်များက ပခုံးထက်တွင် ဖြာကျနေကာ နတ်ဆိုးဘုရားကဲ့သို့ အရှိန်အဝါများလည်း ထွက်ပေါ်လျက်ရှိသည်။
"သိုင်းအုပ်ချုပ်သူရဲ့ အရှိန်အဝါ၊ ဒါ နတ်ဆိုးဧကရာဇ်ရဲ့ အရှိန်အဝါပဲ"
လုမင်၏ နှလုံးသားက တုန်လှုပ်သွားသည်။ ဤပုံရိပ်မှ သိုင်းအုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါကို သူ ခံစားရ၏။ ဤသည်မှာ သိုင်းအုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါဖြစ်သည်။
'ဒီကျောက်စာချပ်က နတ်ဆိုးဧကရာဇ်ကို ဖိနှိပ်ထားတာပဲလား'
လုမင်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အရာများစွာကို တွေးတောလိုက်မိသည်။
"ဟားဟားဟား၊ ဘယ်နှစ်နှစ်ရှိပြီလဲ။ နောက်ဆုံးတော့ ငါလွတ်မြောက်နိုင်ခဲ့ပြီ"
နတ်ဆိုးဧကရာဇ်၏ စိတ်လှုပ်ရှားနေသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပြေးထွက်လာကာ လုမင်နှင့် ရှဲ့နျန်ချင်းအား ထိုးနှက်လိုက်သည်။
တာအိုအရောင်ငါးမျိုးက လုမင်၏ ခန္ဓာကိုယ်ကို ဝန်းရံသွား၏။ ယွမ်ချီစွမ်းအင်များက လည်ပတ်ကာ နဂါးစွမ်းအင်များလည်း ပေါက်ကွဲထွက်လာတော့သည်။ သူက ဤဖိအားကို ဖိနှိပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်၊ ကောင်းကင်နတ်ဆိုးသွေးမျိုးဆက်က ရှဲ့နျန်ချင်း၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။ သူမထံမှ နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်လာကာ ဤအရှိန်အဝါကို တွန်းလှန်လိုက်တော့သည်။
'မဟုတ်ဘူး၊ ဒီနတ်ဆိုးဧကရာဇ်ကို ငါ ထွက်သွားခွင့်မပေးနိုင်ဘူး။ မဟုတ်ရင် ရှောင်ချင်းနဲ့ ငါက သူ့ရဲ့ တစ်ချက်ရိုက်တာကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး'
လုမင်၏ မျက်လုံးအကြည့်များက စူးရှလာသည်။ သူက ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကို စိတ်နှစ်လိုက်၏။
"ပြန်လာစမ်း"
လုမင်က သူ၏ နှလုံးသားမှ အော်ဟစ်လိုက်သည်။ သူ့ကျောရိုးမှ သွေးအလင်းတန်းများ ပျံ့နှံ့သွားကာ ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိန်းချုပ်ရန် အစွမ်းရှိသမျှ အသုံးပြုခဲ့သည်။
"ဝမ်"
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က ပြင်းထန်စွာ တုန်လှုပ်သွား၏။ တဖြည်းဖြည်းနှင့် လုမင်က ၎င်းကို နောက်သို့ တစ်လက်မချင်း ပြန်ဆွဲလိုက်တော့သည်။
'ပြန်လာ၊ ပြန်လာစမ်း'
လုမင်က သူ၏ နှလုံးသားထဲမှ ဟိန်းဟောက်လိုက်သည်။ သွေးအလင်းများက ဖြာထွက်နေကာ လုမင်၏ မျက်လုံးများပင် နီရဲလာသည်။
"ဝုန်း"
နောက်ဆုံးတွင်၊ ငရဲဖိနှိပ်ကျောက်စာချပ်ကို လုမင်မှ ပြန်ဆွဲထုတ်ခဲ့၏။ ၎င်းက သွေးအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုမင်၏ ကျောရိုးထဲကို ပြေးဝင်သွားကာ အရိပ်အမြွက်မရှိဘဲ ကွယ်ပျောက်သွားတော့သည်။
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကို ပြန်လည် ရုတ်သိမ်းလိုက်သောအခါ ကြီးမားသော ကျောက်စာချပ်ကြီးက အလင်းရောင်မှိန်ဖျော့ပြီး တစ်ဖန် နစ်ဆင်းသွားခဲ့သည်။
"မဟုတ်ဘူး"
ကျောက်စာချပ်ကြီးအောက်မှ မလိုလားသော အော်ဟစ်သံအား ကြားလိုက်ရသည်။
ကြီးမားသော ကျောက်စာချပ်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။
ကြီးမားသော နတ်ဆိုးဖိအားလည်း တခဏချင်းမှာပင် ပျောက်ကွယ်သွား၏။ လုမင်နှင့် ရှဲ့နျန်ချင်းလည်း ဤတော့မှ အသက်ပြင်းပြင်းရှူကာ ၎င်းတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။
မိုပိုင်တောင်ပေါ်တွင် နတ်ဆိုးဧကရာဇ်တစ်ပါးကို ဖိနှိပ်ထားမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ဤတောင်ကို လာကြသူတိုင်း သေဆုံးသွားရသည်မှာ အံ့သြစရာမဟုတ်တော့ပါ။ ဤနတ်ဆိုးဧကရာဇ်က လုပ်နေတာ ဖြစ်မည်။
"လုမင်၊ ငါ့ရဲ့ သွေးမျိုးဆက်က တုန်ခါပြီး ဆွဲဆောင်ခံနေရတာ ဒီနတ်ဆိုးဧကရာဇ်ကြောင့် ဖြစ်နိုင်တယ်"
ရှဲ့နျန်ချင်းက တိုးညှင်းသော လေသံဖြင့် ပြောသည်။
"ဒါက ဖြစ်သင့်တယ်"
လုမင် ခေါင်းညိတ်လိုက်၏။ ရှဲ့နျန်ချင်းက နတ်ဆိုးဧကရာဇ်ကြောင့် ခံစားရကာ လုမင်ကတော့ ငရဲဖိနှိပ်ကျောက်စာချပ်ကြောင့် ဆွဲဆောင်ခံရခြင်း ဖြစ်သည်။
'ဒီကျောက်စာချပ်က ဘာလဲ၊ ငရဲဖိနှိပ်ကျောက်စာချပ်နဲ့ ဘာဖြစ်လို့ ပဲ့တင်ထပ်နေတာလဲ'
လုမင်၏ နှလုံးသားထဲတွင် မေးခွန်းပေါင်းများစွာ ရှိခဲ့သည်။
"ကောင်လေး၊ မင်းရဲ့ သွေးမျိုးဆက်ကို မြန်မြန်သုံးပြီး ငါ့ကို လွှတ်ပေးပါ"
ဤအခိုက်တွင် ငရဲဖိနှိပ်ကျောက်စာချပ်၏ အောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။
နတ်ဆိုးဧကရာဇ် ဖြစ်ချေသည်။
"ဆရာကြီး၊ ခင်ဗျားက နတ်ဆိုးဧကရာဇ်ပါ၊ ကျုပ်တို့ကတော့ အဆင့်နိမ့် ဝိညာဉ်နတ်ဘုရားတွေပဲ။ ကျုပ်တို့က ခင်ဗျားကို လွှတ်လိုက်ပြီးမှ တစ်ချက်တည်းနဲ့ သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
ခဏစဉ်းစားပြီးနောက် လုမင်က ပြောလိုက်သည်။
"ဟားဟားဟား၊ ငါက နတ်ဆိုးဧကရာဇ်ဆိုတာ မင်းသိမှတော့ ငါက ဘာဖြစ်လို့ ဒီလိုလုပ်ရမှာလဲ။ မင်းငါ့ကို ကယ်တင်လိုက်ရင် ငါ့ရဲ့ကျေးဇူးရှင်အဖြစ် သတ်မှတ်ပြီး ရက်ရက်ရောရော ပြန်ပေးဆပ်မှာ သေချာတယ်"
နတ်ဆိုးဧကရာဇ်က ဆက်လက်ပြောလိုက်သည်။
"ကျုပ် ခင်ဗျားကို မယုံသေးဘူး"
လုမင်က ပြတ်ပြတ်သားသား ပြောသည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရသောအခါတွင် လုမင် သတိမပေါ့ဝံ့ပေ။ မဟုတ်၍ တစ်ချက်တည်းဖြင့် ရိုက်သတ်ခံလိုက်ရလျှင် တရားမျှမှုတောင် မရှာနိုင်ဖြစ်မည်။
ကျောက်စာချပ်အောက်တွင် နတ်ဆိုးဧကရာဇ်က တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ၎င်းက ဘာပြောရမည်ကို တွေးဆနေပုံရပေသည်။
ခဏအကြာမှ အသံထွက်ပေါ်လာသည်။
"ကောင်လေး၊ မင်းရဲ့သွေးမျိုးဆက်က ငရဲဖိနှိပ်ကျောက်စာချပ်ဖြစ်သင့်တယ် မဟုတ်လား။ ကမ္ဘာမှာ ဒီလို သွေးမျိုးဆက်ကို နိုးထနိုင်တဲ့ လူတစ်ယောက်ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသော်လည်း ဘာမျှမပြောပေ။
"ကောင်လေး၊ ငါ ပြောပြမယ်။ မင်းရှေ့မှာရှိတဲ့ ဒီကျောက်ပြားက တကယ့် ငရဲဖိနှိပ်ကျောက်စာချပ်ဖြစ်ပြီး မင်းရဲ့ သွေးမျိုးဆက်ရင်းမြစ်ပဲ"
နတ်ဆိုးဧကရာဇ်၏ ဤစကားသံက လုမင်၏နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
"ဘာ၊ ပျက်စီးနေတံ့ ဒီကျောက်စာချပ်က တကယ့် ငရဲဖိနှိပ်ကျောက်စာချပ်လား"
လုမင်၏ နှလုံးသားထဲတွင် လှိုင်းထန်သွားသည်။ သူ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားကာ ကျောက်စာချပ်ကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။
"မဟုတ်ရင်လည်း မင်းရဲ့သွေးမျိုးဆက်က ဒီကျောက်ပြားနဲ့ ဘာကြောင့် ပဲ့တင်ထပ်နေတယ်လို့ မင်းထင်လို့လဲ။ အကြောင်းက ဒါတွေဟာ တစ်ခုတည်း ဖြစ်နေလို့ပဲ"
နတ်ဆိုးဧကရာဇ်က ဆက်ပြောလိုက်သည်။
လုမင်နှင့် ရှဲ့နျန်ချင်းလည်း အလွန်အံ့သြသွား၏။
ဒဏ္ဍာရီအရ၊ ကျင့်ကြံသူများ နိုးထလာသော သွေးမျိုးဆက်အားလုံးဟာ ကမ္ဘာပေါ်တွင် အမှန်တကယ်တည်ရှိခဲ့ကြသည်။
အချို့က ရှေးခေတ်နှင့် ရှေးဦးကာလများတွင် မျိုးသုဉ်းသွားဖွယ်ရှိပြီး အချို့မှာလည်း ယခုခေတ်တွင်ပင် တွေ့ရှိနိုင်သေးသည်။
လုမင်သည် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကို ဝေးကွာသောအတိတ်မှ ရှေးဟောင်းပစ္စည်းတစ်ခုဟု တွေးခဲ့သော်လည်း ၎င်း၏သဏ္ဍာန်အစစ်အမှန်ကို မြင်တွေ့ရမည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။
ဤသည်က သူ့ကို စိတ်တည်ငြိမ်စေရန် ခက်ခဲသည်။
"ဒဏ္ဍာရီအရ ငရဲဖိနှိပ်ကျောက်စာချပ်ဟာ ဝေးကွာတဲ့အတိတ်မှာ နတ်ပစ္စည်းတစ်ခုပဲ။ နောက်ပိုင်းကျမှ စစ်ပွဲကြီးတစ်ခုဖြစ်ပွားပြီး အပိုင်းပိုင်း ကွဲအက်သွားခဲ့ရတာ။ မင်းရှေ့က ကျောက်ပြားကြီးက ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အပိုင်းအစတစ်ခုပဲ။ ငရဲဖိနှိပ်ကျောက်စာချပ်က ကမ္ဘာပေါ်က အရာအားလုံးကို ဖိနှိပ်နိုင်တယ်"
လုမင်၏ စိတ်ရှုပ်ထွေးမှုကို ခံစားမိတော့ နတ်ဆိုးဧကရာဇ်က လွန်စွာ ယုံကြည်မှုရှိသော လေသံဖြင့် ရှင်းပြလိုက်သည်။
"ဒါကြောင့် မင်းရဲ့သွေးမျိုးဆက်ကို ထိန်းချုပ်လိုက်သရွေ့ ဒီငရဲဖိနှိပ်ကျောက်စာချပ်ကို ဖယ်ရှားနိုင်လိမ့်မယ်။ မင်းရဲ့ သွေးမျိုးဆက်သာ ငရဲဖိနှိပ်ကျောက်စာချပ်နဲ့ ပေါင်းစပ်နိုင်ရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို မင်းရရှိပြီး အဓိပဓိ နတ်ဘုရားပစ္စည်းကိုလည်း ရရှိနိုင်မှာ။ နောင်မှာ မင်းက ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အခြားအပိုင်းအစအားလုံးကို စုဆောင်းနိုင်ပြီး၊ ဒီရတနာနဲ့ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်လိမ့်မယ်"
နတ်ဆိုးဧကရာဇ်က သွေးဆောင်မှုအပြည့်ဖြင့် ဆက်လက်ပြောဆိုခဲ့သည်။
လုမင်လည်း အမှန်တကယ် သွေးဆောင်ခံခဲ့ရကာ သူ့မျက်လုံးများက ပြင်းပြစွာဖြင့် ပူလောင်လာတော့သည်။
နောက်ဆုံးတွင် သွေးမျိုးဆက်က သွေးမျိုးဆက်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းကို အစစ်အမှန်အရာဝတ္ထုတစ်ခု၏ စွမ်းတစ်စိတ်တစ်ပိုင်း သို့မဟုတ် အမွေတက်ခံခြင်းတစ်မျိုးဟု ခေါ်ဆိုနိုင်ပေသည်။
ဥပမာအားဖြင့်၊ အစစ်အမှန်နဂါးသွေးမျိုးဆက်ရှိသော ကျင့်ကြံသူက အစစ်အမှန်နဂါးသိုင်းပညာကို နားလည်နိုင်ကာ အစစ်အမှန်နဂါး၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုလည်း ငှားရမ်းအသုံးပြုနိုင်သည်။ သွေးမျိုးဆက်က အားကောင်းလေလေ၊ စွမ်းအားကလည်း ပိုကြီးမားလေလေပင်။ သို့ရာတွင်၊ နောက်ဆုံးမှာတော့ ၎င်းက အစစ်အမှန်ခန္ဓာကိုယ်မဟုတ်၍ ခန္ဓာအစစ်ကဲ့သို့ အစွမ်းထက်မည် မဟုတ်ပါချေ။
သို့ရာတွင် တကယ့်ခန္ဓာအမှန်၏ အကူအညီဖြင့် ဤသည်မှာ မတူကွဲပြားသော အခြေအနေတစ်ခု ဖြစ်နိုင်သည်။
လုမင်သည် ဤမတိုင်မီက ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်၏ မူလခန္ဓာနှင့် ဆုံရမည်ဟု မထင်ခဲ့မိပေ။ ယခုတော့ သူကြုံတွေ့ခဲ့ရပြီဖြစ်ရာ သဘာဝအတိုင်း လက်လွတ်မခံချင်တော့ပါ။
လုမင်၏ မျက်ခုံးများက ပူးကပ်သွားခဲ့သည်။ သူ့စိတ်ထဲမှာ အမျိုးမျိုးသော အတွေးများ ဝင်လာခဲ့၏။
သူ လက်လွတ်ခံလိုက်ရမလား၊ သို့မဟုတ် မဟုတ်ဘူးလား။
လုမင်အတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲရသည်။ နတ်ဆိုးဧကရာဇ်က လွတ်မြောက်လာပြီးမှ သူ့စကားကို ပြန်ရုတ်မည်ဆိုလျှင် အမှန်တကယ် အန္တရာယ်များလိမ့်မည်။