← Chapters

အခန်း ၁၁၄၈

Vol. 77 Ch. 1148

အခန်း ၁၁၄၈

Vol. 77 Ch. 1148

အပိုင်း ( 1148 ) ပြေးထွက်ခြင်း။

ယင်းနောက် လုမင်၏ အတွေးတစ်ခုဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် ပြန်ပေါ်လာခဲ့သည်။

'ငါသာ အခုနေ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ် ပြောင်းလဲလိုက်ရင် စွမ်းအားက ကြောက်စရာကောင်းလိမ့်မယ်'

လုမင်၏ နှလုံးသားက လှုပ်ရှားသွားသည်။ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်မှ ထွက်ပေါ်လာသော ကြီးမားသော စွမ်းအားကို သူ ခံစားနိုင်ပေသည်။

ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က အဆင့်မတက်ခဲ့ပါ။ ၎င်းက နတ်ဘုရားအဆင့်ခုနစ်တွင် ရှိနေဆဲ ဖြစ်သည်။ သို့ရာတွင် ၎င်းထံမှ ကြီးမားသော စွမ်းအားကို လုမင် ခံစားရ၏။ အကယ်၍ သူသာ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပါက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက် တစ်ခုကဲ့သို့ အစွမ်းထက်လိမ့်မည်။

'ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျနေသေးတယ်။ အခုထိ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်သေးဘူး။ ဒါပေမဲ့ ငါ့ရဲ့နယ်ပယ် တိုးလာတာနဲ့အမျှ ပိုပြီး စွမ်းအားတွေကို သုံးလာနိုင်လိမ့်မယ်'

အတွေးများစွာနှင့် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤနည်းအားဖြင့် ငရဲဖိနှိပ်ကျောက်စာချပ်က ၎င်း၏ အသန်မာဆုံးသော ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။

'အတားအဆီးမရှိတဲ့ ကောင်းကင်သိုင်းက ပိုပြီး အစွမ်းထက်လာမလား မသိဘူး'

လုမင်လည်း ယင်းကို မျှော်လင့်ခဲ့မိသည်။

ရဲ့လွမ်၏ ပုံရိပ်ကိုလည်း ငရဲဖိနှိပ်ကျောက်စာချပ် အောက်ခြေတွင် ရှိနေသည်ကို သူမြင်ခဲ့ရပေသည်။

လုမင်က ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်အတွင်းသို့ အသိစိတ်ပို့လွှတ်ကာ ရှဲ့လွမ်အပေါ်မှ ဖိအားများကို ချိန်ညှိလိုက်သည်။

"ဝမ်"

ငရဲဖိနှိပ်ကျောက်စာချပ်‌ သွေးမျိုးဆက်က တုန်ခါသွားခဲ့၏။ ရှဲ့လွမ်၏ပုံရိပ်က ငရဲဖိနှိပ်ကျောက်စာချပ်မှ ထွက်ခွာကာ လေထဲတွင် ပေါ်လာတော့သည်။

"ဝုန်း"

ကြီးမားသော နတ်ဆိုး၏ ရောင်ဝါက ပေါက်ကွဲထွက်ကာ တိမ်တိုက်များကြားကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

"ဟားဟားဟား၊ ငါနောက်ဆုံးတော့ လွတ်မြောက်ပြီ"

ရှဲ့လွမ် ရယ်မောလိုက်သည်။ သူ၏ ဆံပင်ရှည်များက ဖြန့်ချထားကာ မျက်ခုံးများက ထက်၏။ သူ ငယ်ရွယ်စဉ်က လူပုံချောတစ်ယောက်ဟု ဆိုနိုင်သည်။ ယခုတော့ ရူးသွပ်နေပုံရလေသည်။

သို့သော်လည်း လုမင် နားလည်​နိုင်​သည်​။ အနှစ်သုံးသောင်းကြာအောင် ဖိနှိပ်ခံရသည့်တိုင် ရူးမသွားသည်ကပင် အလွန် ကောင်းနေပြီ ဖြစ်သည်။

ခဏအကြာတွင် ရှဲ့လွမ်က ငြိမ်သက်သွားခဲ့သည်။ သူက လုမင်နှင့် ရှဲ့နျန်ချင်းကို ကြည့်ကာ ပြောလိုက်သည်။

"သွားရအောင်၊ ငါ မင်းတို့ကို လိုက်ပို့ပေးမယ်"

နတ်ဆိုးစွမ်းအင်များ တဟုန်ထိုးတက်လာပြီး လုမင်နှင့် ရှဲ့နျန်ချင်းတို့ကို လွှမ်းခြုံသွားခဲ့သည်။ ရှဲ့လွမ်က ထွက်လာပြီးနောက် မိုပိုင်တောင်အပြင်ဘက်ကို လှမ်းထွက်ခဲ့၏။

အပြင်ဘက်မှာတော့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင် အများအပြားက သူတို့ကို ထိတ်လန့်တကြားဖြင့် ကြည့်နေသည်။

"ငါ့ ခွန်အားတွေ ပြန်ကောင်းအောင် ကူညီပေးနိုင်တဲ့ ဆေးဝါးတချို့ ရှိနေတာပဲ"

လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ နောက်အခိုက်တွင် ကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအင်များက ရှဲ့လွမ်ထံမှ ပေါက်ကွဲထွက်လာခဲ့၏။ နတ်ဆိုးစွမ်းအင်များက မိစ္ဆာနတ်ဆိုးအားလုံးကို ဖုံးလွှမ်းသွားတော့သည်။

"မကောင်းတော့ဘူး၊ သွားကြစို့"

"အား၊ ကယ်ကြပါဦး"

မိစ္ဆာနတ်ဆိုးများ၏ ဆောက်တည်ရာမရ အော်သံများကို ကြားလိုက်ရသည်။ လုမင်သည် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားများအားလုံး လုံးဝ ခုခံနိုင်စွမ်းမရှိသည်ကို မြင်တွေ့ခဲ့ရ၏။ ၎င်းတို့အားလုံး ရှဲ့လွမ်၏ စုပ်ယူခံရကာ သန့်စင်သောစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ရှဲ့လွမ်၏ ခန္ဓာကိုယ်က စွမ်းအင်များကို အဆက်မပြတ်စုပ်ယူနေသော အောက်ခြေမရှိသည့် တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်။ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်များက ခဏတာ ခုခံနိုင်ခဲ့သည်။ သို့သော်လည်း ရှဲ့လွမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ ၎င်းတို့အားလုံး လေထဲတွင် ပေါက်ကွဲသွားပြီး စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ရှဲ့လွမ်၏ ရှုံ့တွနေသော အရေပြားက လှုပ်ရှားပြီး သူ၏ ရောင်ဝါကလည်း အနည်းငယ် အားကောင်းလာခဲ့သည်။

"ဒီနဆ်ဆိုးမျိုးနွယ်ဝင်တွေက အားနည်းလွန်းတာ စိတ်မကောင်းစရာပဲ။ ငါ့ရဲ့ နတ်မိစ္ဆာခန္ဓာက နည်းနည်းပဲ ပြန်ကောင်းလာတယ်။ ဒါက ငါ့ရဲ့ အထွတ်အထိပ်နဲ့ အဝေးကြီးမှာ ရှိနေတုန်းပဲ"

ရှဲ့လွမ် သက်ပြင်းချလိုက်သည်။

လုမင်နှင့် ရှဲ့နျန်ချင်းလည်း လျှို့ဝှက်စွာ ထိတ်လန့်သွားခဲ့ကြလေသည်။ ရှဲ့လွမ်က အမှန်တကယ်ပင် ကမ္ဘာကြီးကို တုန်လှုပ်စေသော နတ်ဆိုးဧကရာဇ်ဖြစ်သည်။ သူသည် အမှန်တကယ် ကြောက်စရာကောင်း၏။ အနှစ်သုံးသောင်း ဖိနှိပ်ခံရပြီးနောက် ပထမဆုံး ပြန်ထွက်လာခြင်းဖြစ်သော်လည်း သူ့အင်အားမှာ‌ ကြောက်စရာကောင်းနေဆဲပင်။

"ငါတို့ ဒီမှာ အကြာကြီးနေလို့မရဘူး။ ရှဲ့မိသားစုဧကရာဇ်က မကြာခင် သိသွားမှာကို ကြောက်ရတယ်။ အခုပဲ ငါတို့ သတ်လိုက်ကြရအောင်"

ရှဲ့လွမ်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်သွားခဲ့သည်။ သူသည် လုမင်နှင့် ရှဲ့နျန်ချင်းကို နတ်ဆိုးစွမ်းအင်ဖြင့် ထုပ်ပိုးပြီး ထွက်ခွာသွား၏။ ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ ထွက်ပေါက်ဆီသို့ ပြေးလာသော သူ၏အရှိန်မှာ ကြောက်မက်ကောင်းအောင် မြန်လွန်းသည်။

ခဏလေးအတွင်းမှာပဲ သူတို့မသိနိုင်သော အကွာအဝေးကို ဖြတ်ကျော်သွားခဲ့၏။ မကြာမီ၊ ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ ထွက်ပေါက်ဖြစ်သော မြို့တော်ကို မြင်လာခဲ့ရပြီ။

မြို့၏အထက်တွင် တစ်မြို့လုံးကို ဖုံးအုပ်ထားသည့် အလင်းဒိုင်းတစ်ခု ရှိသည်။

ကောင်းကင်ယံတွင် မြို့ကိုစောင့်ကြပ်နေသော ပညာရှင်များ ရှိကြ၏။

ခဏချင်းပင်၊ ရှဲ့လွမ်က လုမင်၊ ရှဲ့နျန်ချင်းတို့နှင့်အတူ မြို့အထက်တွင် ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

ကြောက်စရာကောင်းသော လက်ဝါးပုံရိပ်က အလင်းဒိုင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အလင်းဒိုင်းက ပြင်းပြင်းထန်ထန် တုန်ခါကာ အပေါက်တစ်ပေါက် ပွင့်သွားခဲ့၏။ ရှဲ့လွမ်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြေးဝင်လိုက်တော့သည်။

"ဘယ်သူလဲကွ"

"မကောင်းတော့ဘူး၊ နတ်ဆိုးကောင် ကျူးကျော်ဝင်ရောက်လာပြီ"

မြို့တော်အတွင်းမှ ကျယ်လောင်သော အော်သံများစွာ ပေါ်လာခဲ့သည်။ အစွမ်းထက် အရှိန်အဝါများစွာလည်း ထွက်လာကြ၏။

'ကျွမ်းကျင်သူတွေ အများကြီးပဲ'

အရှိန်အဝါများကို ခံစားလိုက်ရသောအခါ လုမင် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။

ထိုအရှိန်အဝါများက အလွန်အစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်း၏။ ၎င်းတို့ထဲတွင် အများစုက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်တွင် ရှိကြသည်။ သတ္တမအဆင့်နှင့်အထက် ဝိညာဉ်နတ်ဘုရားနယ်ပယ်မျ ကျွမ်းကျင်သူတချို့ပင် ရှိနေကြသေးသည်။

"အားလုံး ငါ့ရဲ့ ဖြည့်စွတ်စာတွေ ဖြစ်လာစမ်း"

ရှဲ့လွမ်၏ မျက်လုံးများက အေးစက်နေကာ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ ပေါက်ကွဲသွားကာ စွမ်းအင်များအဖြစ်နှင့် ရှဲ့လွမ်ထံသို့ စီးဝင်သွား၏။ သူ၏ အရှိန်အဝါက ပို၍ အားကောင်းလာတော့သည်။

ကျွမ်းကျင်သူများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရလိုက်သဖြင့် ကြောက်လန့်တကြား အော်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

"မကောင်းဘူး၊ သူက အရမ်းသန်မာတယ်"

ထိုကျွမ်းကျင်သူများအားလုံး ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖျော့တော့ကာ အသည်းအသန် ဆုတ်ခွာသွား၏။

"မင်း သေချင်နေတာပဲ"

ဤအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအချို့က မြို့၏ နက်နဲရာအရပ်မှ ထွက်ပေါ်လာခဲ့သည်။ ပုံရိပ်တချို့က သူတို့ရှေ့တွင် ချက်ချင်း ပေါ်လာကြ၏။

'သူတို့က အရမ်းသန်မာတာပဲ။ သူတို့အားလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ရှစ်ကို ကျော်သွားပြီ'

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

နောက်ပိုင်းပေါ်လာသော လူအနည်းငယ်စုက အလွန် ကြောက်စရာကောင်းသည်။ သူတို့၏ အရှိန်အဝါများက ကြောက်စရာကောင်းလွန်းကာ ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ရှစ်နှင့် အထက်တွင် ရှိကြ၏။ အလွန်ကျယ်ပြောပြီး ခန့်မှန်းမရသော အရှိန်အဝါဖြင့် လူနှစ်ဦးပင် ရှိသေးသည်။

"အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနှစ်ပါးနဲ့ ပြီးပြည့်စုံတဲ့အဆင့် ဝိညာဉ်နတ်ဘုရားနှစ်ပါး၊ ဟားဟားဟား"

ရှဲ့လွမ်က တိုက်ခိုက်ရင်း ရယ်မောလိုက်သည်။ အကန့်အသတ်မဲ့ နတ်ဆိုးစွမ်းအင်များက ဓားသွားအဖြစ် ပေါင်းစပ်ကာ ၎င်းတို့ကို ခုတ်ချလိုက်၏။

တစ်ဖက်လူများကလည်း ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းဖြင့် ပေါက်ကွဲခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ရှဲ့လွမ်ဆီသို့ ထုတ်ဖော်လိုက်တော့သည်။

၎င်းတို့က ဝင်္ကပါကြီးကို အသက်သွင်းလိုက်ရာ မြို့တစ်ခုလုံး တုန်ခါပြီး ပြိုးပြိုးပြက်ပြက် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ဤဝင်္ကပါကြီးကြောင့်သာ မဟုတ်ပါက မြို့တစ်ခုလုံး ပြိုကွဲသွားလိမ့်မည်။

"အား"

ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှဲ့လွမ်၏ နတ်ဆိုးဓားက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ဦးခေါင်းကို ခုတ်ဖြတ်လိုက်၏။ ထို့နောက်မှာတော့ သူ၏ ဝိညာဉ်နတ်ဘုရားက ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော်လည်း ရှဲ့လွမ်၏ စုပ်ယူခြင်းကို ခံခဲ့ရကာ စွမ်းအင်ဖြည့်စွတ်စာ ဖြစ်ခဲ့ရဆဲပင် ဖြစ်သည်။ ရှဲ့လွမ်၏ အရှိန်အဝါလည်း ပို၍ပင် အားကောင်းလာတော့သည်။

ကျန်သုံးယောက်၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့က ရှဲ့လွမ်၏တိုက်ခိုက်မှုကို မတားဆီးဝံ့တော့ဘဲ အရှိန်ပြင်းပြင်းဖြင့် ဆုတ်သွားခဲ့၏။

ရှဲ့လွမ်က သူတို့အနောက်ကို မလိုက်ဘဲ လုမင်တို့နှင့်အတူ ထွက်ပေါက်ကို ဦးတည်သွားခဲ့သည်။

"ဘယ်ကိုသွားမှာလဲ"

အရှိန်အဝါကြီးသော အသံနှင့်အတူ ကောင်းကင်မှ ထုထည်ကြီးမားသော လက်ဝါးပုံရိပ်ကြီး ထွက်ပေါ်လာခဲ့သည်။ ထိုလက်ဝါးကို တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး လေးနက်သော အရှိန်အဝါများက လွှမ်းခြုံထား၏။ ထိုအရှိန်အဝါက မိုးနှင့်မြေ၏ သဘောတရားထက်ပင် များစွာ အားကောင်းသည်။

'အဓိပဓိ'

လုမင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။

အဓိပဓိတစ်ဦး လှုပ်ရှားလာခဲ့ပြီ။

အဓိပဓိကို တကယ်တော့ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားဟု သတ်မှတ်၍ ရသည်။ သို့ရာတွင် ၎င်းက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ခြေတစ်လှမ်းဝင်ပြီး သိုင်းအုပ်ချုပ်သူ စွမ်းအားတချို့ ရှိ၏။ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက သာမန် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား နယ်ပယ်များထက် များစွာ အားကောင်းသည်။

အဓိပဓိ လှုပ်ရှားလာသောအခါ ရှဲ့လွမ်၏ မျက်နှာက လေးနက်လာခဲ့သည်။

သူ့လက်ထဲတွင် ကြောက်စရာကောင်းသော နတ်ဆိုးအရှိန်အဝါများနှင့် နတ်ဆိုးဓား ထွက်ပေါ်လာခဲ့၏။

"ကောင်းကင်ဧကရာဇ် နတ်ဆိုးဓား"

ရှဲ့လွမ်က ဓားချက်ထုတ်ဖော်လိုက်ရာ ကောင်းကင်ကြီး နှစ်ခြမ်းကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက ကြီးမားသော လက်ဝါးကြီးပေါ်ကို ကျရောက်သွားခဲ့သည်။

"ဝုန်း"

ခြောက်ခြားဖွယ်ရာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ဓားအလင်းက လက်ဝါးကြီးကို ခွဲထွက်သွား၏။ သို့သော်လည်း ရှဲ့လွမ်ပါ ပြန်ဆုတ်သွားရတော့သည်။

သူတို့အရှေ့တွင် အဓိပဓိအရှိန်အဝါများနှင့် ဆံဖြူအဘိုးကြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

"ဒီနေရာကို ဘယ်လိုနတ်ဆိုးက လာရှုပ်ဝံ့..."

ဆံပင်ဖြူ အဘိုးကြီးက ပြောလိုက်သော်လည်း စကားမဆုံးခင်မှာ ရပ်သွားသည်။ ရှဲ့လွမ်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ ပြူးကျယ်သွား၏။ သူ၏ မျက်လုံးများက အလွန်အမင်းကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် မယုံကြည်မှုများ ပြည့်နှက်သွားတော့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဆံဖြူအဘိုးကြီးထံမှ မယုံကြည်နိုင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

All Chapters