အခန်း ၁၁၇၈
Vol. 79 Ch. 1178
အပိုင်း ( 1178 ) ရန်ခွမ်းစု၏ အင်အား။
"ချွီလော့၊ မင်းပဲလား။ မင်း ငါ့ချွမ်ရှန်ဂိုဏ်းကို ဘာလာလုပ်တာလဲ"
ချွမ်ရှန်ဂိုဏ်း၏ ဧကရာဇ်က ချွီလော့ကိုကြည့်ကာ အော်ဟစ်လိုက်သည်။
"ဝမ်ရှန်ဧကရာဇ်၊ မင်းကို ချွမ်ရှန်ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီး လက်နက်ချဖို့ ငါအကြံပေးချင်တယ်။ မဟုတ်ရင် ဒီနေ့ ချွမ်ရှန်ဂိုဏ်း ပျက်စီးရလိမ့်မယ်"
ချွီလော့က အေးစက်စက်ဖြင့် ပြောသည်။
"ဟားဟားဟား၊ အညံ့ခံရမှာလား။ အဲဒါကို စဉ်းတောင် မစဉ်းစားနဲ့။ ချွီလော့၊ မင်းမှာ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ရှိတယ်ဆိုတာ ငါသိတာပေါ့ကွာ။ ဒါပေမဲ့ အကူအညီရှာလာရင်တောင် အသုံးမဝင်ဘူးကွ။ ဒီနေ့ ငါမင်းနဲ့ သေတဲ့အထိ တိုက်မယ်"
ဝမ်ရှန်ဧကရာဇ်က လှောင်ပြောင်ရယ်မောလိုက်သည်။
"မင်းက သေချင်နေမှတော့တိုက်ခိုက်ကြတာပေါ့"
စကားအဆုံးတွင် ချွီလော့ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"ဝုန်း"
တစ်ဖက်တွင်လည်း မိုရဲ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။ အစွမ်းထက် ဧကရာဇ်ဖိအားနှင့် နတ်ဆိုးစွမ်းအင်များက ကောင်းကင်ကို ထိုးတက်သွားတော့သည်။
"ဝုန်း ဝုန်း"
မိုရဲ့နှင့် ချွီလော့က တပြိုင်နက်တည်း ရှေ့သို့ လှမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအင်အားနှစ်ခုက ချွမ်ရှန်ဂိုဏ်းကို တိုက်ခိုက်လိုက်၏။
အင်အားကြီးငလျင် လှုပ်သွားသကဲ့သို့ ချွမ်ရှန်တောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။
ချွမ်ရှောင်ဂိုဏ်း၏ အကာကွယ်ဝင်္ကပါက ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ နတ်ဆိုးဧကရာဇ်နှစ်ပါး၏ တိုက်ခိုက်မှုအောက်တွင် ၎င်းက မခံနိုင်တော့ဘဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားတော့သည်။
မြောက်ပိုင်းလွင်ပြင်တွင် ကမ္ပည်းတာအိုကို ကျွမ်းကျင်မှုရှိသော ကျင့်ကြံသူများ မရှိပါ။ ထို့ကြောင့်ပင် ၎င်းတို့၏ အကာအကွယ်ဝင်္ကပါက အလွန်အားကောင်းခြင်းမရှိပေ။
"သတ်"
ဝင်္ကပါပြိုကျသည်နှင့် တပြိုင်နက် ဝမ်ရှန်ဧကရာဇ်က ဟိန်းဟောက်ကာ ကောင်းကင်သို့ ပြေးတက်သွားခဲ့သည်။ မရေမတွက်နိုင်သော တောင်ပုံရိပ်များ သူ့ခန္ဓာကိုယ်အနှံ့တွင် ပေါ်လာခဲ့၏။
ဤသည်မှာ ဝမ်ရှန်ဧကရာဇ်၏ ဝမ်ရှန်နယ်မြေဟုခေါ်သော တောင်တစ်သောင်းနယ်မြေ ဖြစ်သည်။
"ဝမ်ရှန်၊ မင်းက သေချင်နေမှတော့ ငါမင်းကို လိုက်ပို့ပေးမယ်"
ချွီလော့က အေးစက်စက်ဖြင့် အော်လိုက်သည်။ အဆုံးမဲ့ အနက်ရောင် နတ်ဆိုးအလင်းများက သူ့ခန္ဓာကိုယ်မှ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွား၏။
နတ်ဆိုးနယ်မြေ။
အလားတူပင် မိုရဲ့ကလည်း သူ၏ နတ်ဆိုးနယ်မြေကို ထုတ်လွှတ်လိုက်၏။
ဧကရာဇ်သုံးပါးက ကောင်းကင်ယံတွင် ပြင်းထန်သောတိုက်ပွဲတစ်ခုကို စတင်ခဲ့တော့သည်။
ကောင်းကင်ယံတွင် ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျများ ဖြစ်ပေါ်လာခဲ့သည်။
'ဒီချွီလော့က အတော်သန်မာတာပဲ။ သူက မိုရဲ့ထက်တောင် နည်းနည်းပိုပြီး သန်မာတယ်'
လုမင် မျက်ခုံးပင့်လိုက်သည်။
ချွီလော့၏ တိုက်ခိုက်နိုင်စွမ်းသည် မိုရဲ့ထက် အနည်းငယ်ပိုပြီး အားကောင်း၏။ မိုရဲ့နှင့် ပူးပေါင်းတိုက်ခိုက်သောအခါ လုံးဝ အသာစီးယူထားနိုင်တော့သည်။
"သတ်"
ထိုအချိန်တွင် လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ တပ်မဟာကြီးက ချွမ်ရှန်ဂိုဏ်းဆီသို့ ပြေးတက်သွား၏။
"သတ်"
ချွမ်ရှန်ဂိုဏ်းမှ တပည့်များလည်း ပြန်လည် တိုက်ခိုက်ကြတော့သည်။
နှစ်ဘက်သား အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။
လုမင်၏ အနားမှ အနီရောင်အလင်းများ ဖြာတက်လာသည်။ ၎င်းက ရန်ခွမ်းစုပင်။ သူက ရန်သူအဓိပတိများထဲမှ တစ်ယောက်ကို ကြည့်လိုက်သည်။
၎င်းက အရပ်သုံးမီတာရှိသော အမျိုးသားတစ်ယောက်ပင်။ သူ့တကိုယ်လုံးတွင် ကြွက်သားများ ဖုထစ်နေပြီး မြေဝါရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းကလည်း ရန်ခွမ်းစုကို စိုက်ကြည့်လိုက်၏။
"သတ်"
၎င်း၏လက်ထဲတွင် ပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာပြီး ဟိန်းဟောက်၍ ရန်ခွမ်းစုကို ခုတ်ပိုင်းချလိုက်သည်။
ရန်ခွမ်းစု၏ ခန္ဓာကိုယ်ကို မီးတောက်မီးလျှံများက ဖုံးလွှမ်းသွားသည်။
"ဝုန်း"
မီးတောက်လက်သီးက ပုဆိန်ကြီးကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ပုဆိန်ကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ပြိုင်ဘက်လူထွားကြီးလည်း ဒယီးဒယိုင်ဖြင့် ပြန်ဆုတ်သွားရတော့သည်။
"သတ်"
ရန်ခွမ်းစု၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းပြီး တုဖက်ကင်းမဲ့သည်။ မီးတောက်လက်သီးများက အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။
ပြိုင်ဘက်လူထွားကြီးက အစွမ်းကုန်ခုခံရန် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ တစ်ချက်ရင်ဆိုင်မိတိုင်း ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။ တိုက်ကွက်အနည်းငယ် ရင်ဆိုင်မိပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါကာ သွေးများ အန်ထွက်လာတော့သည်။
သူ၏ မျက်လုံးများ၌ ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားခဲ့သည်။ သူတို့နှစ်ဦးစလုံးက အဓိပဓိနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ ရန်ခွမ်းစု၏ တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုလုပ်ပြီး ဤမျှအားကောင်းနိုင်သနည်း။
"ပေါက်ကွဲလော့"
၎င်းက အော်ဟစ်ပြီး သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့သည်။ သို့ရာတွင် သူ့ကိုစောင့်ကြိုနေသည်က ရန်ခွမ်းစုထံမှ မုန်တိုင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ခဲ့၏။
ရန်ခွမ်းစုက ခြေသုံးချောင်းရှိသော ရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အတောင်ပံခတ်သံနှင့်အတူ ရွှေကျီးကန်းက ပြိုင်ဘက်ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့၏။ ၎င်းက ခြေသည်းများနှင့် ပြိုင်ဘက်၏ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို တိုက်ရိုက် ဖျက်စီးပစ်ခဲ့သည်။ ထို့နောက် သူ၏အတောင်များက မီးတောက်ဓားကဲ့သို့ ပြိုင်ဘက်ကို ပိုင်းဖြတ်လိုက်၏။ ဤတိုက်ခိုက်မှုက ကြောက်စရာကောင်းကာ ဝိညာဉ်နတ်ဘုရားပင် မလွတ်မြောက်နိုင်ခဲ့ပေ။
အဓိပဓိတစ်ပါး ကျဆုံးသွားခဲ့ပြီ။ ယင်းက ပတ်ဝန်းကျင်ရှိ လူတိုင်းကို တုန်လှုပ်စေခဲ့ပေသည်။
"သတ်"
ထို့နောက်တွင် ရန်ခွမ်းစုက အခြား အဓိပဓိတစ်ဦးကို တိုက်ခိုက်လိုက်သည်။
"ပူးပေါင်းကြ၊ သူ့ကို အတူတူပူးပေါင်းပြီး တိုက်ခိုက်ကြစို့"
ထိုသူက အခြားအဓိပဓိတစ်ဦးနှင့် ပူးပေါင်းကာ ရန်ခွမ်းစုကို တိုက်ခိုက်လိုက်၏။ သို့တိုင် ၎င်းတို့မှာ အားနည်းချက်တစ်ခု ရှိနေကြသေးသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က၊ နဂါးကိုးမြို့တိုက်ပွဲတွင် ရှိစဉ်ကတည်းက ရန်ခွမ်းစုသည် အဓိပဓိသုံးဦးကို တစ်ယောက်တည်း တိုက်ခိုက်နိုင်ခဲ့သည်။
ယခုဆိုလျှင် နှစ်အနည်းငယ် ကြာခဲ့ပြီ။ သူ၏နယ်ပယ်က သိုင်းအုပ်ချုပ်သူနယ်ပယ်ကို မချိုးဖြတ်ရသေးသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဆင့်တိုးလာပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းကာ အဓိပဓိနှစ်ပါးကို အလွယ်တကူ ဖိနှိပ်ခဲ့ပေသည်။
အဆုံးတွင် အခြားအဓိပတိများလည်း စစ်မြေပြင်သို့ ဝင်ရောက်ခဲ့ပြီး ရန်ခွမ်းစုကို တားဆီးခဲ့ရသည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ"
အလုံးစုံနတ်ဆိုးချောက်နှင့် နတ်ဆိုးဘုရားတောင်ကြားမှ အဓိပဓိများလည်း ဤမြင်ကွင်းကို မြင်ရသောအခါ တိတ်တဆိတ် တုန်လှုပ်သွားကြသည်။ ရန်ခွမ်းစု၏ အင်အားကြောင့် သူတို့ ထိတ်လန့်တုန်လှုပ်သွား၏။ တချိန်တည်းမှာပင် လုမင်၏ နောက်ခံအင်အားကို လျှော့မတွက်သင့်ကြောင်း သိလိုက်ရသည်။
ရန်ခွမ်းစုတစ်ဦးတည်းက အဓိပဓိများစွာကို ရင်ဆိုင်ထားပေရာ အခြားသူများအတွက် ပို၍ လွယ်ကူလာတော့သည်။
မူလကတည်းက ချွမ်ရှန်ဂိုဏ်းသည် လုမင်တို့ထက် အဓိပဓိနည်းပါးသည်။ ယခုတော့ အခြေအနေဟာ တစ်ဖက်သတ် ဖြစ်သွားလေတော့သည်။
'မြေတာအို၊ ဒီချွမ်ရှန်ဂိုဏ်းမှာ မြေတာအိုနဲ့ အခြားတာအိုကျင့်ကြံသူတွေ အများကြီးပဲ'
လုမင်၏ မျက်လုံးများ တောက်ပလာသည်။
ချွမ်ရှန်ဂိုဏ်း၏ တာအိုများက သွေးအေးနန်းတော်နှင့် မတူပါ။ ချွမ်ရှန်ဂိုဏ်း၏ တာအိုမှာ အဓိကအားဖြင့် တောင်တာအိုနှင့် မြေတာအိုဖြစ်သော်လည်း အခြားတာအို ကျင့်ကြံသူများလည် အများအပြား ရှိကြသည်။
မီးတာအို၊ ရေတာအို၊ မိုးကြိုးတာအို၊ လေတာအို...
လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူ့ပုံရိပ်က အလင်းတန်းကဲ့သို့ တိုက်ပွဲအတွင်းကို ဖြတ်သန်းသွား၏။ သူက တိုက်ပွဲတွင် ကျဆုံးခဲ့သော ချွမ်ရှန်ဂိုဏ်း၏ ကျွမ်းကျင်သူအလောင်းများနံဘေး၌ ပေါ်လာခဲ့လေသည်။ တစ်ဖက်လူ၏ တာအိုများ၊ သွေးအနှစ်သာရနှင့် စွမ်းအင်အားလုံးကို သူ ဝါးမျိုခဲ့သည်။
"သန့်စင်စမ်း"
လုမင်က နဝမနဂါးသွေးမျိုးဆက်ကို ထိန်းချုပ်ကာ အရူးအမူး သန့်စင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ပုံရိပ်က လှုပ်ရှားပြီး အခြားနေရာများသို့ ပြေးသွားခဲ့၏။
ဝါးမျိုလိုက်တိုင်းမှာ တစ်ဖက်လူ၏ တာအိုကို ခံစားကြည့်သည်။ တစ်ဖက်လူ၏ တာအိုက သူနှင့် မလိုက်ဖက်လျှင် ဝါးမျိုခြင်းမပြုတော့ပေ။
ဤသို့ဖြင့် လုမင်၏ တာအိုငါးခုက တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
"အဓိပတိအလောင်း"
နောက်ဆုံးတွင်၊ လုမင်က အဓိပတိတစ်ပါး၏ အလောင်းဆီသို့ ရောက်လာသည်။ ၎င်းက ရန်ခွမ်းစု၏ အသတ်ခံခဲ့ရသော အဓိပတိတစ်ပါးပင်။
လုမင်က ၎င်း၏ သွေးအနှစ်သာရများကို ကျောက်စိမ်းပုလင်းတစ်လုံးနှင့် သိမ်းဆည်းထားလိုက်သည်။
'အဓိပဓိသွေးအနှစ်သာရတွေ ငါ ပိုပြီးရဖို့ လိုအပ်တယ်'
လုမင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ယခုအခါ သူ၏ သွေးမျိုးဆက်များကို အဆင့်မြှင့်ရန်က မလွယ်တော့ပေ။ နောက်ဆုံးတစ်ခေါက်က သူဟာ အဓိပဓိ သွေးအနှစ်သာရကို သန့်စင်ခဲ့သည်။ သို့သော် နဝမနဂါးသွေးမျိုးဆက်ကို အဆင့်မမြှင့်နိုင်ခဲ့ပေ။ ၎င်းက နတ်ဘုရားအဆင့်ရှစ်တွင် ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း၊ လုမင်သည် အဓိပဓိသွေးအနှစ်သာရကို သန့်စင်ပြီးနောက် နတ်ဘုရားအဆင့်ကိုးသို့ ချဉ်းကပ်လာသည်ဟု ခံစားခဲ့ရသည်။
တစ်နည်းပြောရလျှင်၊ အဓိပဓိ သွေးအနှစ်သာရများက သူ့အတွက် အလွန်အသုံးဝင်နေသေးသည်။
အဓိပဓိသွေးအနှစ်သာရများ အလုံအလောက်ရှိသရွေ့ သူ့သွေးမျိုးဆက်မှာ အနှေးနဲ့အမြန် တိုးတက်လာနိင်မည် ဖြစ်သည်။
"ဝုန်း"
ရုတ်တရက်၊ လုမင်၏အောက်မှ ကျောက်တုံးများ လှုပ်ရှားသွားခဲ့သည်။ လှံတစ်ချောင်းက လုမင်၏ ခြေဖဝါးအောက်မှ လည်မြိုကို ထိုးဖောက်လာခဲ့၏။
"ခိုးကြောင်ခိုးဝှက်နဲ့"
လုမင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူက မရှောင်တိမ်းပေ။ တာအိုအလင်းငါးခုက သူ၏ လည်မြိုတစ်ဝိုက်တွင် ထွက်ပေါ်လာခဲ့သည်။ တချိန်တည်းမှာပင် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်ဖော်လိုက်၏။
"ဒုန်း"
ကျောက်လှံက သူ၏လည်မြိုကို ထိုးမိပြီးနောက် တိုက်ရိုက်ပြိုကျသွားတော့သည်။
လုမင်က သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်ဖော်နိုင်ရန် လေ့ကျင့်ပြီး ဖြစ်သည်။ သူ၏ လည်ချောင်းဖြင့်ပင် ပြင်းထန်သော တိုက်ခိုက်မှုများကို ပေါက်ကွဲသွားနိုင်သေးသည်။
အားကောင်းသော ကာကွယ်မှုအဖြစ်လည်း အသုံးပြုနိုင်သည်။