အခန်း ၁၁၆၇
Vol. 78 Ch. 1167
အပိုင်း ( 1167 ) နတ်ဆိုးတစ်သောင်း ရေကန်။
လုမင် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။ ဤနေရာတွင် နတ်ဆိုးဧကရာဇ်တစ်ပါး ပုန်းအောင်းနေမည်ဟု တစ်ခါမျှ မတွေးမိခဲ့ပေ။
နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် အဓိပဓိ အများအပြားက ပြင်ပကမ္ဘာတွင် အုပ်စိုးရှင်အင်အားကို ထူထောင်ပြီး ကမ္ဘာ့ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
"ဟားဟားဟား၊ နတ်ဆိုးချောက်ရဲ့ မျိုးဆက်သစ်တွေက ဒီလောက်တော်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ တကယ်ပဲ သူတို့ထဲမှာ ဧကရာဇ်တစ်ပါး ရှိတယ်။ ဒါပေမဲ့... သူ့ရဲ့ အရည်အချင်းက မဆိုးရင်တောင် ရည်မှန်းချက်က မသေးဘူး"
ရှဲ့လွမ်က အားပါးတရ အဓိပဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။
ရှဲ့လွမ်က တစ်ဖက်လူ၏ ရည်မှန်းချက်ကို ရည်ညွှန်းနေသည်မှာ သိသာ ထင်ရှား၏။ ယခုအခါ၊ ၎င်းက ရှဲ့လွမ်ကို အသိအမှတ်မပြုချင်တော့ဘဲ သူ့ဘာသာသူ စိုးမိုးလိုသည်။
"ဟမ့်"
ဆိုးသွမ်းသော နတ်ဆိုးအရှိန်အဝါများနှင့် ထိုလူကြီးက နှာခေါင်းရှုံ့လိုက်သည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်၏။
“မင်းဘယ်သူလဲဆိုတာ ငါမသိပေမဲ့ မင်းက အရမ်းသတ္တိကောင်းတာပဲ။ မင်းက ဧကရာဇ်ဖြစ်လာဖို့ နည်းနည်းလိုသေးတာတောင် ကောင်းကင်နတ်ဆိုးဧကရာဇ် အယောင်ဆောင်ဝံ့တယ်။ ဟာသပဲ"
ယင်းက အမှန်ပင်၊ ယခုအခါ ရှဲ့လွမ်က အမှန်တကယ် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေး၍ အရှိန်အဝါကိုကြည့်လျှင် သိုင်းအုပ်ချုပ်သူဖြစ်ရန် လိုနေဆဲဖြစ်သည်။
ဤသည်ကပင် သူအလွန်ရဲဝံ့နေသည့် အကြောင်းရင်းတစ်ခုပင်။
"မင်းတို့၊ သွားကြစမ်း။ ကောင်းကင်နတ်ဆိုးဧကရာဇ်ကို အယောင်ဆောင်ရအောင် သူ့မှာ ဘာအစွမ်းအစရှိလဲ ကြည့်ရအောင်"
နတ်ဆိုးဧကရာဇ်က နတ်ဆိုးအဓိပဓိများကို ကြည့်လိုက်သည်။
သို့သော်လည်း အားလုံးက မျက်စိမျက်နှာပျက်နေကာ၊ ခဏချင်း မည်သူမျှ ရှေ့မထွက်ဝံ့ပေ။
ရှဲ့လွမ်၏ ရုပ်တု သို့မဟုတ် ပုံတူများကို သူတို့အားလုံး မြင်ဖူးသည်။ ထိုရုပ်တုများ သို့မဟုတ် ပုံတူများအားလုံးတွင် ကောင်းကင်နတ်ဆိုးဧကရာဇ်၏ အရှိန်အဝါများပင် ရှိခဲ့ကြ၏။ ယင်းက သူတို့ရှေ့မှလူနှင့် လုံးဝမခြားပေ။
ထို့ကြောင့်ပင် အားလုံး တုံ့ဆိုင်းနေကြခြင်း ဖြစ်သည်။
"အမှိုက်တွေ"
နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးအဓိပဓိများက ရှေ့မလှမ်းဝံ့ကြောင်း မြင်ရပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။ သို့ရာတွင်၊ သူကိုယ်တိုင်လည်း အရမ်းကာရော မလုပ်ဝံ့ပေ။
"သူတို့ကို လာပြီးသေခံဖို့ မတောင်းဆိုနဲ့။ မင်းက အရမ်း ရည်မှန်းချက်ကြီးပေမဲ့ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်း ဘယ်လောက် အားကောင်းလဲ ငါ မသိဘူး။ အခု ငါ စမ်းသပ်ပါရစေ"
ရှဲ့လွမ်က ပြောပြီး ရှေ့ကို လျှောက်သွားသည်။ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။
အဆုံးမဲ့ နတ်ဆိုးအရှိန်အဝါများက ရှဲ့လွမ်၏ ဦးခေါင်းထက်တွင် နတ်ဆိုးတိမ်တိုက်တစ်ခုလို စုစည်းလာတော့သည်။
"ဟမ့်၊ မင်းက ဧကရာဇ်မဟုတ်သေးဘဲ ငါ့ကို တိုက်ခိုက်ချင်နေတာလား။ မင်း သေချင်နေတာပဲ။ နတ်ဆိုးနယ်မြေ"
နတ်ဆိုးဧကရာဇ်က အော်လိုက်သည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော အမှောင်နယ်မြေတစ်ခုက သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ပေါ်လာခဲ့၏။ ၎င်းက သူ့ကို အလယ်ဗဟိုအဖြစ်ထားကာ ရှဲ့လွမ်ဆီသို့ ပျံ့နှံ့သွားတော့သည်။
နယ်မြေက တာအိုမှ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ ၎င်းက ရှဲ့နျန်ချင်း၏ ကောင်းကင်နတ်ဆိုးပိုင်နက်နှင့် ခပ်ဆင်ဆင်တူသော်လည်း အဆများစွာ အားကောင်းလွန်းပေသည်။
"ဝုန်း"
ရှဲ့လွမ်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အနက်ရောင် နယ်မြေတစ်ခု ပျံ့နှံ့လာသည်။ ၎င်းက သူ့ကိုဗဟိုထားကာ ဖြန့်ကျက်ခဲ့၏။
၎င်းတို့၏ နယ်မြေများက လေထဲတွင် တိုက်မိသောအခါ ဆူညံသံများ ထွက်လာတော့သည်။ ၎င်းက နယ်မြေများကြားမှ တိုက်မိခြင်းဖြစ်ကာ သာမန် ဝိညာဉ်နတ်ဘုရားများကို အလွယ်တကူ အမှုန့်ဖြစ်စေနိုင်သည်။
"သတ်၊ ကောင်းကင်နတ်ဆိုး တိုက်ခိုက်မှုဆယ်ခု"
ချပ်ဝတ်နှင့် နတ်ဆိုးဧကရာဇ်က ဟိန်းဟောက်ပြီး ပြင်းထန်သောတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ တခါတရံတွင်၊
လက်သီးဖြစ်ပြီး တခါတရံကျတော့ လက်ဝါးအဖြစ်သို့ ပြောင်းသွား၏။ သူက နတ်ဆိုးနယ်မြေနှင့်အတူ ရှဲ့လွမ်ကို တိုက်ခိုက်ခဲ့ကြသည်။
"ကျိုးပြတ်လော့"
ရှဲ့လွမ်၏ တိုက်ခိုက်မှုက အလွန်တိုက်ရိုက်ဆန်သည်။ လက်သီးချက် ထုတ်ဖော်လိုက်သည်နှင့် သူ့ကြွက်သားများက နတ်ဆိုးလက်နက်တစ်ခုလို ဖောင်းကားလာခဲ့၏။
လက်သီးချက်က ပြိုင်ဘက်၏နယ်မြေကို ပြင်းပြင်းထန်ထန်တုန်ခါကာ ဖောက်ထွက်လုနီး ဖြစ်စေခဲ့သည်။ ထို့နောက်၊ သူ့လက်သီးက ပြိုင်ဘက်၏ လက်ဝါးကို ထိုးမိသွား၏။
မိုးထစ်ချုန်းသကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်လာကာ နှစ်ယောက်စလုံး တုန်ခါပြီး နောက်ဆုတ်သွားရတော့သည်။
"နတ်မိစ္ဆာခန္ဓာ၊ အဲဒါက နတ်မိစ္ဆာခန္ဓာပဲ"
"တကယ်ကြီး နတ်ဆိုးဘိုးဘေးပဲ"
အဓိပဓိအားလုံး အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ရှမ်းဟွမ်တိုက်ကြီးတွင်၊ နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းသောသူ အများအပြားရှိပြီး နတ်ဆိုးဧကရာဇ် ဖြစ်လာသူက တစ်ဦး၊ နှစ်ဦးမက ရှိသည်။ သို့သော်လည်း နှစ်တစ်သန်းအတွင်း နတ်မိစ္ဆာခန္ဓာကို လေ့ကျင့်ခဲ့သူမှာ ရှဲ့လွမ်တစ်ဦးတည်း ရှိပေသည်။
အခြား နတ်ဆိုးဧကရာဇ်များက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်ကာ ဝိညာဉ်ကိုယ်ခန္ဓာကို လေ့ကျင့်ခဲ့သော်လည်း နတ်မိစ္ဆာခန္ဓာလောက် အားမကောင်းပေ။
ဝိညာဉ်ခန္ဓာကိုလည်း သန်မာသူ၊ အားနည်းသူဟူ၍ ခွဲခြားနိုင်သည်။
နတ်မိစ္ဆာခန္ဓာကတော့ ပိုအားကောင်းသော ဝိညာဉ်ခန္ဓာများထဲမှ တစ်ခုဖြစ်ချေသည်။
ရှဲ့လွမ်က သိုင်းအုပ်ချုပ်သူပြန်ဖြစ်ရန် အနည်းငယ်ဝေးနေသေးသော်လည်း နတ်မိစ္ဆာခန္ဓာ၊ သူ၏တိုက်ခိုက်ရေးအတွေ့အကြုံတို့ဖြင့် သာမာန်ဧကရာဇ်များကို တိုက်ခိုက်နိုင်သည်။
လူအချို့သည် ယခင်က သံသယများရှိနေသေးသော်လည်း နတ်မိစ္ဆာခန္ဓာ ပေါ်လာချိန်မှာတော့ သံသယများ လုံးဝ မရှိတော့ပါ။
"ဖရိုဖရဲကောင်းကင်နတ်ဆိုးသိုင်း၊ မိုးနဲ့မြေပြင် ပျက်စီးခြင်း"
သို့သော်လည်း ချပ်ဝတ်နှင့် နတ်ဆိုးဧကရာဇ်၏ သတ်ဖြတ်ချင်စိတ်က ပို၍ အားကောင်းလာသည်။ ၎င်းက အကြွင်းမဲ့နတ်ဆိုးသိုင်းနှင့် အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များကို စုဆောင်းခဲ့၏။ ကြောက်စရာကောင်းသော ရောင်ဝါတစ်ခုက ကမ္ဘာကြီးကို ပြောင်းပြန်လှန်တော့မလို ဖြာထွက်လာတော့သည်။
သို့သော်၊ ရှဲ့လွမ်၏ မျက်လုံးများက တည်ငြိမ်နေဆဲပင်။ သူ၏ မျက်လုံးများတွင် လှောင်ပြောင်မှု အရိပ်အယောင်များပင် ရှိနေသည်။ သူ့ခန္ဓာကိုယ်က အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များထဲကို တိုက်ရိုက် ပြေးဝင်သွား၏။
"မင်း သေချင်နေတာလား"
နတ်ဆိုးဧကရာဇ်က ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ရှဲ့လွမ်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။ အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များက ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ သူ၏ ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။ ထို့နောက်တွင် သူ့ပါးစပ်အတွင်းမှ သွေးများအန်ထွက်ပြီး မျက်နှာဖြူဖျော့သွားခဲ့သည်။
"ဝှစ်"
ရှဲ့လွမ်က ပြေးထွက်လာကာ နတ်ဆိုးဧကရာဇ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ဒုန်း"
လက်ဝါးရိုက်ချက်က နတ်ဆိုးဧကရာဇ်၏ ချပ်ဝတ်ကို ဖောက်ထွက်သွား၏။ သူ့ခန္ဓာကိုယ်အတွင်းမှ အရိုးကျိုးသံများ ထွက်ပေါ်လာတော့သည်။
သို့သော်၊ ရှဲ့လွမ်က မရပ်သေးဘဲ ထပ်မံ ထိုးကြိတ်လိုက်သည်။
ဒီလက်သီးချက်က နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်တစ်ဝက်ကို ပေါက်ကွဲသွားစေခဲ့ပေသည်။
"ဖရိုဖရဲကောင်းကင်နတ်ဆိုးသိုင်းက ငါ တီထွင်ခဲ့တာ။ အဲဒီအချိန်က နတ်ဆိုးချောက်ကိုကျော်ဖြတ်တော့ အားနည်းချက်တစ်ခု ငါချန်ထားခဲ့တယ်။ အကြောင်းကတော့ တစ်နေ့မှာ နတ်ဆိုးချောက် ဒါမှမဟုတ် နတ်ဆိုးချောက်ရဲ့သားမြေးတွေ ပုန်ကန်သွားမှာကို စိုးရိမ်လို့ပဲ"
ရှဲ့လွမ်၏ လေသံက အလွန်အေးစက်သွားသည်။
ယခုလေးတင် ချပ်ဝတ်နှင့်နတ်ဆိုးဧကရာဇ်က ဖရိုဖရဲကောင်းကင်နတ်ဆိုးသိုင်းကို အသုံးပြုချင်ခဲ့၏။ သို့ရာတွင်၊ ရှဲ့လွမ်က အားနည်းချက်ကိုဆုပ်ကိုင်ကာ ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။
ရှဲ့လွမ်က အရန်အစီအစဉ်ကို အစောကြီးကတည်းက ချန်ထားပြီးသား ဖြစ်ချေသည်။
ရှဲ့လွမ်က နတ်ဆိုးဧကရာဇ်၏ လည်မြိုကို ဖမ်းဆုပ်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"သစ္စာဖောက်တွေကို သတ်သင့်တယ်"
"မလုပ်ပါနဲ့ ဘိုးဘေး၊ ကျုပ်ကို ချမ်းသာပေးပါ၊ ကျွန်တော့်ကို ချမ်းသာပေးပါ။ အရာအားလုံးက နားလည်မှုလွဲနေတာပါပဲ၊ တစ်ယောက်ယောက်က ခင်ဗျားအယောင်ဆောင်နေတယ် ထင်လို့ စမ်းသပ်ကြည့်လိုက်တာပါ"
နတ်ဆိုးဧကရာဇ်က ရုန်းကန်ရင်း တောင်းပန်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်က ပေါက်ကွဲသွားသော်လည်း ဝိညာဉ်ခန္ဓာကို လေ့ကျင့်ထားသော ဧကရာဇ်တစ်ပါးအနေဖြင့် သူ၏ အသက်ဓာတ်က ကြောက်မက်ဖွယ်ကောင်းသည်။ သူ့ခန္ဓာကိုယ်တစ်ဝက်ကို ဖောက်ခွဲလိုက်လျှင်ပင် မြန်မြန်ပြန်ကောင်းနိုင်သေးသည်။
ခြေပြတ်၊လက်ပြတ်များကို ကုသခြင်းက သိုင်းအုပ်ချုပ်သူများအတွက် ရိုးရှင်းသည်။
"အိုး၊ ဟုတ်လား"
ရှဲ့လွမ်၏ မျက်လုံးများက အေးစက်နေဆဲပင်။
"ဟုတ်တယ်၊ ဟုတ်ပါတယ်။ နတ်ဆိုးဘိုးဘေး... ခင်ဗျားမှန်းသာသိရင် ကျုပ်မှာ သတ္တိအဆတစ်သောင်း ပိုရှိရင်တောင်မှ မလုပ်ဝံ့ပါဘူး။ စိတ်ချပါဘိုးဘေး၊ ခင်ဗျား ပြန်လာမှတော့ အနာဂတ်မှာ ခင်ဗျားအပေါ် သေချာပေါက် သစ္စာရှိမှာပါ"
နတ်ဆိုးဧကရာဇ်က အော်လိုက်သည်။
"ဟမ့်၊ ပုံမှန်ဆိုရင် သစ္စာဖောက်တစ်ယောက်ကို သတ်ပစ်မှာ သေချာပေမယ့် အခုတော့ လူလိုသေးလို့ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ မင်းအနနဲ့ သွေးသစ္စာကျိန်ဆိုရမယ်"
ရှဲ့လွမ် ပြောလိုက်သည်။
နတ်ဆိုးဧကရာဇ်လည်း ဘာမျှမတတ်နိုင်တော့ပေ။ အသက်မသေရေးအတွက် ရှဲ့လွမ်အပေါ် သစ္စာစောင့်သိရန် သွေးသစ္စာ ကျိန်ဆိုခဲ့ရသည်။
ထိုမှသာ ရှဲ့လွမ်က နတ်ဆိုးဧကရာဇ်ကို လွှတ်ပေးခဲ့ပေသည်။
နတ်ဆိုးစွမ်းအင်များက နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး မကြာမီ ပြန်လည်ကောင်းမွန်လာခဲ့သည်။
"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"
ရှဲ့လွမ်က နတ်ဆိုးဧကရာဇ်ကို မေးလိုက်သည်။
"ဒီငယ်သား မိုရဲ့က နတ်ဆိုးဘိုးဘေးကို ဂါရဝပြုပါတယ်"
နတ်ဆိုးဧကရာဇ်က လေးလေးစားစား ပြောလိုက်သည်။
"ငယ်သားတွေက နတ်ဆိုးဘိုးဘေး ပြန်လာတာကို ကြိုဆိုပါတယ်"
အခြားသူများလည်း ဦးညွှတ်လိုက်လေသည်။
"အင်း၊ ငါ နှစ်သုံးသောင်းကြာ ပိတ်မိနေခဲ့တာကြောင့် ပြန်ကောင်းလာဖို့ နတ်ဆိုးတစ်သောင်းရေကန်ကို လိုတယ်"
ရှဲ့လွမ် ပြောလိုက်သည်။
မိုရဲ့၊ နတ်ဆိုးအဓိပဓိ ဒါဇင်ချီနှင့် ဝိညာဉ်နတ်ဘုရားအချို့လည်း အလျင်စလို ခေါင်းညိတ်လိုက်လေသည်။
"လုမင်၊ ငါနဲ့လိုက်ခဲ့ပါ။ ငါပြောစရာရှိတယ်"
ရှဲ့လွမ်က လုမင်နှင့် ရှဲ့နျန်ချင်းကို ကြည့်လိုက်သည်။
နှစ်ယောက်သား ခေါင်းညိတ်ပြပြီး ရှဲ့လွမ်၊ မိုရဲ့နှင့် အခြားလူများနောက်ကို လိုက်သွားကြ၏။ သူတို့လူစုက မြို့တော်ကို ဖြတ်ကျော်သွားကာ ဧရာမတောင်ထိပ်သို့ ရောက်လာခဲ့ကြသည်။
တောင်ပတ်ဝန်းကျင် ဧရိယာကို ကမ္ပည်းဝင်္ကပါများက ဖုံးလွှမ်းထား၏။ ၎င်းက ရှဲ့လွမ်ပြောသော နတ်ဆိုးတစ်သောင်းရေကန် ဖြစ်တော့သည်။