← Chapters

အခန်း ၁၁၆၀

Vol. 78 Ch. 1160

အခန်း ၁၁၆၀

Vol. 78 Ch. 1160

အပိုင်း ( 1160 ) သူတော်စင်မြို့တော်ကို လုမင် လာနေတယ်။

သူတော်စင်မြို့တော်ရှိ လျှို့ဝှက်ခန်းမတစ်ခုတွင်၊ အလင်းစက်ဝိုင်းတစ်ခုက လေထဲတွင် ပျံဝဲနေပြီး တောက်ပသောအလင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ဤစက်စက်ဝိုင်း မျက်နှာပြင်ပေါ်တွင် တောက်ပနေသော ကမ္ပည်းများ ရှိ၏။ လုမင်သာ ဤနေရာတွင် ရှိနေခဲ့ပါက၊ ဤစက်လုံးက သူ့ခေါင်းထက်တွင် ပေါ်လာသော ထျန်းကျိရတနာစက်ဝိုင်းနှင့် ပုံသဏ္ဍန်တူညီကြောင်း အသိအမှတ်ပြုလိမ့်မည်။

ဤသည်မှာ ထျန်းကျိရတနာ၏ အဓိက ပင်မခန္ဓာ ဖြစ်သည်။

ထျန်းကျိလျှို့ဝှက်ရတနာအပေါ်မှာတော့ လျှို့ဝှက်ဆန်းကြယ်သောအလင်းများ ထုတ်လွှတ်နေသည့် ကြီးမားသော အစီရင်ချပ်ပြားကြီးတစ်ခု ရှိနေပေသည်။

ဤအခိုက်တွင် ထျန်းကျိရတနာ အနီးတစ်ဝိုက်မှာ လူတစ်ဒါဇင်ကျော်ခန့် ငြိမ်သက်စွာ ရပ်လျက် စောင့်ကြည့်နေခဲ့ကြသည်။

ရုတ်တရက်၊ ထျန်းကျိလျှို့ဝှက်ရတနာက တောက်ပလာကာ အစီရင်ချပ်ပြားတွင်လည်း အလင်းအစက်တစ်ခု ပေါ်လာခဲ့၏။

ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။

"ထျန်းကျိလျှို့ဝှက်ရတနာက တစ်ခုခုကို အာရုံခံမိတယ်၊ အစီရင်ချပ်ပြားပေါ်မှာ အလင်းအစက်တစ်ခု ပေါ်လာပြီဟေ့။ လုမင် ပေါ်လာပြီ၊ မိုင်တစ်သန်းအတွင်းမှာ သူရှိနေတယ်"

အဘိုးအိုတစ်ယောက်က မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။

လုမင်က ဟိုးအဝေးတစ်နေရာမှာ ပုန်းမနေသင့်ဘူးလား။ သူတော်စင်မြို့တော်၏ မိုင်တစ်သန်းအတွင်းကို မည်သို့ လာရောက်ဝံ့သနည်း။

"ကြည့်စမ်း၊ သူက သူတော်စင်မြို့တော်ကို မြန်မြန်ဆန်ဆန် ချဉ်းကပ်လာနေတာ"

"သူ သူတော်စင်မြို့တော်အနီးကို ရောက်လာပြီ"

အခြားသူများလည်း မယုံကြည်နိုင်သော လေသံများဖြင့် အော်ဟစ်လိုက်ကြသည်။

အစီရင်ချပ်ပြားတွင် အလင်းအစက်က သူတော်စင်မြို့တော်သို့ လျင်မြန်စွာချဉ်းကပ်နေကြောင်း ပြသနေသည်။ ဆိုလိုသည်က၊ လုမင်ဟာ သူတော်စင်မြို့တော်သို့ လာရောက်နေခြင်းပင်။

"မြန်မြန် သတင်းဖြန့်ကြဟေ့"

အဘိုးကြီးက အော်လိုက်သည်။ ထို့နောက်မှာတော့ အသံလွှင့်ကျောက်များကို ထုတ်ယူကာ သတင်းဖြန့်လိုက်တော့သည်။

အမှန်တော့ သူတို့ သတင်းပို့ရန်ပင် မလိုပေ။ သူတော်စင်မြို့တော်မှ အစီရင်ချပ်ပြားနှင့် ထျန်းကျိရတနာစက်ကွင်းကို အာရုံခံနိုင်သူတိုင်း ဤအချက်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ လုမင်က သူတော်စင်မြို့တော်ကို အမှန်တကယ် လျင်မြန်စွာ ချဉ်းကပ်လာခဲ့ခြင်းပင်။

သူတော်စင်မြို့တော်ရှိ ကျွမ်းကျင်သူများစွာတို့ ထိတ်လန့်သွားကြသည်။

တော်ဝင်ရှဲ့မိသားစုမှ ကျွမ်းကျင်သူများပင်လျှင် ထိတ်လန့်သွားပြီး သူတော်စင်မြို့တော်၏ အရှေ့ဘက်တံတိုင်းဆီသို့ နေရာအမျိုးမျိုးမှ ထွက်ခွာသွားတော့သည်။ အကြောင်းမှာ၊ အစီရင်ချပ်ပြား၏ အချက်ပြမှုက အရှေ့ဘက်မှ ဖြစ်သည်။ လုမင်၏ ချဉ်းကပ်ခြင်း အမြန်နှုန်းအရ မကြာမီ အရှေ့ဘက်တံတိုင်းအနီးသို့ ရောက်ရှိလာလိမ့်မည်။

အချိန်တစ်ခုအတွင်း သူတော်စင်မြို့တော်၏ အရှေ့ဘက်တံတိုင်းတွင် လူများ ပြည့်သွားခဲ့ကြသည်။ ကျွမ်းကျင်သူအများအပြားလည်း ရောက်ရှိလာရာ တံတိုင်းတစ်ခုလုံး ပြည့်နှက်သွားတော့သည်။

"သူ ဒီကို နီးနေပြီ"

အချို့လူများက အစီရင်ချပ်ပြားကို ကြည့်လိုက်သောအခါ အလင်းစက်တစ်ခုက သူတော်စင်မြို့တော်နှင့် ပို၍ နီးကပ်လာကြောင်း တွေ့ရှိခဲ့ရသည်။

မကြာမီတွင်၊ အနက်ရောင် ၀တ်စုံနှင့် ဆံပင်ရှည်များကို ဖြန့်ထားသော လူငယ်တစ်ဦးက လေထဲတွင် ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာတော့သည်။

လုမင်၊ ၎င်းက လုမင် ဖြစ်သည်။

ထိုအချိန်တွင်၊ လုမင်၏ ဦးခေါင်းထက်မှ ထျန်းကျိရတနာစက်ဝိုင်းက လေထဲတွင် ရပ်တန့်သွားသည်။

ယခင်က ရှဲ့လွမ်သည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လုမင်အား သူတော်စင်မြို့တော်အနီးသို့ ခေါ်ဆောင်လာခဲ့သည်။ သူတို့က သူတော်စင်မြို့တော်နှင့် မိုင်တစ်သန်းအကွာသို့ ရောက်သောအခါ တံဆိပ်တော်တံခါးကို ပယ်ဖျက်ပြီး ထျန်းကျိရတနာစက်ဝိုင်းကို ထုတ်ဖော်ခဲ့၏။ ထို့နောက်မှာတော့ ရှဲ့လွမ်က လုမင်၏ ကျောရိုးမှ ငရဲဖိနှိပ်ကျောက်စာချပ်အတွင်းကို ဝင်ရောက်သွားတော့သည်။

နောက်တော့ လုမင်ဘာသာ သူတော်စင်မြို့တော်ဆီသို့ ပျံသန်းလာခဲ့သည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏အာရုံက လုမင်အပေါ်ကို စုပြုံကျရောက်သွားကြသည်။

"လုမင်က သူတော်စင်မြို့တော်ကို တကယ် ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက ကျားရဲတွင်းထဲကို လျှောက်သွားနေတဲ့ သိုးသငယ်လိုပဲ မဟုတ်လား။ သူက မလွတ်မြောက်နိုင်မှန်း သိသွားလို့ အညံ့ခံရအောင် ရောက်လာတာလား"

"ဖြစ်နိုင်တယ်၊ အဲဒါက ထူးဆန်းတယ်။ အနှစ်တစ်သန်း အခမ်းအနားမှာ လုမင်က မင်းသမီးဆယ့်ခြောက်ကို ခေါ်ဆောင်ဖို့ ငရဲကိုးခုနတ်ဆိုးနယ်မြေထဲ ဝင်ရအောင် အစပြုခဲ့တာကို ငါမှတ်မိသေးတယ်။ ဒါက ငါ့ကို ပိုပြီးသိစေချင်တယ်၊ အဲဒီကနေ သူ ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ။‌ နောက်ပြီးတော့‌ တော်ဝင်မိသားစုက သူ့ကိုဖမ်းဆီးဖို့ ထျန်းကျိလျှို့ဝှက်ရတနာကို အသက်သွင်းခဲ့သလို ကပ်ဘေးကျော်ဖြတ်ခြင်း ကောင်းကင်ရတနာကိုတောင် ချီးမြှင့်ချင်ခဲ့တာ"

"မင်းတင်မကဘူး၊ လူတိုင်းက ဒီအကြောင်းကို အရမ်းသိချင်နေကြတာပဲ၊ ဒါပေမဲ့ ငါတို့မပြောနဲ့၊ တော်ဝင်မိသားစုထဲက အဆင့်အတန်းမြင့်သူ တော်တော်များများတောင် အကြောင်းပြချက်အတိအကျကို မသိကြဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ လုမင်က ကြီးကြီးမားမား တစ်ခုခုကို လုပ်ခဲ့တာပဲ ဖြစ်ရမယ်။ ဒါကြောင့်မို့ တော်ဝင်မိသားစုက အခုလို ပြုလုပ်ခဲ့ရတာ"

အခြား အင်အားစုများမှ ကျွမ်းကျင်သူအချို့က တိတ်တဆိတ် ဆွေးနွေးလိုက်ကြသည်။ သို့သော်လည်း မည်သူမျှ မလှုပ်ရှားသေးပေ။

လုမင်က မြို့ရိုးမှ မိုင်တစ်ရာဝေးသော လေထဲတွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

"လုမင်၊ ခွင့်ပြုချက်မရှိဘဲ ငရဲကိုးခု နတ်ဆိုးနယ်မြေကနေ ဘယ်လို ထွက်လာဝံ့တာလဲ။ မင်းက ကြီးလေးတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တာပဲ။ ဒီအတွက် ကြိမ်ဒဏ် အချက်တစ်ထောင်နဲ့ ကွပ်မျက်သင့်တယ်"

သုန်မှုန်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

လူတိုင်းက အသံ၏ အရင်းအမြစ်ဆီကို လှမ်းကြည့်လိုက်၏။ စကားပြောလာသူမှာ ရှဲ့ကျန်း ဖြစ်သည်။

လုမင်က ရှဲ့ကျန်းကို လျစ်လျူရှုစွာကြည့်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။

"ရယ်စရာကောင်းလိုက်တာ၊ ငါ့ကိုယ်ပိုင်ဆန္ဒအရ ငရဲကိုးခု နတ်ဆိုးနယ်မြေထဲကို ငါဝင်ခဲ့တာ။ ငါနေချင်သလို နေနိုင်တယ်၊ ငါ‌မနေချင်ရင် ထွက်သွားမယ်။ အဲဒါဘာဖြစ်လဲ။ နောက်ပြီးတော့ ရှဲ့ချီထျန်းက ငါ့ကို ငရဲကိုးခုနတ်ဆိုးနယ်မြေမှာ အမြဲနေရအောင် စီစဉ်ထားတာ အသိသာကြီးပဲ။ သူ ဘယ်လိုတောင် လုပ်ဝံ့တာလဲ။ ဧကရာဇ်တစ်ပါးဖြစ်ပြီး ဂုဏ်သိက္ခာ နည်းနည်းမှမရှ်ဘူး။ ဘယ်လောက်တောင် စက်ဆုပ်စရာ ကောင်းတဲ့လူလဲ"

"မင်း ငါ့အဖေကို ဘယ်လိုတောင် ဆဲရေးဝံ့တာလဲ။ မင်းမိသားစု တစ်ခုလုံးကို ငါသတ်မယ်။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး"

ရှဲ့ကျန်းက လေးလေးနက်နက်ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"အိုး၊ ဟုတ်လား။ အသက်အရွယ်အရဆိုရင် မင်းက ငါ့ထက် အသက်ကြီးတယ်။ လာလေ၊ ငါ့ကိုလာသတ်စမ်းပါ"

လုမင် ပြောလိုက်သည်။

"မင်း…"

ရှဲ့ကျန်း တုံ့ဆိုင်းသွား၏။

"ဟမ်၊ အရှုံးသမားက အရှုံးသမားပဲ။ မင်းငါ့ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်ဝံ့မှာလဲ။ မဟုတ်ရင်လည်း မင်းကို ငါ့ လက်တစ်ချောင်းနဲ့ ချေမွပစ်လိုက်မှာ"

လုမင်က အသံကိုမြှင့်ကာ ရှုတ်ချပြောဆိုလိုက်သည်။

ရှဲ့ကျန်း၏ မျက်နှာက နီမြန်းလာသည်။

အသက်အရွယ်အရ သူနှင့် လုမင်ဟာ မျိုးဆက်အတူတူပင်။ အတိအကျပြောရလျှင် သူက လုမင်ထက်တောင် အသက်ကြီးသည်။ သို့သော်လည်း လုမင်ကို မတိုက်ခိုက်ဝံ့ပေ။ ပြောခဲ့သည့်အတိုင်း လုမင်က သူ့ကို လက်တစ်ချောင်းတည်းဖြင့် အမှန်တကယ် ချေမွပစ်နိုင်သည်။

"လုမင်"

ထိုအချိန်တွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံက ပြတ်သားပြီး သာယာသော်လည်း မောက်မာမှုများ ပြည့်နေခဲ့၏။

နှင်းဖြူဝတ်စုံနှင့် အဖြူ‌ရောင်အလင်းများ ဝန်းရံထားသည့် လှပသော မိန်းကလေးတစ်ယောက်က လေထဲကို လှမ်းတက်လာခဲ့သည်။

သူမက ကောင်းကင်ကိုးခုမှ နတ်သမီးကဲ့သို့ မွန်မြတ်သန့်စင်သည်။ သူ၏ ခန္ဓာကိုယ်တွင် သူတော်စင်အလင်းများ ဖြာထွက်နေခဲ့၏။ သူမ ခြေတစ်ချက်လှမ်းလိုက်တိုင်း ဖြေဖဝါးအောက်တွင် ကြာဖြူပန်းများ ပွင့်လန်းလာခဲ့ရသည်။

"နဝမမင်းသမီး"

"ရှဲ့နျန်ကျွင်း"

ဤပုံရိပ်က လူအများ၏အာရုံကို စွဲဆောင်သွားခဲ့သည်။

အလယ်ပိုင်းတိုက်ကြီး၏ အလှဘုရင်မ ငါးပါးထဲမှ တစ်ဦးဖြစ်သည့် ရှဲ့နျန်ကျွင်းသည်၊ အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးမှာလည်း ဒုတိယအဆင့်ရှိသူ ဖြစ်သည်။

သူမက မိုးကောင်းကင်၏ မျက်နှာသာပေးခံရသူ ဖြစ်ချေသည်။

လုမင်လည်း သူမကို စိုက်ကြည့်လိုက်သည်။

သူမ၏ အသွင်အပြင်က ရှဲ့နျန်ချင်းနှင့် အလွန်ဆင်တူသော်လည်း စိတ်နေစိတ်ထားကတော့ လုံးဝ မတူပါပေ။ သူတို့နှစ်ဦးက ကမ္ဘာခြားခဲ့သည်။

လုမင်သည် ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ကျွင်းက အဖေတူ အမေကွဲဖြစ်ကြောင်း အစောကြီးကတည်းက သိခဲ့သည်။ သို့ရာတွင်၊ အံ့ဩစရာကောင်းအောင် သူတို့နှစ်ဦးက လွန်စွာ ဆင်တူခဲ့ပေသည်။

ရှဲ့နျန်ကျွင်းက လေထဲသို့ လှမ်းတက်လာကာ လူအုပ်ရှေ့တွင် ရပ်လိုက်သည်။ သူမက လုမင်ကြည့်ကာ အေးစက်ပြီး မာနကြီးသောလေသံဖြင့် ပြောလိုက်သည်။

"လုမင်၊ ရှဲ့နျန်ချင်းကို နင်နဲ့အတူ ခေါ်လာခဲ့တယ် မဟုတ်လား။ သူ့ကို လွှဲပေးပါ၊ သူက ရှဲ့မိသားစုအတွက် မျိုးနွယ်ခြားတစ်ယောက်ပဲ။ သူ့မှာ နိမ့်ကျတဲ့ အမှောင်သွေးမျိုးဆက်ရှိတာကြောင့် ငရဲကိုးခု နတ်ဆိုးနယ်မြေမှာ ထာဝရနေရမယ်။ ရှဲ့မိသားစုကို အကြွေးပေးဖို့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ကို အမဲလိုက်ပေးရလိမ့်မယ်"

"ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တာ၊ တကယ်ကို ရယ်စရာပဲ"

ရှဲ့နျန်ကျွင်း၏ စကားကြောင့် လုမင် မပြုံးဘဲနှင့် ဝါးလုံးကွဲ ရယ်ချလိုက်သည်။

"နျန်ချင်းက ရှဲ့မိသားစုကို အကြွေးတင်နေတယ်လို့ မင်းပြောလိုက်တာလား။ အမှန်တရားကို ဘယ်လိုလှည့်စားရမလဲဆိုတာကို မင်း တကယ်သိတယ်။ ငါ့အမြင်အရတော့ ရှဲ့မိသားစုကသာ နျန်ချင်းကို အကြွေးတင်နေတာ။ ဒီအကြွေးကို မင်းဘယ်တော့မှ ပြန်ဆပ်နိုင်မှာမဟုတ်ဘူး"

လုမင် လှောင်ပြောင်လိုက်သည်။

"သူ့ရဲ့ သွေးမျိုးဆက်က တော်ဝင်ရှဲ့မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ သူမှ ရှဲ့မိသားစုကို အကြွေးမတင်ရင် ဘာဖြစ်မှာလဲ"

ရှဲ့နျန်ချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"တိတ်စမ်း၊ ကိုယ့်အတွက်ပဲ ကြည့်တဲ့ လူတွေ။ ရှဲ့မိသားစုက ဘာလဲ။ အားလုံးက အလကားနေ မောက်မာနေတဲ့ မိုက်မဲသူတွေချည်းပဲ။ ရှေးဟောင်းသူတော်စင်မင်းဆက်က အားနည်းလာတာ အံ့သြစရာမရှိပါဘူး။ အမြင်ကျဥ်းတဲ့ လူမိုက်တွေက ချုပ်ကိုင်ထားမှတော့ အားနည်းမလာရင်သာ ထူးဆန်းလိမ့်မယ်။ ငါ့အမြင်အရတော့ ရှေးဟောင်း သူတော်စင်မင်းဆက်ကို ဖျက်ဆီးပစ်သင့်တယ်"

လုမင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူ့အသံက လူအုပ်ကြားထဲတွင် ပျံ့နှံ့သွားလေသည်။

အထူးသဖြင့် 'ရှေးဟောင်းသူတော်စင်မင်းဆက်ကို ဖျက်ဆီးပစ်သင့်တယ်'ဆိုသော နောက်ဆုံးစကားက လူအတော်များများကို တုန်လှုပ်စေခဲ့သည်။

သူဟာ သတ္တိကောင်းလှသည်။ သူသည် တကယ်ကို ရဲတင်းလွန်းလှ၏။ လုမင်က လူတိုင်းရှေ့တွင် ထိုကဲ့သို့သော စကားမျိုးကို ပြောဝံ့သည်။ ဤသည်က တော်ဝင် ရှဲ့မိသားစုကို ဗြောင်ကျကျ စော်ကားမှုဖြစ်ပြီး သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

မျှော်လင့်ထားသည့်အတိုင်း၊ တော်ဝင်ရှဲ့မိသားစုမှ မိသားစုဝင်တော်တော်များများ၏ မျက်နှာများက မည်းမှောင်သွားကာ ဒေါသတကြီးဖြင့် တစ်ယောက်တစ်ပေါက် ကြိမ်းမောင်းပြောဆိုလိုက်ကြသည်။

All Chapters