အခန်း ၁၁၅၄
Vol. 77 Ch. 1154
အပိုင်း ( 1154 ) အမဲလိုက်ပြီ။
"ဘာတွေဖြစ်နေတာလဲ။ ထျန်းကျိရတနာ ဆွဲအားက အခုထိ မလှုပ်ရှားသေးဘူး၊ လုမင်ရဲ့ တည်နေရာကို မသိနိုင်တော့ဘူး။ ဒီကောင့်မှာ ဘယ်လိုရတနာရှိလို့ ထျန်းကျိရတနာရဲ့ ပိုင်နက်ကို ပိတ်ဆို့နိုင်တာလဲ"
"ထျန်းကျိရတနာကို ပိတ်ဆို့နိုင်တာက သာမန်ရတနာ မဖြစ်နိုင်ဘူး။ လုမင်မှာ ထျန်းကျိရတနာထက် ပိုအဆင့်မြင့်တဲ့ ရတနာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်"
တစ်ချို့လူများက မှန်းဆကာ လောဘအငွေ့အသက်များ ပို၍ ပြင်းထန်လာခဲ့သည်။
လုမင်ကို သတ်နိုင်ပါက တော်ဝင်မိသားစုထံမှ အဖိုးမဖြတ်နိုင်သော ကပ်ဘေးကျော်ဖြတ်ခြင်း ကောင်းကင်ရတနာကို ချီးမြှင့်ခံရမည်ဖြစ်သလို လုမင်၏ ရတနာများကိုလည်း ရရှိနိုင်ဦးမည်။ ဤအတွေးက လူတိုင်း၏ နှလုံးသားကို ပူလောင်လာစေသည်။
"တုံ့ပြန်မှုတစ်ခုရှိတယ်။ အစီရင်ချပ်ပြားက တုံ့ပြန်နေပြီ"
ရုတ်တရက် တစ်စုံတစ်ယောက်က အော်လိုက်သည်။
"တကယ် တုံ့ပြန်နေပြီပဲ။ ထျန်းကျိရတနာပိုင်နက် ပြန်ပေါ်လာပါပြီ။ လုမင် ပေါ်လာပြီကွ။ သူ ဒီဧရိယာမှာ ရှိနေတုန်းပဲ"
"သူက တောင်ဘက် မိုင်ထောင်ဂဏန်းအကွာကို ရောက်နေတာ၊ သွားကြည့်ရအောင်"
လူအများက အစီရင်ချပ်ပြားများ၏ တုံ့ပြန်မှုကို အာရုံခံကာ တောင်ဘက်သို့ ပြေးသွားခဲ့ကြသည်။
သို့သော်လည်း အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်တွင် သူတို့အားလုံး ရပ်တန့်သွား၏။
"ဘာတွေဖြစ်နေတာလဲ။ ချပ်ပြားရဲ့ တုံ့ပြန်မှုက ပျောက်ကွယ်သွားပြန်ပြီ"
"ဘာတွေဖြစ်နေတာတုန်းကွာ။ ချီးတဲ့မှပဲ"
ဤအခိုက်အတန့်တွင် ၎င်းတို့၏ အစီရင်ချပ်ပြားများက ထျန်းကျိရတနာနှင့် အဆက်အသွယ် တစ်ဖန် ပြတ်တောက်သွားခဲ့သည်။
"ဘာပဲဖြစ်ဖြစ် သူက တောင်ဘက်မှာရှိတယ်"
ကျွမ်းကျင်သူများစွာက စောစောပိုင်းမှ ခံစားခဲ့ရသော လမ်းကြောင်းအတိုင်း ပျံသန်းသွားကြသည်။ များမကြာမီတွင်၊ လူအများအပြားက လုမင် ဆင်းသက်ခဲ့သော ရေကန်အနီးတွင် ပေါ်လာခဲ့၏။ သူတို့အားလုံး စတင် ရှာဖွေကြတော့သည်။
'လူတွေအများကြီးရောက်နေတာပဲ။ တော်ဝင်ရှဲ့မိသားစု၊ ထျန်းဝူဓားဂိုဏ်း၊ သွေးအေးနန်းတော်၊ ကျိမိသားစု...'
လူအုပ်ထဲတွင် အသားမည်းမည်း အမျိုးသားတစ်ဦးက အေးစက်စက် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
၎င်းက လုမင် ရုပ်ဖျက်ထားခြင်းပင်။
အစောပိုင်းက သူဟာ ရုပ်ဖျက်ပြီး မြေပြင်မှ ပြေးထွက်လာခဲ့သည်။ မကြာခင်မှာပဲ ကျွမ်းကျင်သူအများအပြား ရောက်လာတာကို တွေ့လိုက်ရ၏။ လုမင်လည်း အခွင့်အရေးရှာပြီး ၎င်းတို့နှင့် ပေါင်းစည်းကာ အချက်အလက်အချို့ကို မေးမြန်းခဲ့သည်။
လုမင်က ပန်တုန်အရှိန်အဝါစွမ်းရည်ဖြင့် သူ၏ အရှိန်အဝါကို ပြောင်းလဲထားသောကြောင့် ဤလူများမှ သူ့ကို လုံးဝ မသိနိုင်ပေ။ ထို့ကြောင့်၊ လုမင်သည် အရေးကြီးသော အချက်အလက်များစွာကို ရယူနိုင်ခဲ့သည်။
'တော်ဝင်ရှဲ့မိသားစုက တကယ်ကို ရက်ရောတာပဲ။ သူတို့က ကောင်းကင်ရတနာတစ်ခုကိုတောင် ပေးခဲ့တယ်။ ဒါပေမဲ့လည်း ပျက်စီးခြင်း ကောင်းကင်ဧကရာဇ် ပြန်ပေါ်လာတာကြောင့် တော်ဝင်မိသားစု ထိတ်လန့်ခဲ့တာ ဖြစ်နိုင်တယ်'
လုမင်က သူ့ဘာသာသူ တွေးလိုက်သည်။
'ဆရာကြီး၊ ဒီမှာ အားဆေးတွေ အများကြီးရှိမှတော့ အခွင့်အလမ်းရှာပြီး တချို့တွေကို သတ်မလား'
လုမင်က ရှဲ့လွမ်ကို အသံပို့လွှတ်ပြီး ပြောလိုက်၏။
'ဟားဟားဟား၊ ဒါက ငါလိုချင်တာ အတိအကျပဲ။ ဒီနေရာက ထွက်သွားပြီး သီးခြားရှိသူကို ရှာကြည့်ကြရအောင်'
ရှဲ့လွမ်က ရယ်မောပြီး လုမင်ကို အသံပို့လွှတ်လိုက်သည်။
ဤနေရာတွင် ပညာရှင်များက ပတ်ဝန်းကျင်ကို အသေးစိတ် ရှာဖွေခဲ့ကြသည်။ သို့သော်လည်း လုမင်ကို ရှာမတွေ့၍ အရပ်ရပ်သို့ လူစုခွဲကာ ထွက်ခွာသွားကြတော့သည်။
လုမင်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ထျန်းဝူဓားဂိုဏ်းမှ လူတစ်ချို့နောက်သို့ လိုက်သွားခဲ့သည်။
ပညာရှင်သုံးဦးတွင် နှစ်ဦးက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခုနစ်ဖြစ်ပြီး တစ်ယောက်က အဆင့်ခြောက်တွင် ရှိနေသည်။
အတော်ဝေးဝေးကို ပျံသန်းလာပြီးနောက် လူသုံးယောက်က ရပ်တန့်ကာ လုမင်ကို လှည့်ကြည့်လိုက်၏။
"ညီနောင်၊ မင်း ဘာဖြစ်လို့ ငါတို့သုံးယောက်နောက်ကို လိုက်နေတာလဲ။ မင်းဘာလိုချင်လို့လဲ"
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက အနည်းငယ်အေးစက်သောအကြည့်ဖြင့် လုမင်ကိုကြည့်ကာ မေးလိုက်သည်။
လုမင်က သူတို့နောက်ကို လိုက်နေသည်အား သတိပြုမိတာ ကြာခဲ့ပြီ။ သို့သော်လည်း လုမင် ထုတ်ဖော်ခဲ့သော အရှိန်အဝါက ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်တွင်သာ ရှိခဲ့သည်။ ထို့ကြောင့် သူတို့ လုံးဝ ဂရုမစိုက်ပေ။ သို့သော်လည်း ဤမျှဝေးကွာသော နေရာအထိ လိုက်လာခြင်းက သူတို့၏ သတ်ဖြတ်ချင်စိတ်ကို နိုးထစေခဲ့သည်။
"မင်း ငါ့ကို လိုက်ရှာနေတာ မဟုတ်ဘူးလား"
လုမင်က အနည်းငယ်ပြုံးကာ ပုံမှန်အသံဖြင့် ပြောလိုက်၏။
သူတို့သုံးယောက် ခဏတာ အံ့ဩသွားပြီးနောက်မှာတော့ မျက်လုံး အရောင်လက်လာတော့သည်။
"မင်းက လုမင်လား"
တစ်ယောက်က အေးစက်စက်ဖြင့် မေးလိုက်သည်။
"ချွမ် ချွမ် ချွမ်"
ဓားဆွဲထုတ်သံနှင့် ဓားအလင်းသုံးခုက ကောင်းကင်ကို ထိုးတက်သွား၏။
"သတ်"
လုမင်လည်း သူတို့နှင့် အပိုစကားများ မပြောတော့ဘဲ စတင် တိုက်ခိုက်တော့သည်။
တစ်ချိန်တည်းမှာပင်၊ ရှဲ့လွမ်က ပေါ်လာပြီး ၎င်းတို့ကို တိုက်ခိုက်လိုက်သည်။
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို ဝါးမျိုပြီးနောက် ရှဲ့လွမ်၏ခွန်အားများ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ့အတွက် အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို ကိုင်တွယ်ရန်မှာ ဘာမျှ မခက်ခဲတော့ပေ။
တံဆိပ်တော် တံခါးလေးပေါက် ပေါ်လာပြီး ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူ သုံးဦးကို ပိတ်လှောင်လိုက်သည်။
လုမင်က လူတစ်ယောက်ကို လက်ဝါးနှင့် ရိုက်သတ်လိုက်၏။ ကျန်နှစ်ယောက်မှာလည်း ရှဲ့လွမ်၏ နတ်ဆိုးစွမ်းအင်များဖြင့် ဖုံးလွှမ်ခံရကာ မကြာမီပင် သေဆုံးသွားတော့သည်။
သိုလှောင်လက်စွပ်သုံးခုက လုမင်ဆီသို့ ပျံသန်းလာကာ ဖမ်းယူထားလိုက်သည်။
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်၊ ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်ပညာရှင် သုံးဦးစလုံး သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့ရလေသည်။ ရှဲ့လွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအင်များက လှိုင်းထပြီး ကြီးကျယ်ခမ်းနားစွာဖြင့် ပို၍ အားကောင်းလာခဲ့သည်။
ရှဲ့လွမ်၏ ကြွက်သားများက လှုပ်ရှားပြီး နတ်ဆိုးစွမ်းအင်များ ပြည့်နှက်လာခဲ့သည်။ ဤအခိုက်တွင်၊ ရှဲ့လွမ်က ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖြာထွက်နေသည့် နတ်ဆိုးနတ်ဘုရားကဲ့သို့ပင်။
"အင်း၊ ငါရဲ့ နတ်မိစ္ဆာခန္ဓာက နည်းနည်း ပြန်ကောင်းလာခဲ့ပြီ၊ ဒါပေမဲ့ အထွတ်အထိပ်ကို ရောက်ဖို့တော့ ဝေးနေတုန်းပဲ။ ဆက်သွားကြရအောင်"
အနှိုင်းမဲ့ နတ်ဆိုးဘုရား နိုးထတော့မည်ကဲ့သို့ ရှဲ့လွမ်၏ မျက်လုံးများတွင် နတ်ဆိုးအလင်းများ လင်းလက်လာခဲ့သည်။
"ကောင်းပြီ"
လုမင် မတုံ့ဆိုင်းဘဲ ခေါင်းညိတ်လိုက်သည်။
ယခုအချိန်တွင်၊ သူနှင့် ရှဲ့လွမ်က လှေတစ်စင်းတည်းတွင် ရှိနေသောကြောင့် ရှဲ့လွမ် ပိုအားကောင်းလေလေ၊ သူ့အတွက် ပိုကောင်းလေ ဖြစ်သည်။
ထို့နောက်တွင်၊ လုမင်လည်း ထိုနေရာမှ ထွက်သွားပြီး သွေးအေးနန်းတော်မှ ကျွမ်းကျင်သူနှစ်ဦးကို ပစ်မှတ်ထားခဲ့သည်။
၎င်းတို့ကလည်း အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံများ ရှိ၏။ သို့သော်လည်း လုမင်၏ အလွယ်တကူ အသတ်ခံခဲ့ရဆဲပင်။
အမဲလိုက်မှုက ဆက်ဖြစ်နေခဲ့သည်။ လုမင်က သူ့ကို မရိပ်မိစေရန် အသွင်အမျိုးမျိုး ပြောင်းခဲ့၏။
လုမင်က တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် သုံးယောက် အုပ်စုဖွဲ့နေသော ကျွမ်းကျင်သူများကိုသာ ပစ်မှတ်ထားခဲ့သည်။ သူတို့အားလုံး ရှဲ့လွမ်၏ အလွယ်တကူ အသတ်ခံရကာ ဖြည့်စွတ်စာများ ဖြစ်ခဲ့ရပေသည်။
ဤနယ်မြေကို ကျွမ်းကျင်သူ တော်တော်များများ ရောက်လာခဲ့ကြသည်။ အုပ်စိုးရှင်အင်အားစုများအပြင် ဒုတိယတန်းစား အင်အားစုများမှ လူများလည်း ရောက်လာခဲ့၏။
ဟုတ်ပေသည်၊ အုပ်စိုးရှင် အင်အားစုအားလုံးတော့ မလာရောက်ကြပေ။ ဥပမာအားဖြင့်၊ တော်ဝင်ရှဲ့မိသားစု၏ အကြီးမားဆုံးရန်သူဖြစ်သည့် ကောင်းကင်နတ်ဘုရားတပ်က မည်သူ့ကိုမျှ မစေလွှတ်ခဲ့ပေ။
ထို့အပြင် ဟန်ချင်းတောင်နှင့် ထျန်းရှအကယ်ဒမီကလည်း မည်သူ့ကိုမျှ မစေလွှတ်ခဲ့ကြချေ။
အုပ်စိုးသူအချို့မှလွဲ၍ လုမင်ဟာ အုပ်စိုးရှင််အင်အားစု ဆယ်ခုခန့်မှ လူများကို ရှာဖွေတွေ့ခဲ့သည်။
လုမင်က ၎င်းတို့အပေါ်တွင် ကရုဏာမပြပါ။ သူက ရှဲ့လွမ်နှင့်အတူ ဖမ်းဆီးကာ တစ်ယောက်ကို တစ်ယောက် သတ်ပစ်လိုက်သည်။
တဖြည်းဖြည်းနှင့် ရှဲ့လွမ်၏ ခွန်အားက ပိုအားကောင်းလာသည်။ အစပိုင်းတွင်၊ သူက အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုသာ သတ်နိုင်သည်။ ထို့နောက် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာခဲ့၏။ ယခုဆိုလျှင် အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို အလွယ်တကူ သတ်နိုင်ပြီ ဖြစ်သည်။
သုံးနာရီကြာပြီးနောက်၊ တံဆိပ်တော်၏ အကျိုးသက်ရောက်မှုက ကုန်ဆုံးသွားသည်။ လုမင်လည်း ဆိတ်ငြိမ်သောနေရာကို ရှာဖွေကာ ရှဲ့လွမ်အား ထပ်မံတံဆိပ်ခတ်စေခဲ့ပေသည်။
"ဝုန်း"
ရှဲ့လွမ်ထံမှ အစွမ်းထက် အရှိန်အဝါများ ထွက်ပေါ်လာသည်။ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို စုပ်ယူပြီးနောက်၊ သူ၏ နတ်ဆိုးစွမ်းအင်က ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့်၊ သူ၏နတ်မိစ္ဆာခန္ဓာက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် နတ်ဆိုးလက်နက်တစ်ခုကဲ့သို့ပင်။
အင်မော်တယ် နတ်မိစ္ဆာခန္ဓာ။
သိုင်းအုပ်ချုပ်သူနယ်ပယ်သည် ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် လုံးဝကွဲပြားသည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် တန်ခိုးရှင်တစ်ဦး၏ တာအိုသည် နယ်မြေပိုင်နက်အဖြစ်သို့ ပြောင်းလဲပြီး ၎င်းတို့၏အသွေးအသားကတော့ ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ပေါင်းစပ်သည်။ နှစ်ခုစလုံးက ကြောက်စရာကောင်းအောင် အစွမ်းထက်ပေသည်။
ဝိညာဉ်ခန္ဓာတစ်ခုက သေမျိုးခန္ဓာကိုကျော်လွန်ကာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်က နယ်မြေအားမကိုးလျှင်ပင် ဝိညာဉ်ခန္ဓာသက်သက်ဖြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်အောက်ရှိ မည်သူ့ကိုမဆို အလွယ်တကူသတ်နိုင်သည်။
ရှဲ့လွမ်၏ နတ်မိစ္ဆာခန္ဓာကလည်း ဝိညာဉ်ခန္ဓာ အမျိုးအစားတစ်ခု ဖြစ်ချေသည်။ ၎င်းက ရက်စက်ကြမ်းကြုတ်ပြီး အလွန်အစွမ်းထက်သော ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်သည်။ ရှဲ့လွမ်၏ ဝိညာဉ်ခန္ဓာက နှစ်ပေါင်းသုံးကြာအောင် ငရဲဖိနှိပ်ကျောက်စာချပ်ဖြင့် ဖိနှိမ်နှင်းခြင်းခံရသောကြောင့် ပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။ ယခုတော့ တဖြည်းဖြည်းချင်း ပြန်လည် အားဖြည့်နေခဲ့ပြီ။
"လုမင်၊ ငါတို့တွေ ကြီးကြီးမားမား တစ်ခုခုလုပ်မလား"
ရှဲ့လွမ်၏ မျက်လုံးများက အားကောင်းသော နတ်ဆိုးစွမ်းအင်များ ပြည့်သွားသည်။
"ကြီးကြီမားမား တစ်ခုခုလုပ်မှာလား၊ ဘယ်လိုများလဲ"
လုမင်လည်း လွန်စွာ စိတ်ဝင်စားသွား၏။
ယခင်က သူတို့ဟာ ကျွမ်းကျင်သူများစွာကို သတ်ခဲ့ကြဖူးသည်။ ထိုပညာရှင်များ၏ သွေး၊ စွမ်းမင်နှင့် သွေးအနှစ်သာရတို့ကိုတော့ ရှဲ့လွမ်က ဝါးမျိုသွား၍ လုမင် မရခဲ့ပေ။ သို့ရာတွင် ၎င်းတို့၏ လှောင်လက်စွပ်များကို လုမင်အား ပေးအပ်ထားခဲ့သည်။ လုမင်က ယခုအချိန်တွင် အလွန်ချမ်းသာလာပြီဖြစ်၍ ထိုသို့ဆက်လုပ်ရန် သဘာဝအတိုင်း စိတ်ဝင်ခြင်း ကြီးစွာဖြစ်တော့သည်။
"ဝင်္ကပါနဲ့ လူအုပ်စုတစ်ခုလုံးကို သတ်မယ်"
ရှဲ့လွမ်က သူ့အစီအစဉ်ကို တဖြည်းဖြည်းချင်း ပြောလိုက်သည်။