← Chapters

အခန်း ၁၁၄၇

Vol. 77 Ch. 1147

အခန်း ၁၁၄၇

Vol. 77 Ch. 1147

အပိုင်း ( 1147 ) နတ်ဆိုးဧကရာဇ် ရှဲ့လွမ်။

လုမင် သွေးဆောင်ခံရပုံပေါက်သည်ကို မြင်လိုက်ဟန်ဖြင့် နတ်ဆိုးဧကရာဇ်က ဆက်ပြောလိုက်သည်။

"နောက်ပြီး ဒီမိန်းကလေးရဲ့ သွေးမျိုးဆက်က ငါနဲ့ အရမ်းဆင်တူတယ်။ ငါ အပြင်ထွက်လို့ရရင် ငါ့ရဲ့ ပညာအားလုံးကို သူ့ဆီကို လွှဲပြောင်းပေးနိုင်ပါတယ်။ ဒါဆိုရင် အနာဂတ်မှာ ဧကရာဇ်ဖြစ်ဖို့ လွယ်လာမယ်။ အနာဂတ်မှာ ငါ့ထက်တောင် သာလွန်သွားနိုင်တယ်"

နတ်ဆိုးဧကရာဇ်သည် ခုခံရန် ခက်ခဲသော သွေးဆောင်မှုများကို ဆက်လက် ထုတ်‌ပေးနေခဲ့သည်။

နတ်ဆိုးဧကရာဇ်၏ ဤအထုပ်က အမှန်ပင် ကြီးမားသော သွေးဆောင်မှုတစ်ခု ဖြစ်ချေသည်။

"လုမင်၊ ဒါက နင့်ရဲ့ သဘောဆန္ဒအတိုင်းပဲ"

ရှဲ့နျန်ချင်းက လုမင်၏လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"ရှောင်ချင်း၊ နောက်ဆုံးမှ ငါ မင်းကို ပြန်တွေ့ခဲ့ရတာပါ။ မင်းကို ငါနဲ့အတူ မစွန့်စားစေချင်ဘူး၊ ဒီလို အပေါ်ယံပစ္စည်းတွေကို ငါဂရုမစိုက်ဘူး"

လုမင်က ရှဲ့နျန်ချင်း၏လက်ကို ပြန်လည်ဆုပ်ကိုင်ကာ လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

"ဟေ့ဟေ့၊ မင်း ဘာလုပ်တာလဲ။ မင်းငါ့ကိုမယုံဘူးလား၊ ငါ ရှဲ့လွမ်က ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းတတ်သူမို့လား"

လုမင်နှင့် ရှဲ့နျန်ချင်း ထွက်သွားတော့မည်ကို မြင်လိုက်ရသောအခါ နတ်ဆိုးဧကရာဇ် ထိတ်လန့်သွားပြီး အဆက်မပြတ် အော်လိုက်သည်။

သူပြောပြီးသည်နှင့် လုမင်နှင့် ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်များသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုများကို လှစ်ဟလာခဲ့သည်။

ရှဲ့လွမ်၊ ပျက်စီးခြင်း ကောင်းကင်ရဲ့ဧကရာဇ် ရှဲ့လွမ်ပဲလား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

နှစ်ယောက်သား နောက်ပြန်လှည့်ကာ ဧရာမကျောက်စာချပ်ကြီးကို ကြည့်လိုက်သည်။

"ရှင်က ရှဲ့လွမ်လား"

ရှဲ့နျန်ချင်း၏ မျက်လုံးများက မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

ရှဲ့လွမ်သည် လွန်ခဲ့သော အနှစ်သုံးသောင်းက တော်ဝင်ရှဲ့မိသားစု၏ ဧကရာဇ် ဖြစ်သည်။ သူသည် တော်မိသားစုအတွက် တားမြစ်ချက်လည်း ဖြစ်၏။ သူတစ်ဦးတည်းက ရှေးဟောင်း သူတော်စင်မင်းဆက်ကို ဖြိုခွင်းကာ အလယ်တိုက်ကြီး၏ အခြေအနေကို လက်ရှိအခြေအနေသို့ ပြောင်းလဲခဲ့သည်။ ဤအရာအားလုံးက ရှဲ့လွမ်ကြောင့်ချည်း ဖြစ်ချေသည်။

သူ့တွင် ရှဲ့နျန်ချင်းကဲ့သို့ သန္ဓေပြောင်း သွေးမျိုးဆက် ရှိသည်။

သို့ရာတွင်၊ လွန်ခဲ့သော အနှစ်သုံးသောင်းမှ လူတစ်ယောက်က ဤအချိန်ထိ အသက်ရှင်နေသေးရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။

"ဟုတ်တယ်၊ ငါက ပျက်စီးခြင်းကောင်းကင်ဧကရာဇ် ရှဲ့လွမ်ပဲ။ မိန်းကလေး၊ မင်းရဲ့ သွေးမျိုးဆက်က ငါနဲ့ အရမ်းဆင်တူတယ်။ မင်းမှာ ရှဲ့မိသားစုရဲ့ သ‌န္ဓေပြောင်းသွေးမျိုး ရှိရမယ်မဟုတ်လား။ ဟားဟားဟား"

နတ်ဆိုးဧကရာဇ်က အဓိပ္ပါယ်ရှိစွာ ရယ်မောလိုက်သည်။

"မဖြစ်နိုင်ဘူး၊ ကျုပ်သိသလောက်ဆိုရင် ဧကရာဇ်တစ်ပါးက အနှစ်တစ်သောင်းကနေ နှစ်သောင်းလောက်သာ အသက်ရှင်နေနိုင်တာ။ ခင်ဗျားက ရှဲ့လွမ်ဖြစ်ရိုးမှန်ရင် ဒီအချိန်ထိ ဘယ်လိုအသက်ရှင်နိုင်မှာလဲ"

လုမင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ယခုလေးတင်၊ ကျောက်စာချပ်ကြီး‌ ပေါ်လာစဉ်က ရှဲ့လွမ်၏ အသက်ဓာတ် အရိပ်အယောင်များကို သူ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

ဧကရာဇ်တစ်ပါးက အနှစ်သုံးသောင်း မည်သို့ အသက်ရှင်နိုင်မည်နည်း။

"ဒါကတော့ ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ ကျေးဇူးပဲ။ ဒါက ငါ့ခန္ဓာကိုယ်ကို ဖိနှိပ်ပြီး ငါ့ရဲ့ အသက်စွမ်းအား စီးဆင်းမှုကို အဆပေါင်းများစွာ နှေးကွေးစေခဲ့တယ်။ အနှစ်သုံးသောင်းဟာ ငါ့အတွက်တော့ အနှစ်တစ်သောင်းနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ နောက်ထပ် နှစ်သုံးသောင်းလောက် ဖိနှိပ်ခံရရင်တော့ ငါတကယ်ပဲ ဆုံးပါးသွားလိမ့်မယ်"

နတ်ဆိုးဧကရာဇ်က သက်ပြင်းချကာ ရှင်းပြလိုက်သည်။

သို့သော်လည်း လုမင်၏ မျက်လုံးများက အရောင်လက်နေဆဲပင်။

"လုမင်၊ သူပြောတာတွေက အမှန်ဖြစ်ရမယ်။ ဒီလူက ငါနဲ့တူညီတဲ့ မျိုးနွယ်ပဲလို့ ငါနားလည်နိုင်တယ်။ ငါတို့ရဲ့ မျိုးရိုးက အရမ်းဆင်တူပါတယ်"

ရှဲ့နျန်ချင်းက လုမင်ကို တိုးတိုးကပ်ပြောလိုက်သည်။

တစ်ဖက်လူက အမှန်တကယ် ရှဲ့လွမ်လော။

နှစ်ယောက်သား စိတ်တည်ငြိမ်ရန် ခက်ခဲနေဆဲပင်။

ရှဲ့လွမ် ပုန်ကန်သောအခါ တော်ဝင်မိသားစုနှင့် တိုက်ပွဲကြီးတစ်ခုကို တိုက်ခဲ့သည်ဟု ဆိုသည်။ ဤတိုက်ပွဲကြောင့် ကောင်းကင်ပြိုပြီး မြေပြင် ပြိုလဲသွားခဲ့၏။ ရှဲ့လွမ်ဟာ တော်ဝင်မိသားစုမှ မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို သတ်ပစ်ခဲ့သည်။ သို့သော်လည်း အဆုံးတွင်၊ ရှဲ့လွမ်က တော်ဝင်မိသားစုမှ ကျွမ်းကျင်သူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။

ယခုတော့၊ ရှဲ့လွမ်က တကယ်မသေဘဲ ဤနေရာတွင် ဖိနှိပ်ခံခဲ့ရခြင်း ဖြစ်နိုင်မည်လော။

"ဟားဟားဟား၊ တော်ဝင်မိသားစုထဲမှာ ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး။ ငရဲဖိနှိပ်ကျောက်စာချပ်နဲ့ ငါ့ကို ဖိနှိပ်ထားဖို့ပဲ တတ်နိုင်တယ်။ သူတို့က ဒီနည်းနဲ့ ငါ့ကို ဖိနှိပ်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာ။ ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတာက၊ ငရဲဖိနှိပ်ကျောက်စာချပ်က ငါ့ကို ဖိနှိပ်နိုင်ရင်တောင် ငါ့ရဲ့ အသက်စွမ်းအား စီးဆင်းမှုကိုလည်း အဆပေါင်းများစွာ နှေးကွေးစေခဲ့တယ်"

"ကောင်လေး၊ မင်းနဲ့ ဒီမိန်းကလေးက တော်ဝင်မိသားစုရဲ့ ပြည်နှင်ဒဏ်ခံခဲ့ရတာပဲ ဖြစ်မယ်။ ငါ့ကိစ္စတွေ ဖြစ်ပျက်သွားတဲ့နောက်မှာ တော်ဝင်ရှဲ့မိသားစုက သွေးမျိုးဆက်ခြားတွေကို ဆယ်ဆ ပိုသတိထားနိုင်တယ်။ သူတို့ မင်း​ကို​တိုက်​ရိုက်​မသတ်​တာကတင် အတော် ထူးဆန်းနေခဲ့ပါပြီ"

နတ်ဆိုးဧကရာဇ်က ဆက်ပြောလိုက်သည်။

လုမင်နှင့် ရှဲ့နျန်ချင်းလည်း တိတ်ဆိတ်နေခဲ့ကြလေသည်။

"မင်းတို့ တစ်သက်လုံး နတ်ဆိုးနယ်မြေမှာ နေချင်ကြရဲ့လား။ တကယ်လို့ ငါ့ကို လွှတ်ပေးမယ်ဆိုရင် မင်းတို့ကို ငရဲကိုးခုနတ်ဆိုးနယ်မြေကနေ ခေါ်ထုတ်သွားနိုင်တယ်။ စိတ်မပူပါနဲ့၊ ငါ ရှဲ့လွမ်က ကတိစကားကို တန်ဖိုးထားတယ်"

နတ်ဆိုးဧကရာဇ်က ဆက်ပြောလိုက်သည်။

ဤစကားက လုမင်နှင့် ရှဲ့နျန်ချင်းကို အလွန်သွေးဆောင်နိုင်ခဲ့သည်။

ယင်းမှာ ငရဲဖိနှိပ်ကျောက်စာချပ် သို့မဟုတ် နတ်ဆိုးဧကရာဇ်၏အမွေကို ရယူခြင်းထက် ပို၍ ဆွဲဆောင်မှုရှိ၏။

ယခုအခါ၊ သူတို့ရင်ဆိုင်နေရသော အကြီးမားဆုံး ပြဿနာက ဤနေရာမှ မည်သို့ ရုန်းထွက်ရမလဲဟူ၍ပင်။ ရှင်းရှင်းပြောရလျှင်၊ ရှဲ့ချီထျန်းက သူတို့ကို ဤနေရာသို့ နှင်ထုတ်ပြီး သူတို့တစ်သက်လုံး ပိတ်လှောင်ချင်ခဲ့သည်။

သို့သော်၊ လုမင်အတွက် လုပ်စရာ အများကြီး ကျန်ရှိပါသေးသည်။

တိရီက လျန်ရီတောင်ကို ဝန်းရံထားသည်။ သူ့မိသားစုနှင့် သူငယ်ချင်းများအားလုံး ထိုနေရာတွင် ရှိနေခဲ့ကြ၏။ ဤအတွက် သူရုန်းထွက်ရန် လိုအပ်သည်။

"ကောင်းပြီလေ၊ ကျုပ် ခင်ဗျားကို လွှတ်ပေးလိုက်မယ်"

နောက်ဆုံးတွင်၊ လုမင်က အလောင်းအစားလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ဤသည်က တစ်ခုတည်းသော အခွင့်အရေးပင်။

"ကောင်းပြီ၊ အခု မင်းလုပ်ရမှာက ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိန်းချုပ်ပြီး ဖယ်ရှားလိုက်ရုံပဲ"

နတ်ဆိုးဧကရာဇ်က ပြောလိုက်သည်။

"ဝမ်"

လုမင် မတွန့်ဆုတ်တော့ပေ။ အတွေးတစ်ခုဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် ထွက်ပေါ်လာခဲ့သည်။

ငရဲဖိနှိပ်ကျောက်စာချပ်သွေးမျိုးဆက် ပေါ်လာသည်နှင့် တပြိုင်နက်၊ ၎င်းသည် ဧရာမကျောက်စာချပ်ကြီးနှင့် ပြင်းပြင်းထန်ထန် ပဲ့တင်ထပ်ခဲ့၏။ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကလည်း လျင်မြန်စွာ ကြီးထွားလာကာ တုန်ခါပြီး တောက်ပသောအလင်းရောင်များ ထုတ်လွှတ်လာတော့သည်။

"ထွက်ခဲ့"

လုမင် အော်လိုက်သည်။ သူက ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိန်းချုပ်ကာ ဧရာမကျောက်စာချပ်ကြီးကို ဆွဲထုတ်လိုက်၏။

"ဝမ် ဝမ်"

ဧရာမ ကျောက်စာချပ်ကြီးက တုန်ခါလာတော့သည်။ ၎င်းအပေါ်မှ 'ကျောက်စာချပ်'ဟူသော စာလုံးက တောက်ပလာခဲ့သည်။ ၎င်းက ငရဲဖိနှိပ်ကျောက်စာချပ်မှ 'ကျောက်စာချပ်'နှင့် အတူတူလောက်ဖြစ်ကာ ပဲ့တင်ထပ်နေခဲ့၏။

ခြစ်ရာ သို့မဟုတ် အရှိန်အဝါ၊ အရာအားလုံးက အတူတူပင်။

လုမင်လည်း ၎င်းသည် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်၏ ခန္ဓာကိုယ်အစစ်အမှန်ဖြစ်ကြောင်း ပို၍ သေချာသွားခဲ့သည်။ ၎င်းက ငရဲဖိနှိပ်ကျောက်စာချပ်ကြီး၏ အစိတ်အပိုင်းတစ်ခုပင်။

ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစက တဖြည်းဖြည်း လွင့်ပျံပြီး လေထဲသို့ တိုးလာခဲ့သည်။

အောက်ဘက်မှ နတ်ဆိုးစွမ်းအင်များက ဖြာထွက်လာကာ လူတစ်ယောက်အသွင် ပြန်ပေါ်လာခဲ့၏။ ကြီးမားသော နတ်ဆိုးစွမ်းအင်များက ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားတော့သည်။

"ထွက်ခဲ့"

လုမင်က ထပ်မံ အော်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် အပိုင်းအစက တုန်ခါကာ ကျယ်လောင်စွာမြည်ဟီးပြီး ကောင်းကင်သို့ ပျံတက်သွား၏။

သို့သော်လည်း အောက်ဘက်မှ နတ်ဆိုးပုံရိပ်ကြီးက ငရဲဖိနှိပ်ကျောက်စာချပ်ကြီးနှင့်အတူ ပျံတက်ကာ ၎င်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ ငရဲဖိနှိပ်ကျောက်စာချပ် အစိတ်အပိုင်းထဲတွင် ကြီးမားသော နတ်ဆိုးအရိပ်တစ်ခု ပိတ်မိနေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

လုမင် အနည်းငယ် အံ့သြသွားသည်။

"ဟင်း၊ ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစက ငါကို ဖိနှိပ်ထားခဲ့တာ ကြာပြီ။ ငါ့ရဲ့ နတ်ဆိုးခန္ဓာက ပျက်စီးလုနီးပါးဖြစ်သလို ငါ့နတ်ဆိုးစွမ်းအင်တွေလည်း ကုန်လုနီးပါး ဖြစ်နေခဲ့ပါပြီ။ ငါ့ရဲ့ နတ်ဆိုးစွမ်းအင်နဲ့ ငရဲဖိနှိပ်ကျောက်စာချပ်က ပေါင်းလုနီးပါး ဖြစ်နေပြီ။ ဒါကြောင့် ကျောက်စာချပ် အပိုင်းအစက မြေပြင်ကနေ ထွက်သွားရင်တောင် ငါ့ကို ဖိနှိပ်ထားတုန်းပဲ"

နတ်ဆိုးဧကရာဇ် ရှဲ့လွမ်က သက်ပြင်းချလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ။ ဒါပေမဲ့ ဒီပုံစံနဲ့ ကျုပ်တို့ကို ချောက်ထဲကနေ ရုန်းထွက်နိုင်အောင် ဘယ်လို ကူညီမှာလဲ"

လုမင်က မေးလိုက်သည်။

"ဒါက ရိုးရှင်းပါတယ်။ ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစကို မင်းရဲ့ သွေးမျိုးဆက်နဲ့ ပေါင်းစပ်ပြီး မင်းရဲ့ ကျောရိုးထဲကို ထည့်ထားလိုက်ရုံပဲ။ ဒီအစိတ်အပိုင်းက မင်းရဲ့ ကနဦး ထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်။ အဲဒါဆိုရင် ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစ‌ကနေ ငါလွတ်မြောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ သိပ်ပြီးတော့ ဝေးဝေးသွားလို့မရဘူး။ မဟုတ်ရင် ဖိနှိပ်ခံရဦးမှာ"

ရှဲ့လွမ်က ရှင်းပြလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ သူက ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကို ထိန်းချုပ်ကာ ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစနှင့် စတင် ပေါင်းစပ်ခဲ့တော့သည်။

ခဏအကြာတွင် ငရဲဖိနှိပ်ကျောက်စာချပ် အစိတ်အပိုင်းနှင့် ပေါင်းစည်းပြီးသွားသည်။

ဤအချိန်တွင်၊ ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစက လျင်မြန်စွာကျုံ့သွားကာ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်နှင့် ပေါင်းစပ်သွားခဲ့၏။

ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်၏ အောက်ပိုင်းက တကယ့်အစစ်ကဲ့သို့ တောက်ပြောင်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ၎င်းသည် ဧရိယာ၏ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်ထားပြီး သုံးပုံနှစ်ပုံကတော့ အစစ်အမှန်မဟုတ်ဟု ထင်မြင်နေကြရဆဲပင်။

ဤသည်မှာ တကယ့် ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစ ဖြစ်သည်။ ၎င်းက လုံးဝ အမှားအယွင်းမရှိပေ။

"လာ"

လုမင်၏ အတွေးတစ်ခုဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က အလင်းတန်းတစ်ခုလို လုမင်၏ ကျောရိုးထဲသို့ နစ်မြုပ်သွားတော့သည်။

All Chapters