← Chapters

အခန်း ၁၁၈၁

Vol. 79 Ch. 1181

အခန်း ၁၁၈၁

Vol. 79 Ch. 1181

အပိုင်း ( 1181 ) အလောင်းအစား။

"ဘာ၊ သူက လုမင်လား"

"ဒီတော့ သူက အလယ်တိုက်ကြီးရဲ့ သူတော်စင်မြို့တော်မှာ ထိပ်သီးပါရမီရှင်တွေကို အနိုင်ယူခဲ့တဲ့ လုမင်လား"

သားရဲတစ်ရာ မျိုးနွယ်ဝင်တိုင်း ထိုပါ့ရှီ၏ စကားကြောင့် အံ့အားသင့်သွားသည်။

ထိုအချိန်က သူတော်စင်မြို့တော်မှ ရှေးဟောင်းသူတော်စင်မင်းဆက်၏ အနှစ်တစ်သန်းပြည့် အခမ်းအနားတွင် လုမင်က ဘုရင်ငယ်အဆင့်ပါရမီရှင်များစွာကို ဆက်တိုက် အနိုင်ယူခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ရှမ်းဟွမ်တိုက်ကြီးတွင် နာမည်ကြီးလာပြီး လုံချန်ပြီးပါက ဒုတိ‌ယ ပါရမီရှင်ဟု သတ်မှတ်ခံခဲ့ရလေသည်။

ယခု လုမင်ကို ဤနေရာတွင် ပြန်တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။

ဤအခိုက်အတန့်တွင် ချွီလော့၊ မိုရဲ့နှင့် အခြားသူများအပြင် သားရဲတစ်ရာမျိုးနွယ်ဝင်များလည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ လုမင်က ချွီလော့ကို ဘာကြောင့်တားဆီးလိုက်မှန်း သူတို့အားလုံး နားမလည်နိုင်ပေ။

လုမင်က သားရဲတစ်ရာမျိုးနွယ်ကို တစ်ချက်ကြည့်ကာ လူရိုင်းဧကရာဇ်ကို ကြည့်လိုက်သည်။ သူသည် ကြည်လင်ပြတ်သားသောအသံဖြင့် လှမ်းပြောလိုက်၏။

"သားရဲတစ်ရာမျိုးနွယ်ဆိုတာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့ အင်အားစုကြီးတစ်ခုပါပဲ။ ဒီလိုအင်အားစုကြီး ဖျက်ဆီးခံလိုက်ရရင် စိတ်မကောင်းစရာဖြစ်လိမ့်မယ်။ လူရိုင်းဧကရာဇ်၊ ဒီလိုဆိုမှတော့ ကျုပ်တို့ ဘာဖြစ်လို့ လောင်းကြေးမထပ်ရမှာလဲ"

"လောင်းကြေးလား"

လူများစွာတို့ အံ့သြသွားကြသည်။

လောင်းကြေးလား၊ ဒါက ဘယ်လိုလဲ။

"မင်းက ငါနဲ့ လောင်းချင်တာလား။ ငါတို့က ဘာတွေကို လောင်းမှာလဲ။ ပြီးတော့ ဘယ်လိုလုပ်မှာလဲ"

လူရိုင်းဧကရာဇ်က မေးသည်။

"ကျုပ်တို့နဲ့ သားရဲတစ်ရာမျိုးနွယ်ကြားမှာ လောင်းကြေးထပ်ကြမယ်။ လောင်းကြေးကတော့ ကျုပ်အနိုင်ရရင် သားရဲတစ်ရာမျိုးနွယ်က ခြွင်းချက်မရှိ အညံ့ခဲရမယ်။ ကျုပ်ရှုံးရင်တော့ ကျုပ်လူတွေကိုခေါ်ပြီး ချက်ချင်း ထွက်သွားမယ်။ အခုအချိန်ကကစပြီး သားရဲတစ်ရာမျိုးနွယ်ရဲ့ နယ်မြေကို ဘယ်တော့မှ ခြေမချတော့ဘူး"

လုမင် ပြောလိုက်၏။

သူ့စကားကြောင့် လူတိုင်း အံ့ဩသွားလေသည်။

ဤသည်က သားရဲတစ်ရာမျိုးနွယ်၏ ကံကြမ္မာနှင့်သက်ဆိုင်သော ‌အလောင်းအစားကြီးတစ်ခု ဖြစ်သည်။

"ငါတို့ ဘယ်လိုလောင်းရမှာလဲ"

လူရိုင်းဧကရာဇ်က ထပ်မေးသည်။

"ဒါက ရှင်းပါတယ်။ ထိုပါ့ရှီက အားကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ထိပ်သီး ပါရမီရှင်တစ်ဦးပါပဲ။ ထိုပါ့ရှီနဲ့ ကျွန်တော်ကြားက တိုက်ပွဲကို အလောင်းအစား..."

လုမင် ပြောလိုက်သည်။

"လုမင်၊ ဒီနည်းက မဖြစ်နိုင်ဘူး။ မင်းက ပိုပြီး သန်မာတယ်ဆိုတာ ငါသိပါတယ်။ ငါက မင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး"

လုမင် စကားမဆုံးခင် ထိုပါ့ရှီက ဖြတ်ပြောလိုက်သည်။

"ဟုတ်တယ် လုမင်၊ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေပြီဆိုတာ ငါမြင်နိုင်တယ်။ ထိုပါ့ရှီက မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူး"

လူရိုင်းဧကရာဇ်ကလည်း ပြောလိုက်၏။

ထိုစကားက ထိုပါ့ရှီနှင့် သားရဲတစ်ရာမျိုးနွယ်ဝင်အးလုံးကို အံ့အားသင့်စေခဲ့လေသည်။

အထူးသဖြင့်၊ ထိုပါ့ရှီသည် သူတော်စင်မြို့တော်တွင် ရှိခဲ့စဉ်က လုမင်၏ ကျင့်ကြံခြင်းအခြေခံမှာ အဆင့်သုံး ဝိညာဉ်နတ်ဘုရားသာဖြစ်သေးကြောင်း ကောင်းစွာသိခဲ့သည်။ ထိုအချိန်မှစလျှင် ယခုထိ အချိန်သိပ်မကြာသေးပေ။ သို့ရာတွင်၊ ယခုတော့ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ပင် ရောက်ခဲ့ပြီ ဖြစ်သည်။ ယင်းက ကြောက်စရာကောင်းအောင် ပုံမှန်မဟုတ်လွန်းလှပြီ မဟုတ်လော။

"ကျုပ်စကားကို အရင်ဆုံးအောင်နားထောင်ကြပါဦး။ ကျွန်တော် ပြောလိုတာက ကျွန်တော်ရဲ့ ကျင့်ကြံခြင်းအခြေခံကို ထိုပါ့ရှီနဲ့တူညီအောင် ဖိနှိပ်လိုက်မယ်။ ထိုပါ့ရှီက အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှာ ရှိနေခဲ့တာ မဟုတ်လား။ ကျွန်တော်ရဲ့ နယ်ပယ်ကိုလည်း တူညီတဲ့အဆင့်ကို ဖိနှိပ်မယ်။ နောက်ပြီးတော့ ကျွန်တော်က တစ်ချက်ပဲ သုံးမယ်။ ထိုပါ့ရှီကို တစ်ချက်တည်းနဲ့ အနိုင်ယူမယ်။ တကယ်လို့ ထိုပါ့ရှီကို တစ်ချက်တည်းနဲ့ အနိုင်မယူနိုင်ရင် ကျွန်တော်ရှုံးပြီ"

လုမင် ပြောလိုက်သည်။

သူပြောပြီးသည်နှင့် အားလုံး အံ့အားသင့်သွားခဲ့ကြ၏။

အဆင့်တူတွင် ထိုပါ့ရှီကို တစ်ချက်တည်းဖြင့် အနိုင်ယူရန်၊ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

"ဘာ၊ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ်အထိ ဖိနှိပ်ပြီး တစ်ချက်တည်းနဲ့ ငါ့ကို အနိုင်ယူချင်တာလား"

ထိုပါ့ရှီက ဒေါသမျက်လုံးများနှင့် လုမင်ကို စိုက်ကြည့်လိုက်သည်။

ဤသည်က သူ့ကို လုံးဝ စော်ကားလိုက်ခြင်းပင်။

"ဟုတ်တယ်၊ ထိုပါ့ရှီ... မင်းတိုက်ခိုက်ဝံ့လား"

လုမင် ပြောလိုက်သည်။

"ဘာလို့မဝံ့ရမှာလဲ။ လုမင်... ငါမင်းနဲ့ တိုက်ခိုက်ဖို့အတွက် သဘောတူတယ်။ တူညီတဲ့အဆင့်မှာ ဘယ်သူမှ ငါ့ကို လွယ်လွယ်အနိုင်မကျင့်နိုင်ဘူး"

ထိုပါ့ရှီက ဒေါသတကြီးဖြင့် လုမင်ကိုကြည့်ရင်း ရှေ့သို့လှမ်းလိုက်သည်။

ဟုတ်ပေသည်၊ ထိုပါ့ရှီအနေဖြင့် တူညီသောအဆင့်တွင် သူ့ကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သူ ရှိနေမည်ဟု မယုံပေ။ ယင်းက မဖြစ်နိုင်ပါချေ။

သူတော်စင်မြို့တော်မှာတော့ လုံချန်က သူ့ကို တစ်ချက်တည်းဖြင့် အနိုင်ယူဖူးသည်။ သို့ရာတွင် ထိုစဉ်က လုံချန်၏ ကျင့်ကြံခြင်းအခြေခံမှာ သူ့ထက် ပို၍မြင့်မားခဲ့ပေသည်။ ထိုအချိန်က ထိုပါ့ရှီသည် ဝိညာဥ်နတ်ဘုရားနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း လုံချန်က ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်လေး သို့မဟုတ် ထို့ထက်ပင် ပို၍ပင်အားကောင်းနေနိုင်သည်။

ထို့ပြင် လုမင်၏ တိုက်ခိုက်နိုင်စွမ်းကိုလည်း သူ ကောင်းကောင်းသိသည်။

လုမင်နှင့် မင်ကျစ်တို့တိုက်ပွဲတွင် အတော်လေး ခက်ခဲခဲ့ပေသည်။ ထိုစဉ်က သူဟာ မင်ကျစ်ကို အနိုင်ယူရန် တိုက်ကွက်များစွာ ယှဉ်ပြိုင်ခဲ့ရသည်။

ထိုပါ့ရှီ၏ ခွန်အားက ရန်ပိုထျန်းထက် အားမနည်းပေ။ ရန်ကိုထျန်းက အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးတွင် တတိယအဆင့်ဖြစ်သည်။ သူက မင်ကျစ်ထက် အားနည်းလျှင်ပင် အနည်းငယ်သာ ဖြစ်လိမ့်မည်။

ယခုဆိုလျင် ထိုပါ့ရှီက ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင်၊ မကြာသေးမီက သူသည် ကာကွယ်ရေးဘက်တွင် အားသာသော လျှို့ဝှက်ကျင့်စဉ်တစ်ခုမှာ အောင်မြင်မှုတစ်ခုကို ရရှိခဲ့၏။

နဂိုကတည်းက ထိုပါ့ရှီဟာ ခုခံ‌ရေးဘက်တွင် အားသာမှုရှိခဲ့သည်။ ရန်ပိုထျန်း၏ ဟင်းလင်းပြင်တာအိုပင်လျှင် သူ၏ အကာအကွယ်ကို မဖြတ်ကျော်နိုင်ပေ။ ယခုအချိန်တွင် သူ၏ခံစစ်က ပို၍ အားကောင်းလာသောကြောင့် ယုံကြည်မှုများ ပို၍တိုးပွားဘာခဲ့သည်။ ထို့ကြောင့် ရန်ပိုထျန်းကိုပင် အနိုင်ယူနိုင်မည်ဟု သူထင်ခဲ့ပေသည်။

ထို့ကြောင့်ပင် အဆင့်တူတိုက်ပွဲတွင် လုမင်ကို သူ လုံးဝ မကြောက်ပေ။

ဤအချိန်မျိုးတွင် လုမင်က သူ့ကို တစ်ခိက်တည်းနှင့် အနိုင်ယူနိုသ်သည်ဟု ပြောခဲ့သည်။ ယင်းက သူ့ကို အကြွင်းမဲ့ စော်ကားခြင်းဖြစ်၍ အလွန် ဒေါသထွက်သွားခဲ့လေသည်။

"ဘိုးဘေး၊ ကျွန်တော် သူနဲ့ တိုက်ခ်ုက်ပါရစေ။ ဒါကို အလောင်းအစားလုပ်ရအောင်၊ ကျွန်တော် သေချာပေါက် သူတို့ကို ပြန်ဆုတ်ခိုင်းလိုက်မယ်"

ထိုပါ့ရှီက လူရိုင်းဧကရာဇ်ကို ကြည့်လိုက်သည်။

လူရိုင်းဧကရာဇ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ လုမင်၏ခွန်အားကို သူ လုံးဝ နားမလည်နိုင်ပေ။

သို့ရာတွင် သူကိုယ်တိုင်လည်း ထိုပါ့ရှီနှင့် တူညီသောအတွေး ရှိသည်။

ထိုပါ့ရှီ၏စွမ်းရည်က သားရဲတစ်ရာမျိုးနွယ်၏ သမိုင်းတစ်လျှောက်မှာပင် ထူးကဲလှပေသည်။ သူငယ်စဉ်ကပင် ထိုပါ့ရှီထက် များစွာမသန်မာခဲ့ပေ။ ထို့ကြောင့် လုမင်က ထိုပါ့ရှီကို တူညီသောအဆင့်တွင် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု မယုံပေ။

"ကောင်းပြီလေ၊ ဒီတိုက်ပွဲကို မင်းနဲ့ငါ လောင်းကြေးထပ်ကြမယ်"

ခဏစဉ်းစားပြီးနောက် လူရိုင်းဧကရာဇ်က ပြောလိုက်သည်။

"ကောင်းပြီလေ၊ လူရိုင်းဧကရာဇ်... သွေးသစ္စာကျိန်ဆိုကြရအောင်။ နောက်ဆုံးမှာတော့ ဒီကိစ္စက အင်မတန် အရေးကြီးတယ်။ တစ်ဖက်ဖက်က သူတို့စကားကို ပြန်ရုတ်သိမ်းမယ်ဆိုရင် မကောင်းဘူး"

လူရိုင်းဧကရာဇ်က ပြောလိုက်သည်။

"ဒါပေမဲ့ မင်းက ဆုံးဖြတ်ချက်ချနိုင်မလားဆိုတာ ငါသိချင်မိတယ်။ တကယ်လို့ မင်းသဘောတူပေမဲ့ သူတို့က စကားကို ပြန်ရုတ်သိမ်းရင် မင်းဘယ်လိုလုပ်မလဲ"

လူရိုင်းဧကရာဇ်က ချွီလော့နှင့် မိုရဲ့ကို ကြည့်လိုက်သည်။

"ကျွန်တော်က စစ်ဦးစီးချုပ်ပဲလေ။ ကျွန်တော်မှာ ဆုံးဖြတ်ချက်ချပိုင်ခွင့် အပြည့်ရှိပါတယ်"

လုမင် ပြောလိုက်၏။

သူ၏စကားများက လူရိုင်းဧကရာဇ်နှင့် အခြားသူများကို ထပ်မံ အံ့အားသင့်သွားစေခဲ့သည်။

လုမင်က သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်နှစ်ဦးပါသော တပ်မဟာကြီးတစ်ခု၏ စစ်ဦးစီးချုပ်ဖြစ်နေခြင်းမှာ ယုံကြည်ရခက်ပေသည်။

'စစ်ဦးစီးချုပ်၊ သုံးခါလောက် ပြန်ပြီး စဉ်းစားကြည့်ပါဦး'

ချွီလော့၊ မိုရဲ့နှင့် အခြားသူများလည်း လုမင်ကို အသံလွှင့်ကာ ပြောလိုက်သည်။

သူတို့လည်း ထိုပါ့ရှီ၏အမည်ကို ကြားဖူးကြပေသည်။ လုမင်က ထိုပါ့ရှီကို တစ်ချက်တည်းဖြင့် အနိုင်ယူမည်ဟု ဆိုနေခြင်းမှာ ယုံရခက်လှသည်။

"ထပ်ပြောစရာ မလိုပါဘူး။ ကျုပ်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်"

လုမင်က သူ့လက်ကိုဝှေ့ယမ်းကာ ချွီလော့နှင့် အခြားလူများကို တားမြစ်လိုက်သည်။

ယင်းကိုမြင်တော့ လူရိုင်းဧကရာဇ်လည်း စိတ်သက်သာရာရကာ လုမင်နှင့် သွေးသစ္စာကျိန်ဆိုခဲ့လေသည်။

လုမင်ရှုံးလျှင် သူ၏တပ်မဟာက ဆုတ်ခွာသွားကြမည် ဖြစ်သည်။ အကယ်၍ လုမင် အနိုင်ရခဲ့လျှင်တော့ သားရဲတစ်ရာမျိုးနွယ်က ခြွင်းချက်မရှိ အညံ့ခံလိမ့်မည်။

"ဘိုးဘေး၊ လုမင် တကယ်အနိုင်ရရင် ကျုပ်တို့ ဘယ်လိုလုပ်မလဲ"

သားရဲတစ်ရာမျိုးနွယ်မှ အဓိပဓိက စိုးရိမ်တကြီးဖြင့် လူရိုင်းဧကရာဇ်ကို အသံလွှင့်၍ မေးလိုက်သည်။

"ဒီကိစ္စကို ငါ သေချာ စဉ်းစားပြီးပါပြီ။ အခု ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေပြီး အဓိက အင်အားစုတွေလည်း အချင်းချင်း စစ်တိုက်နေကြပြီ။ ဒီကာလမျိုးမှာ ဘယ်အင်အားစုမှ ရုန်းမထွက်နိုင်ဘဲ ငြိစွန်းကြလိမ့်မယ်။ စစ်ပွဲက အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာမှာပဲလေ။ ဒါကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ငါတို့မျိုးနွယ်တွေ ပျက်သုဉ်းသွားလိမ့်မယ်"

"တကယ်လို့ လုမင်က ထိုပါ့ရှီကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ရင်တော့ ဒါဟာ သူ့မှာ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အရည်အချင်းရှိကြောင်း သက်သေပြလိုက်တာပဲ။ သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ ဖြစ်လိမ့်မယ်။ သူသာ မသေရင် အနာဂတ်မှာ ရှမ်းဟွမ်တိုက်ကြီးကိုတောင် လွှမ်းမိုးနိုင်ချေရှိတယ်လေ။ ဒီလိုဆိုရင် သူ့ကို အညံ့ခံတာက ငါတို့အတွက် မကောင်းတဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ပါဘူး"

လူရိုင်းဧကရာဇ်က သူ့အတွေးများကို တိတ်တဆိတ် အသံလွှင့်ပြီး ပြောလိုက်သည်။

လူရိုင်းဧကရာဇ်အနေဖြင့် သူဟာ နှစ်ပေါင်းများစွာ ရှင်သန်နေခဲ့သည်။ ထိုအတွက် သူဟာ လုမင်နှင့် အလောင်းအစားကို ပေါ့ပေါ့တန်တန်လုပ်မည် မဟုတ်ပေ။ သဘာဝအရ သူဟာ အသေအချာ စဉ်းစားထားခဲ့သည်။

တကယ်တော့ လုမင်သည်လည်း ဤအချက်ကို ထည့်သွင်းစဉ်းစားထားခဲ့၏။ သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံက အားနည်းနေသေးသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့် လူထုကို ဖိအားမပေးနိုင်သောကြောင့် သူ့အားသာချက်ကို ပြရမည် ဖြစ်သည်။

သူ့အားသာချက်က သူ့အရည်အချင်းနှင့် သူ့အသက်ပင်။ သူသည် ငယ်ရွယ်လွန်းသေးပြီး ကျင့်ကြံခြင်း၏ ရွှေရောင်ခေတ်တွင် ရှိနေဆဲဖြစ်သည်။ သူ၏ အနာဂတ်က အကန့်အသတ်မရှိပေ။

အံ့ဖွယ်ကောင်းသည့် သူ့စွမ်းရည်များကို ထုတ်ပြပါမှ ဤပုဂ္ဂိုလ်ကြီးများအား ထိတ်လန့်ကာ အညံ့ခံလိုစိတ် ရှိလာစေနိုင်မှာ ဖြစ်သည်။

ရှဲ့လွမ်သည်လည်း ဤအချက်ကြောင့်ပင် သူနှင့် မဟာမိတ်ဖွဲ့ရန် အဆိုပြုခဲ့ခြင်းပင်။

"လုမင်၊ တိုက်ခိုက်ကြရအောင်"

ထိုပါ့ရှီက အရှေ့သို့ ထွက်လာခဲ့သည်။ သူ့လက်ထဲတွင် တင်းပုတ်ကြီးတစ်ခု ပေါ်လာခဲ့၏။ လုမင်ကို စိုက်ကြည့်ရင်း သူ၏အရှိန်အဝါများက ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်လို မြင့်တက်လာတော့သည်။

All Chapters