← Chapters

အခန်း ၁၁၈၉

Vol. 80 Ch. 1189

အခန်း ၁၁၈၉

Vol. 80 Ch. 1189

အပိုင်း ( 1189 ) ရှန်းရွှီတိုက်ကြီးမှ ပါရမီရှင်နှင့် တိုက်ပွဲ။

ဤအလင်းတန်းများ ဖုံးအုပ်သွားပြီးနောက် လုမင်နှင့် အခြားသူများ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းစက်ဝိုင်းများ ထွက်ပေါ်လာခဲ့သည်။

ယင်းက ချက္ကရများပင်။

ရှဲ့နျန်ချင်းတွင် ရွှေရောင်ချက္ကရ ကိုးခုရှိပြီး လုမင်မှာတော့ ရှစ်ခုရှိသည်။

အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက သူတို့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ကိုင်း၊ နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ရှိသူတိုင်း ထွက်သွားလို့ရပြီ။ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက် ပိုင်ရှင်တွေပဲ ငါ့အနောက်ကိုလိုက်ပြီး ယွမ်လုမဟာဂိုဏ်းကြီးရဲ့ ရွေးချယ်မှုမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ်"

"ဘယ်လို၊ နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ရှိသူတွေက အရည်အချင်း မပြည့်မီဘူးလား။ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ရှိသူတွေပဲ အခွင့်အလမ်းရှိတာလား"

သူ့စကားကြောင့် လူတိုင်း အံ့ဩသွားကြသည်။

ဤအခြေအနေက မြင့်မား‌လွန်းသည် မဟုတ်ပါလား။

ရှမ်းဟွမ်တိုက်ကြီး တစ်ခုလုံးမှာပင် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ရှိသူက ဘယ်လောက်များများ ရှိသနည်း

“ရေတွင်းထဲက ဖားအုပ်တွေပဲ။ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို အရမ်းမြင့်ပြီ ထင်နေတာလား။ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်က ရှမ်းဟွမ်တိုက်ကြီးမှာ ထိပ်တန်းဖြစ်နိုင်ပေမဲ့ ယွမ်လုတိုက်ကြီးက ဘယ်လိုတည်ရှိမှုမျိုးလဲ။ ကောင်းကင်နတ်ဘုရားဂိုဏ်းဆိုတာ ယွမ်လုလောကစကြာဝဠာရဲ့ ပင်မ၊ ယွမ်လုတိက်ကြီးရဲ့ အဓိက အင်အားစုကြီးတစ်ခုပဲ။ သူတို့အတွက် တပည့်စုဆောင်းဖို့ အနိမ့်ဆုံးလိုအပ်ချက်ဆိုရင်တောင် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ရှိရမယ်"

"အခြေခံလိုအပ်ချက်တွေကိုတောင် မပြည့်မီတဲ့သူက ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဝင်ရောက်ချင်တာလား"

မာနကြီးသော လူငယ်က လှောင်ပြောင်သရော်လိုက်သည်။ သူ့လေသံတွင် မာနထောင်လွှားပြီး အထင်မြင်သေးမှုများကို သယ်ဆောင်လာခဲ့၏။

သူ့စကားများက နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ပိုင်ရှင် ပါရမီရှင်များစွာကို မျက်နှာပျက်သွားစေခဲ့သည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် သူ့ကို မချေပဝံ့ပေ။

"ကဲ၊ နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ပိုင်ရှင် ပါရမီရှင်တွေ ထွက်သွားပါ"

အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက ထပ်မံပြောလိုက်သည်။

ကျရှုံးသူအားလုံး အကူအညီမဲ့ခဲ့ရလေသည်။ တိရှန်၊ ဝူချန်ခုန်း၊ ကျင်းခုန်းလင်နှင့် အခြားသူများ အားလုံး ထွက်သွားကြရသည်။

"ကြည့်ရတာ၊ ကိုယ့်မှာ အခွင့်အရေးမရှိတော့ဘူး"

လုမင်က ရှဲ့နျန်ချင်းကို ပြုံးပြီး ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ နင်မသွားရင် ငါလည်းမသွားဘူး။ သွားကြရအောင်"

ရှဲ့နျန်ချင်းလည်း ပြုံးလျက် ပြောလိုက်၏။

လုမင်လည်း ခေါင်းညိတ်ပြပြီး ရှဲ့နျန်ချင်းနှင့်အတူ လှည့်ထွက်လိုက်တော့သည်။

"ခဏနေဦး"

ထိုအချိန်တွင် အေးစက်စက်အော်သံတစ်ခုကို ကြားလိုက်ရသည်။

လုမင်နှင့် ရှဲ့နျန်ချင်းတို့ လှည့်ကြည့်လိုက်သောအခါ မာနကြီးသော လူငယ်လေးကို မြင်လိုက်ရ၏။ ၎င်းက သူ့မျက်လုံးထဲမှ အလင်းများကို မဖုံးကွယ်ဘဲ ရှဲ့နျန်ချင်းအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

မျက်မှောင်ကြုတ်ရင်း လုမင်၏ မျက်လုံးများက အေးစက်သွားသည်။

"မင်းက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ပိုင်ရှင် ပါရမီရှင် တစ်ယောက်ပဲလေ။ ဘာဖြစ်လို့ ထွက်သွားတာလဲ။ မင်း အခွင့်အလမ်းကောင်းကို မလိုချင်တော့ဘူးလား"

မာနကြီးသောလူငယ်က ရှဲ့နျန်ချင်းက ပြောလိုက်သည်။

"သူက လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တဲ့အတွက် ငါလည်း သူနဲ့အတူနေမယ်။ သူမသွားနိုင်ရင် ငါလည်း မသွားဘူး"

ရှဲ့နျန်ချင်းက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"သူလား"

မာနကြီးသောလူငယ်က လုမင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်၏။

"နတ်ဘုရားအဆင့်ရှစ် အမှိုက်ကောင်... လိုအပ်ချက်တွေကို လုံးဝမဖြည့်ဆည်းပေးနိုင်တဲ့သူ... သူလိုကောင်က ဘယ်လိုလုပ်ပြီး စမ်းသပ်မှုကို ပါဝင်နိုင်မှာလဲ၊ ဒါပေမဲ့ မင်းက အရမ်းအရည်အချင်းရှိတယ်။ မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ကို အမှိုက်တစ်စအတွက် ဘာလို့ အပျက်ဆီးခံရမှာလဲ။ ငါတို့နဲ့ လိုက်လာခဲ့ချေ"

သူ့စကားကြောင့် ရှဲ့နျန်ချင်း၏ မျက်နှာက အေးစက်သွားခဲ့သည်။ သူက လျစ်လျူရှုစွာ ပြောသည်။

"နင့်ရဲ့ စကားလုံးတွေကို သတိထားပါ၊ ငါထပ်မပြောဘူး။ သူမသွားရင် ငါလည်းမလိုက်ဘူး၊ နောက်ပြီးတော့ သူက အမှိုက်မဟုတ်ဘူး။ လုမင် သွားရအောင်"

ရှဲ့နျန်ချင်းက လုမင်၏ လက်ကိုဆွဲပြီး ထွက်သွားရန် ဟန်ပြင်လိုက်၏။

"ဟမ့်"

အေးစက်စက် နှာခေါင်းရှုံ့သံနှင့် မာနကြီးသော လူငယ်လေးက လှုပ်ရှားလိုက်သည်။ သူက လုမင်နှင့် ရှဲ့နျန်ချင်း၏ ရှေ့တွင် ပြန်ပေါ်လာကာ လမ်းကိုပိတ်၍ ပြောသည်။

"မင်းက အခြေအနေတွေကို ပြည့်မီတယ်၊ ဒါကြောင့် မင်းသွားရမယ်။ ဒါအပြင် မင်းရဲ့အနာဂတ်က ငါ့နတ်တံခါးနဲ့လည်း သက်ဆိုင်တယ်"

ထို့နောက် လုမင်ကိုကြည့်ပြီး ပြောလိုက်၏။

"ကောင်လေး၊ မင်းကိုယ်တိုင်သိတတ်မယ်ဆိုရင် ဒီကနေထွက်သွားတော့။ ငန်းသားစားချင်နေတဲ့ ဖားပဲ။ မင်းလိုအမှိုက်က ဒီမိန်းကလေးနဲ့ ထိုက်တန်ရဲ့လား၊ ဟမ်"

လုမင်၏ အမူအရာက လုံးဝ အေးစက်သွားခဲ့သည်။

အစကတည်းက ထိုလူမှာ ရှဲ့နျန်ချင်းကို မကောင်းသောအကြည့်တို့ဖြင့် ကြည့်သည်။ ယခုလည်း သူ့ကို အမှိုက်ဟု ထပ်ခါထပ်ခါ ခေါ်နေခဲ့၏။ သူ့ကိုယ်သူ ဤမျှ ကြီးမြတ်သူဟု အမှန်တကယ် ထင်နေပါသလော။

"ဘယ်ကဘယ်လိုရောက်လာတဲ့ ခွေးရူးလဲ။ ဒီမှာ လာဟောင်နေတယ်၊ ထွက်သွား"

လုမင်၏ အေးစက်ပြီး မထီမဲ့မြင်ပြုသော စကားသံ ထွက်ပေါ်လာခဲ့သည်။

ဤနေရာမှ လှုပ်ရှားမှုက လူတိုင်း၏အာရုံကို စွဲဆောင်လာခဲ့၏။ လူတိုင်း၏ အကြည့်များက ၎င်းတို့အပေါ်ကို ကျရောက်လာတော့သည်။

ထိုအချိန်တွင် လုမင်၏ စကားများကို ကြားရခြင်းက လူအများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

"ဒီလုမင်က တကယ်သတ္တိရှိတာပဲ၊ ရှန်းရွှီတိုက်ကြီးရဲ့ ပါရမီရှင်ကို တကယ်ပဲ ကြိမ်းမောင်းဝံ့တယ်"

"ပြီးသွားပြီ၊ လုမင် ဒုက္ခရောက်ပြီ"

"သူက သေချင်နေတာပဲ"

"သူက မာနကြီးလွန်းတယ်"

အချို့က သက်ပြင်းချကာ အချို့ကတော့ လှောင်ပြောင်လိုက်ကြသည်။

"ကောင်လေး၊ ဘာပြောလိုက်တာလဲ"

မျှော်လင့်ထားသည့်အတိုင်းပင်၊ မာနကြီးသော လူငယ်လေး၏ မျက်လုံးများက လုံးဝ အေးစက်ပြီး သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်သွားခဲ့သည်။

သူသည် ပါရမီရှင်များ တိမ်လိုပေါသော ရှန်းရွှီတိုက်ကြီးတွင်ပင် နာမည်ကျော်ကြားသူ ဖြစ်သည်။ ရှန်းရွှီတိုက်ကြီး၌ သူ့ကို ထိုသို့ပြောဆိုဝံ့သူ များစွာမရှိပေ။

ယခုတော့၊ ရှမ်းဟွမ်တိုက်ကြီးမှ လူတစ်ယောက်က သူ့အား ကြိမ်းမောင်းဝံ့ကာ ခွေးရူးဟုပင် ခေါ်ခဲ့သည်။ ယင်းက တကယ်ကို ဇာတ်ကောင်း၍ ဓားတောင်းနေခြင်းပင်

"မင်း နားကန်းနေလား။ ခွေးရူး... ထွက်သွား"

လုမင်က ထပ်မံကြိမ်းမောင်းလိုက်သည်။

"မင်း... မင်းက သေချင်နေတာပဲ။ ငါကိုယ်တိုင် မင်းကို အပြစ်ပေးမယ်"

မာနကြီးသော လူငယ်လေး ဒေါသတကြီး ဖြစ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက သူ့ထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

သူ၏ အရှိန်အဝါများက ဆက်လက် မြင့်တက်လာခဲ့သည်။ ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရား၊ တတိယအဆင့် ဝိညာဉ်နတ်ဘုရား၊ စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား...

နောက်ဆုံးတွင်၊ သူ့အရှိန်အဝါများက စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ မရောက်မချင်း မရပ်တန့်ခဲ့ပေ။

အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်။

လူများစွာတို့ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အားလုံးက မာနကြီးသော လူငယ်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်၏။

ထိုမာနကြီးသော လူငယ်လေးက မျိုးဆက်သစ်ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံက စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်အယ် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။ ယင်းက တကယ်ကို မယုံနိုင်စရာပင်။

ယခုအခါ၊ မင်ကျစ်နှင့် ရန်ပိုထျန်းကဲ့သို့ ထိပ်တန်း ပါရမီရှင်များသည်ပင် တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တွင် ရှိခဲ့သည်။ စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိရန် သေချာနိုင်သူဟူ၍ လုံချန်တစ်ဦးသာ ရှိလိမ့်မည်။

သို့သော်လည်း ဤလူငယ်လေးက စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။

"ဝုန်း"

မာနကြီးသော လူငယ်လေးက လုမင်ကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

သူ့လက်ဝါးကို အစိမ်းရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားပြီး ဟင်းလင်းပြင်အား အပိုင်းပိုင်းခွဲပစ်လိုက်၏။

"ထွက်သွား"

လုမင်လည်း ကြိမ်းမောင်းကာ လက်ဝါးနှင့် ရိုက်ထုတ်လိုက်တော့သည်။

"ဝုန်း"

လက်ဝါးနှစ်ဖက် တိုက်မိပြီးနောက် တစ်ယောက် လွင့်စဉ်သွားခဲ့သည်။ သူ့မျက်နှာက ဖြူရော်ကာ လေထဲတွင် မီတာတစ်ရာအထိ လွင့်သွားခဲ့၏။

မာနကြီးသော လူငယ်လေးပင် ဖြစ်တော့သည်။

လုမင်က သူ့ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ထုတ်လိုက်သည်။

တခြားသူများလည်း လျှာကိုက်မိပြီး လုမင်ကို ထိတ်လန့်တကြား ကြည့်လိုက်၏။

သူ့ကို မတွေ့ရသည်မှာ မကြာသေးသော်လည်း လုမင်က ပို၍သန်မာလာခဲ့ပြီ ဖြစ်သည်။ ၎င်းက မာနကြီးသော လူငယ်လေးကို လက်ဝါးတစ်ခုတည်းဖြင့် တွန်းလှန်နိုင်ခဲ့ပေသည်။

ထိုပါ့ရှီသာ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက မည်မျှ ကြောက်စရာကောင်းသည်ကို သူ သိပြီးသားပင်။

"အား၊ မင်း သေချင်နေတာပဲ။ ငါမင်းကို သတ်မယ်"

မာနကြီးသော လူငယ်လေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

တစ်စုံတစ်ယောက်က သူ့ကို လက်ဝါးတစ်ခုတည်းနှင့် တွန်းထုတ်ခဲ့၏။ သူ့ကို တွန်းထုတ်တဲ့သူကလည်း အမှိုက်ဟု သတ်မှတ်ခံထားရသည့် ရှမ်းဟွမ်တိုက်ကြီးမှ လူတစ်ယောက် ဖြစ်သည်။ သို့ဖြစ်ပေရာ သူသည်းမခံနိုင်တော့ပေ။

"ဝုန်း"

သူ့ဦးခေါင်းထက်တွင် စိမ်းလန်း‌သည့် သစ်ပင်ကြီးတစ်ပင် ပေါ်လာခဲ့။ ၎င်းပေါ်တွင် ရွှေရောင်ချက္ကရကိုးခုရှိပြီး တောက်ပစွာ ထွန်းလင်းနေခဲ့၏။

၎င်းကလည်း နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထထားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဤအရာက ရန်ပိုထျန်း၊ မင်ကျစ်နှင့် အခြားသူများကို အလွန် လေးနက်သွားစေခဲ့ပေသည်။ ထိုလူ၏ ကျင့်ကြံခြင်းအခြေခံက စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်ဖြစ်ကာ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကိုလည်း နိုးထထားသည်။ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက သူတို့ကို လုံးဝ ကျော်လွန်နေခဲ့ပြီ။

ရှန်းရွှီတိုက်ကြီးတွင် ထိုသို့သော ပါရမီရှင်တစ်ဦး အမှန်တကယ် ရှိသလော။ သို့တည်းမဟုတ်၊ ထိုသူက ရှန်းရွှီတိုက်ကြီး၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်နေပါသလော။

အတွေးမျိုးစုံက လူတိုင်း၏စိတ်ထဲတွင် ပေါ်လာချိန်၊ မာနကြီးသော လူငယ်လေးက သွေးမျိုးဆက် ပေါင်းစပ်ခြင်းကို အသုံးပြုပြီး စိမ်းလန်းသော သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

စိမ်းလန်းသောသစ်ပင်ကြီးက ကောင်းကင်ထက်မြင့်ကာ တောင်ကြီးတစ်ခုကဲ့သို့ ကြီးမား၏။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ပေါက်ကွဲထွက်ကာ လုမင်အား ဖိနှိပ်လာတော့သည်။

"အရမ်းသန်တယ်၊ သူက အရမ်းသန်တာပဲ"

"ဒီလို တိုက်ခိုက်နိုင်စွမ်းမျိုးအရ သာမန် အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားတွေ သေချာပေါက် သေပေကြရလိမ့်မယ်၊၊ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားဆိုရင်တောင် ဒဏ်ရာအပြင်းအထန်ရဦးမှာပဲ"

"လုမင် ဒါကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရအောင်!"

မာနကြီးသော လူငယ်လေး၏ ခွန်အားက လူများစွာကို တုန်လှုပ်စေခဲ့သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်မှ တန်ခိုးရှင်များသည်ပင် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့၏။

၎င်းက ဘုရင်ငယ်အဆင့် ပါရမီရှင် ဖြစ်သည်။ အဆင့်တူတိုက်ပွဲတွင် ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက ရှမ်းဟွမ်တိုက်ကြီးမှ ဘုရငယ်အဆင့် ပါရမီရှင်များထက် အားနည်းလိမ့်မည် မဟုတ်ပေ။

All Chapters