← Chapters

အခန်း ၁၁၇၅

Vol. 79 Ch. 1175

အခန်း ၁၁၇၅

Vol. 79 Ch. 1175

အပိုင်း ( 1175 ) ဖူရုပ်သေးဂိုဏ်း။

မကြာမီတွင်၊ နှစ်ဘက် သြဒိနိတ်များကို ချိန်ညှိပြီးခဲ့သည်။

နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တွင် တောက်ပသော အလင်းများ ပေါ်လာခဲ့၏။ အစီရင် ပလ္လင်ပေါ်၌ အနက်ရောင် ရေဝဲတစ်ခု ပေါ်လာတော့သည်။

ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများလည်း ရေဝဲကို စိုက်ကြည့်လိုက်ကြသည်။

မကြာမီ၊ ရေဝဲအတွင်းမှ ပုံရိပ်နှစ်ခု ပေါ်လာသည်။

"လုမင်"

ပိုင်ရှီကျင်းနှင့် အခြားသူများ ဝမ်းသာသွားခဲ့ကြ၏။

ပုံရိပ်နှစ်ခုတွင် တစ်ယောက်က လုမင်ဖြစ်ပြီး ကျန်တစ်ယောက်က ရှဲ့နျန်ချင်း ဖြစ်သည်။

လုမင်နှင့် ရှဲ့နျန်ချင်းက ရေဝဲအတွင်းမှထွက်ကာ ပိုင်ရှီကျင်းနှင့် အခြားသူများရှေ့တွင် ရပ်လိုက်သည်။

"ဒါက နင့်ရဲ့ ဒုတိယခန္ဓာပဲလား"

ရှဲ့နျန်ချင်းက လုမင်၏ ဒုတိယခန္ဓာကို စူးစမ်းလိုစိတ်များဖြင့် ကြည့်သည်။

"ဘာလဲ၊ မင်းငါ့ကို နမ်းချင်လို့လား"

ဒုတိယခန္ဓာက ရုတ်တရက် ပြုံးလိုက်၏။

ဤသည်မှာ၊ လုမင်၏ အသိစိတ်က မူလအမွှာခန္ဓာထဲကို ဝင်ရောက်ပြီး။စကားပြောလိုက်ခြင်း ဖြစ်သည်။

ရှဲ့နျန်ချင်း၏ မျက်နှာက နီမြန်းသွားခဲ့သည်။ ထို့နောက် လုမင်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်၏။

ဒုတိယခန္ဓာက လုမင်ဘက်သို့ အနည်းငယ်လှည့်လိုက်သည်။ ၎င်းက ရှေ့သို့ ခြေတစ်ချက်လှမ်းကာ လျင်မြန်စွာ သေးငယ်လာခဲ့၏။ နောက်ဆုံးတွင် လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားပြီး အသိစိတ်ပင်လယ်အတွင်းမှာ တင်ပျဉ်ခွေထိုင်နေတော့သည်။

ထိုအချိန်တွင် ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများက လုမင်နှင့် ရှဲ့နျန်ချင်းကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်သည်။

"လုမင်၊ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်အဆင့်ရောက်နေပြီလဲ"

ပိုင်ရှီကျင်းက စိတ်ကိုထိန်းကာ မေးလိုက်သည်။

တကယ်တော့ သူသည် လုမင်၏ ကျင့်ကြံခြင်းအခြေခံကို မြင့်တွေ့ပြီး ဖြစ်သည်။ သို့သော်လည်း အဖြစ်မှန်မှာ ယုံကြည်ရ ခက်ခဲနေသေးသည်။

"အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်ပါ၊ ဘာဖြစ်လို့လဲ"

လုမင် ပြောလိုက်၏။

'ဟူး'

ပိုင်ရှီကျင်းနှင့် အခြားသူများ မောဟိုက်သွားကြသည်။

နှစ်နှစ်ခန့်သာရှိသေးသည်။ အ‌ရှေ့ပိုင်းမှ အလယ်ပိုင်းတိုက်ကြီးသို့ ထွက်ခွာစဉ်ကဆိုလျှင် လုမင်က အဆင့်ရှစ် ဝိညာဉ်သန္ဓေသား နယ်ပယ်၌သာ ရှိနေဆဲ ဖြစ်သည်။ ယခု‌မူကား၊ နှစ်နှစ်ဟူသော အချိန်ကာလအတွင်း၌ လုမင်သည် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သွားရုံ သာမ

ကဘဲ အဆင့်လေး အထွတ်အထိပ်သို့ပင် ရောက်ရှိသွားခဲ့ပြီ။

ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိပြီးနောက် တစ်ဆင့်တက်ရန် လွန်စွာခက်ခဲမှန်း သူတို့အားလုံး သိကြသည်။ သို့သော်လည်း လုမင်အတွက်တော့ လွယ်ကူနေပုံရလေသည်။

ထို့ပြင် ရှဲ့နျန်ချင်းလည်း ရှိသည်။

သူတို့၏အဆင့်အရ ရှဲ့နျန်ချင်းသည်လည်း အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်သုံး အထွတ်အထိပ်ဖြစ်မှန်း သဘာဝအတိုင်း မြင်နိုင်ကြပေသည်။

သန်မာလွန်းလှသည်။

ထို့ထက်၊ လုမင်နှင့် ရှဲ့နျန်ချင်းက အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသည်။

နှိုင်းယှဉ်ကြည့်လျှင်၊ ဖူရုပ်သေးဂိုဏ်း၏ ပါရမီရှင်ဆိုသူများက လုမင်နှင့် ရှဲ့နျန်ချင်း၏ အနောက်တွင် အဝေးကြီး ကျန်ခဲ့ပြီ ဖြစ်သည်။

'လုမင်က ဖူရုပ်သေးဂိုဏ်းကို တကယ်ဦးဆောင်နိုင်လိမ့်မယ်'

အားလုံးကိုယ်စီ တွေးလိုက်မိကြသည်။

"ဝမ်"

ထိုအချိန်တွင်၊ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်က အနည်းငယ် တုန်ခါသွားပြီး ပုံရိပ်နှစ်ခု ထပ်မံပေါ်လာသည်။

ယင်းက ရှဲ့လွမ်နှင့် မိုရဲ့ပင်။

မသိစိတ်၏ စေ့ဆော်မှုဖြင့် ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများဟာ ရှဲ့လွမ်နှင့် မိုရဲ့ဆီသို့ အသိစိတ်ပို့လွှတ်ကြည့်လိုက်သည်။ ချက်ချင်းပင်၊ သူတို့တကိုယ်လုံး တုန်လှုပ်သွား၏။

"ဧကရာဇ်၊ ဧကရာဇ်တွေ"

"ဧကရာဇ်နှစ်ပါးပဲ"

ပိုင်ရှီကျင်းနှင့် အခြားသူများ အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက တုန်လှုပ်မှုနှင့် သတိထားခြင်းများ ပြည့်နှက်သွားလေသည်။

"ဂိုဏ်းတူဆရာကြီးတို့၊ ဒါက ဆရာကြီးရှဲ့... ရှဲ့လွမ်ပါ၊ ဒါကတော့ နတ်ဆိုးဧကရာဇ် မိုရဲ့ပါပဲ"

လုမင်က အလျင်အမြန် မိတ်ဆက်ပေးသည်။

"ပျက်စီးခြင်းဧကရာဇ် ရှဲ့လွမ်လား"

ပိုင်ရှီကျင်းနှင့် အခြားသူများ၏ နှလုံးသားများ လှုပ်ရှားသွားကြသည်။

ပျက်စီးခြင်းဧကရာဇ်၏ အမည်ကို အလယ်ပိုင်းတိုက်ကြီး သာမကဘဲ အခြား ဒေသကြီးလေးခုကပါ ကြားဖူးသည်။ ထိုအတွက် ပိုင်ရှီကျင်းနှင့် အခြားသူများလည်း သဘာဝအတိုင်း သိခဲ့ကြပေသည်။

ထို့နောက်တွင် ပိုင်ရှီကျင်းနှင့် အခြားသူများက ရှဲ့လွမ်နှင့် မိုရဲ့ကို ဆောလျင်စွာ ဦးညွှတ်လိုက်ကြသည်။

"အင်း"

ရှဲ့လွမ်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ကာ ဝိညာဉ်အသိကို ဖြန့်ကျက်လိုက်၏။

"ဖူရုပ်သေးဂိုဏ်းကို ဒီလိုဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ ဟိုတုန်းကဆိုရင် ဒါက အရှေ့တိုင်းမှာ နာမည်ကြီးတဲ့ ဂိုဏ်းတစ်ခုဖြစ်ခဲ့တာ"

ရှဲ့လွမ်က ခပ်တိုးတိုးပြောလိုက်သည်။ ယင်းက ပိုင်ရှီကျင်းနှင့် အခြားသူများကို အနည်းငယ်ရှက်ရွံ့သွားစေခဲ့လေသည်။

"ဆရာကြီးရှဲ့၊ ကျွန်တော် ခင်ဗျားကို လိုက်ပြမယ်"

လုမင် ပြုံးလိုက်သည်။ နှစ်နှစ်ကြာပြီးနောက်မှာတော့ ဖူရုပ်သေးဂိုဏ်းသို့ တစ်ဖန် ပြန်ရောက်လာခဲ့ပြီ။ လုမင်လည်း ခံစားချက်များ ကောင်းမွန်နေခဲ့သည်။

ဤနေရာက လုမင် အမှန်တကယ် တည်ရှိသောနေရာ ဖြစ်သည်။ ဤနေရာသည် သူထိန်းချုပ်နိုင်သောနေရာတစ်ခု ဖြစ်၏။

ရှဲ့လွမ်၏ အင်အားက မဟာမိတ်အဖွဲ့တစ်ခုမျှသာ ဖြစ်သည်။

ရှဲ့လွမ် ခေါင်းညိတ်လိုက်၏။ လူတိုင်းက လေထဲသို့ တိုးဝင်ကာ အဝေးကို ပျံသန်းသွားတော့သည်။

လမ်းတွင် ရှဲ့လွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

'ငါ လုမင်ကို လျှော့တွက်ထားခဲ့မိပုံပဲ။ ဧကရာဇ်မရှိတာကလွဲရင် သူ့အင်အားက အားမနည်းဘူး။ နောက်ပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်ဖို့အတွက် ကြိုးစားနေတဲ့ အငယ်တစ်ယောက်လည်း ရှိတယ်။ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ပြီးရင် သူက အသေးအဖွဲဖြစ်မှာ မဟုတ်ဘူး'

ရှဲ့လွမ်က တောက်ပနေသော မျက်လုံးများနှင့် မြောက်ဘက်ဆီသို့ ကြည့်လိုက်သည်။

ယင်းကိုမြင်တော့ လုမင်သည် ရှဲ့လွမ်က အဓိပဓိကျိုးယန်အား ခံစားမိသွားမှန်း နားလည်လိုက်၏။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း၌ အဓိပဓိကျိုးယန်သည် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ဖြတ်ကျော်ရန် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

"အဖေ၊ အမေ"

လုမင်က အရှေ့ကို မျှော်ကြည့်လိုက်သည်။

သူ့ရှေ့တွင် ရန်ခွမ်းစုက သူ့စွမ်းအင်ကို တိမ်တိုက်အဖြစ် စုစည်းပြီး လုယွမ်ထျန်း၊ လီပင်း၊ ဟွာချီ၊ ပိုင်ချီ၊ ချီယွဲ့နှင့် အခြားသူများကို ခေါ်ဆောင်ရင်း ပျံသန်းလာခဲ့သည်။

လုမင် ပြန်ရောက်လာသောသတင်းကို သူတို့လည်း ကြားသိခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

မူလက၊ လုမင်သည် ဖူရုပ်သေးဂိုဏ်း၌ ဒုတိယခန္ဓာကို ချန်ရစ်ပြီး အလယ်ပိုင်းသို့ သွားပြီဖြစ်ကြောင်း လူအနည်းငယ်ကသာ သိခဲ့သည်။ ပိုင်ရှီကျင်း၊ ရန်ခွမ်းစုနှင့် အခြား အဓိပတိအချို့မှလွဲ၍ လုမင်၏ မိဘများသာ သိခဲ့ကြပေသည်။

သို့သော်လည်း သူတော်စင်မြို့တော်မှ နှစ်တစ်သန်းပြည့်ပွဲတော် ပြိုင်ပွဲအတွင်း၌ လုမင်ပေါ်လာသောသတင်းက ဝမ့်ဘိုးဘေးနှင့် အခြားသူများပြန်အလာတွင် ပျံ့နှံ့သွားခဲ့သည်။ အလယ်ပိုင်းတိုက်ကြီးကို လုမင် ရောက်ရှိနေသောသတင်းက အရှေ့ပိုင်းတိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ။ ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက လျန်ရီတောင်မှ လုမင်မှာ အတုဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုမှသာလျှင် ဖူရုပ်သေးဂိုဏ်းမှ အခြားသူများလည်း လုမင်က လျန်ရီတောင်မှ အလယ်ပိုင်းတိုက်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိခဲ့ကြသည်။

သဘာဝအရ၊ အသက်တားမြစ်ကျင့်စဉ်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သောကျင့်စဉ်မျိုး ရှိနေမည်ဟုတော့ မည်သူမျှ တွေးတောမိမည် မဟုတ်ပေ။ ဖူရုပ်သေးဂိုဏ်းမှ လုမင်မှာ လုမင်အယောင်ဆောင်ထားသော အခြားသူတစ်ဦးဟုသာ အားလုံးက ထင်မှတ်ခဲ့ကြသည်။

ယခုတော့၊ လုမင် ပြန်ရောက်လာပြီဖြစ်ကြောင်း သတင်းရခဲ့ပြီဖြစ်ရာ သဘာဝအတိုင်း တွေ့ချင်နေကြတော့သည်။

လုမင်က ရှဲ့နျန်ချင်း၏ လက်ကလေးတစ်ဖက်ကိုဆွဲကာ လုယွမ်ထျန်းနှင့် လီပင်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

"အဖေ၊ အမေ"

"မင်အာ၊ မင်းပြန်လာတာကောင်းတယ်"

လုယွမ်ထျန်းနှင့် လီပင်းသည် လုမင်၏ ဒုတိယခန္ဓာမှ သူလုံခြုံကြောင်း သိထားပြီး ဖြစ်သည်။ သို့သော်လည်း လုမင်အစစ်အမှန်ကို မြင်ရသောအခါ ဝမ်းသာပျော်ရွှင်နေဆဲပင်။

ထို့နောက်တွင်၊ သူတို့၏ အကြည့်များက ရှဲ့နျန်ချင်းအပေါ်သို့ ကျရောက်လာခဲ့သည်။ ထိုအခါ ခဏတာ အံ့အားသင့်သွားပြီးနောက် အပြုံးတစ်ခု ပေါ်လာတော့သည်။

လီပင်းက ရှဲ့နျန်ချင်း၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း ဝမ်းသာအားရ ပြောလိုက်သည်။

"မိန်းကလေးနျန်ချင်း၊ မတွေ့ရတာ ကြာပြီနော်။ နောက်ဆုံးတော့ မင်းကို မင်အာက ပြန်ခေါ်လာခဲ့ပြီ။ ကောင်းလိုက်တာ"

"ဦးလေး၊ ဒေါ်လေး"

ရှဲ့နျန်ချင်း၏ မျက်နှာက အနည်းငယ်နီမြန်းသွားလေသည်။ သူက လုယွမ်ထျန်းနှင့် လီပင်းကို ဦးညွတ်ဂါရဝပြုလိုက်သည်။ ထိုအခါ လူကြီးနှစ်ဦးလည်း ပျော်တပြုံးပြုံးဖြစ်နေကြတော့သည်။

"ဟားဟားဟား၊ ဒါက ငါ့ခယ်မလေး မဟုတ်လား။ ကမ္ဘာပေါ်မှာ မြင်ရခဲတဲ့ မိန်းမလှလေးပဲဟေ့"

ရန်ခွမ်းစုက အားပါးတရ ရယ်မောကာ ပြောလိုက်သည်။ ရှဲ့နျန်ချင်း၏ မျက်နှာလေးမှာလည်း ပို၍ပင် နီရဲလာတော့သည်။

"အစ်ကိုရန်"

လုမင်က ရန်ခွမ်းစု၊ ဟွာချီနှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။

လူအုပ်ကြားတွင် ပိုင်ချီရွယ်က အထီးကျန်မှု အရိပ်အမြွက်ပြတို့ဖြင့် လုမင်ကို ကြည့်နေသည်။

'ဒါက လုမင်ချစ်ရတဲ့ မိန်းကလေးပဲလား။ အဲဒီတုန်းက သူဟာ သူမကြောင့် ဒေါသတကြီးနဲ့ နဂါးကိုးကောင်မြို့က တိုက်ပွဲကြီးကို ဖြစ်ပွားစေခဲ့တယ်။ သူက တကယ်ကို လှပလွန်းပါတယ်။ သူလို မိန်းကလေးမျိုးပဲ လုမင်နဲ့ ထိုက်တန်လိမ့်မယ်'

ပိုင်ချီရွယ်က နှလုံးသားထဲမှ သက်ပြင်းတစ်ချက်ကို ချလိုက်လေသည်။ သူမက အပြုံးတစ်ခုကို ထုတ်ဖော်ရင်း လုမင်နှင့် ရှဲ့နျန်ချင်းအား နှုတ်ဆက်လိုက်သည်။

ထို့နောက်တွင်၊ လုမင်က ရှဲ့လွမ်နှင့် မိုရဲ့ကို ရန်ခွမ်းစုနှင့် အခြားသူများအား မိတ်ဆက်ပေးခဲ့သည်။

သို့ရာတွင်၊ လုမင်က နာမည်များကိုသာ မိတ်ဆက်ခဲ့ပြီး ရှဲ့လွမ်တို့၏ ကျင့်ကြံခြင်းအခြေခံကိုမူ မဖော်ပြခဲ့ပေ။ ရန်ခွမ်းစု တစ်ယောက်တည်းသာ ရှဲ့လွမ်နှင့် မိုရဲ့၏ ကျင့်ကြံခြင်းအခြေခံကို သတိပြုမိပြီး တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။

"အဖေနဲ့ အမေ ပြန်နှင့်ကြပါ။ သားမှာ အကြီးအကဲတွေနဲ့ ပြောစရာရှိသေးတယ်။ နောင်မှ လာခဲ့မယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပြီလေ၊ မင်းသွားပါ"

လုယွမ်ထျန်းက ပြောလိုက်သည်။

ထို့နောက်မှာတော့ အားလုံး ပြန်သွားကြတော့သည်။

ရန်ခွမ်းစုတစ်ယောက်သာ နောက်တွင် ကျန်ရစ်ခဲ့သည်။

"ဆရာကြီးရှဲ့၊ ဖူရုပ်သေးဂိုဏ်းကို အခု ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက ဝန်းရံထားတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကလည်း ဧကရာဇ်တစ်ပါးပါပဲ။ ခင်ဗျား သူ့ကို ကိုင်တွယ်နိုင်မလား"

လုမင် မေးလိုက်သည်။

All Chapters