← Chapters

အခန်း ၁၁၇၇

Vol. 79 Ch. 1177

အခန်း ၁၁၇၇

Vol. 79 Ch. 1177

အပိုင်း ( 1177 ) မြောက်ပိုင်းကို တိုက်ခိုက်ခြင်း။

"အခု ငါ့ရဲ့ နောက်ထပ်အစီအစဉ်ကို ပြောပြမယ်။ ‌မြောက်ပိုင်းလွင်ပြင်ရဲ့ နတ်ဆိုးဘုရားတောင်ကြားက ငါ့ရဲ့အရန်အစီအစဉ်ပဲ၊ ဒါပေမဲ့ အနှစ်သုံးသောင်းကျော်သွားပြီဆိုတော့ အခြေအနေတွေက ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး။ ဒါကြောင့် ငါကိုယ်တိုင်သွားမယ်"

"လုမင်၊ မင်းက ဒီနေရာမှာ တာဝန်ယူပြီး ငါ့သတင်းကို စောင့်လိုက်ပါ။ နတ်ဆိုးဘုရားတောင်ကြားကို ထိန်းချုပ်ပြီးရင် နယ်မြေဖြတ်ကျော်တည်နေရာရွှေ့ပြောင်ခြင်း အစီရင်ကိုဖွင့်ပြီး သွေးအေးနန်းတော်နဲ့ ချိတ်ဆက်မယ်။ အဲဒီအချိန်ကျရင် သူတို့လည်း တည်နေရာရွှေ့ပြောင်းခြင်း အစီရင်နဲ့ မြောက်ပိုင်းလွင်ပြင်ကို လာလို့ရပြီ"

ရှဲ့လွမ်က သူ့အစီအစဉ်ကို ပြောပြသည်။

ဤသည်က လက်ရှိအချိန်တွင် အကောင်းဆုံး အစီအစဉ်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ သဘာဝအရ မည်သူမျှ မကန့်ကွက်ကြပေ။

"ဒါဆို ငါ အခုသွားတော့မယ်။ လုမင်၊ ဒီနေရာကို မင်းအတွက် ထားခဲ့လိုက်ပြီ"

ပြောဆိုပြီးနောက် ရှဲ့လွမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ရှေ့တွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု‌ ပေါ်လာပြီးနောက် ထိုအထဲသို့ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

ရှဲ့လွမ် ထွက်လာပြီးနောက် လုမင်က ဖူရုပ်သေးဂိုဏ်းမှလူများအတွက် စီစဉ်ပေးခဲ့သည်။

"အစ်ကိုရန်၊ ဒီဧကရာဇ်လက်နက်မျှော်စင်ကို ယူလိုက်ပါ"

ခြံဝင်းတစ်ခုရှေ့တွင်၊ လုမင်က ရန်ခွမ်းစုကို မီးတောက်နီရောင် မျှော်စင်လေးတစ်ခု ပေးလိုက်သည်။

၎င်းက မြင့်မြတ်အိမ်တော်လျှို့ဝှက်နယ်မြေမှ ရရှိခဲ့သော ဧကရာဇ်လက်နက် မျှော်စင်ဖြစ်ချေသည်။

ရှဲ့လွမ်သည် ယခင်က ငှားရမ်းအသုံးပြုခဲ့သော်လည်း သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံကို ပြန်လည်ရရှိပြီးနောက် လုမင်ထံသို့ ပြန်ပေးခဲ့သည်။

ဧကရာဇ်ဝိဉာဉ်လက်နက်သည် မီးစွမ်းရည်ရှိသော ရတနာတစ်ခု ဖြစ်၏။ ရန်ခွမ်းစု၏ သွေးမျိုးဆက်ကလည်း ခြေသုံးချောင်းရှိသော ရွှေကျီးကန်းဖြစ်သည်။ သူ၏ မီးတောက်စွမ်းအားက တုနှိုင်းမယှဉ်နိုင်ပေ။ ၎င်းက ရန်ခွမ်းစုအတွက် အသင့်လျော်ဆုံးဖြစ်ပြီး သူ၏လက်ထဲတွင် ပို၍ပင် အစွမ်းထက်လာမည် ဖြစ်သည်။

"ဒါက ဧကရာဇ်ဝိညာဉ်လက်နက်ပဲ"

ဝိညာဉ်အသိနှင့် အကဲခတ်ပြီးနောက် ရန်ခွမ်းစု၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

"လုမင်၊ ဒါက အဖိုးတန်လွန်းတယ်။ ငါ လက်မခံနိုင်ဘူး"

"အစ်ကိုရန်၊ ခင်ဗျား ကျွန်တော်အပေါ်မှာ ယဉ်ကျေးဖို့လိုသေးလို့လား။ နောက်ပြီးတော့ စစ်ပွဲကလည်း နီးကပ်လာနေပြီ။ ဒီဧကရာဇ်ဝိဉာဉ်လက်နက် မျှော်စင်က ခင်ဗျားရဲ့ လက်ထဲမှာပဲ အင်အားအပြည့်ပြသနိုင်မှာပါ။ ကျွန်တော် ကိုင်ထားရင်တော့ အသုံးဝင်မှာမဟုတ်ဘူး"

လုမင်က လက်ကိုဝှေ့ယမ်းလိုက်ရာ မျှော်စင်လေးက ရန်ခွမ်းစုဆီသို့ ပျံသန်းသွားခဲ့သည်။

လုမင်၏ ခိုင်မာသော သဘောထားကို မြင်ရသောအခါ ရန်ခွမ်းစုလည်း မငြင်းသာတော့ပေ။ ဧကရာဇ်ဝိဉာဉ်လက်နက် မျှော်စင်လေးကို လက်ခံလိုက်သည်။

ရိုးရိုးသားသားပြောရလျှင် ဤဧကရာဇ်ဝိညာဉ်မျှော်စင်က သူ့အတွက် အလွန်အသုံးဝင်သည်။ ၎င်းတွင် သူ၏ ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်စေသော မီးနယ်မြေတစ်ခု ရှိ၏။ ၎င်းက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရာတွင် သူ့အတွက် အသုံးဝင်ပေလိမ့်မည်။

"လုမင်၊ ကျေးဇူးတင်ပါတယ်"

ရန်ခွမ်းစုလည်း မျှော်စင်လေးကိုသိမ်းကာ ရှားရှားပါးပါး လေးနက်သော အမူအရာဖြင့် လုမင်ကို လက်ယှက်ပြလိုက်သည်။

"ဟားဟားဟား၊ အစ်ကိုရန်... ခင်ဗျားကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး"

လုမင်လည်း ရယ်မောပြီး လှည့်ထွက်ခဲ့လိုက်သည်။

လုမင်သည် သူ၏ခြံဝင်းသို့ ပြန်ရောက်လာပြီးနောက် ဒုတိယခန္ဓာကို ခေါ်ထုတ်လိုက်သည်။

လုမင်၏ လက်ထဲတွင် အစီရင်ချပ်ပြားတစ်ခု ပေါ်လာပြီးနောက် ဒုတိယခန္ဓာဆီသို့ ပျံသန်းသွား၏။ ဒုတိယခန္ဓာက အစီရင်ချပ်ပြားကို ဖမ်းယူကာ ကမ္ပည်းများ ဆက်လက်ရေးထိုးလိုက်တော့သည်။

ဒုတိယခန္ဓာ၏ ကမ္ပည်းတာအိုက လွန်ခဲ့သော နှစ်နှစ်ခန့်ကထက် ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။ ခဏချင်းပင်၊ မရေမတွက်နိုင်သော ကမ္ပည်းများက အစီရင်ချပ်ပြားဆီသို့ ပျံသန်းသွား၏။

ဤအစီရင်ချပ်ပြားက မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေရှိ ထျန်းရွှမ်သူတော်စင် ပေးလိုက်သော အစီရင်ချပ်ပြား ဖြစ်သည်။ ဒုတိယခန္ဓာမှ အစီရင်ချပ်ပြားကို ထိန်းချုပ်ထားသရွေ့၊ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေထဲသို့ဝင်ရောက်ကာ ထျန်းရွှမ်သူတော်စင်၏အမွေကို ရယူနိုင်လိမ့်မည်။

မကြာမီတွင်၊ အစီရင်ချပ်ပြားက အလင်းရောင်များ တောက်ပပြီး ကြီးမားသော ရေဝဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဒုတိယခန္ဓာက လုမင်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရေဝဲအတွင်းသို့ လှမ်းဝင်ကာ ကွယ်ပျောက်သွားခဲ့၏။

ဒုတိယခန္ဓာ ပျောက်ကွယ်သွားသည်နှင့် ရေဝဲကြီးလည်း ပျောက်ကွယ်သွားတော့သည်။

အားလုံး အဆင်သင့်ဖြစ်ပြီမို့ လုမင်လည်း စိတ်ရှည်ရှည်ထားကာ စောင့်လိုက်တယ်။

မကြာမီ၊ ဟန်ချင်းတောင်မှ လုမင်တို့ မြောက်ပိုင်းလွင်ပြင်ကို သိမ်းပိုက်ရာတွင် ကူညီပေးရန် အဓိပဓိနှစ်ပါး စေလွှတ်ပေးခဲ့သည်။

လုမင်လည်း သဘာဝအတိုင်း အလွန်ဝမ်းသာသွား၏။

အဓိပဓိနှစ်ပါး‌ တိုးလာခြင်းကြောင့် ၎င်းတို့၏ စွမ်းအားကလည်း သဘာဝအတိုင်း ပိုမိုအားကောင်းလာလိမ့်မည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီ။ မျက်စိတစ်မှိတ်အတွင်း နှစ်ရက် ကုန်လွန်သွားခဲ့သည်။

ထိုအချိန်တွင် လုမင်က ရှဲ့လွမ်ထဲမှ အောင်ပွဲသတင်းရခဲ့သည်။ ရှဲ့လွမ်က နတ်ဆိုးဘုရားတောင်ကြားကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့၏။ ဧကရာဇ်အပါအဝင် နတ်ဆိုးဘုရားတောင်ကြားရှိ လူတိုင်းက ရှဲ့လွမ်ထံတွင် အညံ့ခံခဲ့ကြသည်။

ရှဲ့လွမ်တွင် အလုံးစုံနတ်ဆိုးချောက်ကဲ့သို့ အရန်အစီအစဉ်တစ်ခု ရှိနေခဲ့ကြောင်း ထင်ရှားသည်။ မဟုတ်ပါက၊ အုပ်စိုးရှင်အင်အားစုကို ဤမျှလွယ်လွယ် အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထို့နောက်တွင်၊ နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များကို အပြန်အလှန် ချိတ်ဆက်ခဲ့ကြသည်။

"သွားကြစို့"

လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး တပ်မဟာနှင့် ထွက်သွား၏။

သွေးအေးနန်းတော်မှာတော့ အစောင့်အရှောက် လူအနည်းငယ်သာ ကျန်တော့သည်။

နတ်ဆိုးဘုရားတောင်ကြားကို နယ်မြေဖြတ်‌ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် တပ်သားတစ်သိန်းကျော် စေလွှတ်ခဲ့သည်။

လုမင်က ရန်ခွမ်းစုနှင့် အခြားသူများကို ဦးဆောင်ကာ နောက်ဆုံးအသုတ်မှ ထွက်ခဲ့၏။

နတ်ဆိုးဘုရားတောင်ကြားသည် မြောက်ပိုင်းလွင်ပြင်ရှိ အုပ်စိုးရှင် အင်အားစုကြီး ငါးခုထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို တန်ခိုးကြီးမားသော ဧကရာဇ်တစ်ပါးက အုပ်ချုပ်ခဲ့၏။ ၎င်းက အဆုံးမဲ့ ကျယ်ပြောလှသော တောင်တန်းကြီးတစ်ခုတွင် တည်ရှိခဲ့ပေသည်။

အထဲတွင် အရွယ်အစား အမျိုးမျိုးရှိသည့် မရေမတွက်နိုင်သော ချိုင့်ဝှမ်းများ ရှိသည်။ ၎င်းတွင် နတ်ဆိုးတာအို ကျင့်ကြံသူများအတွက် အလွန်သင့်လျော်သော နတ်ဆိုးစွမ်းအင်တို့ ပြည့်နှက်နေပေသည်။

လုမင်နှင့် အခြားသူများ နတ်ဆိုးဘုရားတောင်ကြားသို့ ရောက်ရှိလာပြီး ဒုတိယနေ့တွင်... တပ်မဟာကြီးများက ချိုင့်ဝှမ်းကြီးတစ်ခုတွင် စုရုံးခဲ့ကြသည်။ အရှေ့ဆုံးမှာတော့ လုမင်နှင့် ရှဲ့လွမ် ရပ်နေခဲ့၏။

သူတို့အနားတွင် အခြားလူနှစ်ယောက်လည်း ရှိသေးသည်။ တစ်ယောက်က မိုရဲ့ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ချွီလော့ဟု အမည်ရသော ထွားကျိုင်းသည့် အဘိုးကြီးတစ်ဦး ဖြစ်သည်။ ၎င်းက နတ်ဆိုးဘုရားတောင်ကြား၏ သိုင်းအုပ်ချုပ်သူပင်။

ချိုင့်ဝှမ်းထဲတွင် အလုံးစုံနတ်ဆိုးချောက်၊ နတ်ဆိုးဘုရားတောင်ကြားနှင့် လုမင် ခေါ်ဆောင်လာသော ဖူရုပ်သေးဂိုဏ်းမှ ကျွမ်းကျင်သူများလည်း စုရုံးခဲ့ကြသည်။

"မြောက်ပိုင်းလွင်ပြင်မှာ အုပ်စိုးသူအင်အားစု စုစုပေါင်းငါးခုရှိတယ်။ သူတို့တစ်ဖွဲ့စီက အရမ်းအင်အားကြီးတယ်လေ။ ကျန်တဲ့ အုပ်စိုးသူအင်အားစုလေးခုကို ဖြိုခွင်းချင်ရင် တတ်နိုင်သမျှ မြန်မြန်တိုက်ခိုက်ရမယ်။ အခုထိတော့ သူတို့တွေ နတ်ဆိုးဘုရားတောင်ကြားက အပြောင်းအလဲအကြောင်း မသိကြသေးဘူး။ မဟုတ်လို့ သူတို့ အပြည့်အ၀ပြင်ဆင်ပြီးတဲ့အထိ စောင့်နေမယ်ဆိုရင် ငါတို့တိုက်ပွဲက ပိုခက်ခဲလိမ့်မယ်"

"ဒီအတွက် စစ်ဦးစီးချုပ်လုနဲ့ သေချာဆွေးနွေးမယ်။ သူနဲ့ငါက တိုက်ခိုက်ဖို့အတွက် တပ်မဟာကြီးနှစ်ခုကို ဦးဆောင်မှာ။ ငါက ရွှေရောင်လှိုင်းချောက်ကမ်းပါးနဲ့ အလင်းနဂါးမျှော်စင်ကို တိုက်ခိုက်ဖို့အတွက် တပ်မဟာကို ဦးဆောင်မယ်"

"စစ်ဦးစီးချုပ်လုက မိုရဲ့၊ ချွီလော့နဲ့အတူ အခြား အင်အားစုကြီးနှစ်ခုကို တတ်နိုင်သမျှ မြန်မြန်တိုက်ခိုက်သိမ်းပိုက်ပါ။ ဒါမှ ငါတို့တွေ မြောက်ပိုင်လွင်ပြင်ကို အုပ်ချုပ်နိုင်လိမ့်မယ်"

ရှဲ့လွမ်က ပြောလိုက်သည်။

"ကောင်းပါပြီ"

တပ်မဟာကြီးလည်း ခေါင်းညိတ်လိုက်၏။

နတ်ဆိုးဘုရားချိုင့်ဝှမ်းမှလူများ၊ ချွီလော့နှင့် ကျန်လူများကတော့ ရှဲ့လွမ်သည် အဘယ်ကြောင့် လုမင်နှင့် မဟာမိတ်ဖွဲ့ကြောင်း နားမလည်နိုင်သေးပါ။ သို့ရာတွင် ၎င်းတို့က ဆက်လက်မစုံစမ်းခဲ့ကြပေ။ သူတို့အတွက် ရှဲ့လွမ်၏အမိန့်ကို လိုက်နာရန်သာ လိုသည်။

"ဝုန်း"

ကြီးမားသော စစ်သင်္ဘောကြီးများ ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။ လုမင်နှင့် ရှဲ့လွမ်လည်း စစ်သင်္ဘောတစ်စီးစီယူကာ မတူညီသောလမ်းကြောင်းနှစ်ခုသို့ ပျံသန်းခဲ့တော့သည်။

လုမင်တို့ တပ်မဟာ၏ ပထမဆုံး ပစ်မှတ်မှာ ချွမ်ရှန်ဂိုဏ်းဖြစ်သည်။

"ရန်သူ၊ ရန်သူ... တိုက်ခိုက်ကြ"

ချွမ်ရှန်ဂိုဏ်းအနီးသို့ ရောက်သောအခါ ဂိုဏ်းအတွင်းမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ချွမ်ရှန်ဂိုဏ်းအတွင်းမှ အလင်းတန်းများ တောက်ပပြီး အဓိပဓိအမြောက်အမြား ပေါ်လာခဲ့၏။

ခဏချင်းပင် ပုံရိပ်တစ်ခုစီက ချွမ်ရှန်ဂိုဏ်း၏ တောင်တံခါးရှေ့တွင် ပေါ်လာကြတော့သည်။

"ဝုန်း"

လုမင်၏ စစ်သင်္ဘောက ချွမ်ရှန်ဂိုဏ်းနှင့် မိုင်ထောင်ဂဏန်းခန့် အကွာတွင် ရပ်တန့်သွားကြသည်။ လုမင်က ဦး‌ဆုံးထွက်လာခဲ့၏။ သူ့နောက်တွင် မြောက်များစွာသောတပ်သားများ ထွက်လာခဲ့ကြသည်။

"ဘယ်သူက ဒီကိုလာဝံ့တာလဲကွ"

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ချွမ်ရှန်ဂိုဏ်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

အရပ်မြင့်မြင့်၊ မြေဝါရောင်အလင်းများနှင့် ပုံရိပ်တစ်ခုက ချွမ်ရှန်ဂိုဏ်းအရှေ့တွင် ပေါ်လာခဲ့၏။

သိုင်းအုပ်ချုပ်သူ...

ဤသူမှာ ချွမ်ရှန်ဂိုဏ်း၏ ဧကရာဇ်‌ဖြစ်ကြောင်း ထင်ရှားသည်။

"ဝုန်း ဝုန်း"

ဤအခိုက်တွင် ချွီလော့နှင့် မိုရဲ့က ရှေ့သို့ထွက်လာသည်။ ၎င်းတို့ထံမှ သိုင်းအုပ်ချုပ်သူနယ်ပယ် အရှိန်အဝါများလည်း ပေါက်ကွဲထွက်လာခဲ့၏။

"ဧကရာဇ်၊ ဧကရာဇ်နှစ်ပါး"

ချွမ်ရှန်ဂိုဏ်းမှလူများ ထိတ်လန့်တကြားဖြစ်ကာ အော်ဟစ်လိုက်ကြသည်။

ချွမ်ရှန်ဂိုဏ်းကို ဝန်းရံသူများတွင် ဧကရာဇ်နှစ်ပါး ပါဝင်ပုံရ၏။ ၎င်းတို့၏ ပုံစံအရ ကောင်းမွန်သောရည်ရွယ်ချက် ရှိပုံမရပေ။

All Chapters