အခန်း ၁၁၅၉
Vol. 78 Ch. 1159
အပိုင်း ( 1159 ) အစီအစဉ်။
ရှဲ့လွမ်သည် အတော်ပင် ပြန်လည်ကောင်းမွန်လာပြီး သူ၏ခွန်အားကလည်း နားမလည်နိုင်အောင် ဖြစ်လာခဲ့ပုံ ရသည်။
"ဒေါင်"
ထျန်းဝူဓားဂိုဏ်း၏ ဧကရာဇ်က သူ့ဓားကို ဆွဲထုတ်လိုက်သောအခါ ခေါင်းလောင်းသံကဲ့သို့ ဓားအသံ ထွက်ပေါ်လာခဲ့သည်။
ဓားခေါင်းသံကြောင့် လုမင်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။ သူ၏ နားစည်များ ပွင့်ထွက်မတတ် ခံစားလိုက်ရကာ သွေးများပင် အန်လုနီးနီး ဖြစ်သွားရတော့သည်။
"အရှက်မရှိဝါကြွားနေတယ်။ သေစမ်း"
ထျန်းဝူဓားဂိုဏ်း၏ ဧကရာဇ်က အလွန်အားကောင်းသည်။ ၎င်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဓားတစ်လက်ကဲ့သို့ ဖြတ်သွား၏။ အဆုံးမဲ့ ဓားစွမ်းအင်များကလည်း သူ၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားတော့သည်။
"မင်းက သာမန် ကောင်လေးတစ်ယောက်ပါပဲကွာ။ ငါ အရင်တုန်းက မင်းလိုကောင်တွေ တစ်ယောက်မက သတ်ခဲ့တာ"
ရှဲ့လွမ်၏ အသံ ထွက်ပေါ်လာခဲ့သည်။ ကြီးမားသော မျှော်စင်ကြီးက ဓားဧကရာဇ်ဆီကို တိုးဝင်သွား၏။
"ဝုန်း"
ဓားဧကရာဇ်က သူ့၏ဓားကို လွှဲခုတ်လိုက်ရာ ဟင်းလင်းပြင်က ကွဲထွက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကြီးက မျှော်စင်ပေါ်ကို ကျရောက်လာခဲ့၏။ ၎င်း၏ စွမ်းအားက မျှော်စင်၏ မီးလျှံနယ်မြေကို ဖြိုခွဲကာ မျှော်စင်ကို ပိတ်ဆို့သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတချို့က ရှဲ့လွမ်ဆီသို့ ပျံသန်းသွားခဲ့သည်။
"ဓားနယ်မြေ။ ဟမ့်"
ရှဲ့လွမ်က နတ်ဆိုးစွမ်းအင်များကို ရုတ်သိမ်းကာ သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်က အကန့်အသတ်မဲ့စွမ်းအားများ ပါ၀င်နေသကဲ့သို့ နတ်ဆိုးအလင်းများဖြင့် တောက်ပနေခဲ့၏။
"ဝုန်း ဝုန်း"
သူက လက်သီးချက်အနည်းငယ် ထုတ်ဖော်ကာ ဓားဧကရာဇ်၏ ဓားအလင်းနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ မိုင်တစ်ရာနက်သော ချိုင့်ကျင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
"ဝုန်း"
ဓားအလင်းက ပျောက်ကွယ်သွားသော်လည်း ရှဲ့လွမ်ကိုယ်တိုင် အနောက်ကို ပြန်ဆုတ်သွားရသည်။ ဟင်းလင်းပြင်က ပေါက်ကွဲသွားကာ အနက်ရောင် အင်ကြောင်းကြီးတစ်ခု ပေါ်လာသည်။
ရှဲ့လွမ်က အားနည်းနေပုံရပေသည်။
သို့သော်လည်း ဓားဧကရာဇ်က ဆက်လက်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ထိုအစား သူက မျက်လုံးပြူးကာ ရှဲ့လွမ်ကို စိုက်ကြည့်လိုက်သည်။
"မင်းက... ရှဲ့လွမ်လား"
ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိက စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောလိုက်သည်။ သူ့လေသံက မယုံနိုင်မှုများ ပြည့်နှက်နေလေသည်။
ထိုအချိန်က၊ ရှဲ့လွမ်သည် တော်ဝင်မိသားစုကို ပုန်ကန်ပြီး တော်ဝင်မိသားစုနှင့် စစ်ပွဲကြီးတစ်ခု စတင်ခဲ့သည်။ ထိုစစ်ပွဲတွင် အင်အားစုများစွာ ပါဝင်ကြကာ ရှဲ့လွမ်၏ ကြီးစိုးသော နတ်ဆိုးအင်အားကို မြင်တွေ့ခဲ့ရ၏။
အုပ်စိုးသူအင်အားစုများစွာတွင် ရှဲ့လွမ်၏ ပုံတူများ ရှိကြသည်။ ထိုပုံတူအများအပြားကို သိုင်းအုပ်ချုပ်သူများက ရေးဆွဲခဲ့၏။ ပုံတူပန်းချီများမှာပင် ရှဲ့လွမ်၏ နတ်ဆိုးစွမ်းအင်နှင့် အရှိန်အဝါတို့ကို ခံစားနိုင်သည်။
ထျန်းဝူဓားဂိုဏ်းမှာလည်း ထိုသို့သော ပုံတူပန်းချီမျိုး ရှိပေသည်။ ထျန်းဝူဓားဂိုဏ်း၏ ဧကရာဇ်လည်း ၎င်းကို တွေ့ဖူးထားကာ ယခုမြင်နေရသူနှင့် အတူတူ ဖြစ်သည်။
ထို့ကြောင့်ပင်၊ သူက ထိတ်လန့်တုန်လှုပ်ပြီး မယုံကြည်နိုင် ဖြစ်ခဲ့ရလေသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းခန့်မှ ကောင်းကင် နတ်ဆိုးဧကရာဇ်က အဘယ်ကြောင့် ယခု ပြန်လည် ပေါ်ထွန်းလာသနည်း။
"သွားကြစို့"
ရှဲ့လွမ်က ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ ဟင်းလင်းပြင်ကိုဆုပ်ဖြဲ၍ လုမင်ကိုခေါ်ဆောင် ပျောက်ကွယ်သွားတော့သည်။
ဤနေရာတွင် ထျန်းဝူဓားဂိုဏ်း၏ ဧကရာဇ်တစ်ပါးသာ ကျန်ခဲ့သည်။
"ရှဲ့လွမ်၊ သူက သေချာပေါက် ရှဲ့လွမ်ပဲ။ ရှဲ့လွမ် ထွက်လာတာနဲ့ ဒီကမ္ဘာကြီးလည်း နောက်တစ်ကြိမ် ဖရိုဖရဲဖြစ်ရတော့မယ်"
ထျန်းဝူဓားဂိုဏ်း၏ ဧကရာဇ်က သူ့ဘာသာသူ ရေရွတ်လိုက်လေသည်။
ခဏကြာတော့ သူ့မျက်လုံးများက အရောင်လက်သွားကာ ပြောလိုက်သည်။
"ဒါလည်း ကောင်းပါတယ်။ ဒါက အခွင့်အရေး၊ ငါ့ ထျန်းဝူဓားဂိုဏ်းအတွက် အခွင့်အရေးတစ်ခုပဲ။ ဒါပေမယ့် နတ်ဆိုးသန္ဓေကို ဆုံးရှုံးရတာတော့ စိတ်မကောင်းစရာပဲ"
ထျန်းဝူဓားဂိုဏ်း၏ ဓားဧကရာဇ်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် အနောက်ကို ရုတ်တရတ် လှည့်ကြည့်လိုက်၏။ သူ၏ မျက်လုံးများက ဓားအလင်းနှစ်ခု လင်းလက်လာကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဘယ်သူလဲ"
"ဟားဟားဟား၊ ဝူကြွယ်ဓားဧကရာဇ်"
ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာပြီးနောက် ကောင်းကင်တွင် လျှပ်စီးလက်သွားသည်။ မိုးပြာရောင် လျှပ်စီးဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။
"မိုးကြိုးဓားဧကရာဇ်၊ မင်းဘာလို့ ဒီကိုရောက်လာတာလဲ"
ဝူကြွယ်ဓားဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။
မိုးကြိုးဓားဧကရာဇ်သည် အုပ်စိုးရှင်အင်အားစုဖြစ်သည့် ကောင်းကင်မိုးကြိုးဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။
"တော်ဝင်ရှဲ့မိသားစုက လုမင်ကိုဖမ်းဖို့ ကြေငြာပြီး ထျန်းကျိရတနာစက်ဝိုင်းကို အသက်သွင်းခဲ့တယ်၊ ဒါပေမဲ့ ငါကတော့ အဲ့လောက်မရိုးရှင်းဘူးလို့ ခံစားရတယ်လေ။ ဒါကြောင့် ငါ တိတ်တဆိတ်လေ့ကျင့်ရာကနေ ထွက်လာခဲ့ရင်း ဒီနေရာကနေ စွမ်းအင်အတက်အကျတွေကို ခံစားရလို့ လာကြည့်တာ"
မိုးကြိုးဓားဧကရာဇ်က ရှင်းပြလိုက်သည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်၏။
"ဝူကြွယ်၊ ဓားက မင်းရဲ့ ထျန်းဝူဓားဂိုဏ်းခွဲတစ်ခု ဖြစ်သင့်တယ်မဟုတ်လား။ အခုတော့ ဖျက်စီးခံခဲ့ရပုံပဲ။ နောက်ပြီး အခုလေးတင် မင်းက တခြားတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ် မဟုတ်လား။ သူ ဘယ်မှာလဲ။ မင်းတောင်မှ သူ့ကို ဒီနေရာမှာရှိအောင် မတားဆီးနိုင်ဘူးလား"
"သူသွားပြီ"
ဝူကြွယ်ဓားဧကရာဇ်က တုံးတိပြောလိုက်သည်။
"အဲဒါက ဘယ်သူလဲ။ ဒီနေရာမှာ ကျန်နေခဲ့တဲ့ နတ်ဆိုးစွမ်းအင်တွေက အရမ်းအားကောင်းတယ်။ ဒါက နတ်ဆိုးတောင်က နတ်ဆိုးဧကရာဇ်များလား"
မိုးကြိုးဓားဧကရာဇ်က မျက်ခုံးပင့်ပြီး မေးလိုက်၏။
ထျန်းဝူဓားဂိုဏ်းက ခဏတာ စဉ်းစားနေပြီးမှ ပြောလိုက်သည်။
"ဒါက နတ်ဆိုးတောင်က နတ်ဆိုးဧကရာဇ် မဟုတ်ပါဘူး၊ သူ ဘယ်သူလဲဆိုတာကို မင်းတောင် ခန့်မှန်းနိုင်မှာ မဟုတ်ဘူး"
"ဘယ်သူလဲ"
ဝူကြွယ်ဓားဧကရာဇ်၏ လေးနက်သောအမူအရာကိုမြင်သောအခါ မိုးကြိုးဓားဧကရာဇ်လည်း သိလိုစိတ်တို့ ဖြစ်ပေါ်လာသည်။
"ရှဲ့လွမ်၊ နတ်ဆိုးဧကရာဇ် ရှဲ့လွမ်ပဲ"
ဝူကြွယ်ဧကရာဇ်က စကားလုံးတိုင်းကို အလွန်ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။
"ဘာ...ဘာကြး"
မိုးကြိုးဓားဧကရာဇ်လည်း ဤအခိုက်တွင် လွန်စွာ အံ့ဩသွား၏။
"ဝူကြွယ်၊ မင်း အမြင်မှားနေတာလား ဒါမှမဟုတ် ငါ့ကို လာနောက်နေတာလား။ နှစ်ပေါင်း သုံးသောင်းကြာအောင် ရှဲ့လွမ်က ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်မှာလဲ"
နတ်ဆိုးဓားဧကရာဇ်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ငါ့ပုံစံက နောက်နေပုံပေါ်လို့လား"
ဝူကြွယ်ဓားဧကရာဇ်၏ မျက်နှာအမူအရာက အေးစက်သွားသည်။
မိုးကြိုးဓားဧကရာဇ်လည်း တိတ်ဆိတ်သွား၏။ တစ်ခုခုကို တွေးနေသလိုမျိုး သူ့မျက်လုံးများက အရောင်လက်နေပြီး အတန်ငယ်ကြာမှ ပြောလိုက်သည်။
"တကယ်သာ ရှဲ့လွမ်မှန်ရင်တော့ တော်ဝင်မိသားစု ကမောက်ကမဖြစ်ဦးမှာကို ငါကြောက်တယ်။ အခုတော့ တော်ဝင်မိသားစုက ဘာကြောင့် ထျန်းကျိရတနာကို အသုံးပြုခဲ့တယ်ဆိုတာ ငါသိသွားပါပြီ။ သူတို့ရဲ့ ပစ်မှတ်က လုမင်မှမဟုတ်ဘဲ၊ ဒါက ရှဲ့လွမ်ပဲ"
"ဒါက ဖြစ်နိုင်ခြေ များတယ်။ နောက်ပြီး ရှဲ့လွမ်က သူ့ရဲ့ အထွတ်အထိပ်ကို ပြန်ကောင်းမလာသေးပါဘူး။ သူက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး"
ဝူကြွယ်ဓားဧကရာဇ်က ပြောလိုက်သည်။
"ဒီလိုဆိုရင် ရှဲ့လွမ်ရဲ့ အရှိန်အဝါကို ခြေရာခံဖို့ နည်းလမ်းရှိလား။ ရှဲ့လွမ် နောက်ထပ် ဘာဆက်လုပ်မလဲ သူ့နောက်ကို လိုက်ကြည့်ရအောင်"
မိုးကြိုးဓားဧကရာဇ်က ပြောလိုက်၏။
"ရှဲ့လွမ်က ငါ့ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်တွေကို သူ့ရဲ့ နတ်ဆိုးခန္ဓာကို ဖြည့်စွက်စာအဖြစ် အသုံးပြုခဲ့တယ်။ သူ ငါ့တပည့်တွေရဲ့ အရှိန်အဝါကို လုံးလုံးလျားလျား မဖယ်ရှားရသေးဘူးလေ။ သူ့ကို ခြေရာခံဖို့ လျှို့ဝှက်နည်းလမ်းကို သုံးလို့ရပါတယ်။ ကိုင်း၊ သူ့အနောက်ကို လိုက်ကြည့်ရအောင်"
ဝူကြွယ်ဓားဧကရာဇ်လည်း ရှဲ့လွမ်၏ အရှိန်အဝါကို ခြေရာခံရန် လျှို့ဝှက်နည်းလမ်းကို စတင် အသုံးပြုလိုက်တော့သည်။
............
ရှဲ့လွမ်သည် လုမင်ကိုခေါ်ပြီး မရပ်တန့်မီ နေရာများစွာကို ဖြတ်ကျော်သွားခဲ့သည်။
"သိုင်းအုပ်ချုပ်သူနယ်ပယ်ကို မရောက်သေးတော့ ငါက အဲဒီကောင်လေးထက် နည်းနည်း အားနည်းနေသေးတယ်!"
ရှဲ့လွမ် ပြောလိုက်သည်။ ထိုကောင်လေးကတော့ ဝူကြွယ်ဓားဧကရာဇ်ကို ရည်ညွှန်းခဲ့ပေသည်။
"ဆရာကြီး၊ ခင်ဗျား သိုင်းအုပ်ချုပ်သူနယ်ပယ်က ကျွမ်းကျင်သူနဲ့ မယှဉ်သေးဘူးလား"
လုမင် မေးလိုက်သည်။
"ထိပ်တိုက်ရင်ဆိုင်ချင်ရင် ခက်မယ်။ သာမန် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်တစ်ယောက်က ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး။ မင်းရဲ့ ဧကရာဇ်ဝိညာဉ်လက်နက်နဲ့ဆိုရင် သာမန် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်ကို ငါတိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်တာက ငါ့အတွက် မကောင်းဘူး။ အချိန်အတော်အတန်ကြာလို့ ငါ့ရဲ့ အထောက်အထားကို ထုတ်ဖော်လိုက်တဲ့အခါ ဧကရာဇ်များအားလုံး ငါ့ကို ရှာတွေ့သွားမှာ ကြောက်ရတယ်"
ရှဲ့လွမ်က ပြောသည်။ သူက ထိုသို့ ပြောလိုက်သော်လည်း သူ့မျက်နှာမှာတော့ အေးစက်စက်အပြုံးတစ်ခု ရှိနေဆဲပင်။
"ဆရာကြီး၊ ခင်ဗျားမှာ အကြံကောင်းတွေရှိလား"
ရှဲ့လွမ်၏ အမူအရာကိုကြည့်ပြီး လုမင်သည် ရှဲ့လွမ်တွင် အကြံတစ်ခုရှိနေပြီမှန်း သိလိုက်သည်။
"တော်ဝင်မိသားစုက ငါတို့ကိုအမဲလိုက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ ဒီလိုဆိုမှတော့ တော်ဝင်မိသားစုကိုပါ အမဲလိုက်ပွဲထဲ ပါဝင်လာအောင် ငါလုပ်မယ်။ ရှမ်းဟွမ်တိုက်ကြီးကိုပါ ဝရုန်းသုန်းကားဖြစ်စေပြီး အချင်းချင်း တိုက်ခိုက်စေရမယ်။ ဒီနည်းနဲ့ပဲ ငါပြန်ကောင်းလာဖို့ အချိန်ရမှာ"
ရှဲ့လွမ် ပြောလိုက်သည်။
"ရှမ်းဟွမ်တိုက်ကြီးကို ဖရိုဖရဲဖြစ်အောင်လုပ်တာ၊ ဧကရာဇ်အချင်းချင်း တိုက်ခိုက်စေမှာလား"
လုမင် အံ့အားသင့်ကာ သံသယများ ပြည့်နှက်သွား၏။ ရှဲ့လွမ်က ကမ္ဘာကြီးကို ကမောက်ကမဖြစ်ပြီး အချင်းချင်း တိုက်ခိုက်စေရန် မည်သို့သောနည်းလမ်းကို အသုံးပြုမည်နည်း။
"ငါ့မှာ ကောင်းကင်ဘုရင် တံဆိပ်ပြားတစ်ခု ရှိတယ်။ အရင်တုန်းကတော့ တော်ဝင်မိသားစုနဲ့ သက်ဆိုင်တာလေ၊ ငါယူထားခဲ့တာ။ ဟားဟား၊ ဒီကောင်းကင်ဘုရင် တံဆိပ်ပြားကို ထုတ်ယူလိုက်သရွေ့ အဲဒီဧကရာဇ်တွေကို ရူးသွပ်သွားစေဖို့ လုံလောက်လိမ့်မယ်။ လုမင်၊ သူတော်စင်မြို့တော်ကို သွားကြရအောင်"
ရှဲ့လွမ်က ရယ်မောလိုက်သည်။ ထို့နောက်မှာတော့ ဟင်းလင်းပြင်ကို ဖြိုခွဲကာ လုမင်ကိုခေါ်၍ သူတော်စင်မြို့တော်ဆီသို့ ဦးတည်သွားတော့သည်။