← Chapters

အခန်း ၁၁၈၆

Vol. 80 Ch. 1186

အခန်း ၁၁၈၆

Vol. 80 Ch. 1186

အပိုင်း ( 1186 ) ရှန်းရွှီတိုက်ကြီးမှ ဧည့်သည်များ။

"ရှန်းရွှီတိုက်ကြီးက ရှမ်းဟွမ်တိုက်ကြီးထက် အများကြီး ပိုအားကောင်းတဲ့ တိုက်ကြီးတစ်ခုပါပဲ။ အဲဒီမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဒီနေ့မှ သူတို့တွေ ဘာဖြစ်လို့ ရောက်လာတာလဲ မသိဘူး၊ လုမင်... မင်းသွားကြည့်ချင်လား"

ရှဲ့လွမ်က လုမင်ကိုကြည့်ကာ မေးလိုက်သည်။

"ကောင်းတယ်၊ သွားကြည့်တာပေါ့"

လုမင် ခေါင်းညိတ်လိုက်၏။ ရှန်းရွှီတိုက်ကြီး၏ တန်ခိုးရှင်က ရှမ်းဟွမ်တိုက်ကြီးကို ရုတ်တရက် ဆင်းသက်လာသည့် အကြောင်းအရင်းအား အမှန်တကယ် သူသိချင်မိသည်။

"မင်းတို့နှစ်ယောက် ဒီမှာပဲနေပါ၊ လုမင်နဲ့ငါ သွားကြည့်လိုက်မယ်"

ရှဲ့လွမ်က ချွီလော့နှင့် လူရိုင်းဧကရာဇ်ကို ပြောလိုက်သည်။ နှစ်ယောက်စလုံး မငြင်းခဲ့ကြပေ။

"ရှောင်ချင်း၊ အစ်ကိုရန်... ကျွန်တော်ကို ဒီမှာစောင့်နေပါ။ ဆရာကြီးရှဲ့နဲ့ မကြာခင် ပြန်လာခဲ့မယ်"

လုမင်ကလည်း ရှဲ့နျန်ချင်းနှင့် ရန်ခွမ်းစုကို ပြောလိုက်လေသည်။

"လုမင်၊ နင်သတိထားရမယ်နော်"

ရှဲ့နျန်ချင်းက စိုးရိမ်ဟန်ဖြင့် သတိပေးလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။

"သွားကြစို့ရဲ့"

ရှဲ့လွမ် ပြောလိုက်သည်။ နတ်ဆိုးအလင်းများက လုမင်ကိုလွှမ်းခြုံသွားပြီး နှစ်ယောက်စလုံး ကွယ်ပျောက်သွား၏။ သူတို့နှစ်ဦးက လေထဲမှပျံသန်းကာ ရှန်းရွှီတိုက်ကြီး၏ စစ်သင်္ဘောအနောက်ကို လိုက်သွားကြတော့သည်။

ရှန်းရွှီတိုက်ကြီး၏ စစ်သင်္ဘောက အလွန်လျင်မြန်သော အရှိန်ဖြင့် တောင်ဘက်ကို ဆက်လက် ပျံသန်းသွားခဲ့သည်။ များမကြာမီ၊ မြောက်ပိုင်းလွင်ပြင်မှ ပျံထွက်လာပြီး အလယ်ပိုင်းတိုက်ကြီးသို့ ရောက်ရှိခဲ့၏။

"ရှန်းရွှီတိုက်ကြီးရဲ့ လူတွေက တော်ဝင်ရှဲ့မိသားစုနဲ့ ကောင်းကင်နတ်ဘုရားတပ်မဟာ တိုက်ခိုက်နေတဲ့နေရာကို ပျံသန်းနေပုံရတယ်"

ရှဲ့လွမ်က ခပ်တိုးတိုး ပြောလိုက်သည်။

"သူတို့က အင်အားစုနှစ်ခုမှာ တစ်ဖက်ဖက်ကနေ ဖိတ်ခေါ်ထားတဲ့ အထောက်အပံ့တွေများလား"

လုမင်၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွား၏။ ဤသို့ဆိုလျှင် ရှမ်းဟွမ်တိုက်ကြီး၏ အခြေအနေက သိသိသာသာ ပြောင်းလဲသွားလိမ့်မည်။

စစ်သင်္ဘောသည် လေထုကိုဖြတ်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် အလယ်ပိုင်းတိုက်ကြီးသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။

"ရှေ့မှာ တိုက်ပွဲဖြစ်နေတယ်"

ရှဲ့လွမ်က အဝေးသို့လှမ်းကြည့်ရင်း ပြောလိုက်၏။

လုမင်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ခံစားရကာ အမူအရာ လေးနက်သွားခဲ့သည်။ လုမင်က အသေအချာခံစားသောအခါ ဟင်းလင်းပြင် အပြောင်းအလဲတချို့အား အနည်းငယ် ခံစားရ၏။

တိုက်ပွဲဖြစ်ပွားရာနေရာက အလွန်ဝေးကွာသေးသော်လည်း သူ ခံစားနေရသည်။ ထိုနေရာတွင် အလွန်အစွမ်းထက်သူများ တိုက်ခိုက်နေခြင်း ဖြစ်လိမ့်မည်။

ရှန်းရွှီတိုက်ကြီး၏ စစ်သင်္ဘောက ဤနေရာတွင် ရုတ်တရက် ရပ်သွားသည်။ စစ်သင်္ဘောဦးတွင် ရပ်နေသော အနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသားက တစ်ချက်လှမ်းကြည့်ပြီးနောက် တောင်ဘက်ပိုင်းကို ပျံသန်းသွား၏။

"လိုက်ကြရအောင်"

ရှဲ့လွမ်နှင့် လုမင်လည်း စစ်သင်္ဘောကို လှည့်ပတ်ကာ တောင်ဘက်သို့ ဦးတည်လိုက်ပါသွားတော့သည်။

"ဝုန်း ဝုန်း"

မကြာမီ၊ အဝေးမှ ကောင်းကင်ယံ၌ ကြောက်စရာကောင်းသော အတက်အကျများကို ခံစားလိုက်ရသည်။ သူတို့က အလှမ်းဝေးနေသေးသော်လည်း တိုက်ခိုက်နေသော ပုံရိပ်နှစ်ခုကို လုမင် မြင်တွေ့ရ၏။

၎င်းတို့၏ အရှိန်အဝါက သာမန် ဧကရာဇ်များထက် များစွာပို၍ အားကောင်းသည်။

"သန်မာလွန်းတယ်"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ တိုက်ခိုက်နေသော ထိုလူနှစ်ဦးတွင် ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားများ ရှိ၏။ ၎င်းတို့က လူရိုင်းဧကရာဇ်နှင့် ချွှီလော့တို့၏ အထက်တွင်ရှိကြသည်။ သူတို့ကြားမှ တိုက်ပွဲက ရှဲ့လွမ်နှင့် တိရီကြားမှ တိုက်ပွဲကဲ့သို့ ကြောက်စရာမဟုတ်သော်လည်း သိပ်ပြီးမဝေးလှပေ။ ၎င်းတို့က ရှဲ့လွမ်၊ တိရီတို့နှင့် အဆင့်တူတွင် ရှိသင့်သည်။

တိုက်ပွဲအောက်ဘက်တွင် ရေကန်ကြီးတစ်ကန် ရှိသည်။ ရေကန် တစ်ဖက်တစ်ချက်စီမှာတော့ ကျွမ်းကျင်သူ အများကြီးရှိ၏။

ရှန်းရွှီတိုက်ကြီးမှ အနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသားက မနီးမဝေးတွင် ပေါ်လာသည်။ သို့သော်၊ သူက သူ့ရှေ့မှတိုက်ပွဲကို ကြည့်ရုံသာကြည့်ပြီး မပါဝင်ခဲ့ပေ။

"ရှဲ့ရှန့်၊ မင်းက အိုမင်းနေပြီနော်။ မင်း ငါ့ကို မယှဉ်နိုင်ဘူး"

တိုက်ပွဲအလယ်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လုမင်၏ အမူအရာက ပြောင်းသွားသည်။ ယခင် သူတော်စင်ဧကရာဇ်ကို ရှဲ့ရှန့်ဟုခေါ်ကြောင်း ရှဲ့နျန်ချင်းထံမှ သူကြားဖူး၏။ ၎င်းက လက်ရှိ သူတော်စင်ဧကရာဇ် ရှဲ့ချီထျန်း၏ အဖိုး ဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်း ခြောက်ထောင်ခန့်က သူတော်စင်ဧကရာဇ်ရာထူးမှ နုတ်ထွက်ခဲ့ကာ တိတ်တဆိတ် လေ့ကျင့်ခဲ့ပေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ရှဲ့ရှန့် ကွယ်လွန်သွားပြီဟု ပြင်ပကမ္ဘာမှ ထင်မြင်ခဲ့ကြသည်။ ရှဲ့ရှန့် အသက်ရှင်နေသေးသည်ဟု ပြောဆိုသူတချို့လည်း ရှိ၏။ သို့သော်လည်း ထိုသတင်းများကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ယခုတော့၊ ရှဲ့ရှန့်သည် အမှန်တကယ် အသက်ရှင်နေသေးကြောင်း သက်သေပြခဲ့ပြီ ဖြစ်သည်။

"နောက်တစ်ဖက်က ပိုင်ကျန်းဧကရာဇ်ပဲ"

အဝေးကို လှမ်းကြည့်ရင်း လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ရှဲ့ရှန့်နှင့် တိုက်ခိုက်နေသူက ကောင်းကင်နတ်ဘုရားတပ်မဟာ၏ ထိပ်သီးတန်ခိုးရှင် ပိုင်ကျန်းဧကရာဇ် ဖြစ်ချေသည်။

၎င်းတို့နှစ်ဦးစလုံးက သက်ဆိုင်ရာ အင်အားစုများမှ ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများကလည်း အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိနေကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတော့သည်။

"ငါက မင်းရဲ့ပြိုင်ဘက် ဟုတ်မဟုတ်က ပွဲမပြီးသေးခင် ဘယ်သူမှ မပြောနိုင်ဘူးကွ။ ပိုင်ကျန်း၊ မင်းကို ကောင်းကင်ဘုရင်တံဆိပ်ပြားကို ပြန်လွှဲပေးဖို့ ငါအကြံပေးတယ်။ အဲဒါက တော်ဝင်ရှဲ့မိသားစုရဲ့ အမွေအနှစ်ပဲ။ မင်းယူသွားနိုင်တဲ့ အရာမဟုတ်ဘူး"

ရှဲ့ရှန့်က ပြောလိုက်သည်။ သူ့လေသံက အိုမင်းပုံရသော်လည်း မိုးကြိုးထစ်ချုန်းသကဲ့သို့ အရှိန်အဝါကြီးမားသည်။ မိုးနှင့်မြေကြားတွင် တအုန်းအုန်းမြည်အောင် ရိုက်ခတ်သွား၏။ ထိုစကားသံက မည်သည့်အတိုင်းအတာအထိ ပျံ့နှံ့သွားမလဲ မည်သူမျှ မသိခဲ့ကြပေ။

"ရှဲ့ရှန့်၊ မင်းက အသက်လည်းကြီးနေပြီကွာ။ ကောင်းကင်ဘုရင်တံဆိပ်ပြား မစဉ်းစားသင့်တော့ဘူး"

ပိုင်ကျန်းဧကရာဇ်က လှောင်ပြောင်လိုက်၏။ နှစ်ယောက်ကြားမှ တိုက်ပွဲက ပို၍ ပြင်းထန်လာတော့သည်။

'ကောင်းကင်ဘုရင်တံဆိပ်' ဟူသော စကားကိုကြားသောအခါ အဝေးမှ လူလတ်ပိုင်းအမျိုးသားက မျက်ခုံးပင့်လိုက်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။

"ရှမ်းဟွမ်တိုက်ကြီးလို နေရာမျိုးမှာ ကောင်းကင်ဘုရင် တံဆိပ် ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီကိုလာရတဲ့ ငါ့ရဲ့ခရီးစဉ်က အလကား ဖြစ်ပုံမရဘူး"

ပြောဆိုပြီးနောက် လူလတ်ပိုင်းအမျိုးသားက အင်္ကျီလက်ကိုခါယမ်းကာ တိုက်ပွဲဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။

"အဲဲဒါ ဘယ်သူလဲ"

"ဘယ်သူလဲ"

ရှဲ့ရှန့်နှင့် နတ်ဆိုးဧကရာဇ်လည်း တစ်ယောက်‌ယောက် ချဉ်းကပ်လာတာကို သတိပြုမိသွား၏။ နှစ်ယောက်စလုံးက အော်ဟစ်ပြီး လူချင်းခွဲကာ လူလတ်ပိုင်းအမျိုးသားကို စိုက်ကြည့်လိုက်ကြသည်။

သူတို့အနားသို့ အလွန်နီးကပ်လာမှ လူလတ်ပိုင်းအရွယ် အမျိုးသားကို သတိပြုမိခြင်းဖြစ်ရာ အလွန်တုန်လှုပ်သွားမိ၏။

သူတို့က ဝိညာဉ်အသိကို ထုတ်ဖော်သော်လည်း လူလတ်ပိုင်း အမျိုးသားအား လုံးဝ မမြင်နိုင်တာကို သိလိုက်ရသည်။ ထိုအခါ သူတို့နှစ်ယောက်စလုံး ပို၍ပင် အံ့သြသွားတော့သည်။

"ဟမ်"

ယင်းကိုမြင်တော့ လုမင်ကော ရှဲ့လွမ်ပါ အနည်းငယ် အံ့သြသွားကြသည်။ ရှန်းရွှီတိုက်ကြီးမှ ဤကျွမ်းကျင်သူက တော်ဝင်ရှဲ့မိသားစု သို့မဟုတ် ကောင်းကင်နတ်ဘုရားတပ်မဟာ၏ အကူအညီဟုတ်ပုံမရပေ။ မဟုတ်ပါ ရှဲ့ရှန့်နှင့် ပိုင်ကျန်းဧကရာဇ်က ထိုမျှအံ့‌ဩနေမည်မဟုတ်ချေ။

"မင်းဆီမှာ ကောင်းကင်ဘုရင်တံဆိပ် ရှိတာလား"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပိုင်ကျန်းဧကရာဇ်ကို စိုက်ကြည့်လိုက်သည်။

"မင်းဘယ်သူလဲ"

ပိုင်ကျန်းဧကရာဇ်က မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်၏။

"ငါ့ကို ပြန်မမေးနဲ့။ ငါမင်းကိုထပ်မေးမယ်၊ မင်းမှာ ကောင်းကင်ဘုရင်တံဆိပ်ပြားရှိတာလား"

အနက်ရောင်ဝတ် လူလတ်ပိုင်း၏ အသံက အေးစက်သွားခဲ့သည်။ သူ့လေသံတွင် စိတ်မရှည်ခြင်း အရိပ်အမြွက်တို့ ပါဝင်လာပြီး အာဏာသံပါပါ ပြောလိုက်၏။

ယင်းကိုကြားတော့ ပိုင်ကျန်းဧကရာဇ်၏ မျက်နှာက မည်းမှောင်သွားသည်။

ရှမ်းဟွမ်တိုက်ကြီးတွင် မည်သူမျှ သူ့ကို ဤသို့သောလေသံဖြင့် မပြောဝံ့ကြပေ။

"ငါ့မှာ ကောင်းကင်ဘုရင် တံဆိပ်ပြားရှိတာ မှန်တယ်။ အဲဒါ ဘာဖြစ်လို့လဲ"

ပိုင်ကျန်းဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"အိုး၊ မင်းမှာရှိတာ ကောင်းပါတယ်။ အခုငါ့ကို လွှဲပေးလိုက်... ကောင်းကင်ဘုရင်တံဆိပ်ပြားကို ပေးပါ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်၏။

"ဟားဟားဟား"

ပိုင်ကျန်းဧကရာဇ်က ဟားတိုက်ရယ်မောကာ ပြောလိုက်သည်။

"မင်းက အရမ်းရယ်စရာကောင်းတာပဲ။ ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့လူက တံဆိပ်ပြားကိုလွှဲပေးဖို့ တောင်းဆိုနေတယ်။ မင်းမှာ စကားသံမြင့်‌သလောက် စွမ်းရည်ရှိပါ့မလား"

ပိုင်ကျန်းဧကရာဇ်၏ မျက်လုံးများက အေးစက်စက်အလင်းတို့ လင်းလက်သွားခဲ့သည်။

"ဒီတော့ မင်းက မအပ်ဘူးပေါ့။ ဒါဆိုရင် ငါကိုယ်တိုင်ယူမယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက စကားဆုံးသည်နှင့် တပြိုင်နက် ရှေ့သို့ တိုးလိုက်သည်။

"ဝုန်း"

သူခြေလှမ်းလိုက်သည်နှင့် မိုးနှင့်မြေက ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့၏။

သူ့အောက်ဘက်မှ ရေကန်ကလည်း ကြီးမားသော လှိုင်းလုံးများ မြင့်တက်လာတော့သည်။

"ဖိနှိပ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုကရာ လေထဲတွင် အကန့်အသတ်မဲ့စွမ်းအင်များ စုစည်းလာခဲ့၏။ ၎င်းက မိုးထိအောင်မြင့်မားသော ရှေးသစ်ပင်ကြီးအဖြစ် ဖွဲ့စည်းကာ ပိုင်ကျန်းဧကရာဇ်ကို ဖိနှိပ်လာတော့သည်။

ဤတိုက်ခိုက်မှုကို မြင်ရပြီးနောက် ပိုင်ကျန်းဧကရာဇ်၏ အမူအရာက ပြောင်းလဲကာ အလွန်လေးနက်သွားခဲ့သည်။

"စစ်နတ်ဘုရားလက်သီးတစ်ရာ"

ပိုင်ကျန်းဧကရာဇ်က လက်သီးချက်တစ်ရာကို ခဏချင်း ထုတ်ဖော်လိုက်သည်။ လက်သီးချက်တိုင်းတွင် တောင်နှင့်မြစ်ကို ဖျက်ဆီးနိုင်သည့် ကြီးမားသော စွမ်းအားများ ပါရှိ၏။

လက်သီးအင်အားတစ်ရာက ကြီးမားသော လက်သီးကြီးတစ်လုံးအဖြစ် လေထဲတွင် ပေါင်းစုသွားကာ စွမ်းအားအဆတစ်ရာ တိုးပွားလာတော့သည်။

"ဝုန်း"

လက်သီးကြီးက ရှေးဟောင်းသစ်ပင်ကြီးပေါ်ကို ကျရောက်သောအခါ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

"ဖိနှိပ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက တူညီသော စကားတစ်ခွန်းကိုသာ ထပ်ပြောသည်။ သူ့လက်ဝါးကို ဖိချဟန်ပြုလိုက်သောအခါ ရှေးဟောင်းသစ်ပင်ကြီးက အကိုင်းအခတ်များပြန့်ကားပြီး အစိမ်းရောင်အလင်းများ ဖြာထွက်လာခဲ့သည်။

"ဝုန်း"

ပိုင်ကျန်းဧကရာဇ်၏ လက်သီးအင်အားက တခဏချင်း ပြိုကျသွား၏။ ရှေးဟောင်းသစ်ပင်ကြီးမူကား ပိုင်ကျန်းဧကရာဇ်ကို ဆက်လက် ဖိနှိပ်လာတော့သည်။

All Chapters