← Chapters

အခန်း ၁၁၆၃

Vol. 78 Ch. 1163

အခန်း ၁၁၆၃

Vol. 78 Ch. 1163

အပိုင်း ( 1163 ) ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း။

"နင် စိတ်ပျံ့နေသေးတယ်ပေါ့"

ရှဲ့နျန်ချင်းက အော်ဟစ်ပြီး မုန်တိုင်းတိုက်သကဲ့သို့ တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်သည်။ တခဏချင်းမှာပင် သူမက ရှဲ့နျန်ကျွင်းကို အမှန်တကယ် ဖိနှိပ်လိုက်၏။

ရှဲ့နျန်ကျွင်းလည်း သူ့အတွေးများကို လျင်မြန်စွာစုစည်းပြီး ရှဲ့နျန်ချင်းကို ဆက်လက် တိုက်ခိုက်လိုက်တော့သည်။

အောက်တွင်၊ လုမင်က နဝမနဂါးအသွင်ပြောင်းပြီး ဆံဖြူအဘိုးအိုအနောက်သို့ လိုက်သွားခဲ့သည်။

"ငါ့ကို တိုက်ခိုက်ပြီး မင်း သေရဖို့ကိုလည်း အသင့်ပြင်ထားသင့်တယ်"

လုမင်၏ အသံက နဝမနဂါးသွေးမျိုးဆက်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ နဂါးလက်သည်းများက ဟင်းလင်းပြင်ကိုနင်းကာ ကြီးမားသော နဂါးခန္ဓာကြီးနှင့်မလိုက်အောင် မယုံနိုင်စရာအမြန်နှုန်းဖြင့် ပျံသန်းသွား၏။ သူက လျှပ်စီးကဲ့သို့လျင်မြန်ကာ ဆံဖြူအဘိုးကြီးအနီးသို့ တခဏချင်း ချဉ်းကပ်လာတော့သည်။

"ကယ်ကြပါဦး"

နဝမနဂါးက မီကာနီးလာသောအခါ ဆံဖြူအဘိုးကြီး ထိတ်လန့်တကြား ထအော်လိုက်သည်။ ခွေးလေခွေးလွင့်တစ်ကောင်ကဲ့သို့ ထိတ်လန့်သွား၏။ ဤအခိုက်တွင် ပညာရှင်တစ်ယောက်၏ အပြုအမူမျိုးကို သူ ဂရုမစိုက်တော့ပါ။ အရေးအကြီးဆုံးက သူ၏အသက်ကို ကယ်နိုင်ရန် ဖြစ်သည်။

"သတ်"

နဝမနဂါးက ဟိန်းဟောက်ပြီး လက်သည်းများကို ဆန့်ထုတ်လိုက်သည်။ အားကောင်းသော စွမ်းအားတစ်ခုက ဆံဖြူအဘိုးကြီးကို ထိမှန်ကာ ဖောက်ထွက်လုမတတ် ဖြစ်သွားခဲ့၏။ အဘိုးကြီး၏ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာကာ မျက်လုံးမှာလည်း ကြောက်ရွံ့မှုတို့ ပြည့်နေတော့သည်။

"ငါ့ကိုကယ်ပါဦး"

ဆံပင်ဖြူ အဘိုးကြီးလည်း ရက်စက်ကြမ်းကြုတ်သော ဓားပြအုပ်စုနှင့် ရင်ဆိုင်ရသည့် ခိုကိုးရာမဲ့ မိန်းမငယ်လေးတစ်ဦးလို ရင်ပွင့်မတတ် အော်လိုက်သည်။

"ရပ်လိုက်စမ်း၊ မင်း သေချင်နေပြီ"

ထိုအချိန်တွင် သူတော်စင်မြို့တော်၏ မြို့ရိုးမှ ဒေါသတကြီး အော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့သည်။ အစွမ်းထက် အရှိန်အဝါများနှင့် ပုံရိပ်တစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။

ထိုအရှိန်အဝါများ ပျံ့သွားသောအခါ လူတိုင်း အသက်ရှူမဝသလို ခံစားလိုက်ရသည်။ ကြီးမားသော ကျောက်တုံးကြီးတစ်တုံးက သူတို့နှလုံးသားကို ဖိနှိပ်ထားသလို အန္တရာယ်တစ်ခု ကျရောက်တော့မည်ကဲ့သို့ ခံစားခဲ့ကြရပေသည်။

အဓိပဓိ။

ဤစကားလုံးက လူတိုင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။ ဤဖိအားက အဓိပဓိ၏ အရှိန်အဝါပင်။ တော်ဝင်မိသားစု၏ အဓိပဓိ တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။

"ရှဲ့ချီယု"

တစ်ချက်ကြည့်ရုံဖြင့် တိုက်ခိုက်ခဲ့သူမှာ လက်ရှိ သူတော်စင်ဧကရာဇ်၏ ညီတော်၊ ရှဲ့ကျန်း၏ ဦးရီးတော် ရှဲ့ချီယုဖြစ်ကြောင်း လုမင် သတိပြုမိခဲ့သည်။

၎င်းက အဓိပဓိတစ်ဦးပင်။

"မင်းကများ သူတော်စင်မြို့တော်မှာ ဘယ်လိုတောင် ထောင်လွှားဝံ့တာလဲ။ ငါကိုယ်တိုင် မင်းကို အပြစ်ဒဏ်ပေးမယ်"

ရှဲ့ချီယုထံမှ‌ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သောအခါ ကြီးမားသော လက်ဝါးပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းက ကောင်းကင်ကို ဖုံးလွှမ်းကာ လုမင်အား လွှမ်းခြုံကျဆင်းလာတော့သည်။

ဤလက်ဝါးကြီးအောက်တွင် လုမင်၏ နဝမနဂါးက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လွန်းခဲ့သည်။

သို့ရာတွင်၊ လုမင်၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး မျက်လုံးများမှာလညး ပြောင်းလဲမှုတို့ မရှိပေ။

အကြောင်းမူကား၊ ဤအခိုက်တွင် လုမင်၏ ခန္ဓာကိုယ်အတွင်းသို့ ကြွယ်ဝသောစွမ်းအင်များ စီးဝင်လာခဲ့၍ ဖြစ်သည်။ ၎င်းက ရှဲ့လွမ်၏ စွမ်းအင်များသာ ဖြစ်တော့သည်။

"မင်း ရှဲ့ချီယုက အဓိပဓိဖြစ်ရင်တောင် ဘာဖြစ်လဲ။ ဒီနေ့ သူ့ကို မင်းလည်း ကယ်တင်နိုင်မှာ မဟုတ်ဘူး"

နဝမနဂါးက ဟိန်းဟောက်ပြီး ရှဲ့ချီထျန်း၏ လက်ဝါးဆီသို့ လက်သည်းကုပ်ချက် ထုတ်ဖော်လိုက်သည်။

"ဟာ၊ သူက အဓိပဓိရဲ့ တိုက်ခိုက်မှုကို ခံယူဝံ့တာလား"

"သေချင်နေတာ၊ ဒါက သေချင်နေတာပဲ"

"ထောင့်စွန်းတစ်ခုကို ရောက်တဲ့အခါ အရှုံးပေးမဲ့အစား သူရဲကောင်းဆန်ဆန် သေဆုံးတယ်။ အဓိပဓိတစ်ပါးကို ရင်ဆိုင်ခဲ့တာကြောင့် သူသေရရင်တောင် အချည်းနှီးတော့ မဖြစ်ပါဘူး"

အများ၏ အမြင်တွင် လုမင်က လမ်းဆုံးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအတွက် အညံ့ခံမည့်အစား အဓိပဓိကိုတိုက်ခိုက်ရင်းဖြင့် သူရဲကောင်းဆန်စွာ သေဆုံးမည်ဟု အားလုံး ထင်မှတ်ခဲ့လေသည်။

လူတချို့ သက်ပြင်းချလိုက်သည်။ ရှမ်းဟွမ်တိုက်ကြီး၏ ရှားပါးပါရမီရှင်တစ်ဦး အမှန်တကယ် ကျဆုံးရတော့ပါမည်လော။

သို့ရာတွင်၊ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက သူတို့အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ သူတို့၏ မျက်လုံးများက ကျွတ်ထွက်မတတ် ပြူးကျယ်သွားတော့သည်။

"ဝုန်း"

နဝမနဂါးလက်သည်းက ရှဲ့ချီယု၏ လက်ဝါးကြီးကို ကုပ်ဆွဲလိုက်သည်။ မူလက ရှဲ့ချီယု၏ လက်ဝါးကြီးကြောင့် လုမင် အပိုင်းပိုင်းကွဲသွားမည်ဟု လူတိုင်း ကြိုတွေးထားခဲ့ကြပေသည်။ သို့သော်လည်း လက်တွေ့မှာတော့ အပိုင်းပိုင်းကွဲသွားသည့် မြင်ကွင်းက ဖြစ်ပျက်မလာခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ နဂါးလက်သည်းက ကုပ်ဆွဲလိုက်သောအခါ မိုးနှင့်မြေက တုန်ခါသွားခဲ့ရသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နဂါးလက်သည်းက ရှဲ့ချီယု၏ လက်ဝါးပုံရိပ်ကြီးကို တိုက်ရိုက် ဖြိုချလိုက်တော့သည်။

ဤမြင်ကွင်းက လူတိုင်းကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားစေခဲ့သည်။

လုမင်က အဓိပဓိ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ရုံ သာမကဘဲ တိုက်ရိုက်ပင် ဖြိုဖျက်ပစ်ခဲ့ပါသေးသည်။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။ ယခု ဘာများဖြစ်နေပါသနည်း။

လူအများစုက လုံးဝ မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။

"ဝုန်း"

ရှဲ့ချီယု၏ လက်ဝါးပုံရိပ်ကို ဖျက်ဆီးပြီးသည်နှင့် နဝမနဂါးက နောက်တစ်ကြိမ် ကုပ်ဆွဲလိုက်သည်။ နဂါးလက်သည်းတစ်ဖက်က ဆံဖြူအဘိုးကြီး၏ ဦးခေါင်းထက်တွင် ပေါ်ထွက်လာကာ ကုပ်ဆွဲလိုက်၏။

မြိုရိုးပေါ်သို့ ရောက်လုနီးနီးဖြစ်၍ စိတ်သက်သာရာရသွားသော ဆံဖြူအဘိုးကြီးလည်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"မဟုတ်ဘူး"

"ဝုန်း"

နောက်အခိုက်တွင် ဆံဖြူအဘိုးကြီးက နဝမနဂါး၏ နဂါးသည်းဖြင့် တခါတည်း ကြေမွသွားတော့သည်။

"ငါပြောပြီး၊ မင်း လှုပ်ရှားဝံ့မှတော့ ဒီနေ့ သေလိမ့်မယ်"

နဝမနဂါးက ပြန်ကျုံ့သွားကာလုမင်၏အသွင် ထွက်ပေါ်လာခဲ့သည်။ လုမင်က အေးစက်စက်ဖြင့် လှောင်ပြောင် ပြောဆိုလိုက်လေသည်။

ပတ်ဝန်းကျင်မှ လူတိုင်း လေအေးကြီးကို ရှုရှိုက်လိုက်မိသည်။ အထူးသဖြင့်၊ ရှဲ့ကျန်းဆိုလျှင် မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူ‌ဖပ်ဖြူရော်ဖြစ်နေတော့ည်။ သူက လုမင်ကို ကြောက်လန့်တကြားဖြင့် ကြည့်လိုက်သည်။

အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူတစ်ဦး ပထမဦးစွာ ဒဏ်ရာအပြင်းအထန်ရပြီး အသက်လု၍ ထွက်ပြေးခဲ့ရသည်။ အဓိပဓိတစ်ပါးကလည်း လုမင်ကို တားဆီးထားခဲ့။ သို့တိုင်၊ နောက်‌ဆုံးမှာတော့ လုမင်၏ အသတ်ခံလိုက်ရဆဲပင်

မာနထောင်လွှားသည်၊ တကယ်ကို ကြီးစိုးသည်။

"ခွေးကောင်၊ မင်း သေချင်နေပြီပဲ"

ရှဲ့ချီယုက ဟိန်းဟောက်လိုက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်ဆိုလျှင် သိပ်သည်းလွန်း၍ အကောင်ပင် ဖြစ်ပေါ်လာတော့မည်ကဲ့သို့ ဖြစ်တော့သည်။

ရှဲ့ချီယုထံမှ ကြောက်စရာကောင်းသည့် အရှိန်အဝါများ ပျံ့နှံ့သွားခဲ့သည်။ အဓိပဓိ အရှိန်အဝါများက လုမင်ဆီကို ဖိအားပေးလာခဲ့၏။

လုမင်က တရားရားရယ်မောပြီး အနောက်ကိုပြန်ဆုတ်လိုက်သည်။ ရှဲ့ချီယု၏ ဖိအားက သူ့ကို လုံးဝ မတားဆီးနိုင်ပေ။

"သတ်"

ရှဲ့ချီထျန်းက အော်ဟစ်ပြီး ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

"ချီထျန်း၊ ရပ်လိုက်တော့"

ထိုအချိန်တွင် ဂုဏ်သိက္ခာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

ရှဲ့ထျီထျန်းလည်း ဤအသံကိုကြားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီး ရှေ့တက်မတိုးတော့သည်

ဟင်းလင်းပြင်က ရုတတရက် အက်ကွဲကာ ပုံရိပ်သုံးခု ထွက်ပေါ်လာခဲ့သည်။

ဦးဆောင်သူက အဆုံးမဲ့ ဘုန်းအရှိန်အဝါများနှင့် ခန့်ညားသေ လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။

"သူတော်စင်ဧကရာဇ်"

"သူတော်စင်ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

လူအများက ကမန်းကတန်း ဦးညွှတ်လိုက်ကြသည်။

လူလတ်ပိုင်းကြီးက လက်ရှိ သူတော်စင်ဧကရာဇ် ရှဲ့ချီထျန်းအမှန်ပင် ဖြစ်ချေသည်။

ရှဲ့ချီထျန်း၏ တစ်ဖက်စီတွင်လည်း ဆံပင်ဖြူ အဘိုးအို နှစ်ယောက် ရပ်နေခဲ့ကြသည်။ ထိုအဘိုးကြီးကို နှစ်တစ်သန်းပြည့် အခမ်းအနားတွင် လူအများစု မြင်တွေ့ဖူးကြ၏။ သူတို့ကလည်း သိုင်းအုပ်ချူပ်သူများ ဖြစ်ကြသည်။

သိုင်းအုပ်ချုပ်သူသုံးပါး အတူတကွ ထွက်ပေါ်လာကြပြီ။

လူများစွာ၏ နှလုံးသားများက ပြင်းစွာ တုန်လှုပ်သွားကြသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့စိတ်ထဲတွင် အဆုံးမဲ့သံသယများ ပြည့်နှက်သွား၏။ လုမင် တစ်ဦးတည်းအတွက် သူတော်စင်ဧကရာဇ်ကိုယ်တိုင် ထွက်ပေါ်လာရန် လိုအပ်ပါသလော။ ထို့ပြင် အခြားသော သိုင်းအုပ်ချုပ်သူနှစ်ပါးလည်း ရှိနေသည်။

ရှဲ့ချီထျန်းနှင့် သိုင်းအုပ်ချုပ်သူနှစ်ပါး ထွက်လာခြင်းက ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ကျွင်းကြားမှ တိုက်ပွဲကို ရပ်တန့်သွားစေခဲ့ပေသည်။

"ဒီနေ့ နင့်ကို ချမ်းသာပေးလိုက်မယ်"

ရှဲ့နျန်ကျွင်းက ရှဲ့နျန်ချင်းကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"ဘယ်သူက ဘယ်သူ့ကို ချမ်းသာပေးမှာလဲ၊ နင် မသိဘူးလား"

ရှဲ့နျန်ချင်းကလည်း အေးစက်စက်ဖြင့် ပြောသည်။

ထို့နောက်တွင်၊ နှစ်ယောက်စလုံးက တသီးခြားစီ ဆုတ်သွား၏။ ရှဲ့နျန်ချင်းက လုမင်ဘက်သို့ ပြန်လာခဲ့သလို ရှဲ့နျန်ကျွင်းကတော့ သူတော်စင်ဧကရာဇ်ဘက်သို့ ပြန်ဆုတ်သွားတော့သည်။

ရှဲ့ချီထျန်းက ရှုပ်ထွေးသော အမူအရာဖြင့် ရှဲ့နျန်ချင်းကို ကြည့်လိုက်သည်။ ထို့နောက်တွင် သူ့အကြည့်က လုမင်ဆီသို့ ကျရောက်သွား၏။ ၎င်းက လေးနက်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်း ဒီနေရာကို ရောက်လာမှတော့ ဘာဖြစ်လို့ ထွက်မလာတာလဲ။ ဖုံးကွယ်ထားစရာ မလိုပါဘူး"

ရှဲ့ချီထျန်း၏ စကားကြောင့် လူအများစိတ်ထဲတွင် တုန်လှုပ်သွား၏။ ရှဲ့ချီထျန်း၏ ပစ်မှတ်က လုမင်မဟုတ်ဘဲ အခြားသူတစ်ဦး ဖြစ်နိုင်ပါသလော။

လုမင်၏ ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင်၊ နတ်ဆိုးစွမ်းအင်များက လူတစ်ယောက်အသွင် လုမင်အနားမှာ စုဖွဲ့သွား၏။ ၎င်းက ရှဲ့လွမ်ပင် ဖြစ်သည်။

"ဒါမျိုး တစ်ကယ်ရှိနေသေးတာပဲ"

လူအများက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ယခုလေးတင် လုမင်မှ အဓိပဓိ၏ တိုက်ခိုက်မှုကို ခံနိုင်ခဲ့ခြင်းမှာ ဤပုဂ္ဂိုလ်နှင့် ပတ်သက်မည်ဟုလည်း သူတို့ ခန့်မှန်းမိခဲ့ကြပေသည်။

သို့သော်လည်း လူအချို့က ရှဲ့လွမ်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထို့နောက်တွင် မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်လာခဲ့၏။ နောက်ဆုံးမှာတော့ သူတို့၏ ခန္ဓာကိုယ်များက သိသိသာသာ တုန်ခါသွားတော့သည်။

"မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

"သူတို့က ဘာဖြစ်လို့ ဒီလောက်ပုံစံတူနေရတာလဲ။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ထိုလူများက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။

အထူးသဖြင့် ရှဲ့ကျန်းနှင့် ရှဲ့ချီယုကဲ့သို့ တော်ဝင်ရှဲ့မိသားစုမှ လူများဆိုလျှင် နေ့ခင်းကြောင်တောင် သရဲမြင်ရသကဲ့သို့ ထိတ်လန့်တကြားဖြစ်ပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ဒီလူက ဘယ်သူလဲ။ တော်ဝင်ရှဲ့မိသားစုဝင်တွေက ဘာဖြစ်လို့ အရမ်းကြောက်နေပုံရတာလဲ"

ရှဲ့လွမ်၏ ပုံတူပန်းချီ သို့မဟုတ် ရုပ်တုကို မမြင်ဖူးသူများက သံသယများ ပြည့်နှက်သွားသည်။

သို့သော်လည်း မကြာမီတွင် အဖြေကို သိလိုက်ရ၏။

"ရှဲ့လွမ်"

ရှဲ့ချီထျန်းက စကားလုံးနှစ်လုံးကို ဖြည်းညှင်းစွာနှင့် လေးလေးနက်နက် ပြောဆိုလိုက်တော့သည်။

All Chapters