အခန်း ၁၁၈၇
Vol. 80 Ch. 1187
အပိုင်း ( ၁၁၈၇ ) ယွမ်လုတိုက်ကြီးမှ အင်အားစု၊ ကောင်းကင်နတ်ဘုရားဂိုဏ်း။
ပိုင်ကျန်းဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားကာ အသည်းအသန် ခုခံရန် ကြိုးစားလိုက်သည်။ သို့သော်၊ အသုံးမဝင်ပေ။ ရှေးဦးသစ်ပင်ကြီးအောက်တွင် တိုက်ခိုက်မှုအားလုံး ပျက်ဆီးခဲ့ရသည်။ နောက်ဆုံးတွင်၊ ရှေးသစ်ပင်က ပိုင်ကျန်းဧကရာဇ်ကို ပြင်းပြင်းထန်ထန် ဖိချလိုက်သည်။
"ဝုန်း"
ပိုင်ကျန်းဧကရာဇ်၏ ခန္ဓာကိုယ်က ရေကန်ထဲကို ပြုတ်ကျသွားခဲ့သည်။ ခဏချင်းပင်၊ ပိုင်ကျန်းဧကရာဇ် ပြုတ်ကျသွားသည့်နေရာကို ဗဟိုပြုပြီး လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့၏။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ရေကန်အတွင်းရှိ ရေများက အငွေ့အဖြစ်သို့ ပြောင်းလဲကာ ခမ်းခြောက်သွားတော့သည်။
ပိုင်ကျန်းဧကရာဇ်က ရေကန်အလယ်တွင် ရှိနေသော်လည်း ရေတစ်စက်မျှ မရှိတော့ပေ။ ရေကန်အလယ်တွင် လဲကျနေသော ပိုင်ကျန်းဧကရာဇ်ကိုကြည့်ကာ အားလုံး တုန်လှုပ်သွားကြသည်။
တော်ဝင်ရှဲ့မိသားစုနှင့် ကောင်းကင်နတ်ဘုရားတပ်မှ လူအားလုံးလည်း ထိတ်လန့်ကာ မျက်လုံးပြူးသွားကြ၏။
ပိုင်ကျန်းဧကရာဇ်မှာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဒဏ်ရာရကာ ရှုံးနိမ့်သွားရသည်။
ယင်းက မည်သို့ ဖြစ်နိုင်ပါသနည်း။
ပိုင်ကျန်းဧကရာဇ် ဆိုသည်မှာ ရှမ်းဟွမ်တိုက်ကြီးရှိ အစွမ်းထက်ဆုံး ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ကောင်းကင်နတ်ဘုရားတပ်၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ တစ်ဦးချင်းတိုက်ပွဲ၌ သူသည် ဘယ်သောအခါမျှ မရှုံးနိမ့်ခဲ့ပေ။
ထို့ကြောင့်ပင် ပိုင်ကျန်း(တိုက်ပွဲတစ်ရာ)ဧကရာဇ်ဟူသော ဘွဲ့အမည်ကို ရရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုမူကား မယုံနိုင်စရာကောင်းအောင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ပြီ။
ရှဲ့ရှန့်လည်း ထိတ်လန့်သွားခဲ့သည်။ ပိုင်ကျန်းဧကရာဇ်သည် သူ့ထက် အားမနည်းသော်လည်း ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရ၏။ ယင်းက ရှဲ့ရှန့်ကို အေးခဲသွားစေခဲ့သည်။
"အရမ်းသန်မာတယ်"
အဝေးမှ လှမ်းကြည့်ရင်း လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ လူလတ်ပိုင်းအရွယ် ဤအမျိုးသားက အမှန်တကယ်ပင် သိုင်းအုပ်ချုပ်သူ အဆင့်သုံး ဖြစ်၏။
"မင်းက ကိုယ့်ကိုကိုယ် ပိုတွက်နေတာပဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ပိုင်ကျန်းဧကရာဇ်ကို ငုံ့ကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"အခု မင်း အဲဒါကို လွှဲပေးမှာလား၊ မပေးဘူးလား။ မင်း မပေးဘူးဆိုရင် ငါကိုယ်တိုင်ယူမယ်"
သူ့အသံက သတ်ဖြတ်ချင်စိတ် အရိပ်အမြွက်တို့ ပြည့်နှက်ခဲ့ပေသည်။
သူ့အဓိပ္ပါယ်က ရှင်းသည်။ ပိုင်ကျန်းဧကရာဇ်သာ မလွှဲပေးပါက သူ့ကိုသတ်ပြီး ကိုယ်တိုင် ယူဆောင်သွားလိမ့်မည်။
ပိုင်ကျန်းဧကရာဇ်လည်း လက်မလျှော့ချင်ဟန်ဖြင့် မျက်နှာ သုန်မှုန်သွားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ အကြွင်းမဲ့အင်အားရှိသည့် ပြိုင်ဘက်မျိုးဖြင့် ရင်ဆိုင်ရသောအခါ ဘာမျှ မတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်ရင်း တံဆိပ်ပြားတစ်ခုအား ထုတ်ယူကာ လူလတ်ပိုင်းအရွယ် အမျိုးသားကို ပစ်ပေးလိုက်ရသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက တံဆိပ်ပြားကို ဖမ်းယူကာ သေချာကြည့်လိုက်၏။
"ဒါက တကယ်ကို ကောင်းကင်ဘုရင်တံဆိပ်ပြားပဲ"
လူလတ်ပိုင်း အမျိုးသား၏ မျက်နှာက ကျေနပ်မှုတို့ ပြည့်သွားသည်။
ရှန်းရွီတိုက်ကြီးသည် ရှမ်းဟွမ်တိုက်ကြီးထက် များစွာ အားကောင်းသော်လည်း ယွမ်လုတိုက်ကြီးနှင့် နှိုင်းယှဉ်လျှင်တော့ ဖုန်မှုန့်အဖြစ် ရှိနေပါသေးသည်။ ယွမ်လုတိုက်ကြီး၏ အဓိကအင်အားစုများနှင့် ပူးပေါင်းနိုင်ရန်က အလွန်ခက်ခဲသည်။ ကောင်းကင်ဘုရင် တံဆိပ်ပြားက သူ့အတွက်တော့ အမြင့်မြတ်ဆုံး ရတနာတစ်ခု ဖြစ်ခဲ့ပေသည်။
"အရှင်၊ ခင်ဗျားက ရှန်းရွှီတိုက်ကြီးကလူ မဟုတ်လား"
ရှန့်ရှန့်က အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားကို လက်မခံလိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ယခုအခါ၊ ကောင်းကင်ဘုရင်တံဆိပ်ပြားက အနက်ရောင်ဝတ် လူလတ်ပိုင်း၏လက်သို့ ကျရောက်သွားသဖြင့် တော်ဝင်မိသားစုတွင် အခွင့်အရေးမရှိတော့ပေ။
တော်ဝင်ရှဲ့မိသားစုနှင့် ကောင်းကင်နတ်ဘုရားတပ် နှစ်ဖက်စလုံး ထိုစကားကိုကြားရသောအခါ လွန်စွာ တုန်လှုပ်သွားကြသည်။
အကယ်၍၊ ထိုသူသည် ရှမ်းဟွမ်တိုက်ကြီးမှ မဟုတ်ပါ၊ နိုင်ငံရပ်ခြား တိုင်းတပါးမှ ဖြစ်နေပါသလော။
"ဟုတ်တယ်၊ ငါက ရှန်းရွှီတိုက်ကြီးရဲ့ တောင်ပိုင်းနတ်နန်းတော်ကပဲ။ မင်းက အသက်ကြီးနေပြီပဲ၊ မင်း ကြားဖူးမှာပေါ့"
အနက်ရောင်ဝတ် အမျိုးသားသည် ကောင်းကင်ဘုရင်တံဆိပ်ပြားကို ရရှိခဲ့၍ ခံစားချက်ကောင်းမွန်ကာ အေးအေးလူလူ ရှင်းပြလိုက်သည်။
"ဘာ၊ ခင်ဗျားက တကယ်ပဲ ရှန်းရွှီတိုက်ကြီးကလား"
ရှဲ့ရှန့် အလွန် အံ့ဩသွားပုံရ၏။ သူ့အမူအရာက ပြောင်းသွားပြီးနောက် အလွန်တရာ ရိုကျိုးသွားလေသည်။ သူက လက်ယှက်ပြီး အနက်ရောင်ဝတ် လူလတ်ပိုင်းကို ပြောလိုက်သည်။
"ဒီက ရှန်းရွှီတိုက်ကြီးရဲ့ ကျွမ်းကျင်သူပဲ။ ကျုပ် ထွက်လာပြီးတော့ မကြိုဆိုမိတာ ခွင့်လွှတ်ပါဗျာ"
နေရာမှ အခြားသူများလည်း ရှဲ့ရှန့်ကဲ့သို့ တူညီသော အမူအရာများ ရှိခဲ့ကြလေသည်။ တုန်လှုပ်ခြင်းအပြင် လေးစားမှု အရိပ်အမြွက်တို့လည်း ဖြစ်ပေါ်လာခဲ့သည်။
ပိုင်ကျန်းဧကရာဇ်လည်း ထိုစကားကိုကြားသောအခါ သူ့မျက်လုံးများမှ လက်မခံချင်စိတ်များ ပျောက်ကွယ်သွားသည်။ ထိုအစား အကူအညီမဲ့မှုများနှင့် ပြည့်နှက်သွားတော့သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်မှ လူများကတော့ တုန်လှုပ်ချောက်ချားမှုတို့ ပြည့်နေခဲ့ကြသည်။
"သေချာပါပြီ၊ သူက တကယ်ကို နတ်တံခါးက လာခဲ့တာပဲ"
ရှဲ့လွမ်က ရေရွတ်လိုက်သည်။
"ဆရာကြီး၊ နတ်တံခါးက အရမ်းအားကောင်းတာလား"
လုမင်လည်း စိတ်ဝင်တစား မေးလိုက်၏။
"ဟုတ်တာပေါ့၊ ယွမ်လောကစကြာဝဠာက ကျယ်ပြောပြီး အကန့်အသတ်မရှိတာ မှန်ပါတယ်၊ ဒါပေမဲ့ နယ်မြေအများစုကတော့ ပင်လယ်ပြင်တွေပဲ။ ပင်လယ်ပြင်က အဆုံးမဲ့ဖြစ်ပြီး အကန့်အသတ်မဲ့ ပင်လယ်ထဲမှာမှ မရေမတွက်နိုင်တဲ့ တိုက်ကြီးတွေ ရှိကြတယ်"
“တချို့တိုက်ကြီးတွေက တစ်ခုနဲ့တစ်ခု မဝေးပါဘူး။ သူတို့တွေကို တိုက်အဖွဲ့အစည်းလို့ ခေါ်တယ်။ ဒါက ပင်လယ်ထဲက ကျွန်းတွေလိုပဲလေ၊ တချို့ နီးစပ်ရာကျွန်းတွေကို စုစည်းပြီး ကျွန်းစုတစ်ခုလို့ ခေါ်တယ်။ တိုက်ကြီးတွေကလည်း အဲဒီလိုပါပဲ"
ရှဲ့လွမ်က ရှင်းပြလိုက်သည်။
လုမင်လည်း တိတ်တဆိတ် တုန်လှုပ်သွား၏။ ရှမ်းဟွမ်တိုက်ကြီး၏ အပြင်ဘက်က အဆုံးမဲ့ကျယ်ပြောလွန်းလှသည်။
"ရှမ်းဟွမ်တိုက်ကြီး တည်ရှိတဲ့ပင်လယ်စုကို ရှန်းရွှီတိုက်အဖွဲ့အစည်းလို့ ခေါ်တယ်။ ဒီတိုက်အဖွဲ့အစည်းကို ဒါဇင်ချီတဲ့ တိုက်ကြီးတွေနဲ့ ဖွဲ့စည်းထားခဲ့တာ။ နာမည်အတိုင်းပဲ ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ ရှန်းရွှီတိုက်ကြီးက ခေါင်းဆောင်ပါပဲ"
"ရှန်းရွှီတိုက်ကြီးက ရှမ်းဟွမ်တိုက်ကြီးထက် အနည်းဆုံး ဆယ်ဆပိုပြီးကြီးမားတယ်။ သူတို့မှာ ကျွမ်းကျင်သူများနဲ့ ပါရမီရှင်တွေက မရေမတွက်နိုင်အောင်ပါပဲ။ အဲဒီမှာ နတ်တံခါး အင်အားစုက ရှန်းရွှီတိုက်ကြီးကို လုံးဝ လွှမ်းမိုးထားခဲ့တယ်"
ရှဲ့လွမ်က ဆက်လက်ရှင်းပြလိုက်သည်။
လုမင်လည်း နောက်ဆုံးတွင် နတ်တံခါးက မည်မျှအားကောင်းမှန်း သိရှိသွားခဲ့ပြီ။
ရှန်းရွှီတိုက်ကြီးက ရှန်းဟွမ်တိုက်ကြီးထက် အနည်းဆုံး ဆယ်ဆပို၍ကြီးမားသည်။ ၎င်းတို့ကို အင်အားစုတစ်ခုက အပြည့်အဝ အုပ်ချုပ်ထားခဲ့၏။ ထိုအင်အားစုသည်ကား နတ်တံခါးပင် ဖြစ်တော့သည်။
ရှမ်းဟွမ်တိုက်ကြီး၏ အုပ်စိုးရှင်အင်အားစုများက နတ်တံခါးရှေ့တွင် ကလေးများကဲ့သို့ အားနည်းလွန်းလှသည်။
ဤအနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသား သို့မဟုတ် စစ်သင်္ဘောကတော့ နတ်တံခါးမှ ဆင်းသက်ခဲ့ပေသည်။
"နတ်တံခါးရဲ့ လေးစားအပ်တဲ့ ဧည့်သည်တော်တွေ ဘာကြောင့်များ ရှမ်းဟွမ်တိုက်ကြီးဆီကို ရောက်လာတာလဲဆိုတာ သိရနိုင်မလား"
ပိုင်ကျန်းဧကရာဇ်က ကောင်းကင်ယံသို့ ပျံသန်းသွားကာ လေးလေးစားစား လက်ယှက်၍ ပြောလိုက်သည်။ ကောင်းကင်ဘုရင်တံဆိပ်ပြားကို ယူဆောင်သွားသူက နတ်တံခါးမှ ကျွမ်းကျင်သူဖြစ်၍ မေ့ထားရန်သာ တတ်နိုင်တော့သည်။
"ရှမ်းဟွမ်တိုက်ကြီးကို ငါလာတာက အခွင့်အလမ်းကောင်းတွေ ပေးဖို့ပါ"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။
"အခွင့်အလမ်းတွေ ယူဆောင်လာတာလား"
ရှဲ့ရှန့်၊ ပိုင်ကျန်းဧကရာဇ်နှင့် ကျန်လူများလည်း တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြ၏။
"ဝုန်း"
"ဝှစ် ဝှစ် ဝှစ်"
ထိုအချိန်တွင် စစ်သင်္ဘော ရောက်ချလာပြီး လူတချို့ ထွက်လာခဲ့ကြသည်။ ၎င်းတို့တွင် လူငယ်များနှင့် အသက်အရွယ်ကြီးရင့်သူများ ပါဝင်သော်လည်း အားလုံးကိုယ်စီ အစွမ်းထက်အရှိန်အဝါများ ရှိ၏။
"မှန်တယ်။ အခွင့်အလမ်းတွေ၊ အခွင့်အလမ်းကောင်းတွေ ယူဆောင်လာခဲ့တာ"
အနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသား၏ မျက်လုံးများက တောက်ပလာပြီး အသံကိုမြှင့်ပြီး ပြောလိုက်သည်။
"လွန်ခဲ့တဲ့လအနည်းငယ်က၊ နတ်တံခါးဟာ ယွမ်လုကနေ သတင်းတစ်ခု ရုတ်တရက် ရခဲ့တယ်။ ဒါကတော့ ယွမ်လုတိုက်ကြီးရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းက ရှန်းရွှီတိုက်အဖွဲ့အစည်းကနေ ပါရမီရှင်တွေကို စုဆောင်းချင်တယ်ဆိုတဲ့ သတင်းပဲ။ သူတို့က ပါရမီရှင်အားလုံးကို နတ်တံခါးမှာ စုစည်းထားဖို့ တောင်းဆိုထားတယ်။ ဒီအတွက် ရှန်းရွှီတိုက်အဖွဲ့အစည်းက ပါရမီရှင်တိုင်း ရှန်းရွှီတိုက်ကြီးကို လာရမယ်။ အချိန်တန်တဲ့အခါ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တမန်တစ်ပါးက တပည့်ရွေးချယ်ဖို့အတွက် ရောက်လာကြလိမ့်မယ်"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသား၏အသံက ပျံ့နှံ့သွားကာ ကြီးမားသော တုန်လှုပ်မှုများကို ဖြစ်စေခဲ့သည်။
"ဘာ၊ ယွမ်လုတိုက်ကြီးရဲ့ အင်အားစုက ရှန်းရွှီတိုက်အဖွဲ့အစည်းကနေ တပည့်ရွေးချယ်ချင်တာလား"
"အလို၊ ဒီလိုအရာမျိုးရှိတာလား။ ရှေးခေတ်ကတည်းက ယွမ်လုတိုက်ကြီးဟာ ရှန်းရွှီတိုက်အဖွဲ့အစည်းကနေ တပည့်ရွေးချယ်ခဲတယ်"
"အခွင့်အလမ်းကောင်၊ ဒါက တကယ်ကို အခွင့်အလမ်းကောင်းပဲ"
ဤအခိုက်တွင် သိုင်းအုပ်ချုပ်သူများပင် ငြိမ်သက်မနေနိုင်တော့ပါ။ အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးခဲ့ကြသည်။
သို့သော်လည်း ယင်းကို နားလည်နိုင်ပေသည်
ကောင်းကင်ဘုရင်တံဆိပ်ပြားက လူတစ်ယောက်ကိုသာ ယွမ်လုတိုက်ကြီးမှ အင်အားစုသို့ ဝင်ခွင့်ပြုစေနိုင်သည်။ သို့တိုင်၊ ၎င်းက အလယ်ပိုင်းတိုက်ကြီးတစ်ခုလုံးကို ဖရိုဖရဲဖြစ်ကာ တော်ဝင်ရှဲ့မိသားစုနှင့် ကောင်းကင်နတ်ဘုရားတပ်ကြားမှ တိုက်ပွဲကြီးအား ဖြစ်စေခဲ့ပေသည်။ ထိုမှတဆင့်၊ ယွမ်လုတိုက်ကြီးမှ အင်အားစုကိုဝင်ရန် မည်မျှခက်ခဲပြီး အဖိုးတန်ကြောင်း မြင်တွေ့ရနိုင်သည်။
သို့သော်လည်း ယခုအခါတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက တပည့်များကို တိုက်ရိုက်စုဆောင်းပေတော့မည်။ ဤသည်က မဟာအခွင့်အလမ်းကြီး ဖြစ်သည်။
ယွမ်လုဂိုဏ်းကြီးတစ်ခုမှ တပည့်အဖြစ် စုဆောင်းခံရပြီးသည်နှင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။
ယွမ်လုဂိုဏ်းကြီး၏ ကျင့်ကြံမှုပတ်ဝန်းကျင်က ရှမ်းဟွမ်တိုက်ကြီးနှင့် နှိုင်းယှဉ်မရပေ။ ၎င်းက အဆပေါင်းများစွာ ပိုကောင်းမွန်ခဲ့သည်။
ရှမ်းဟွမ်တိုက်ကြီးသည် ညစ်ပတ်ပြီး နံစော်သော အမှိုက်ပုံကြီး ဖြစ်ခဲ့ပါက၊ ယွမ်လုဂိုဏ်းကြီးအထက်မှ နတ်ပြည်နတ်နန်းတစ်ခုပင်။ ၎င်းတို့၏ နယ်ပယ်ကလည်း သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် မကန့်သတ်တော့ဘဲ အဆင့်သစ်တစ်ခုသို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။