အခန်း ၁၁၆၁
Vol. 78 Ch. 1161
အပိုင်း ( 1161 ) ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ကျွင်း။
"အတင့်ရဲလိုက်တာ၊ မင်း ပြောဝံ့တယ်လား"
"သေချင်နေတာပဲ၊ ငါ သူ့ကိုသတ်မယ်"
"သူ့ကို အပြစ်ပေးရမယ်။ ကမ္ဘာပေါ်မှာ အနာကျင်ဆုံး ပြစ်ဒဏ်ကို မြည်းစမ်းစေရမယ်"
တော်ဝင်ရှဲ့မိသားစုမှ အဖွဲ့ဝင်များက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့ထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်များလည်း ပေါက်ကွဲထွက်လာကြ၏။
"ဝုန်း"
ရှဲ့နျန်ကျွင်းထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ကြသည်။ သူမ၏ လှပသော မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်သွား၏။ သူမက လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"လုမင်၊ နင့်အသက်ကို ကယ်ခဲ့တာက ငါလုပ်ဖူးသမျှထဲမှာ အကြီးမားဆုံးအမှားပဲ။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ ငါ ဒီနေ့ နင့်ကို သတ်လိုက်မယ်ဆိုရင် အားလုံး ပြီးပြီ"
"မင်းတစ်ယောက်တည်းနဲ့လား။ ဒါက မလုံလောက်ဘူး"
လုမင်က မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက်သည်။
ရှဲ့နျန်ကျွင်း၏ ကျင့်ကြံခြင်းအခြေခံက အလွန်အားကောင်းသည်။ သူမက တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တွင် ရှိနေခဲ့၏။ သူမ၏ အရှိန်အဝါက အားကောင်းပြီး ကြီးမားသော စွမ်းအင်များဖြင့် ပြည့်နှက်ခဲ့ပေသည်။ လုမင်ဟာ သူမ၏ ခွန်အားက မင်ကျစ်ထက်ပင် ပိုသန်မာသည်ဟု ခံစားခဲ့ရသည်။
အနှစ်တစ်သန်းပြည့် အခမ်းအနားတွက်သာ သူမကို တိုက်ခိုက်ရမည်ဆိုပါက အနိုင်ရရှိရန် လုမင် ယုံကြည်မှု မရှိပေ။
ယခုတော့ သူက ရှဲ့နျန်ကျွင်းကို လုံးဝ ဂရုမစိုက်တော့ပါ။
"ဟမ့်၊ လုမင်... မင်ကျစ်ကို အနိုင်ယူခဲ့ရုံနဲ့ ကမ္ဘာပေါ်မှာ အသန်မာဆုံးဖြစ်ပြီလို့ မထင်လိုက်နဲ့။ ငါဆန္ဒရှိရင် နင့်ကို တစ်ချက်တည်းနဲ့ ဖိနှိပ်ဖို့အတွက် လုံလောက်တယ်"
ရှဲ့နျန်ကျွင်းက ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်း တိုးလိုက်သည်။ သူမ၏ အရှိန်အဝါက အားကောင်းပြီး အဖြူရောင်အလင်းများ ထွက်ပေါ်လာခဲ့၏။ ၎င်းက ရှဲ့နျန်ကျွင်းထက်ပင် ပို၍ မွန်မြတ်သန့်စင်သည့်အသွင် ဖြစ်ခဲ့သည်။
"ရှဲ့နျန်ကျွင်းက လုမင်ကို တိုက်ခိုက်တော့မှာလား"
လူများစွာက ၎င်းကို စောင့်မျှော်ခဲ့ကြသည်။
နှစ်တစ်သန်းပြည့် အခမ်းအနားတွင် လုမင်က ဘုရင်ငယ်များကို အဆက်မပြတ် အနိုင်ယူပြီး အားကောင်းသော အရှိန်အဝါကို ထုတ်ဖော်ပြခဲ့သည်။
သို့သော်လည်း လုံချန်နှင့် ရင်ဆိုင်ရသောအခါ လုမင်က တိုက်ရိုက် အရှုံးပေးခဲ့၏။ ထိုအတွက် မည်သူက ပိုသန်မာမလဲ မသိနိုင်တော့ဘဲ စိတ်မကောင်းစရာကောင်းသလို ခံစားခဲ့ရသည်။
ထို့ပြင် ရှဲ့နျန်ချင်းက ထိုတိုက်ပွဲတွင် မပါဝင်ခဲ့ပေ။ ယင်းကြောင့် လူတော်တော်များများဟာ ရှဲ့နျန်ချင်းနှင့် လုမင်အကြောင်းကို တိတ်တဆိတ် ပြောဆိုကြပြီး မည်သူ အားကောင်းမလဲဆိုတာကို မှန်းဆခဲ့မိသည်။
နောက်ဆုံးတွင်၊ ရှဲ့နျန်ချင်းက ဘုရင်ငယ်ငါးပါးမှာ လုံချန်ပြီးပါက ဒုတိယ ဖြစ်ခဲ့သည်။ စစ်မှန်သော တိုက်ပွဲမရှိဘဲ မည်သူ အနိုင်ရမလဲဆိုတာကို ပြောရခက်လိမ့်မည်။
ယခုအခါ၊ နောက်ဆုံးမှာတော့ တိုက်ခိုက်ကြတော့မည့်အချိန် ရောက်လာပုံရသည်။
ထိုအချိန်တွင် လုမင်၏ မျက်လုံးများက အရောင်လက်သွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ အလင်းတစ်ခု လင်းလက်လာပြီးနောက် ရှဲ့နျန်ချင်း၏ပုံရိပ်က လုမင်အနားတွင် ပေါ်လာခဲ့၏။
ယခုလေးတင် ရှဲ့နျန်ချင်းက တန်တန်မှတစ်ဆင့် လုမင်ကို အပြင်ထွက်လိုသည်ဟု သတင်းပို့ခဲ့သည်။ ထို့ကြောင့်ပင် လုမင်က ရှဲ့နျန်ချင်းကို ခေါ်ထုတ်ခဲ့လေသည်။
"ဒါက…"
ရှဲ့နျန်ချင်း ထွက်လာသည်နှင့် လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။
သူတော်စင်မြို့တော်ရှိ လူတိုင်းနီးပါးက ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ကျွင်းကို တစ်လှည့်စီ ကြည့်လိုက်မိ၏။ သူတို့နှစ်ယောက်စလုံး၏ ရုပ်ရည်များက တူလွန်းသောကြောင့် လှုပ်ခတ်သွားခဲ့ရလေသည်။
"ဒီမိန်းကလေးက ရှဲ့နျန်ကျွင်းနဲ့ ဘာဖြစ်လို့ ဒီလောက်တောင်တူနေရတာလဲ။ သူတို့နှစ်ယောက်လုံးက အရမ်းလှတယ်။ သူက ဘယ်သူလဲ"
"ငါသိပြီ၊ လက်ရှိ သူတော်စင်ဧကရာဇ်မှာ သမီးတော်သုံးပါးရှိတယ်တဲ့။ သုံးယောက်စလုံးက အင်မတန် ချောမောလှပတယ်လို့ ပြောလို့ရတယ်။ အဲဒီအထဲမှာ မင်းသမီးဆယ့်ခြောက်ကတော့ သူ့သွေးမျိုးဆက်ကြောင့် မိသားစုကနေ ဖုံးကွယ်ထားခံခဲ့ရတယ်။ ဒီမိန်းကလေးက မင်းသမီးဆယ့်ခြောက် ဖြစ်သင့်တယ်"
"သူပဲ ဖြစ်သင့်ပါတယ်။ လက်ရှိ သူတော်စင်ဧကရာဇ်ရဲ့ သမီးတော်သုံးယောက်က တကယ့်ကို လှလွန်းတယ်။ ဒီမင်းသမီးဆယ့်ခြောက်ရဲ့ အလှက အလှဘုရင်မ ငါးပါးထက်တောင် မနိမ့်ကျပါဘူး။ သူ့ရဲ့ သိုင်းတာအိုကတော့ ဘယ်လောက်ထိ ထက်မြက်မလဲ သိချင်မိပါရဲ့"
ပတ်ဝန်းကျင်တွင် ဆွေးနွေးမှုများ ဖြစ်ပေါ်နေခဲ့သည်။
မင်းသမီးဆယ့်ခြောက်၏ နာမည်ကို လူအတော်များများ ကြားဖူးသော်လည်း လူအနည်းစုကသာ မြင်ဖူးသည်။ ဤအခိုက်တွင် သူ့ကို တွေ့ရသောအခါ အားလုံး အံ့အားသင့်ခဲ့မိလေသည်။
"နင် တကယ်ကြီး နတ်ဆိုးနယ်မြေကနေ သူနဲ့ ထွက်လာခဲ့တာပဲ။ အခု အညံ့ခံပြီး နတ်ဆိုးနယ်မြေကို ပြန်သွားပါ။ နင့်တစ်သက်လုံး နတ်ဆိုးနယ်မြေမှာပဲနေပြီး မိစ္ဆာနတ်ဆိုးတွေကို သတ်ရမယ်။ အပြင်ကို လျှောက်သွားနေဖို့ မစဉ်းစားပါနဲ့။ ဒါက တော်ဝင်မိသားစုကို အရှက်ရစေလိမ့်မယ်"
ရှဲ့နျန်ကျွင်းက ရှဲ့နျန်ချင်းကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
ရှဲ့နျန်ချင်း၏ လှပသောမျက်နှာက အေးစက်သွားခဲ့သည်။ သူမက ရှဲ့နျန်ကျွင်းကိုကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။
"ရှဲ့နျန်ကျွင်း၊ နင့်ကိုယ်နင် မြင့်မားပြီး အရှိန်အဝါကြီးသလို ဟန်ဆောင်မနေစမ်းပါနဲ့။ နင် ငယ်ငယ်လေးကတည်းက သူများကို အရှက်ခွဲခဲ့တာ။ ဒါက နင့်ရဲ့ သန့်စင်တဲ့ သွေးမျိုးဆက်ကြောင့်တဲ့လား။ ဟာသပဲ။ ဒီနေ့ နင့်ကို ငါ့ခြေဖဝါးအောက်မှာ နင်းချေပြီး နင့်ရဲ့သန့်စင်မှုနဲ့ ရှေးရိုးစရိုက်က ဘယ်လောက်ထိ ခိုင်မာမလဲဆိုတာ ကမ္ဘာကို မြင်သာစေမယ်"
ရှဲ့နျန်ချင်း၏ စကားသံအဆုံးတွင် အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ သူမထံမှ အားကောင်းသော အရှိန်အဝါက ရှဲ့နျန်ကျွင်းကို ဆန့်ကျင်လိုက်၏။
"နင်က ငါ့ကို တိုက်ခိုက်ချင်မှတော့ နင့်ရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"
ရှဲ့နျန်ကျွင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။ သိပ်သည်းသော အဖြူရောင်အလင်းတစ်ခုက ကောင်းကင်ကို ထိုးတက်သွား၏။ တစ်ချိန်တည်းမှာပင် ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်မှ အနက်ရောင် နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အနက်ရောင်အလင်းနှင့် အဖြူရောင်အလင်းက ကောင်းကင်ယံတွင် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။
"ဝုန်း"
ကောင်းကင်ယံတွင် တိမ်တိုက်များက ပြန့်ကျဲသွားပြီး လေပြင်းများလည်း တိုက်ခတ်လာခဲ့သည်။
"တိုက်ခိုက်ကြမယ်"
ရှဲ့နျန်ချင်းက ပြောဆိုကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ရှဲ့နျန်ကျွင်း၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူမသည်လည်း ကောင်းကင်ယံကို ပျံတက်သွား၏။ အနက်ရောင်အလင်းတစ်ခုနှင့် အဖြူရောင် အလင်းတန်းတစ်ခုက ထိပ်တိုက်တွေ့ကာ ဟင်းလင်းပြင်ကို ဆုပ်ဖြဲလိုက်တော့သည်။
"ကောင်းကင် နတ်ဆိုးပိုင်နက်"
"ကောင်းကင်ကိုးခုသူတော်စင်ပိုင်နက်"
ချိုသာသော်လည်း ပြတ်သားသော အော်သံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ဦးက ကိုယ်ပိုင် အဆုံးစွန်နည်းလမ်းများကို ထုတ်ဖော်ကာ ကောင်းကင်ယံတွင် ရင်ဆိုင်ခဲ့ကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က တိုက်ကွက် တစ်ဒါဇင်ကျော် ဖလှယ်ခဲ့ကြသည်။
ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ကျွင်း၏ တိုက်ခိုက်မှုများက အလွန်ဆင်တူသည်။ သို့သော်၊ တစ်ခုက နတ်ဆိုးတာအိုဖြစ်ပြီး ကျန်တစ်ခုကတော့ သန့်စင်သော သူတော်စင်တာအို ဖြစ်၏။
ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အနက်ရောင်ကြာပန်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့က ကြာပန်းဓားများအဖြစ်သို့ ပြောင်းလဲကာ ပစ်လွင့်သွား၏။
တစ်ဖက်တွင်ကား ရှဲ့နျန်ကျွင်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ကြာဖြူပန်းများ ပေါ်ပေါက်လာကြသည်။ ၎င်းတို့ကလည်း ကြာဖြူပန်း ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ရှဲ့နျန်ချင်းကို တိုက်ခိုက်ကြတော့သည်။
ဓားအလင်းများက ကောင်းကင်ယံတွင် ဖြာထွက်နေခဲ့သည်။ ခဏချင်း သူတို့နှစ်ယောက်ဟာ ပြင်းထန်သော တိုက်ပွဲတစ်ခုအတွင်း ပိတ်မိသွားကြသည်။
သူတော်စင်မြို့တော်ရှိ လူအပေါင်းလည်း အံ့အားသင့်သွားခဲ့ပေသည်။ အားလုံး အလွန်တုန်လှုပ်သွားကြသည်။
"အရမ်းသန်မာတယ်။ မင်းသမီးဆယ့်ခြောက်က အရမ်းသန်မာတာပဲ။ သူက နဝမမင်းသမီးကို တကယ်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်တယ်"
"ကြောက်စရာကောင်းလိုက်တာ၊ ဖုံးကွယ်ထားတဲ့ မင်းသမီးဆယ့်ခြောက်ကလည်း အစွမ်းထက်တာပဲ။ သူက သန်မာလွန်းတယ်။ သူက သေချာပေါက် ဘုရင်ငယ်အဆင့် ပါရမီရှင်ပဲ"
"ဒီမျိုးဆက်မှာ တော်ဝင်မိသားစုက တကယ့်ကို ပါရမီရှင်တွေ ပြည့်နှက်နေတာပဲ။ မိသားစုတစ်စုမှာ ဘုရင်ငယ်နှစ်ယောက်ရှိတာက တကယ်ရှားတယ်"
"ငါကတော့ သိပ်ပြီး နားမလည်ဘူး။ တော်ဝင်ရှဲ့မိသားစုက ဘာဖြစ်လို့ ဒီလိုပါရမီရှင်မျိုးကို ဖိနှိပ်ချင်ရတာလဲဆိုတာ တကယ်ကို နားမလည်ဘူး။ တခြား အင်အားစုတွေမှာသာ ဒီလို ပါရမီရှင်မျိုး ရှိနေမယ်ဆိုရင် သူ့ကို ပြုစုပျိုးထောင်ဖို့ အစွမ်းကုန် ကြိုးစားကြမှာ။ နောက်ဆုံးမှာတော့ သူတို့က ဧကရာဇ်ဖြစ်ဖို့ အလားအလာအရမ်းများတယ် မဟုတ်လား"
လူအများက စိတ်ဝင်တစား ဆွေးနွေးပြောဆိုခဲ့ကြသည်။
ဤစကားများက တော်ဝင်ရှဲ့မိသားစုဝင်များ၏နားသို့ ရောက်သောအခါတွင် သံပူရည်ဖြင့် လောင်းထည့်ခြင်းခံရသကဲ့သို့ မကျေမနပ် ဖြစ်သွားခဲ့ကြသည်။
"ဟမ့်၊ အရည်အချင်းမြင့်မားရင်တောင် ဘာဖြစ်လို့ လွှတ်ပေးထားရမှာလဲ။ သူ့ကို ထာဝရ ဖိနှိပ်ထားသင့်တယ်။ မဟုတ်ရင် သူလည်း နောက်ထပ် သစ္စာဖောက်တစ်ဦး ဖြစ်လိမ့်မယ်"
ရှဲ့ကျန်းက အံကိုတင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေခဲ့ပေသည်။
ရှဲ့နျန်ချင်း၏ အရည်အချင်းက မြင့်မားလွန်းလှသည်။ ဤကဲ့သို့ စွမ်းရည်မြင့်လေ၊ သူပို၍ကြောက်လေဖြစ်ပြီး ရှဲ့နျန်ချင်းကို ပို၍ပင် သေစေချင်လေလေပင်။
ထို့နောက်တွင် ရှဲ့ကျန်း၏အကြည့်က လုမင်ဆီသို့ တစ်ဖန် ကျရောက်လာပြန်သည်။ ဤအရာအားလုံးက လုမင်ကြောင်ပင်။ ရှဲ့နျန်ချင်းကို မည်သို့သောနည်းလမ်းသုံးပြီး ခေါ်ထုတ်ခဲ့မှန်း မသိသော်လည်း အဖြေက လုမင်ကြောင့်သာ ဖြစ်မည်။
"လုမင်၊ မင်းကို အညံ့ခံလိုက်ဖို့ ငါအကြံပေးချင်တယ်။ ဒီနေ့ မင်းမလွတ်မြောက်နိုင်တော့ဘူး။ မင်း အရှုံးပေးပြီး အညံ့ခံမယ်ဆိုရင် ငါမင်းကို အမြန်သေစေမယ်"
ရှဲ့ကျန်း၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။
"ကောင်းပြီလေ၊ မင်း ငါ့ဆီကနေ တစ်ချက် အရိုက်ခံနိုင်ရင် အညံ့ခံလိုက်မယ်"
လုမင်က မထီမဲ့မြင်ဟန်ဖြင့် ကြည့်လိုက်သည်။
"မင်း... သိပ်မတင့်မရဲနဲ့ကွ"
ရှဲ့ကျန်း ရှက်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
"လုမင်၊ အဋ္ဌမမင်းသား လှုပ်ရှားစရာမလိုပါဘူး။ မင်းကို ငါကိုယ်တိုင် သတ်မယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါ်ထွက်နေကာ မျက်လုံးများ အေးစက်နေခဲ့၏။
လုမင်သည် ၎င်းက အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မြင်ခဲ့သည်။
"ကောင်းတယ် အသျှင်ရွှီ၊ လုမင်ကို ဒီမင်းသားအတွက် ဖမ်းပေးရင် ခင်ဗျားကို ကြီးကြီးမားမား ဆုချီးမြှင့်မယ်"
ရှဲ့ကျန်းက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
၎င်းက တော်ဝင်မိသားစု၏ အုပ်ထိန်းသူ ဖြစ်သည်။ သူက အလွန်သန်မာကာ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိ၏။ သူ လှုပ်ရှားခြင်းဖြင့် လုမင်ကို သေချာပေါက် ဖမ်းဆီးနိုင်လိမ့်မည်။
"မင်းက လှုပ်ရှားချင်တာလား၊ ကောင်းပြီ... ဒီကိုလာပြီး သေတော့"
လုမင်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။