← Chapters

အခန်း ၁၁၆၆

Vol. 78 Ch. 1166

အခန်း ၁၁၆၆

Vol. 78 Ch. 1166

အပိုင်း ( 1166 ) ဂြိုလ်တစ်ခု။

အလယ်ပိုင်းတိုက်ကြီး၏ အရှေ့ဘက်ပိုင်း၊ ဖရိုဖရဲနယ်မြေအနီးရှိ မြို့ကြီးတစ်ခုတွင်...

သတင်းကြားရပြီးနောက် လုမင် ပြုံးလိုက်သည်။

အလယ်ပိုင်းတိုက်ကြီး ပရမ်းပတာ စဖြစ်ပြီ။

ထျန်းဝူဓားဂိုဏ်းက ဓားဧကရာဇ် အသတ်ခံရခြင်းကြောင့် ရူးသွားလိမ့်မည်မှာ သေချာသည်။

ထျန်းဝူဓားဂိုဏ်းတစ်ခုလုံးတွင် ဓားဧကရာဇ်နှစ်ပါး ရှိ၏။ ယခုတော့ သူတို့ထဲမှ တစ်ယောက်ယောက်ကို တော်ဝင်မိသားစုက သတ်လိုက်သည့်အတွက် သေချာပေါက် လက်တုံ့ပြန်လိမ့်မည်။

ထို့အပြင် ကောင်းကင်ဘုရင်တံဆိပ်ပြားက ဧကရာဇ်များအားလုံး လိုချင်တောင့်တရသော ရတနာတစ်ခု ဖြစ်သည်။ မည်သည့်ဧကရာဇ်မှ သွေးဆောင်မှုကို တောင့်ခံနိုင်မည် မဟုတ်ချေ။

တော်ဝင်မိသားစု၏ ဧကရာဇ်များကကော လက်လွှတ်ခံမည်လော။

ယင်းက မဖြစ်နိုင်ပါချေ။

ဤသို့ဖြင့် ယခုအခါ ဧကရာဇ်များကြားမှ တိုက်ပွဲစတင်လာခဲ့ပြီ ဖြစ်သည်။ နောင်အခါ တိုက်ပွဲက သေချာပေါက် ပို၍ပြင်းထန်လိမ့်မည်။ ကောင်းကင်ဘုရင်တံဆိပ်ပြားအတွက် တိုက်ပွဲကြီးများ ရှိနိုင်သည်။

တော်ဝင်ရှဲ့မိသားစုက ကောင်းကင်ဘုရင်တံဆိပ်ပြားကို ကာကွယ်နိုင်မည်မဟုတ်ပေ။

တော်ဝင်မိသားစုက ထိုသို့ အလုပ်ရှုပ်နေလေလေ၊ လုမင်အတွက် အကျိုးရှိလေဖြစ်သည်။ သူတို့ကိုယ်သူတို့ ဂရုမစိုက်နိုင်သောအခါတွင် သူ့ကို မည်သို့ အာရုံစိုက်နိုင်ပါမည်နည်း။

ဤအတွက် သိသာသောအချက်မှာ ထျန်းကျိလျှို့ဝှက်ရတနာပိုင်နက် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ တော်ဝင်မိသားစုက ဤကိစ္စကိုရပ်ကာ ကောင်းကင်ဘုရင်တံဆိပ်ပြားကိုကာကွယ်ရန် အချိန်ပိုပေးလိုကြောင်း ထင်ရှားသည်။

"တိုက်ခိုက်ကြ၊ အားရပါးရသာ တိုက်ခိုက်ကြတော့"

လုမင် ပြုံးလိုက်သည်။ ထို့နောက်မှာတော့ လေထဲသို့ ခုန်တက်ကာ ဖရိုဖရဲနယ်မြေဆီသို့ ပျံသန်းသွားတော့သည်။

မကြာမီ လုမင်က ဖရိုဖရဲနယ်မြေထဲသို့ ပြေးဝင်သွားခဲ့သည်။

နှစ်နှစ်နီးပါးကြာပြီးနောက် ဖရိုဖရဲနယ်မြေသို့ လုမင် ထပ်မံရောက်ရှိလာခဲ့ပြီ။ သို့ရာတွင် ဤတစ်ခေါက်မှာတော့ လုမင်၏ခွန်အားက ယခင်ကနှင့်မတူတော့ပေ။ တားမြစ်နယ်မြေမျိုးစုံနှင့် ဖရိုဖရဲနယ်မြေရှိ အစွမ်းထက် တည်ရှိမှုများက သူ့အတွက် ခြိမ်းခြောက်မှုများ မဟုတ်တော့ပါ။

လုမင်က အရှိန်ပြင်းပြင်းဖြင့် ဖြတ်ကျော်သွားခဲ့သည်။

အောက်ဘက်မှ အစွမ်းထက်တည်ရှိမှုများလည်း လုမင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသောအခါ ချက်ချင်း ပြန်ဆုတ်သွား၏။ မလိုလားအပ်သော အန္တရာယ်ကို ဆွဲဆောင်မိမည် ကြောက်ရွံ့သောကြောင့် အနည်းငယ်မျှ မလှုပ်ရှားဝံ့ပေ။

ရှဲ့လွမ်၏ လမ်းညွှန်မှုအတိုင်း မိုင်ပေါင်းသန်းပေါင်းများစွာ ပျံသန်းလာပြီးနောက် မှောင်မိုက်သော တောင်တန်းတစ်ခုသို့ လုမင် ရောက်လာသည်။

တောင်တစ်ခုလုံးက မည်းမှောင်ကာ နတ်ဆိုးအရှိန်အဝါများ ပြည့်နေခဲ့၏။ အောက်ဘက်မှာဆိုလျှင် နတ်ဆိုးသားရဲများပင် ရှိသည်။

လုမင်က အောက်သို့နှိမ့်ဆင်းကာ ပျံသန်းသွားလိုက်သည်။

"ဂူး ဂါး"

နတ်ဆိုးသားရဲအချို့က လုမင်ကို မြင်သောအခါ အော်ဟစ်လိုက်ကြသည်။ သူတို့က ဝါးမျိုလိုသော မျက်လုံးများနှင့် လုမင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။

လုမင်လည်း ထိုနတ်ဆိုးသားရဲတချို့ကို အပိုင်းပိုင်းခွဲပစ်လိုက်တော့သည်။

လုမင်ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။ ဤနတ်ဆိုးသားရဲများက ဉာဏ်ရည်နိမ့်ပါးသော်လည်း အန္တရာယ်ကို ခံစားမိကာ ကြောက်လန့်တကြားဖြင့် ဆုတ်ခွာသွားတော့သည်။

လုမင်က ဆက်လက်ပျံသန်းသွားရာ နောက်ဆုံးတွင် တွင်းတစ်ခု၏ အစွန်းသို့ ရောက်လာခဲ့သည်။

ဤတွင်းသည် မိုင်တစ်ရာအချင်းဝက်ရှိပြီး အလွန်နက်ရှိုင်းသောကြောင့် အောက်ခြေကိုပင် မမြင်နိုင်ပေ။

သိပ်သည်းသော နတ်ဆိုးစွမ်းအင်များကတော့ တွင်းထဲမှ စိမ့်ထွက်နေခံသည်။

ဤနေရာကား ရှဲ့လွမ် ပြောပြခဲ့သည့် နေရာဖြစ်ချေသည်။

နတ်ဆိုးစွမ်းအင်များနှင့် ရှဲ့လွမ် ထွက်ပေါ်လာခဲ့သည်။ သူက တွင်းကိုကြည့်ရင်း တောင့်တမှုဖြင့် ရေရွတ်လိုက်လေသည်။

"နှစ်ပေါင်းသုံးသောင်း ကြာသွားပြီ၊ အခု ဘယ်လိုဖြစ်နေပြီလဲလို့ မသိဘူး။ သွားကြရအောင်"

ပြောဆိုပြီးနောက် ရှဲ့လွမ်က တွင်းထဲကို ချက်ချင်း ခုန်ဆင်းသွားခဲ့သည်။ လုမင်လည်း နောက်မှ လိုက်သွားတော့သည်။

တွင်းနက်က အလွန်နက်ရှိုင်းပြီး မိုင်တစ်ထောင်ခန့် ဆင်းသက်ပြီးမှသာ အောက်ခြေကို ရောက်လာခဲ့သည်။

အောက်ခြေတွင် ရှုပ်ထွေးသော ကမ္ပည်းများဖြင့် အနက်ရောင်နတ်ဆိုးကျောက်တုံးတစ်ခု ရှိ၏။

ရှဲ့လွမ်က ကမ္ပည်းများရေးထိုးကာ နတ်ဆိုးကျောက်တုံးဆီသို့ ပို့လွှတ်လိုက်သည်။ နတ်ဆိုးကျောက်တုံးက အလင်းများ စတင်တောက်ပလာခဲ့၏။ အဆုံးတွင်၊ တစ်ခုခုအက်ကွဲသံနှင့်အတူ အနက်ရောင်ရေဝဲကြီးတစ်ခု ပေါ်လွင်လာတော့သည်။

ဟင်းလင်းပြင်တံခါး။

လုမင်လည်း တစ်ချက်ကြည့်ရုံဖြင့် ဤအရာသည် ဟင်းလင်းပြင်တံခါးဖြစ်ကြောင်း သိလိုက်သည်။

"သွားကြရအောင်"

ရှဲ့လွမ်က ဟင်းလင်းပြင်တံခါးထဲကို ပထမဆုံး လှမ်းဝင်ခဲ့၏။ လုမင်လည်း အနောက်သို့ အနီးကပ် လိုက်သွားတော့သည်။

အလင်းများ တောက်ပလာပြီး နောက်အခိုက်တွင်၊ သူတို့နှစ်ဦးက တောင်ထိပ်တစ်ခုပေါ်တွင် ပေါ်လာကြောင်း လုမင် မြင်လိုက်ရသည်။

တစ်ချက်ကြည့်လိုက်ပါက ပတ်ပတ်လည်တွင် ကြီးမားကျယ်ပြန့်သော တောင်များရှိ၏။ အနက်ရောင် နတ်ဆိုးစွမ်းအင်များကလည်း လေထဲတွင် စိမ့်ဝင်နေခဲ့သည်။

ဤသည်က ဂြိုလ်တစ်ခုပင်။ ရှဲ့လွမ်ပြောခဲ့သည့် အရန်အစီအစဉ်က အမှန်တကယ်တွင် ဂြိုလ်တစ်လုံးဖြစ်သည်။ ဤဂြိုလ်က ငရဲကိုးခု နတ်ဆိုးနယ်မြေနှင့် လွန်စွာ ဆင်တူလှပေသည်။ မိုးနှင့်မြေက နတ်ဆိုးစွမ်းအင်များနှင့် ပြည့်နေခဲ့သည်။ သို့ရာတွင် သဘာဝ ဝိညာဉ်စွမ်းအင်များကတော့ လွန်စွာ ပါးလျသည်။

လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တစ်ချက်လက်ကာ ရှဲ့နျန်ချင်း ထွက်ပေါ်လာခဲ့၏။

ရှဲ့နျန်ချင်းလည်း သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ အနည်းငယ် အံ့သြသွားတော့သည်။

“အဲဒီတုန်းက မအောင်မြင်ရင် ဖိနှိပ်ခံရမှာ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရမှာကို ငါကြောက်မိခဲ့တယ်။ ဒါကြောင့်ပဲ ဒီဂြိုလ်ကိုရှာပြီး စောင့်ရှောက်ထားဖို့ လက်အောက်ငယ်သားတချို့ကို ထားခဲ့တာ။ အခုတော့ နှစ်ပေါင်းသုံးသောင်း ကြာသွားခဲ့ပြီလေ။ အခု သူတို့ ဘယ်လိုရှိမယ်ဆိုတာ ငါသိချင်မိတယ်"

ရှဲ့လွမ်က ရှင်းပြလိုက်သည်။

"ဘယ်သူလဲ။ ငါ့ရဲ့ နတ်ဆိုးတစ်ထောင်ချောက်ထဲကို ဘယ်လိုတောင် ဆင်းလာဝံ့တာလဲ"

ထိုအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရသည်။ အဝေးမှ ပုံရိပ်များစွာက အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာကြ၏။ သူတို့အားလုံးက နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေကာ ဝိညာဉ်သန္ဓေသား နယ်ပယ်များ ဖြစ်သည်။

တခဏအတွင်းမှာပင် အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် လူထွားကြီးဒါဇင်ချီက လုမင်တို့အရှေ့တွင် ပေါ်လာခဲ့သည်။

အားလုံးက သူတို့ကို အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။

သို့ရာတွင်၊ သူတို့၏ အကြည့်များက ရှဲ့လွမ်အပေါ်သို့ ရောက်သွားသောအခါ အမူအရာများ ပြောင်းလဲသွားတော့သည်။

"နတ်ဆိုးဘိုးဘေး၊ အဲဒါ နတ်ဆိုးဘိုးဘေးပဲ"

"ဘယ်လိုဖြစ်နိုင်မှာလဲ။ နတ်ဆိုးဘိုးဘေး တကယ် အသက်ရှင်နေသေးတာလား"

သူတို့ထဲမှ တစ်ယောက်က သူ့လက်ကို ဝှေ့ယမ်းကာ ရုပ်တုတစ်ခုကို ထုတ်ယူလိုက်သည်။ ဤရုပ်တုက ရှဲ့လွမ်နှင့် အတူတူပင်။ နတ်ဆိုးစွမ်းအင်များနှင့် ကောင်းကင်သို့ ပျံတက်ကာ ကမ္ဘာကြီးကို စိုးမိုးထားပုံရသည့် အရှိန်အဝါများကလည်း အတူတူဖြစ်သည်။

"တကယ်ကို နတ်ဆိုးဘိုးဘေးပဲ"

အားလုံး မယုံကြည်နိုင်စွာ အော်ဟစ်ခဲ့ကြသည်။

"မင်းတို့ရဲ့တပ်မှူး ဘယ်မှာလဲ၊ သူ့ကိုခေါ်လိုက်"

ရှဲ့လွမ် အမိန့်ပေးလိုက်သည်။

ချပ်ဝတ်နှင့် လူထွားကြီးများကတော့ မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြဆဲပင်။

သူတို့ပြောနေကြသည့် နတ်ဆိုးဘိုးဘေးက ရှဲ့လွမ် ဖြစ်သည်။

သူတို့အားလုံးက နှစ်ပေါင်းသုံးသောင်းကြာအောင် ရှဲ့လွမ် မသေသေးသည့်အပေါ် အံ့ဩနေသေးသည့်ပုံ ရပေသည်။

"ခဏစောင့်ပါ၊ ငါတို့သွားပြီး သတင်းပို့လိုက်မယ်"

အမြင့်ဆုံး ကျင့်ကြံခြင်းအခြေခံရှိသည့် လူထွားကြီးတစ်ယောက်က ပြောဆိုကာ နောက်လှည့်ထွက်သွားသည်။

အခြားလူများလည်း ကမန်းကတန်း လိုက်သွားကြရာ ခဏချင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးသည့်တိုင် လှုပ်ရှားမှု လုံးဝမရှိခဲ့ပေ။ ဘယ်သူကမှ ဤနေရာကို မလာပေ။

ရှဲ့လွမ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"သွားကြည့်ရအောင်"

လုမင်နှင့် ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်လိုက်ပြီး ရှေ့ကို အတူပျံသန်းသွားကြသည်။

တောင်တန်းများပေါ်မှ ပျံသန်းပြီးနောက်တွင် ဧရာမမြို့ကြီးတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် မြို့တော်ပေါ်၌ ကျွမ်းကျင်သူများ ပြည့်နေခဲ့၏။ သံချပ်ကာဝတ် စစ်သည်တော် အများအပြားကလည်း ကြီးမားသောရန်သူနှင့် ရင်ဆိုင်နေရသလို မြို့ပတ်ဝန်းကျင်ကို စောင့်ကြပ်ထားခဲ့သည်။

ထိုအထဲတွင် အသန်မာ‌ဆုံး အရှိန်အဝါများနှင့် လူဆယ်ဦးကျော် ရှိ၏။

အဓိပဓိ...

ဤလူတစ်ဒါဇင်ခန့်က အဓိပဓိနယ်ပယ် တန်ခိုးရှင်များပင်။

လုမင် တိတ်တဆိတ် တုန်လှုပ်သွားမိသည်။ ရှဲ့လွမ် ချန်ထားခဲ့သောနေရာက အသေးအမွှားဟုတ်ပုံ မရပေ။ အမှန်တကယ်ပင် ကျွမ်းကျင်သူအများအပြား ရှိနေသည်။

ဟုတ်ပေသည်၊ ဤလူများက လွန်ခဲ့သည့်နှစ်ပေါင်း သုံးသောင်းခန့်က လူများမဖြစ်နိုင်ကြပေ။ သူတို့အားလုံးက ထိုလူများ၏ သားမြေးများသာ ဖြစ်ရမည်။

လုမင်တို့‌ ရောက်လာသောအခါ မြို့တစ်ခုလုံးမှ အကြည့်များက ရှဲ့လွမ်အပေါ်သို့ ကျရောက်လာကာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တော့သည်။

"နတ်ဆိုးဘိုးဘေး၊ သူက ဒဏ္ဍာရီလာ နတ်ဆိုးဘိုးဘေးနဲ့ အတူတူပဲ"

"နတ်ဆိုးဘိုးဘွား တကယ်ပဲ ပြန်လာပြီလား"

"မယုံနိုင်စရာပဲ"

တုန်လှုပ်နေသော အမူအရာများဖြင့် စကားသံများ ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် အဓိပတိနယ်ပယ် တန်ခိုးရှင်များပင်။ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှဲ့လွမ်ကိုစိုက်ကြည့်ရင်း သူတို့၏ အရှိန်အဝါများက ပြင်းထန်လာခဲ့သည်။

"မင်းတို့ရဲ့တပ်မှူး ဘယ်မှာလဲ၊ သူက ဘယ်သူလဲ။ သူ့ကို အပြင်ထွက်ပြီး တွေ့ခိုင်းလိုက်စမ်း"

ရှဲ့လွမ်က ပို၍မျက်မှောင်ကြုတ်လာကာ အေးစက်စက်ဖြင့် အမိန့်ပေးလိုက်သည်။

သို့သော်၊ ဘယ်သူမှ မဖြေပေ။ အဓိပဓိတစ်ဒါဇင်ခန့်ကလည်း ပြန်မဖြေဘဲ အားလုံး တိတ်ဆိတ်နေကြသည်။ ထိုအစား သူတို့၏ မျက်လုံးများသာ ထူးခြားသော အလင်းများ လက်နေခဲ့ပေသည်။

"ငါက ကောင်းကင်နတ်ဆိိုးဧကရာဇ် ရှဲ့လွမ်ပဲကွ။ မင်းဘာဖြစ်လို့ ငါ့ကို မနှုတ်ဆက်တာလဲ"

ရှဲ့လွမ် ‌ပိတ်အော်လိုက်ရာ အားလုံး တုန်လှုပ်သွား၏။

"မင်းကများ ကောင်းကင်နတ်ဆိုးဧကရာဇ်လို ဘယ်လိုဟန်ဆောင်ဝံ့တာလဲ၊ မင်း တကယ်ကို သေသင့်တယ်"

ထိုအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခုက မြို့အတွင်းပိုင်းမှ ထွက်ပေါ်လာခဲ့သည်။ အသံထွက်လာသောအခါ မိုးနှင့်မြေ တုန်လှုပ်သွား၏။ အားကောင်းသော နတ်ဆိုးအရှိန်အဝါက အရပ်ရပ်ကို ဖြာထွက်လာတော့သည်။

သိုင်းအုပ်ချုပ်သူ၊ ဤသည်က သိုင်းအုပ်ချုပ်သူ၏ ဖိအားပင်။

အမှန်ပင်၊ ဤနေရာမှာ သိုင်းအုပ်ချုပ်သူတစ်ဦး ရှိနေသည်။

အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ကြံ့ခိုင်ပြီး ချောမော‌သော ပုံရိပ်တစ်ခုက နတ်ဆိုးစွမ်းအင်များနှင့် လှမ်းထွက်လာခဲ့သည်။ ၎င်းက လုမင်တို့ရှေ့တွင် ပေါ်လာကာ စိုက်ကြည့်လိုက်၏။ အထူသဖြင့် ရှဲ့လွမ်ကိုကြည့်သော သူ့အကြည့်က အနည်းငယ်တုန်လှုပ်နေပုံရသည့်တိုင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေတော့သည်။

All Chapters