← Chapters

အခန်း ၁၁၅၂

Vol. 77 Ch. 1152

အခန်း ၁၁၅၂

Vol. 77 Ch. 1152

အပိုင်း ( 1152 ) အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားကို သတ်ဖြတ်သည်။

"ဆရာကြီး၊ ခင်ဗျား ကျွန်တော်ကို ပိုတွက်လွန်းပါပြီ"

လုမင် ပြောလိုက်သည်။

"ဟားဟားဟား၊ နှိမ့်ချနေစရာ မလိုပါဘူး။ ဒီလူတွေက ငါ့ရဲ့ အာဟာရတွေ ဖြစ်လာလိမ့်မယ်။ အနည်းဆုံးတော့ ငါ့ရဲ့ ခွန်အား နည်းနည်း ပြန်ကောင်းလာအောင် ကူညီပေးနိုင်တယ်"

ရှဲ့လွမ်က ရယ်မောလိုက်သည်။ သူက နတ်ဆိုးစွမ်းအင်များနှင့် လုမင်သတ်ဖြတ်ခဲ့သော ထျန်းဝူဓားဂိုဏ်းသား အလောင်းများကို ရစ်ပတ်လိုက်၏။

ရှဲ့လွမ်က အလွန်လွှမ်းမိုးမှုရှိသော ကျင့်စဉ်တစ်မျိုးကို လေ့ကျင့်ခဲ့သည်။ ၎င်းက ကျင့်ကြံသူများ၏ အနှစ်သာရကို တိုက်ရိုက်စုပ်ယူပြီး ကိုယ်ပိုင်အနှစ်သာရအဖြစ်သို့ ပြောင်းလဲနိုင်ပေသည်။ ၎င်း၏စွမ်းရည်က နဝမနဂါး၏ ဝါးမျိုခြင်းစွမ်းအားနှင့် နှိုင်းယှဉ်နိုင်သည်။

ဟုတ်ပေသည်၊ ရှဲ့လွမ်၏ ကျင့်ကြံခြင်းကလည်း နားမလည်နိုင်အောင်ပင်။ သူဟာ သိုင်းအုပ်ချုပ်သူများကြားတွင်ပင် ထိပ်သီး တန်ခိုးရှင်တစ်ဦးဟု သတ်မှတ်ခံရသောကြောင့် နည်းလမ်းအမျိုးမျိုး ရှိနေခြင်းမှာ သာမန်ပင် ဖြစ်သည်။

ယင်းနောက်၊ ရှဲ့လွမ်ဟာ အလားတူလုပ်ဆောင်ပြီး ကျန် ကျင့်ကြံသူလေးဦးကို စုပ်ယူလိုက်သည်။

ရှဲ့လွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအင်က သိပ်သည်းပြီး သူ၏အရှိန်အဝါများ အနည်းငယ် အားကောင်းလာတော့သည်။

"အဆင့်ငါးနဲ့ အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားတွေက အားနည်းလွန်းတယ်။ သူတို့က ငါ့ကို နည်းနည်းလေးပဲ ပြန်ကောင်းစေနိုင်ပြီး ဘာမှမဖြစ်မြောက်ဘူး။ လုမင်၊ အရှေ့အရပ်ပိုင်းမှာ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရား ရှိနေတယ်။ အဟက်၊ ဒီကောင်ကတော့ နည်းနည်းဝတယ်"

ရှဲ့လွမ်က အေးစက်စက်ဖြင့် လှောင်ရယ်လိုက်သည်။

ရှဲ့လွမ်၏ အရှိန်အဝါက အားနည်းနေပြီး သူ၏ခွန်အားကလည်း အထွတ်အထိပ်သို့ရောက်ရန် ဝေးနေသေးသည့်တိုင် ဝိညာဉ်အသိ အာရုံခံနိုင်စွမ်းကတော့ ကြောက်စရာကောင်းနေဆဲပင်။ သူဟာ သိုင်းအုပ်ချုပ်သူတစ်ပါး ဖြစ်နေဆဲမို့ အဝေးမှ အခြေအနေများကို ကောင်းကောင်း ခံစားနိုင်ခဲ့သည်။

ထို့ကြောင့် ရန်သူကို ကြို၍သိနိုင်ခဲ့လေသည်။

"အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားလား၊ ဒါဆိုရင် သူ့ကို သတ်လိုက်ကြတာပေါ့"

လုမင်၏ မျက်လုံးများက စူးရှသော အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။

သူ၏ ခန့်မှန်းမှုအရ တော်ဝင်မိသားစုက အဖိုးတန်ဆုလာဘ်တစ်ခု ချမှတ်ထားတာ ဖြစ်ရမည်။ မဟုတ်ပါက၊ တော်ဝင်ရှဲ့မိသားစုမှ မဟုတ်သော ဤလူများက သူ့ကိုသတ်ရန် ဘာကြောင့် စိတ်အားထက်သန်နေ‌မည်နည်း။

သို့ရာတွင်၊ သူ့ကိုသတ်ချင်ပါက ကိုယ်တိုင် သေရမည်ကိုလည်း အသင့် ပြင်ဆင်ထားကြရပေမည်။

လုမင်က ရှေ့သို့ ခြေလှမ်းကာ ထိုနေရာဘက်ကို ဦးတည်လိုက်သည်။

ဤအခိုက်အတန့်တွင် လုမင်၏ အရှေ့ဘက်မှာ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ဝန်းကျင်ခန့် အမျိုးသားနှစ်ဦးက လုမင်ဆီသို့ ပျံသန်းလာနေသည်။

နှစ်ယောက်စလုံးက အဖြူရောင် ၀တ်စုံကို ဝတ်ထားပြီး ကျောထက်မှာလည်း ဓားကိုယ်စီ လွယ်ထားကြ၏။ ၎င်းတို့က ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူများဖြစ်ကြောင်း ထင်ရှားသည်။

တစ်ယောက်က သူ့လက်ထဲတွင် ချပ်ပြားတစ်ခုကို ကိုင်ထားသည်။ ထိုချပ်ပြားပေါ်တွင် အလင်းရောင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေခဲ့၏။

"ငါတို့ရောက်ခါနီးပြီ။ လုမင် ဟိုမှာပဲ"

"သူ မသေသေးဘူးကွ။ ဟားဟားဟား၊ ငါတို့က သူ့ကို ပထမဆုံးရှာတွေ့တာ ဖြစ်ပုံရတယ်"

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျေနပ်စွာဖြင့် ပြုံးလိုက်ကြသည်။

"ဟင်၊ ဒါနဲ့ သူက ဘာဖြစ်လို့ ငါတို့ဆီကို လာတာလဲ"

ရုတ်တရက်၊ သူတို့ထဲမှ တစ်​​ယောက်​က စကား​ပြောလာသည်​။

ချပ်ပြားပေါ်မှ အလင်းစက်အရ သူတို့ရှိရာကို လျင်မြန်စွာ ချဉ်းကပ်လာနေကြောင်း သဘောပေါက်လိုက်၏။

"ဟားဟားဟား၊ သူက သေချင်နေတာပဲ။ ငါတို့ ဒီကိုရောက်နေတာမှ သိပုံမရဘူး။ ဟားဟားဟား၊ ကောင်းကင်က ငါတို့ကို ကူညီနေသလိုပဲ"

တခြားလူက ရယ်လိုက်သည်။

သူတို့က ရှဲ့လွမ်၏ တည်ရှိမှုကို သဘာဝအတိုင်း မသိခဲ့ကြပေ။

ရှဲ့လွမ်၏ ကိစ္စက လေးနက်လွန်းသည်။ တော်ဝင်ရှဲ့မိသားစုက ဤသတင်းကို ထုတ်ဖော်မပြောခဲ့ပေ။ တော်ဝင်ရှဲ့မိသားစုမှာပင် လူအနည်းငယ်ကသာ ထိုအကြောင်းကို သိသည်။ ၎င်းတို့က လုမင်အကြောင်းကိုသာ ဖော်ပြခဲ့ပေသည်။

သူတို့နှစ်ယောက်က စကားစမြည်ပြောရင်း ပျံသန်းလာခဲ့ကြသည်။

မကြာမီပင်၊ အနက်ရောင်ဝတ် လူငယ်လေးတစ်ယောက်က သူတို့ရှေ့မှာ ပေါ်လာသည်။

လူသုံးယောက်က အကြည့်ချင်းဆုံသွားခဲ့၏။

သို့သော်လည်း ထျန်းဝူဓားဂိုဏ်းသားနှစ်ဦးကို အံ့အားသင့်စေသည်မှာ လုမင်က ၎င်းတို့အား မြင်တွေ့ရသည့်အတွက် အံ့သြပုံမပေါ်ပေ။ ထိုအစား သူ့မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ် အရိပ်အယောင်များသာ ရှိနေသည်။

ယင်းက သူတို့နှစ်ယောက်ကို ဆိုးရွားသော ခံစားချက်တစ်ခု ဖြစ်စေခဲ့၏။

သို့သော်လည်း ခေါင်းခါယမ်းရင်း မကောင်းသော ခံစားချက်ကို စိတ်ထဲမှ တွန်းထုတ်လိုက်တော့သည်။

လုမင်က တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အငယ်တစ်ဦးသာ ဖြစ်သည်။ သူ ဘယ်လောက်ပဲ အားကောင်းပြီး ကောင်းကင်ကို အံတုနေပါစေ၊ အဆင့်လေးဆင့်ကျော်ပြီး အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားများကို မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

သူတို့၏ ထောင်စုနှစ် သက်တမ်းတစ်လျှောက်တွင် အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားကို တိုက်ခိုက်နိုင်သူအား မကြားခဲ့ဖူးပေ။

အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရား ဖြစ်လာနိုင်သူတိုင်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ဖြစ်ကြသည်။ ၎င်းတို့အားလုံး ငယ်စဉ်အခါက ပါရမီရှင်များ ဖြစ်ခဲ့ကြပေသည်။

သူတို့က လွန်ကဲစွာ တွေးတောနေမိသည်ဟု ခံစားလိုက်မိသည်။

"သူ့ကို အတူတူ တိုက်ခိုက်ပြီး သတ်လိုက်ကြရအောင်။ အချိန်တန်ရင် ဆုလာဘ်တွေကို အညီအမျှ ခွဲယူမယ်"

တယောက်က စကားစသည်။

လုမင်က ​​သူတို့အတွက် ပြိုင်ဖက်ဖြစ်ရန် မဖြစ်နိုင်ဘူးဟု ခံစားမိသော်လည်း အမှားအယွင်းများကို ရှောင်ရှားနိုင်ရန် အတူတကွ တိုက်ခိုက်ပြီး တိုက်ပွဲကို အမြန်အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပေသည်။

"ကောင်းပြီ"

အခြားလူလည်း ခေါင်းညိတ်လိုက်သည်။

"ချွမ် ချွမ်"

ဓားဆွဲထုတ်လိုက်သည်နှင့် ဓားစွမ်းအင်များက ကောင်းကင်ကို ထိုးတက်သွား၏။

နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာ ရှေ့သို့တိုးပြီး လုမင်အား တိုက်ခိုက်လိုက်ကြသည်။

"လုမင်၊ ငါမင်းအတွက်​ တစ်ယောက်ထားခဲ့မယ်"

ရှဲ့လွမ်က နတ်ဆိုးစွမ်းအင် ကြိုးမျှင်အဖြစ်သို့ ပြောင်းလဲကာ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားတစ်ပါးကို ရွယ်လိုက်သည်။

"သတ်"

လုမင်လည်း ထွေထွေထူးထူး မပြောတော့ဘဲ သူတို့ထဲမှ တစ်ယောက်ကို တိုက်ခိုက်လိုက်၏။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လက်ဝါးရိုက်ချက်ကို ကောင်းကင်ဓားကဲ့သို့ ထုတ်ဖော်လိုက်တော့သည်။

"ထန်"

သူ့လက်ဝါးက ပြိုင်ဘက်၏ဓားနှင့် ပြင်းထန်စွာ တိုက်မိသွားကာ ကြောက်စရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လက်ဝါးနှင့်ဓား တိုက်မိရာမှ ကြောက်မက်ဖွယ်ကောင်းသော အင်အားလှိုင်းလုံးများ ထွက်လာခဲ့၏။

မီတာရာဂဏန်းအကွာမှ တိမ်တိုက်များတွင်း တိုးဝင်နေသော တောင်တစ်လုံးလည်း လှိုင်းလုံးကြီးအောက်တွင် တိတိရိရိ ပြတ်ကျသွားတော့သည်။ ဖုန်မှုန့်များနှင့် အညစ်အကြေးများက လေထုကို ပြည့်နှက်စေကာ ကျောက်တုံး အစအနများလည်း လွင့်စဉ်ကျသွားသည်။

"ဒုန်း ဒုန်း ဒုန်း"

ထိပ်တိုက်တွေ့ပြီးနောက် ပုံရိပ်တစ်ခုသည် ခြေသုံးလှမ်းဆက်တိုက် နောက်ပြန်ဆုတ်သွားခဲ့၏။

၎င်းက ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူဖြစ်သည်။ သူက အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ရသော်လည်း၊ လုမင်ကတော့ အနည်းငယ်သာ ယိမ်းယိုင်သွားပေသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူလည်း မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားသည်။

လုမင်၏ လက်ဝါးတစ်ချက်က သူ့ကို နောက်ပြန်တွန်းထုတ်ခဲ့၏။ ယင်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။

လုမင်က အဆင့်သုံး ဝိညာဉ်နတ်ဘုရား နယ်ပယ်၌သာ ရှိသေးသည်က အသိသာကြီးပင်။ တတိယအဆင့် ဝိညာဉ်နတ်ဘုရားက သူကဲ့သို့ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားကို ဖိနှိပ်ကာ ခြေသုံးလှမ်း ပြန်ဆုတ်စေခဲ့သည်။ ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။

'ဒီကောင်လေးက ကြောက်စရာကောင်းလွန်းတယ်။ သူ့ကို သတ်ရမယ်၊ ငါသတ်ရမယ်'

ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူက သူ့စိတ်ထဲတွင် ဟိန်းဟောက်လိုက်သည်။ သူက အစွမ်းကုန်ထုတ်ဖော်ပြီး သွေးမျိုးဆက်ဓားအဖြစ် ပေါင်းစပ်ကာ အကုန် ပေါက်ကွဲခဲ့၏။

၎င်းတွင် နတ်ဘုရားအဆင့်ငါး သွေးမျိုးဆက် ရှိသည်။

"ဂါး"

နဂါးဟိန်းသံ ထွက်ပေါ်လာပြီး နဝမနဂါးသွေးမျိုးဆက် ထွက်ပေါ်လာခဲ့သည်။ လုမင်ကလည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် နဝမနဂါးအသွင် ပြောင်းလဲခဲ့၏။

နဝမနဂါးက ဟိန်းဟောက်ကာ ရန်သူဆီသို့ ပြေးသွားသည်။

"ဝုန်း ဝုန်း"

နဂါးလက်သည်းများက လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ဓားကြီးနှင့် အဆက်မပြတ် ထိပ်တိုက်တွေ့ခဲ့သည်။ သို့သော်၊ ဓားက လုံး၀ အရေးနိမ့်ပြီး နဝမနဂါးနှင့် မယှဉ်နိုင်ပေ။

ထိုအချိန်က၊ လုမင်သည် ငရဲကိုးခု နတ်ဆိုးနယ်မြေသို့ ဝင်ရောက်စက ရှဲ့မိသားစုမှ ကျွမ်းကျင်သူကိုသတ်ရန် တတိယသွေးမျိုးဆက်မှစွမ်းအားကို ချေးယူခဲ့ရသည်။

ယခုမူ၊ လုမင်က ပြိုင်ဘက်ကို အပြတ်ဖိနှိပ်ရန် အစွမ်းကုန်သုံးရန်ပင် မလိုတော့ပေ။

ဆယ်ကြိမ်ထက်မနည်း လှုပ်ရှားပြီးနောက် နဝမနဂါးက ဓားကို လုံးလုံးလျားလျား ဖြိုခွင်းလိုက်သည်။ နဂါးလက်သည်းများက အဆက်မပြတ် ကျရောက်လာကာ ဓားက တုန်ခါလာခဲ့၏။

နဝမနဂါး၏ လှုပ်ရှားမှုတိုင်းက အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားများ ပါဝင်ကာ အစွမ်းထက်လွန်းသည်။

လှုပ်ရှားမှုတိုင်းက ထိုသူ့အပေါ်ကို ကောင်းကင်ပြာကြီးတစ်ခုဖြင့် ဖိချထားပုံရပေသည်။

"အား"

ရုတ်တရက်၊ မနီးမဝေးနေရာမှ ​အော်​ဟစ်​သံ ထွက်ပေါ်လာခဲ့သည်​။ ထျန်းဝူဓားဂိုဏ်းမှ အခြား ကျွမ်းကျင်သူ၏ အော်သံဖြစ်ချေသည်။ သူ့ကို ရှဲ့လွမ်က သတ်ဖြတ်ပြီး နတ်ဆိုးစွမ်းအင်ဖြင့် ထုပ်ပိုးခဲ့သည်။

ယင်းကြောင့် လုမင်နှင့် တိုက်ခိုက်နေသော ကျွမ်းကျင်သူမှာ တုန်လှုပ်ပြီး ကြောက်စိတ်များဖြင့် ပြည့်နှက်သွားတော့သည်။

သူ့နှလုံးသား မတည်ငြိမ်သောအခါ တိုက်ခိုက်မှုများ ဟာကွက်များလာသည်။ လုမင်က ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ အဆက်မပြတ် ဖိနှိပ်တိုက်ခိုက်လိုက်၏။

ပေါက်ကွဲသံနှင့်အတူ ဓားက ပေါက်ကွဲသွားပြီး ကျွမ်းကျင်သူ၏ ပုံစံအမှန်ကို ထုတ်ဖော်လာတော့သည်။ သူ့မျက်နှာက ဖြူဖျော့ပြီး သွေးများ စီးကျနေသည်။ သူက အမြန်ပြန်ဆုတ်ကာ ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်၏။

သို့ရာတွင်၊ နဝမနဂါးက လေထဲသို့ ခြေလှမ်းပြီး ချက်ချင်းကပ်လိုက်ကာ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ အဆက်မပြတ် ထုတ်ဖော်ခဲ့သည်။

တိုက်ကွက်အနည်းငယ် ကြာမြင့်ပြီးနောက် ထိုလူ နာနာကျင်ကျင် အော်ဟစ်လိုက်၏။ သူ၏ရင်ဘတ်ကို နဂါးလက်သည်းက ထိုးဖောက်လိုက်၍ ဤနေရာတွင် အသတ်ခံခဲ့ရတော့သည်။

All Chapters