← Chapters

အခန်း ၁၁၇၄

Vol. 79 Ch. 1174

အခန်း ၁၁၇၄

Vol. 79 Ch. 1174

အပိုင်း ( 1174 ) ဟန်ချင်းတောင်နှင့် မဟာမိတ်ဖွဲ့ခြင်း။

"ငါလည်း လက်နက်ချချင်ပါတယ်"

"ငါရောပဲ"

နောက်ဆုံးတွင် သွေးအေးနန်းတော်၏ တပည့်များနှင့် ကျွမ်းကျင်သူများပင် လက်နက်ချစပြုလာခဲ့သည်။

လက်နက်မချသူများကိုတော့ ခြွင်းချက်အရှိ သတ်ပစ်ကြပေသည်။

မကြာမီပင်၊ တိုက်ပွဲက ရပ်သွားခဲ့၏။ သွေးအေးနန်းတော်၏ ကျွမ်းကျင်သူအားလုံးနီးပါး လက်နက်ချခဲ့ကြသည်။ အဓိပတိအချို့ ဝိုင်းရံခံရကာ တချို့က လွတ်မြောက်ခဲ့၏။ ကျန်သူအားလုံးက လက်နက်ချခဲ့ကြပေသည်။

ဧကရာဇ်တစ်ပါးပင် ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရပြီ ဖြစ်သည်။ ဆက်ပြီး ဇွတ်ခုခံနေပါက သေခြင်းတရားကို ရင်ဆိုင်ရလိမ့်မည်။

ဤသို့ဖြင့် တိုက်ပွဲက ပြီးသွားသည်။

နောက်ပိုင်းတွင်၊ လုမင်က ဟန်ချင်းတောင်၏ ကျွမ်းကျင်သူများနှင့်အတူ လက်နက်ချခဲ့သူများ၏ အသိစိတ်ပင်လယ်၌ ဝင်္ကပါများ ရေးထိုး တံဆိပ်ခတ်ရန် ကျွမ်းကျင်သူများကို အမိန့်ပေးခဲ့သည်။

"အစ်ကိုလု၊ ငါတို့ပြန်တွေ့ကြပြန်ပြီ"

ကျင်းခုန်းလင်က ပေါ့ပေါ့ပါးပါး လျှောက်လာသည်။ သူမကို မြူခိုးများက ဝိုင်းရံထားပြီး ယခင်ကအတိုင်း မသေမျိုးတစ်ယောက်၏ အသွင်ပြင်မျိုး ရှိနေဆဲပင်။

"မိန်းကလေးနျန်ချင်း"

လုမင်က လက်ယှက်ပြီး နှုတ်ဆက်လိုက်၏။

ကျင်းခုန်းလင်၏အကြည့်က ရှဲ့နျန်ချင်းဆီသို့ ကျရောက်သောအခါ အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာသည်။ သူက ပြုံးလျက် ပြောလေသည်။

"ဒါက မိန်းကလေး ရှဲ့နျန်ချင်းဖြစ်မယ်။ သူက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ အလှတရားတစ်ခုပါပဲ။ ဒါကြောင့်ပဲ အစ်ကိုလုက မိန်းကလေးအတွက် ငရဲကိုးခု နတ်ဆိုးနယ်မြေကို ကိုယ်တိုင်လာရောက်ဖို့ ဆန္ဒရှိနေတာ ဖြစ်မယ်"

ရှဲ့နျန်ချင်းက အသာစောင်းငဲ့ကြည့်ပြီး လုမင်၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။ သူ ပြောလိုက်၏။

"နင်က ယဉ်ကျေးလွန်းပါပြီ"

ထို့နောက်တွင် လုမင်၏ နားထဲသို့ အသံတစ်ခုဝင်လာသည်။

'ငါ အနားမှာမရှိတုန်း နင်က မိန်းမလှလေးတွေနဲ့ သိကျွမ်းနေခဲ့တာပဲ။ ဟန်ချင်းတောင်အစား သွေးအေးနန်းတော်ကို ဘာဖြစ်လို့ တိုက်ခိုက်ရသလဲ စဉ်းစားနေတာ။ တန်တော့... နင်လာကယ်မှာကို စောင့်မျှော်နေတဲ့ မိန်းမလှ‌လေးတစ်ဦး ရှိနေတာကိုး'

လုမင် ခါးသက်သက်ဖြင့် ပြုံးလိုက်၏။

ဒီကောင်မလေး အူတိုနေတာလား။

လုမင်လည်း ခေါင်းမီးတောက်မတတ် အကြောင်းပြချက်များကို အမြန်ရှာလိုက်သည်။

"ဝမ်"

ထိုအချိန်တွင် ဟင်းလင်းပြင်က အက်ကွဲသွားပြီး မိုရဲ့နှင့် ဧကရီယွဲ့ရှင်းတို့ ထွက်လာခဲ့သည်။

"မိုရဲ့၊ သွေးအေးနန်းတော်ရဲ့ သွေးဧကရာဇ် ဘယ်လိုလဲ"

လုမင် ချက်ချင်း မေးလိုက်၏။

"သူ့ခန္ဓာကိုယ် ပျက်စီးပြီး ဝိညာဉ်နတ်ဘုရားလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ ဒဏ်ရာရထားတဲ့ ဝိညာဉ်နတ်ဘုရားနဲ့အတူ သူ လွတ်မြောက်သွားခဲ့တယ်"

မိုရဲ့က ခေါင်းခါယမ်းပြီး ရှင်းပြလိုက်သည်။

လုမင်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သွေးဧကရာဇ်က အမှန်တကယ် အစွမ်းထက်ကာ သတ်ရန်ခက်ခဲသည်။ အဆင့်တူ ဧကရာဇ်နှစ်ပါး၏ လက်ထဲမှပင် လွတ်မြောက်နိုင်သေးသည်။

"ဒါပေမဲ့ သူလွတ်သွားရင်တောင် ပြဿနာမရှိတော့ပါဘူး။ သူ့ရဲ့ ဝိညာဉ်နတ်ဘုရားက ဒဏ်ရာအပြင်းအထန်ရပြီး မနည်းပြေးသွားရတာ။ သူ့မှာ စွမ်းအားသိပ်မရှိတော့ဘူး"

မိုရဲ့က ရှင်းပြလိုက်သည်။

"အစ်ကိုမိုရဲ့၊ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

ထိုအချိန်တွင် ဧကရီယွဲ့ရှင်းက မိုရဲ့ကို ဦးညွှတ်ကာ ပြောလိုက်သည်။

ဧကရီယွဲ့ရှင်းသည် ကျက်သ‌ရေရှိပြီး အလွန်လှပ၏။ သူမကို အပြင်ပန်းကြည့်လိုက်ပါက အသက်သုံးဆယ်ကျော်သာ ရှိဦးမည်။ သူ့ရုပ်သွင်မှာ ဗဟိုတိုက်ကြီးတွင် နှစ်ပေါင်း တစ်သောင်းနီးပါး ကျော်ကြားခဲ့သော သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်နှင့် လုံးဝမတူပေ။

"ဟားဟား၊ ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ငါက အမိန့်အတိုင်း လုပ်နေရုံပဲ။ မင်းက တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် စစ်ဦးစီးချုပ်လုမင်ကို ကျေးဇူးတင်သင့်တယ်"

မိုရဲ့က ရယ်မောပြီး လုမင်ကို ကြည့်လိုက်သည်။

ဧကရီယွဲ့ရှင်းလည်း လုမင်ကို အံ့အားသင့်မှု အရိပ်အယောင်တို့ဖြင့် ကြည့်လိုက်၏။

မိုရဲ့က လုမင်၏အမိန့်ကို အမှန်တကယ် နာခံခဲ့သလော။

ဧကရာဇ်တစ်ပါးက အငယ်တစ်ဦး၏ အမိန့်ကို အမှန်တကယ် နာခံခဲ့သည်။ ဤသည်က ကမ္ဘာမှာ တကယ်ကို ရှားပါးလှပေသည်။

"စီနီယာယွဲ့ရှင်းကို နှုတ်ခွန်းဆက်ပါတယ်"

လုမင်က ဧကရီယွဲ့ရှင်းကို လက်ယှက်ပြလိုက်သည်။

"စစ်ဦးစီးချုပ်လု၊ မင်းက ယဉ်ကျေးလွန်းပါပြီ။ ကျွန်မတို့ စကားပြောဖို့ တောင်ပေါ်ကို သွားကြမလား"

ဧကရီယွဲ့ရှင်းက ပြောသည်။

လုမင်နှင့် အခြားသူများသည် ခေါင်းညိတ်ပြလိုက်ကြ၏။ ထို့နောက် ဧကရီယွဲ့ရှင်း၊ ကျင်းခုန်းလင်တို့နှင့်အတူ ဟန်ချင်းတောင်ပေါ်သို့ လိုက်သွားကြတော့သည်။ သူတို့အားလုံး ခန်းမကြီးထဲတွင် ထိုင်လိုက်သည်။

"မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် စစ်ဦးစီးချုပ်လု၊ မဟုတ်ရင် ဟန်ချင်းတောင်က အန္တရာယ်ဖြစ်လိမ့်မယ်"

ဧကရီယွဲ့ရှင်းက လုမင်ကို ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ခင်ဗျားက ယဉ်ကျေးလွန်းပါပြီ။ မိန်းကလေးခုန်းလင်နဲ့ ချူခွမ်းက ကျွန်တော်ရဲ့ သူငယ်ချင်းတွေပဲလေ။ သူတို့ကို ကူညီပေးဖို့က ကျွန်တော်ရဲ့ တာဝန်ပါ"

လုမင်က ခဏလောက်စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။

"အခု ဗဟိုတိုက်ကြီး ကမောက်ကမ ဖြစ်နေပြီ။ အင်အားစုတွေ အများကြီးကလည်း တိုက်ခိုက်နေကြတယ်။ ဒီအချိန်မျိုးမှာ သီးခြား ကွဲပြားနေသေးရင် အားနည်းလိမ့်မယ်။ စည်းလုံးတာကတော့ အားကောင်းလာဖို့ နည်းလမ်းကောင်းပဲ။ ဒီလိုဆိုရင်ကော... လုမင်က ဟန်ချင်းတောင်နဲ့ မဟာမိတ်ဖွဲ့ဖို့ စဉ်းစားနေတာ၊ စီနီယာဘယ်လိုထင်လဲ"

"မဟာမိတ်လား"

ဧကရီယွဲ့ရှင်း၊ ကျင်းခုန်းလင်နှင့် ဟန်ချင်းတောင်မှ အဓိပတိအားလုံး အံ့အားသင့်သွားကြ၏။

ဧကရီယွဲ့ရှင်းက ခဏလောက်စဉ်းစားပြီးမှ ပြောသည်။

"စီနီယာရှဲ့ကော ရောက်နေပြီလား မသိဘူး"

"ဆရာကြီးရှဲ့က သွေးအေးနန်းတော်ကို သွားနေပါတယ်။ အခုလောက်ဆိုရင် သွေးအေးနန်းတော်က သူ့လက်ထဲမှာ ကျဆုံးသွားမှာ ကြောက်ရတယ်"

လုမင် ပြောလိုက်သည်။

"မဟာမိတ်ဖွဲ့တာက... စစ်ဦးစီးချုပ်လု၊ မင်းက ဆရာကြီးရှဲ့ကို ကိုယ်စားပြုနိုင်မလား"

ဧကရီယွဲ့ရှင်းက စဉ်းစားရင်း ပြောသည်။

ဧကရီယွဲ့ရှင်း၏အမြင်တွင် လုမင်က အရေးမပါသေးကြောင်း သိသာထင်ရှားလှပေသည်။

"စိတ်မပူပါနဲ့။ စစ်ဦးစီးချုပ်လုက နတ်ဆိုးဘိုးဘေးကိုယ်စား ဆုံးဖြတ်ချက်တွေ ချနိုင်တယ်"

မိုရဲ့က ဝင်ပြောလိုက်သည်။

ဤသည်က ဧကရီယွဲ့ရှင်း၊ ကျင်းခုန်းလင်နှင့် အခြားသူများကို အံ့အားသင့်စေခဲ့ပေသည်။

လုမင်က ရှဲ့လွမ်၏အင်အားအပေါ်တွင် ဤမျှ ယုံကြည်မှုရရှိထားမည်ဟု သူတို့မမျှော်လင့်ခဲ့ပေ။

ယွဲ့ရှင်း၏ မျက်လုံးများက အရောင်အနည်းငယ်လက်သွားသည်။ လုမင်နှင့် ပတ်သက်သော ကောလဟာလများကလည်း သူမစိတ်ထဲတွင် ပေါ်လာခဲ့လေသည်။

'ဒီကောင်လေးမှာ အကန့်သတ်မဲ့ အနာဂတ်ရှိတယ်'

အဆုံးတွင်၊ ယွဲ့ရှင်း၏ မျက်လုံးများက တောက်ပလာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ၊ ဒီလိုဆိုရင် ဟန်ချင်းတောင်နဲ့ စစ်ဦးစီးချုပ်လု မဟာမိတ်ဖြစ်လိမ့်မယ်"

သူပြောလိုသည်က ရှဲ့လွမ်မဟုတ်ဘဲ စစ်ဦးစီးချုပ်လု ဖြစ်ခဲ့ပေသည်။

"ကောင်းလိုက်တာ၊ စီနီယာယွဲ့ကို ကျေးဇူးတင်ပါတယ်"

လုမင် ဝမ်းသာသွားခဲ့သည်။

နောက်ထပ် မဟာမိတ်တစ်ဦး တိုးလာခြင်းက လုမင်အတွက် ကောင်းမွန်သော အကျိုးကျေးဇူးတစ်ခုပင်။

ချက်ခြင်းဆိုသလိုပင် နှစ်ဖက်အင်အားစုများ မဟာမိတ်ဖွဲ့ရန် ရိုးရှင်းသော အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

မဟာမိတ်ဖွဲ့ပြီးနောက် လုမင်က ယွဲ့ရှင်းနှင့် အခြားလူများကို နှုတ်ဆက်ခဲ့သည်။ အကြောင်းမှာ၊ ရှဲ့လွမ်က သွေးအေးနန်းတော်၏ ဌာနချုပ်ကို လုံးလုံးလျားလျားထိန်းချုပ်ထားပြီးဖြစ်ကြောင်း သတင်းပေးပို့လာသောကြောင့်ပင်။

လုမင်လည်း တပ်မဟာကို ဦးဆောင်ကာ သွေးအေးနန်းတော်ဆီသို့ တိုက်ရိုက်သွားခဲ့သည်။

သွေးအေးနန်းတော်ကို အပြည့်အဝ သိမ်းပိုက်ပြီးခဲ့ပြီ။ နန်းတော်တွင် နေခဲ့သူတိုင်း အညံ့မခံပါက အသတ်ခံခဲ့ရသည်။

သွေးအေးနန်းတော်၏ နေရာအနှံ့တွင် နတ်ဆိုးချောက်မှ ကျွမ်းကျင်သူများ ရှိ၏။ အများစုက သွေးအေးနန်းတော်တစ်ခွင်လုံးတွင် ဝင်္ကပါတည်ဆောက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းများကို ပြုလုပ်နေခဲ့ကြသည်။

မကြာမီ၊ လုမင်နှင့် အခြားသူများ သွေးအေးနန်းတော်ကို ရောက်ရှိလာခဲ့သည်။

သွေးအေးနန်းတော်တွင်၊ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်က နယ်မြေဖြတ်ကျော် အစီရင်ဘေးတွင် စုရုံးနေခဲ့ကြသည်။

ရှဲ့လွမ်၊ လုမင်၊ မိုရဲ့နှင့် အခြားသူများလည်း ပါဝင်ကြပေသည်။

"လုမင်၊ မင်းကို အရှေ့တိုင်းက ဖူရုပ်သေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်ဖြစ်ဖို့ ငါမမျှော်လင့်ထားဘူး။ ဒါပေမဲ့ မင်းမှာ ဝိညာဉ်မီး မရှိဘူး မဟုတ်လား။ ထူးဆန်းလိုက်တာ"

ရှဲ့လွမ်က ပြုံးလျက် ပြောသည်။

လုမင်က မရှင်းပြတော့ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ဆရာကြီး၊ ကျေးဇူးပြုပြီး ဖူရုပ်သေးဂိုဏ်းရဲ့ သြဒိနိတ်တွေကို ချိန်ညှိပေးပါဦး"

လုမင် ပြောလိုက်သည်။

ထိုအခါ၊ ကမ္ပည်းတာအို ကျွမ်းကျင်သူများက နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်၌ ဖူရုပ်သေးဂိုဏ်း၏ ဩဒိနိတ်များကိုချိန်ညှိရန် ထွက်လာကြ၏။

တစ်ဖက်တွင် လုမင်က သူ့မျက်လုံးများကို အနည်းငယ်မှိတ်လိုက်တော့သည်။

.….....….

ဤအခိုက်အတန့်တွင်၊ ဖူရုပ်သေးဂိုဏ်း၌... အချိန်အတော်ကြာ ပိတ်ထားသော ဂူတစ်ခုက ရုတ်တရက် ပွင့်သွားသည်။ ဂူထဲမှ လုမင်၏ ကမ္ပည်းတာအို ဒုတိယခန္ဓာ ထွက်လာခဲ့၏။

သူက ခြေတစ်ချက်လှမ်း၍ ပိုင်ရှီကျင်း၏ နေအိမ်ဆီသို့ လျှောက်သွားတော့သည်။

မကြာမီတွင် လုမင်၏ ဒုတိယခန္ဓာ၊ ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြား အကြီးအကဲနှစ်ဦးတို့က ဖူရုပ်သေးဂိုဏ်း၏ နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဘေးတွင် ပေါ်လာခဲ့ကြသည်။

"ပျက်စီးခြင်းဧကရာဇ် ရှဲ့လွမ် တစ်ဖန်မွေးဖွားလာပြီလား"

"မင်းတို့တွေက မဟာမိတ်ဖွဲ့ပြီး သွေးအေးနန်းတော်ကို ဖျက်စီးလိုက်ပြီပေါ့"

ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများ ရေရွတ်လိုက်ကြသည်။ အခြေအနေများကို အကျဉ်းချုံးရှင်းပြပြီးသော်လည်း သူတို့ မတုံ့ပြန်နိုင်သေးပေ။

"အကြီးအကဲတို့၊ အခု အရာအားလုံးက အမှန်ပါပဲ။ အခုဆိုရင် သွေးအေးနန်းတော်က သြဒိနိတ်တွေကို ချိန်ညှိနေပြီ။ အချက်ပြလာရင် တောင်းဆိုချက်ကို လက်ခံလိုက်ပါ"

လုမင်က ထပ်မံပြောလိုက်သည်။

"ကောင်းတယ်၊ ဟားဟားဟား... ဒီလိုဆိုရင် တိရီလည်း ငါတို့ကို ပိတ်လှောင်နိုင်မှာ မဟုတ်တော့ဘူး"

ပိုင်ရှီကျင်း ရယ်မောလိုက်တယ်။

တခြားသူများလည်း ပြုံးလိုက်ကြလေသည်။

အလယ်ပိုင်းတိုက်ကြီးမှ အုပ်စိုးသူရှင်အားစုနှင့် ဆက်သွယ်နိုင်လျှင် တိရီ၏ ဝိုင်းရံခြင်းကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။ လျန်ရီတောင်ဝင်္ကပါ ပျက်စီးသွားလျှင်ပင် ၎င်းတို့ လွတ်မြောက်ရန် လမ်းစရှိဦးမည်။

ချက်ချင်းပင်၊ သူတို့လည်း သြဒိနိတ်များကို စတင် ချိန်ညှိလိုက်ကြသည်။

ထုတ်လွှင့်မှုပုံစံသည် နှစ်ဖက်စလုံး၏ သဘောတူညီချက် လိုအပ်သည်။ ပါတီတစ်ခုက လိုလားနေတာကြောင့် မကူးစက်နိုင်ပါဘူး။

နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များသည် အသုံးမပြုမီ နှစ်ဖက်စလုံးက သဘောတူရန် လိုသည်။

မဟုတ်၍ တစ်‌ယောက်ယောက်က အခြားအင်အားစုတစ်ခုသို့ ရုတ်တရက် ပြောင်းရွှေ့နိုင်လျှင် အတွင်းမှ ဖောက်ထွင်းခံရမည် မဟုတ်ပါလော။ ယင်းက သဘာဝအတိုင်း မဖြစ်နိုင်ပေ။

All Chapters