အခန်း ၁၁၈၀
Vol. 79 Ch. 1180
အပိုင်း ( 1180 ) အဆင့်ငါး ဝိညာဥ်နတ်ဘုရားနယ်ပယ်။
"ဝမ်ရှန် သေပြီနော်၊ မင်းတို့ လက်နက်မချသေးဘူးလား"
ချွီလော့က ကောင်းကင်အမြင့်တွင်ရပ်ကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ သူ့အသံက ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ကြီးမားသော ဧကရာဇ်ဖိအားက ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ လူအများကို အသက်ရှူရခက်စေခဲ့သည်။
"ငါအညံ့ခံပြီ၊ ငါလက်နက်ချဖို့ ဆန္ဒရှိပါတယ်"
"ငါလည်း လက်မြှောက်တယ်"
သိုင်းအုပ်ချုပ်သူ ကျဆုံးပြီးနောက် ချွမ်ရှန်ဂိုဏ်း၏ တပည့်များနှင့် ကျွမ်းကျင်သူများစွာတို့တွင် တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ သူတို့အားလုံး စတင် အညံ့ခံလိုက်ကြသည်။
"သစ္စာဖောက်တွေ... မင်းအပေါ်ထားတဲ့ ဂိုဏ်းချုပ်ရဲ့ ကျေးဇူးကို မေ့သွားကြပြီလား"
လူအများကြား၌၊ အညံ့ခံခြင်းထက် သေရန်ကို ရွေးချယ်သူများလည်း ရှိကြပါသေးသည်။ ထိုလူများမှာ သဘာဝအတိုင်း အသတ်ခံခဲ့ရသည်။
နောက်ဆုံးမှာတော့ ဤသည်က စစ်ပွဲတစ်ခုပင်။ စစ်ပွဲတွင် မည်သူမျှ ပျော့ညံ့နေမည် မဟုတ်ပေ။
ယင်းကိုမြင်တော့ တွေဝေနေသေးသည့် ချွမ်ရှန်ဂိုဏ်းသားများလည်း စတင်အညံ့ခံလိုက်ကြသည်။
ထို့နောက် စစ်မြေပြင်ကို စတင် ရှင်းလင်းခဲ့လေသည်။ နောက်ပိုင်း ဖြစ်စဉ်များကိုတော့ လုမင်က ဝင်မပါတော့ပါ။ သူက စစ်သင်္ဘောပေါ်တွင်ထိုင်ကာ တာအိုများကို အကြွင်းမဲ့သန့်စင်ရင်း အဆင့်တက်ရန် ကြိုးစားလိုက်သည်။
"ဝုန်း ဝုန်း ဝုန်း"
မကြာမီ လုမင်၏ ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ယင်းက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပေသည်။
"သူ အဆင့်တက်သွားတာလား"
ချွီလော့၊ မိုရဲ့နှင့် အခြား ကျွမ်းကျင်သူများလည်း လုမင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
သူသည် စစ်မြေပြင်ကို တစ်ကြိမ်သာလှည့်လည်ပြီး ကျင့်ကြံခြင်းအခြေခံ အမှန်တကယ် အောင်မြင်ခဲ့၏။
ထို့ပြင် ဤမျှ အငယ်ငယ်လေးနှင့် အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။ ယင်းက တကယ်ကို တုန်လှုပ်စရာပင်။
လုမင်သည် သူ့အရှိန်အဝါများ ထွက်ပေါ်လာပြီးနောက် ချက်ချင်း ရုတ်သိမ်းလိုက်သည်။ သို့သော်လည်း ကျင့်ကြံခြင်းကိုတော့ မရပ်တန့်ခဲ့ပေ။ ထိုအစား တာအိုများကို ဆက်လက် သန့်စင်ခဲ့သည်။
သူသည် ကျွမ်းကျင်သူများစွာထံမှ တာအိုများကို ဝါးမျိုခဲ့၏။ သူတို့အားလုံးက အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ်အထက်မှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ တာအိုများအပေါ် နားလည်သဘောပေါက်မှုက နက်ရှိုင်းခဲ့ပေသည်။ လုမင်လည်း ၎င်းတို့ကို သန့်စင်နိုင်ရန် များစွာ အားထုတ်ခဲ့ရသည်။
နာရီဝက်အကြာတွင် စစ်မြေပြင်ကို ရှင်းလင်းပြီးသွားသည်။ တပ်မဟာကို စုစည်းပြီးနောက် သားရဲတစ်ရာမျိုးနွယ်ကို တိုက်ခိုက်ရန် ထပ်မံ ပြင်ဆင်ခဲ့ကြ၏။
စစ်ပွဲတစ်ခုတွင် အရှိန်အဟုန်က အရေးကြီးသည်။ ထို့ကြောင့် ချက်ခြင်းထွက်ခဲ့ရပေသည်။
ဤအခိုက်တွင် လုမင်၏ သန့်စင်ခြင်းက ပြီးဆုံးသွား၍ တပ်မဟာအရှေ့ဆုံးသို့ သွားလိုက်သည်။
"သားရဲတစ်ရာမျိုးနွယ်ကို ချီတက်မယ်"
လုမင် အမိန့်ပေးလိုက်၏။
တပ်မဟာကြီးက စသင်္ဘောအပေါ်သို့ ပြန်တက်ကာ သားရဲတစ်ရာမျိုးနွယ်ကို ချီတက်လိုက်တော့သည်။
တိုက်ပွဲတွင် အညံ့ခံခဲ့သူများကိုတော့ ၎င်းတို့၏ အသိစိတ်ပင်လယ်အတွင်း၌ ကမ္ပည်းထိုးကာ သားရဲတစ်ရာမျိုးနွယ်ကို ခေါ်ဆောင်လာခဲ့သည်။ ချွမ်ရှန်ဂိုဏ်း၏ ဌာနချုပ်ကို စောင့်ကြပ်ရန်က လူအနည်းငယ်သာ ချန်ရစ်ခဲ့လေသည်။
စစ်သင်္ဘောကြီးက လေထုကိုဖြတ်သန်းကာ အံ့ဖွယ်အမြန်နှုန်းဖြင့် သားရဲတစ်ရာမျိုးနွယ်ဆီသို့ ပျံသန်းသွားခဲ့သည်။
လုမင်က စစ်သင်္ဘောအခန်းတစ်ခုထဲတွင် တင်ပျဉ်ခွေထိုင်ကာ တာအိုများကို ဆက်လက် သန့်စင်ခဲ့၏။
မျက်စိတစ်မှိတ်အတွင်း နေ့ဝက်ကုန်လွန်သွားခဲ့ပြီ။
စစ်သင်္ဘောကြီးကလည်း သားရဲတစ်ရာမျိုးနွယ်အနီးကို ချီးကပ်လာခဲ့ပြီ ဖြစ်သည်။ ဤအခိုက်တွင်၊ လုမင်ဝါးမျိုခဲ့သော တာအိုများကို ပြန်လည်သန့်စင်ပြီးသွားသည်။
"လေ၊ မီး၊ မိုးကြိုးနဲ့ ရေတာအိုတို့ကလည်း အဆင့်လေး ကြီးမားသော အောင်မြင်ခြင်းကို ရောက်ရှိသွားကြပြီ။ မြေတာအိုကတော့ အဆင့်လေး သေးငယ်သော အောင်မြင်ခြင်းရဲ့ အထွတ်အထိပ်ကိုပဲ ရောက်ခဲ့တယ်။ ဒါက ကြီးမားသော အောင်မြင်ခြင်းကို ရောက်ရှိဖို့အတွက် ခြေတစ်လှမ်းလိုသေးတယ်"
"ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကကျ အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားခဲ့တယ်။ ဒီတစ်ကြိမ် တိုးတက်မှုက တကယ်ကောင်းတာပဲ။ ဒါပေမဲ့ အရှိန်မြန်လွန်းတာက အညစ်အကြေးတွေနဲ့ ပြည့်ပြီး ငါ့ရဲ့ အခြေခံအုတ်မြစ်ကို မတည်ငြိမ်ဖြစ်စေတယ်။ အချိန်တိုအတွင်းတော့ ငါ နောက်ထပ် ဝါးမျိုနိုင်ဦးမှာ မဟုတ်ဘူး။ ငါ့ရဲ့ အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင်လို့ အရင်လုပ်သင့်တယ်"
လုမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်၊ ကြီးမားသော အောင်မြင်ခြင်း တာအိုလေးခုနှင့် လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြီးကြီးမားမား တိုးတက်လာခဲ့ပြီ ဖြစ်သည်။
လုမင်က အခန်းအတွင်းမှ ထွက်လိုက်သည်။ သူသည် အဝေးကို လှမ်းကြည့်ရင်း စစ်သင်္ဘောကုန်းပတ်ဆီသို့ လျှောက်သွားခဲ့၏။
သူတို့အရှေ့ မိုင်တစ်သောင်းအကွာတွင် မရေမတွက်သော မျှော်စင်ကြီးများ ပေါ်လာခဲ့သည်။ ထိုမျှော်စင်အားလုံးကို ကျောက်တုံးများဖြင့် ပြုလုပ်ထားကြ၏။ ၎င်းတို့က အကန့်အသတ်မဲ့ မြက်ခင်းပြင်ပေါ်တွင် ထိုးပေါ်နေသော ဆူးချွန်ကြီးများကဲ့သို့ ဖြစ်သည်။
ယင်းက သားရဲတစ်ရာမျိုးနွယ်ပင်။
သားရဲတစ်ရာမျိုးနွယ်က မြောက်ပိုင်းလွင်ပြင်တွင် သမိုင်းကြောင်းအရှည်ကြာဆုံးနှင့် အစွမ်းထက်ဆုံးမျိုးနွယ်ကြီးဟု ဆိုနိုင်သည်။
ဤအခိုက်တွင် မျှော်စင်တစ်ခုစီက တောက်ပသောအလင်းများ ထွက်ပေါ်လာသည်။ အလင်းများက ဝင်္ကပါကြီးတစ်ခုအဖြစ်သို့ စုစည်းကာ သားရဲတစ်ရာမျိုးနွယ်ကို ဖုံးအုပ်ထား၏။
တချိန်တည်းမှာပင်၊ သားရဲတစ်ရာမျိုးနွယ်မှ မရေမတွက်နိုင်သော ပုံရိပ်များ ထွက်ပေါ်လာတော့သည်။
အချို့က တိုက်ခိုက်ရေးသားရဲကြီးများကိုစီးကာ လေထဲတွင် ပျံဝဲနေသည်။ တချို့ကတော့ မြေပြင်ပေါ်တွင် တိုက်ခိုက်ရေးဝင်္ကပါများကို ဖွဲ့စည်းထား၏။
ဤမျိုးနွယ်တွင် ယောင်္ကျားကော မိန်းမများပါ ကိုယ်ခန္ဓာ ထွားကျိုင်းပြီး အရပ်အမောင်းကောင်းကြသည်။
သားရဲတစ်ရာမျိုးနွယ်က ချွမ်ရှန်ဂိုဏ်းမှ တိုက်ပွဲသတင်းကိုကြားကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိသာထင်ရှားလှပေသည်။
စစ်သင်္ဘောကြီး ရပ်သွားပြီးနောက် လုမင်နှင့် အခြားသူများ ထွက်ပေါ်လာကာ သားရဲတစ်ရာမျိုးနွယ်အရှေ့တွင် ရပ်လိုက်သည်။
"ဝုန်း ဝုန်း"
ကြောက်စရာကောင်းသော အလင်းနှစ်ခု ထွက်ပေါ်လာခဲ့၏။ ချွီလော့နှင့် မိုရဲ့ထံမှ ဧကရာဇ်အရှိန်အဝါများက သားရဲတစ်ရာမျိုးနွယ်ကို ပျံ့နှံ့သွားတော့သည်။
ထိုအချိန်တွင် သားရဲတစ်ရာမျိုးနွယ်မှ နောက်ထပ်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထွားကျိုင်းသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက လေထဲတွင် ထွက်ပေါ်လာခဲ့၏။ ၎င်းထံမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာတော့သည်။
၎င်းကလည်း ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။ ္က သားရဲတစ်ရာမျိုးနွယ်၏ ခေါင်းဆောင် လူရိုင်းဧကရာဇ် ဖြစ်သည်။
"ချွီလော့၊ တကယ်ကို မင်းပဲ။ ဒါပေမဲ့ မင်းရဲ့ စားချင်စိတ်က ဒီလောက်ကြီးမယ်လို့ မထင်ထားခဲ့ဘူး။ ပထမ မင်းဟာ ချွမ်ရှန်ဂိုဏ်းကို ဖျက်စီးခဲ့တယ်၊ အခု ငါ့ရဲ့ သားရဲတစ်ရာမျိုးနွယ်ကိုတောင် ရောက်လာပြီ။ ကြည့်ရတာ မင်းက ပျက်စီးခြင်းကောင်းကင်ဧကရာဇ်ရဲ့ လူဖြစ်ပုံရတယ်"
လူရိုင်းဧကရာဇ်က ပြောလိုက်သည်။
ယခင်က ရှဲ့လွမ်ဟာ အခြားအင်အားစုများကို တိုက်ခိုက်ရန် သူ၏တပ်မဟာကို ဦးဆောင်ခဲ့ဖူးသည်။ လူရိုင်းဧကရာဇ်က ၎င်းတို့၏ နောက်ခံသမိုင်းကြောင်းကို သိနေသူဖြစ်ကြောင်း ထင်ရှားလှပေသည်။
"လူရိုင်းဧကရာဇ်၊ မင်းသိပြီးသားဖြစ်မှတော့ လက်နက်ချဖို့ ငါအကြံပေးချင်တယ်။ မဟုတ်ရင် မင်းလည်း ချွမ်ရှန်ဂိုဏ်းလို ဖြစ်သွားလိမ့်မယ်"
ချွီလော့က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဟားဟားဟား၊ ငါ့သားရဲတစ်ရာမျိုးနွယ်က ရှည်လျားတဲ့သမိုင်းကြောင်းရှိပေမဲ့ မတိုက်ခိုက်ဘဲ အညံ့ခံတာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ မင်းက တိုက်ခိုက်ချင်မှတော့ တိုက်ခိုက်ကြတာပေါ့"
လူရိုင်းဧကရာဇ်က လွှမ်းမိုးနိုင်စွမ်းရှိစွာ ရယ်မောလိုက်၏။
သူပြောပြီးသည်နှင့်၊ လူရိုင်းဧကရာဇ်၏ ဦးခေါင်းထက်တွင် အဝါရောင်တုတ်တစ်ချောင်း ပေါ်လာတော့သည်။ ၎င်းက လူရိုင်းဧကရာဇ်၏ ဦးခေါင်းထက်တွင် လျင်မြန်စွာ ကြီးထွားလာပြီး တုန်လှုပ်ချောက်ချားဖွယ် အတက်အကျများအား ထုတ်ဖော်လိုက်သည်။
"ဧကရာဇ်ဝိညာဥ်လက်နက်၊ မင်းမှာလည်း ဧကရာဇ်ဝိညာဥ်လက်နက် ရှိတာလား"
ချွီလော့နှင့် မိုရဲ့တို့ နှစ်ဦးစလုံး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ သူတို့မျက်လုံးများက တုန်လှုပ်မှုတို့ ပြည့်နှက်သွားလေသည်။
လုမင်လည်း ရင်တစ်ချက်ခုန်သွားသည်။
ထိုစဉ်က မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် ဧကရာဇ်ဝိညာဥ်လက်နက် စုစုပေါင်းလေးခု ရှိခဲ့၏။ သူ၊ ရန်ပိုထျန်း၊ ထိုပါ့ရှီနှင့် ရဟန်းဝူလျန်က တစ်ခုစီ ရရှိခဲ့လေသည်။
လုမင်က တစ်ချက်ဝေ့ကြည့်လိုက်သောအခါ အမှန်ပင် သားရဲတစ်ရာမျိုးနွယ်အရှေ့၌ ထိုပါ့ရှီအား မြင်တွေ့လိုက်ရသည်။
ဤသည်က မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် ထိုပါ့ရှီ ရရှိခဲ့သော ဧကရာဇ်လက်နက် ဖြစ်ရပေလိမ့်မည်။
"ငါ့ရဲ့ သားရဲတစ်ရာမျိုးနွယ်က ရှုံးနိမ့်ရင်တောင် မင်းလည်း လွယ်လွယ်အနိုင်ရလိမ့်မယ်လို့ မထင်နဲ့"
လူရိုင်းဧကရာဇ်၏ မျက်လုံးများက ခက်ထန်မှုတို့ ပြည့်သွားသည်။
ချွီလော့နှင့် မိုရဲ့တို့လည်း မျက်နှာအမူအရာများ လေးနက်သွား၏။
လူရိုင်းဧကရာဇ်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသည်။ ၎င်းက ချွီလော့ထက်ပင် အနည်းငယ်ပို၍ အားကောင်းပါသေးသည်။ ဧကရာဇ်ဝိညာဥ်လက်နက်နှင့်အတူ သူ၏ တိုက်ခိုက်နိုင်စွမ်းက ပို၍ အားကောင်းလာခဲ့မည် ဖြစ်သည်။ ဤအခြေအနေမျိုးတွင် သူတို့ နှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်လျှင်ပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။
သာမန်သိုင်းဧကရာဇ်တစ်ပါး၏ အင်အားရှိသော ရန်ခွမ်းစုကို ထည့်တွက်လျင်တော့ ပြောရခက်နိုင်သည်။ သို့သော်လည်း လူရိုင်းဧကရာဇ်က သေသည်အထိ တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူတို့ထဲမှတစ်ယောက်ကို ဆွဲချသွားရန်မှာ မဖြစ်နိုင်တာ မဟုတ်ပေ။
ဤတိုက်ပွဲက အနိုင်ရလျှင်ပင် တန်ကြေးများသည့် အောင်ပွဲတစ်ခု ဖြစ်နိုင်သည်။
သို့သော်လည်း ဤအချိန်မျိုးတွင်တွင် တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပါချေ။
"လူရိုင်းဧကရာဇ်၊ မင်းက အရမ်းခေါင်းမာမှတော့ မင်းရဲ့ သားရဲတစ်ရာမျိုးနွယ်စုကို ငါတို့တိုက်ခိုက်ပြီး ဖျက်ဆီးမယ်"
ချွီလော့က ရှေ့သို့ လှမ်းလိုက်သည်။ သူ့ထံမှ တိုက်ခိုက်ချင်စိတ်များက ပို၍ အားကောင်းလာခဲ့၏။
"ခဏနေဦး"
ထိုအချိန်တွင် လုမင်က ရုတ်တရတ်ပြောလိုက်သည်။
ချွီလော့ မျက်မှောင်ကြုတ်သွားသည်။ သူက လုမင်ကို မကျေနပ်သည့် အရိပ်အယောင်များဖြင့် စိုက်ကြည့်လိုက်၏။ သို့သော်လည်း ရှဲ့လွမ်၏ စကားများကို တွေးမိသောအခါ အံကြိတ်ပြီး ရပ်တန့်သွားတော့သည်။
လုမင်က အရှေ့ကို လှမ်းထွက်လိုက်သည်။
သားရဲတစ်ရာမျိုးနွယ်မှ လူအများ၏အကြည့်က လုမင်အပေါ်ကို ကျရောက်လာခဲ့၏။
သူတို့ တိတ်တဆိတ် အံ့အားသင့်ရသည်။ လုမင်သည် မည်သည့်နေရာမှလာမှန်း မသိရသော်လည်း ဧကရာဇ်တစ်ပါးကိုပင် အမိန့်နာခံရန် စွမ်းနိုင်ခဲ့ပေသည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်တစ်ဦးပင် သူ၏ 'ခဏနေဦး'ဟူသော စကားတစ်ခွန်းကြောင့် ရပ်တန့်ခဲ့ရသည်။
"လုမင်၊ အဲဒါ သူပဲ"
သားရဲတစ်ရာမျိုးနွယ်တွင်၊ ထိုပါ့ရှီက လုမင်ကို မှတ်မိပြီး ရေရွတ်လိုက်သည်။