အခန်း ၁၁၇၆
Vol. 79 Ch. 1176
အပိုင်း ( 1176 ) ဖူရုပ်သေးဂိုဏ်းကို တာဝန်ယူနိုင်ပြီ။
ရှဲ့လွမ်နှင့် မိုရဲ့တို့ ဤနေရာတွင် ရှိနေချိန်တွင် ဧကရာဇ်ရီကို ဖယ်ရှားနိုင်ခဲ့ပါက အကောင်းဆုံး ဖြစ်သည်။
ရှဲ့လွမ်က ဘာမျှပြန်မပြောပေ။ သူက တစ်စုံတစ်ခုကို အာရုံခံနေသကဲ့သို့ တိတ်တဆိတ်ရပ်ပြီး အရှေ့သို့ မျှော်ကြည့်လိုက်သည်။
ဖူရုပ်သေးဂိုဏ်း၏ အရှေ့ဘက်တွင်၊ ဧကရာဇ်ရီက တိတ်တဆိတ် လေ့ကျင့်နေသည်။ ဤအခိုက်အတန့်တွင် သူက တစ်ခုခုကို ခံစားမိသွားပုံရသည်။ သူ့မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး တောက်ပသော အလင်းနှစ်ခု ထွက်လာခဲ့၏။ သူ့ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဘယ်သူက ငါ့ကို စူးစမ်းနေတာလဲ"
ဧကရာဇ်ရီက တဖြည်းဖြည်း ပြောလိုက်သည်။
ဖူရုပ်သေးဂိုဏ်းအတွင်းတွင်...
"ဝုန်း"
ရှဲ့လွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ အားကောင်းသော အရှိန်အဝါများက သူ့ထံမှ အလိုအလျောက် ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း အရှိန်အဝါက လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်ပါလိမ့်။ အရှေ့ပိုင်းမှာ ဒီလိုလူတစ်ဦး ရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး"
ရှဲ့လွမ်က မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။
လုမင် အံ့ဩသွား၏။ ဧကရာဇ်ရီက ဤမျှအစွမ်းထက်နိုင်သလော။ ရှဲ့လွမ်ပင်လျှင် သူ့ကို အလေးအနက်ထားရပါသလော။
"လုမင်၊ မင်းပြောခဲ့တဲ့ ဧကရာဇ်တိရီက တကယ် အားကောင်းတာပဲ။ ငါသာ အထွတ်အထိပ်မှာ ရှိမယ်ဆိုရင် သူ့ကို ဖိနှိပ်နိုင်မှာ သေချာတယ်၊ ဒါပေမဲ့ အခုလောလောဆယ်တော့ ငါက သူ့ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး။ လောလောဆယ်တော့ သူ့ကို မနှောင့်ယှက်ပါနဲ့။ ငါ့ကို အချိန်ခဏလောက်ပေးပါ၊ ငါ့ခွန်အားအပြည့် ပြန်ရလာရင် ငါသူ့ကိုမကြောက်တော့ဘူး"
ရှဲ့လွမ်က တဖြည်းဖြည်း ပြောလိုက်သည်။ လုမင်၊ ပိုင်ရှီကျင်း၊ ကျွင်စုန့်ကြွယ်နှင့် အခြားသူများလည်း မျက်နှာအမူအရာ ပြောင်းလဲသွား၏။
ဧကရာဇ်ရီက အမှန်တကယ် ဤမျှအစွမ်းထက်သလော။ ရှဲ့လွမ်ပင်လျှင် သတိထားရပြီး သူ၏ပြိုင်ဘက် မဟုတ်သေးကြောင်း ဝန်ခံခဲ့ရသည်။
"ကောင်းပါပြီ"
လုမင် ခေါင်းညိတ်လိုက်၏။ ရှဲ့လွမ်က အနှစ်သုံးသောင်းခန့် ဖိနှိပ်ခံခဲ့ရပေသည်။ ယခုအခါ သူက အနည်းငယ်ပြန်ကောင်းလာသော်လည်း အထွတ်အထိပ်ကိုတော့ ဝေးနေပါသေးသည်။ သူ၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန်မှာ ခက်ခဲလွန်းလှသည်။
"လုမင်၊ ငါတို့တော့ မြောက်ပိုင်းလွင်ပြင်ကို မသွားခင် သွေးအေးနန်းတော်ကိုပြန်ပြီး အနားယူလိုက်ဦးမယ်။ မင်း မြောက်ပိုင်းလွင်ပြင်ကို သွားချင်ရင် သုံးရက်အတွင်း လာခဲ့ပါ"
ရှဲ့လွမ်က လုမင်ကို ပြောလိုက်သည်။ ထို့နောက်မှာတော့ သူနှင့် မိုရဲ့ဟာ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်နှင့် သွေးအေးနန်းတော်ဆီသို့ ပြန်သွားတော့သည်။
လုမင်လည်း ပိုင်ရှီကျင်းနှင့် တခြားသူများကို နှုတ်ဆက်ခဲ့လိုက်သည်။ ထို့နောက်မှာတော့ သူဟာ ရှဲ့နျန်ချင်း၏ လက်တစ်ဖက်ကိုကိုင်ပြီး လုယွမ်ထျန်းနှင့် လီပင်းတို့နေအိမ်ဆီသို့ ပျံသန်းသွားတော့သည်။
နောက်ရက်အနည်းငယ်တွင်၊ လုမင်က လုမိသားစု၏ နေအိမ်တွင် တည်းခိုခဲ့သည်။ အားလပ်ချိန်များတွင် ဟွာချီ၊ ရွှမ်ယွမ်ဓားဂိုဏ်နှင့် အခြားနေရာများသို့ သွားရောက်လည်ပတ်ခဲ့၏။
လွန်ခဲ့သည့်နှစ်နှစ်က လုမင်ချန်ထားခဲ့သော အရင်းအမြစ်များစွာကြောင့် လူတိုင်းမှာ ကြီးကြီးမားမား တိုးတက်ခဲ့ကြသည်။
ဟွာချီနှင့် ပန်ရှီတို့ နှစ်ဦးစလုံး သိုင်းဘုရင်နယ်ပယ်ကို ရောက်ရှိခဲ့၏။
သူ၏ဖခင် လုယွမ်ထျန်းသည်ပင် သိုင်းဘုရင်တစ်ပါး ဖြစ်လာပြီ ဖြစ်သည်။
ထိုအထဲတွင် သူ၏ တပည့်နှစ်ယောက်ဖြစ်သည့် ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့က တိုးတက်မှု အမြန်ကြဆုံးပင်။ သူတို့က အဆင့်မြင့်သိုင်းဘုရင်များ ဖြစ်နေပြီ ဖြစ်သည်။
သို့သော်လည်း ဤတိုးတက်မှုမျိုးက လုမင်၏ မျှော်လင့်ချက်နှင့်တော့ ဝေးကွာနေဆဲပင်။
ဤတစ်ကြိမ်တွင် လုမင်က လုမိသားစု၊ ဟွာချီနှင့် အခြားသူများအတွက် အရင်းအမြစ်များကို ချန်ထားရစ်ခဲ့သည်။
တာအိုကျောက်များ၊ ဆေးလုံးများ၊ ဆေးပင်များနှင့် လက်နက်များ၊ စသည်ဖြင့် အမျိုးမျိုးတို့ ရှိပေသည်။
နောက်သုံးရက်အကြာတွင် ဖူရုပ်သေးဂိုဏ်း၏ စည်းဝေးပွဲခန်းမ၌...
လုမင်၊ ရန်ခွမ်းစုနှင့် ဖူရုပ်သေးဂိုဏ်း၏ ထင်ရှားကျော်ကြားသော အကြီးအကဲများ စုဝေးခဲ့ကြသည်။
လုမင်က ခန်းမထိပ်ရှိ အဓိကထိုင်ခုံတွင် ထိုင်နေခဲ့၏။
ထိုသည်မှာ ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် တခြားသူများက ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြ၍ ဖြစ်သည်။
ယခုအခါ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ။ သူက ဖူရုပ်သေးဂိုဏ်းကို အုပ်ချုပ်ရန် အရည်အချင်းပြည့်မီနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများက လုမင်အား အဓိကနေရာတွင်ထိုင်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ နောင်တွင်၊ ဖူရုပ်သေးဂိုဏ်းကို လုမင်အား တရားဝင်လွှဲပြောင်းပေးလိမ့်မည်။
လုမင်သည် မူလကတည်းက ဂိုဏ်းချုပ်ငယ် ဖြစ်သည်။ ဂိုဏ်းချုပ်ငယ်အနေဖြင့် သူ၏နယ်ပယ်က တိုးတက်လာသောအခါ ဂိုဏ်းချုပ်ရာထူးကို အလိုအလျောက် ဆက်ခံနိုင်လိမ့်မည်။
လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက အနည်းငယ် အားနည်းနေသေးသော်လည်း ဖူရုပ်သေးဂိုဏ်းတွင် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ မရှိပေ။ ထို့ကြောင့် အခြေအနေများကလည်း မမြင့်မားခဲ့ပါချေ။
လုမင်လည်း မငြင်းဆန်ဘဲ တည်ငြိမ်စွာ လက်ခံလိုက်သည်။ ယခုအချိန်တွင်၊ သူ၏ ကိုယ်ပိုင်ခွန်အားကို အမှန်တကယ် လိုအပ်နေသေးသည်။
"အကြီးအကဲတို့၊ ဖူရုပ်သေးဂိုဏ်းရဲ့ အခြေအနေကိုတော့ ကျွန်တော် ရှင်းပြပြီးပါပြီ။ ခင်ဗျားတို့မှာ အကြံအစည် စိတ်ကူးရှိမယ်ဆိုရင် ကျေးဇူးပြုပြီး ပြောပါ"
လုမင် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ငယ်၊ ငါတို့ လူအိုကြီးတွေက အရှေ့ပိုင်းကန္တာရမှာပဲ နေလာခဲ့တာ ကြာပါပြီ။ အလယ်ပိုင်းတိုက်ကြီးရဲ့ အခြေအနေကို ငါတို့ ဘာမှမသိဘူး။ မင်းကတော့ ငါတို့ထက် အများကြီး ပိုသိတယ်လေ၊ ဒါကြောင့် မင်းပြောသမျှကို ငါတို့ နားထောင်မှာပါ"
ပိုင်ရှီကျင်းက ပြောလိုက်သည်။
"ငါလည်း ဒီလိုပဲထင်တယ်"
ကျွင်းစုန့်ကြွယ်လည်း ပြောလိုက်၏။
"ဟားဟားဟား၊ လုမင်... မင်းပြောတဲ့အတိုင်း ငါလုပ်မှာပါ။ မင်းနဲ့ အတူ ငါ သောက်မယ်"
ရန်ခွမ်းစုက အရက်နည်းနည်းမော့သောက်ရင်း ရယ်မောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင် ကျွန်တော်ပြောပါမယ်။ အခုဆိုရင် အလယ်ပိုင်းတိုက်ကြီးက ပရမ်းပတာဖြစ်နေပြီ။ အမျိုးမျိုးသော အင်အားစုတွေက အချင်းချင်း တိုက်ခိုက်နေကြပြီလေ။ အားကောင်းသူတွေက အားကောင်းလာပြီး အားနည်းသူတွေကတော့ ပိုပြီး အားနည်းလာတော့မှာ။ ဒီအချိန်မျိုးမှာ သေခြင်းတရားကို ထိုင်စောင့်နေလို့မရဘူး။ ကျုပ်တို့ရဲ့အင်အားတွေ တိုးတက်လာဖို့ စတင်လုပ်ဆောင်ကြရတော့မယ်"
"အခု ကျွန်တော်က ပျက်စီးခြင်းကောင်းကင်ဧကရာဇ်၊ ဟန်ချင်းတောင်တို့နဲ့ မဟာမိတ်ဖွဲ့ထားတယ်။ ပျက်စီးခြင်းကောင်းကင်ဧကရာဇ်တောင်မှ မြောက်ပိုင်းလွင်ပြင်ကို တိုက်ခိုက်သိမ်းပိုက်တော့မယ်လေ။ ကျုပ်တို့လည်း ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး။ ကျွမ်းကျင်သူတွေကို စုစည်းပြီး တိုက်ခိုက်ဖို့ စီစဉ်ထားတယ်။ ပထမအချက်အနေနဲ့ အရင်းအမြစ်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ကိုယ့်ကိုကိုယ် လေ့ကျင့်နိုင်လိမ့်မယ်။ နောက်ပိုင်း မြောက်လွင်ပြင်ကို အောင်နိုင်တဲ့အခါ မြောက်ပိုင်းလွင်ပြင်နဲ့လည်း ဆက်သွယ်နိုင်မယ်လေ။ ဒီနည်းနဲ့ ဒေသကြီးတွေကြားမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မယ်။ ခင်ဗျားတို့ ဘယ်လိုထင်လဲ"
လုမင်က သူ့စိတ်ကူးကို ရှင်းပြလိုက်သည်။
"ဒီလိုဆိုရင် ဂိုဏ်းချုပ်ငယ် ပြောတဲ့အတိုင်း လုပ်ပါမယ်"
ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် တခြားသူများက ခေါင်းညိတ်လိုက်ကြသည်။
"လုမင်၊ ငါ မင်းနဲ့အတူ တိုက်ခိုက်မယ်။ ဖူရုပ်သေးဂိုဏ်းကို ရောက်လာပြီးနောက်ပိုင်း ဘယ်သူနဲ့မှ မတိုက်ခိုက်ရတာ ကြာပြီ။ ဒါက ပျင်းစရာကောင်းလွန်းတယ်"
ရန်ခွမ်းစုက အားကောင်းသော တိုက်ခိုက်ချင်စိတ်များနှင့် ပြောလိုက်သည်။
ယခင်က ရန်ခွမ်းစုဟာ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ စစ်သူကြီးတစ်ဦး ဖြစ်သည်။ သူသည် တိုက်ပွဲကို ရူးသွပ်သူတစ်ဦး ဖြစ်၏။ သို့သော်လည်း ဖူရုပ်သေးဂိုဏ်းကို ရောက်လာပြီးနောက်ပိုင်း ခြေချုပ်ကျသွားခဲ့ရသည်။ ယင်းက သူ့အတွက် တကယ်ကို သည်းမခံနိုင်စရာပင်။ ယခုတော့ တိုက်ခိုက်ရမည်မှန်း သိရသောအခါ နှလုံးသွေးများ ဆူပွက်လာခဲ့ပြီ ဖြစ်သည်။
"ဂိုဏ်းချုပ်ငယ်နဲ့အတူ ငါ တိုက်ခိုက်မယ်"
"ငါလည်းလိုက်မယ်"
ဖူရုပ်သေးဂိုဏ်းကို ဝါရင့်အကြီးအကဲ နှစ်ဦးကလည်း ပြော၏။
၎င်းတို့ထဲမှ တစ်ဦးမှာ ရုပ်သေးဂိုဏ်းမှ မန်ချုံ ဖြစ်သည်။
ကျန်တစ်ဦးကတော့ ဖူ(ကမ္ပည်း)သေးဂိုဏ်းမှ ခေါင်းဆောင်ကြီး ကျန်းခေဖြစ်သည်။
နှစ်ယောက်စလုံးက အဓိပဓိများ ဖြစ်ချေသည်။
"ကောင်းတယ်၊ ဒီလိုဆိုရင် ကျွန်တော် စိတ်သက်သာရာရပါပြီ"
လုမင် ဝမ်းသာသွားခဲ့သည်။
ထို့နောက် အသေးစိတ်အချက်အလက်များကို ထပ်မံ ဆွေးနွေးခဲ့လေသည်။
လုမင်က ရန်ခွမ်းစု၊ မန်ချုံနှင့် ကျန်းခေအပြင် အခြား ကျွမ်းကျင်သူများကို ရွေးချယ်ခဲ့သည်
မျိုးဆက်သစ်လူငယ်အချို့ကိုလည်း လေ့ကျင့်မှုပုံစံအဖြစ် ရွေးချယ်ခဲ့သေးသည်။
မျက်စိစုံမှိတ်ကာ တိတ်တဆိတ် ကျင့်ကြံခြင်းက အောင်မြင်မှုရရန် ခက်ခဲသည်။ အောင်မြင်မှုတစ်ခု ရလိုပါက စွန့်စားခန်းထွက်ပြီး တိုက်ပွဲဝင်ကြရလိမ့်မည်။
အစီအစဥ်ချပြီးသည်နှင့် သတင်းဖြန့်လိုက်သည်။ ထို့နောက် လုမင်က ရာနှင့်ချီသော လူများကိုခေါ်ကာ နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်းအစီရင်နှင့် သွေးအေးနန်းတော်ဆီသို့ သွားရောက်ခဲ့ကြ၏။
သွေးအေးနန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်က အရောင်လင်းလက်သွားကာ လုမင်၏ရုပ်သွင် ပေါ်လာတော့သည်။
လုမင် ထွက်ပေါ်လာပြီး မကြာမီပင် အသံလွှင့်ကျောက်မှ သတင်းရောက်လာသည်။ ရှဲ့လွမ်က ကိစ္စရပ်များကို ဆွေးနွေးရန် ဆွေးနွေးပွဲခန်းမသို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ချေသည်။
လုမင်လည်း ရန်ခွမ်းစု၊ မန်ချုံနှင့် ကျန်းခေတို့ကို ဆွေးနွေးပွဲခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။ ခန်းမသို့ ရောက်သောအခါ ရှဲ့လွမ်၊ မိုရဲ့နှင့် နတ်ဆိုးချောက်နက်မှ အဓိပဓိတချို့ ရှိနေကြကြောင်း မြင်တွေ့ရလေသည်။
နတ်ဆိုးချောက်၏ အဓိပဓိများက လုမင်တို့ ရောက်လာသောအခါ ဝိညာဉ်အသိနှင့် အကဲခတ်လိုက်ကြသည်။ ထို့နောက်တွင် သူတို့မျက်လုံးများက အရောင်လက်သွားကြ၏။ လုမင်၏နောက်တွင် အဓိပဓိများ လိုက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။
လုမင်ကို လျှော့တွက်မိမှန်း သူတို့ သိသွားခဲ့ကြသည်။ လုမင်ကို တစ်ကိုယ်တော်ကျင့်ကြံသူဟု ထင်ခဲ့သော်လည်း သူတို့မှားကြောင်း သိလိုက်ရ၏။ လုမင်တွင်လည်း ကိုယ်ပိုင် အင်အားစု ရှိသည်။
"လုမင်၊ လာ... ထိုင်"
ရှဲ့လွမ်က သူ့ဘေးမှ ထိုင်ခုံကို ညွှန်ပြလိုက်သည်။
လုမင်လည်း လုံးဝ မယဉ်ကျေးတော့ပေ။ သူက ရှဲ့လွမ်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။