အခန်း ၁၁၉၁
Vol. 80 Ch. 1191
အပိုင်း ( 1191 ) တိရှန်ကို သတ်ခြင်း။
တိရှန်၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။ ဤအချိန်မျိုးတွင် လုမင်က သူ့ကို တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားပေ။
သူ ထိတ်လန့်တကြားဖြစ်ပြီး ဟင်းလင်းပြင်တာအိုကို အသုံးပြုကာ ရှောင်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်၊ လုမင်၏လက်ဝါးက ဟင်းလင်းပြင်သို့ ထိုးဖောက်ဝင်ရောက်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုကလည်း တိရှန်ထံသို့ ပြေးလာတော့သည်။
"တားဆီးစမ်း"
တိရှန် တုန်လှုပ်သွားခဲ့သည်။ သူ့နှလုံးသားထဲမှ ဟိန်းဟောက်ရင်း အစွမ်းကုန် ခုခံရန် ကြိုးစားလိုက်၏။ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်တာအိုအား အဆုံးစွန်ထိ အသက်သွင်းလိုက်တော့သည်။
"ဝုန်း"
ကြောက်စရာကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တိရှန်၏ပုံရိပ်က မီတာတစ်ထောင်အကွာသို့ပင် လွင့်သွားခဲ့၏။ သူ့အဝတ်အစားက သွေးများ စိုရွှဲကာ မျက်နှာမှာလည်း ဖြူဖျော့သွားတော့သည်။
"သတ်"
လုမင်က ရှေ့သို့လှမ်းကာ တိရှန်အား ဆက်လက်တိုက်ခိုက်လိုက်သည်။
"လုမင်..."
မိုးနှင့်မြေကြား၌ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ စူးရှတောက်ပသော ရွှေရောင်အလင်းတစ်ခု ဖြာထွက်လာခဲ့၏။ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက ထွက်ပေါ်လာကာ လုမင်အား ခုတ်ပိုင်းလာတော့သည်။
တိရီ ဖြစ်သည်။ ယနေ့တွင် ဧကရာဇ်များအားလုံး စုဝေးကြ၍ သဘာဝအတိုင်း သူလည်း ရှိနေခဲ့ပေသည်။ သို့သော်လည်း၊ လုမင်၏ တိရှန်ကို ရုတ်တရက် တိုက်ခိုက်ခြင်းက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ ဤအခိုက်တွင် သူ၏ သတ်ဖြတ်ချင်စိတ်များက အလွန်အားကောင်းပေတော့သည်။
"တိရီ၊ မင်း မျိုးဆက်သစ်တွေရဲ့ အရေးကို ဘာကိစ္စ ဝင်စွက်နေတာလဲ။ မင်း တိုက်ခိုက်ချင်ရင် ငါအဖော်ပြုပေးမယ်"
နတ်ဆိုးအရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ အားကောင်းသော နတ်ဆိုးစွမ်းအင်တစ်ခုက ဓားအလင်းကို ချေဖျက်ခဲ့၏။ ရှဲ့လွမ်၏ ပုံရိပ်က တိရီအရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
"ရှဲ့လွမ်၊ ထွက်သွားစမ်း"
တိရီက အော်ဟစ်ပြီး ရှဲ့လွမ်ကို တိုက်ခိုက်လိုက်သည်။
"ကိုယ့်ထက်ကြီးသူကို ဘယ်လိုလေးစားရမှန်းမသိဘူး"
ရှဲ့လွမ်က အနည်းငယ်ပြုံးပြီး ပြန်လည် တိုက်ခိုက်လိုက်၏။
တစ်ဖက်တွင်လည်း လုမင်က မရပ်ပေ။ သူသည် အလွန်မြင့်မားသော အမြန်နှုန်းဖြင့် တိရှန်အနီးသို့ လျင်မြန်စွာချဉ်းကပ်ခဲ့သည်။
တိရှန်လည်း ဟင်းလင်းပြင်တာအိုကို အသုံးပြုပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားရပြန်တော့သည်။
"ပိတ်လှောင်"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုကို အသုံးပြုခဲ့၏။ တိရှန်၏ ဘယ်၊ညာ နှစ်ဖက်တွင် တံဆိပ်တော်တံခါးနှစ်ခု ပေါ်လာတော့သည်။ တံဆိပ်တော်တံခါးများက တောက်ပသောအလင်းများကို ထုတ်လွှတ်ကာ တိရှန်အား ဖိနှိပ်လိုက်ကြသည်။
တိရှန်လည်း နွံတောတစ်ခုထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူ့တကိုယ်လုံးက လေးလံထိုင်းမှိုင်းနေကာ လှုပ်ရှားရန် မလွယ်ကူတော့ပေ။
"ဟင်းလင်းပြင်၊ ဖရိုဖရဲ"
တိရှန်၏ မျက်လုံးများက နီရဲသွားခဲ့သည်။ အရူးတစ်ယောက်လို ဟိန်းဟောက်ရင်း ရှောင်တိမ်းရန်နည်းလမ်းကို အသုံးပြုခဲ့၏။
သို့သော်လည်း သူ စိတ်ပျက်ခဲ့ရသည်။ ဤအခိုက်တွင်၊ တံဆိပ်တော် တံခါးတစ်ခုက ထပ်မံပေါ်လာပြီး သူ့အား ဖုံးအုပ်သွား၏။
တံဆိပ်တော်တံခါးသုံးခု...
ဤအတောအတွင်း၌၊ လေ့ကျင့်ပြီးနောက် လုမင်သည် တံဆိပ်တော်တံခါး သုံးခုမြောက်ကို ရောက်ရှိနိုင်ခဲ့သည်။
"မဟုတ်ဘူး"
တိရှန် ထိတ်လန့်တကြားဖြင့် ထအော်လိုက်သည်။ သူ လုံးဝ မလွတ်မြောက်နိုင်တော့ပေ။
လုမင်က တဖြည်းဖြည်း ချဉ်းကပ်သွားကာ တိရှန်၏ ဒန်တျန်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက တိရှန်၏ ဒန်တျန်အတွင်းကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။ တိရှန် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့၏။
"ရပ်လိုက်စမ်း"
တိရီ၏ ဒေါသတကြီးအော်သံက ကောင်းကင်အမြင့်မှ ထွက်ပေါ်လာခဲ့သည်။
"ရပ်ရမှာလား၊ ဟားဟားဟား... တိရီ၊ မင်းငါ့ကိုသတ်ဖို့ လာတုန်းကကော ဘာဖြစ်လို့ မရပ်ခဲ့တာလဲ"
လုမင်က လှောင်ပြောင်ရယ်မောလိုက်၏။ သူ့လက်ကို ဓားသွားကဲ့သို့ လွှဲခုတ်လိုက်သည်နှင့် တိရှန်၏ဦးခေါင်းမှာ ထက်ခြမ်းကွဲကျသွားတော့သည်။
အရှေ့တိုင်း၏ မျိုးဆက်သစ်လူငယ်များကြားတွင် အထွတ်အထိပ်မှ ရပ်တည်နေသော တိရှန် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
"ဝုန်း"
ကောင်းကင်တွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ တိရီနှင့် ရှဲ့လွမ်က အပြန်အလှန်ထိုးနှက်ရင်း ဖလှယ်ခဲ့၏။ ၎င်းတို့နှစ်ဦးစလုံး အဝေးသို့ ဆုတ်ခွာသွားကာ ဆက်လက်၍ မတိုက်ခိုက်တော့ပေ။
လုမင်ကို ကြည့်သော တိရီ၏ အကြည့်များကတော့ အလွန်အေးစက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်ကလည်း အားကောင်းလွန်း၍ အစိုင်အခဲဖြစ်တော့မည်။
လုမင်က သရော်ဟန်ဖြင့် တိရီကို ကြည့်လိုက်သည်။
တိရီက သူ့ကိုသတ်ပြီး နဝမနဂါးသွေးမျိုးဆက်ကို လုယက်ရန် သူ၏ မြင့်မားသော ကျင့်ကြံခြင်းအခြေခံကို အသုံးပြုခဲ့သည် မဟုတ်လော။
သို့ဆိုမှတော့၊ သူက ၎င်း၏ အသန်မာဆုံး မျိုးဆက်တစ်ဦးကိုသတ်ကာ ကောင်းခြင်းတချို့အား ပြုလုပ်ရလိမ့်မည်။
"ဟားဟားဟား၊ လုမင်... သူ့ကို သတ်လိုက်တာ ကောင်းတယ်။ ယောင်္ကျားဆိုတာ ဒီလို ပြတ်သားရမယ်၊ လက်စားချေနိုင်ရမယ်"
ရှဲ့လွမ်က ရယ်မောလိုက်သည်။ ယင်းက တော်ဝင်ရှဲ့မိသားစုဝင်များ၏ မျက်နှာများကို အကြည့်ရဆိုးစေခဲ့လေသည်။
"တိရီ၊ ငါ ဒီနေ့ တိရှန်ကိုပဲ သတ်လိုက်တယ်။ နောင်တစ်ခါကျရင် မင်းကိုသတ်မယ်"
လုမင် ပြောလိုက်သည်။ သူ့အသံက မုန်တိုင်းတစ်ခုလို ပျံ့နှံ့သွား၏။
အားလုံး တုန်လှုပ်သွားကြသည်။
ယခုလေးတင် တိရီနှင့် ရှဲ့လွမ် အချိန်ခဏလောက် တိုက်ခိုက်ခဲ့သေးသည်။ ထိုအချိန်တွင် သူပြသခဲ့သော တိုက်ခိုက်နိုင်စွမ်းက သာမန်ဧကရာဇ််များထက် အဆပေါင်းများစွာ အားကောင်းသည်။
သို့သော်လည်း လုမင်၏သတ္တိက ပို၍ပင် အံ့ဖွယ်ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။ သူက တိရီကို အနာဂတ်တွင် သတ်ပစ်မည်ဟုပင် ပြောခဲ့သည်။
တိရီကိုယ်တိုင်က လွန်စွာ အစွမ်းထက်မြက်၏။ သို့တိုင်၊ လုမင်က ဘယ်လိုလုပ်ပြီး ယုံကြည်မှုရှိနေပါသနည်း။
"ငါ စောင့်နေမယ်"
တိရီက အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူသည် ရှဲ့လွမ်နှင့် ရှန်းရွှီတိုက်ကြီးမှ လူများကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက်မှာတော့ ခြေတစ်လှမ်းဖြင့် လှည့်ကာ ပျောက်ကွယ်သွားတော့သည်။
"စိတ်ဝင်စားစရာပဲ"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့စိတ်ထဲတွင် ပို၍ပင် စိတ်ဝင်စားသွားခဲ့၏။
"ဆရာကြီး၊ ကျွန်တော်ကိစ္စ ပြီးပါပြီ"
လုမင်က အနက်ရောင်ဝတ် လူလတ်ပိုင်းဆီသို့ လျှောက်သွားကာ လက်ယှက်၍ ဦးညွတ်လိုက်သည်။
"အင်း"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားလည်း ခေါင်းညိတ်လိုက်လေသည်။
"ဆရာကြီး၊ ကျွန်တော်မှာ မေးစရာတစ်ခုရှိတယ်"
ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။ အားလုံးက ကြည့်သောအခါ လုံချန်ဖြစ်နေကြောင်း မြင်လိုက်ရ၏။
"ဘာများလဲ၊ မေးပါ"
အနက်ရောင်ဝတ် အမျိုးသားက ပြောလိုက်သည်။
"ဆရာကြီး၊ ကျွန်တော် ယွမ်လုဂိုဏ်းက ရွေးချယ်ခံရပြီဆိုရင် ယွမ်လုကို ချက်ချင်းသွားရမှာလား။ ဒီဂျူနီယာက ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြေရှင်းဖို့ ရှမ်းဟွမ်တိုက်ကြီးကို ပြန်လာချင်တယ်ဆိုရင် အချိန်နည်းနည်းတော့လိုတယ်။ အဲဒါကို လက်ခံရဲ့လား"
လုံချန်က မေးသည်။
လုမင် အပါအဝင် အခြားလူများအားလုံး စူးစမ်းလိုစိတ်များအား လှစ်ဟလာခဲ့၏။
ဤသည်က သူတို့အားလုံး သိချင်နေသော မေးခွန်း ဖြစ်သည်။
"ဟားဟားဟား၊ မင်းအိပ်မက်မက်နေတာပဲ၊ မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ။ ယွမ်လုဂိုဏ်းက မင်းကို ရွေးမှာတဲ့လား။ ငါတို့က မင်းကို သွားခွင့် ပေးလိုက်ပေမဲ့ အခွင့်အလမ်းတွေ နည်းလွန်းတယ်။ မင်းကိုယ်မင်း သိပ်ပြီး အထင်ကြီးနေတာပဲ"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက မဖြေရသေးခင်၊ မုဖုန်းက လုံချန်အား မထီမဲ့မြင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
လုံချန်က မုဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက်မှာတော့ သူ့ကို လျစ်လျူရှုကာ အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားကိုသာ ဆက်ကြည့်လိုက်တော့သည်။
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားလည်း မျက်မှောင်ကြုတ်လိုက်သည်။ မုဖုန်း၏ စကားများကို သူ မကြိုက်ကြောင်း သိသာထင်ရှားလှပေသည်။ သူက မုဖုန်းကို အေးစက်စက်ဖြင့် ကြည့်လိုက်သောအခါမှ အလန့်တကြားဖြင့် ပါးစပ်ပိတ်သွားသည်။
"ယွမ်လုဂိုဏ်းက သဘာဝအတိုင်း ကျိုးကြောင်းဆီလျော်ပါတယ်။ သူတို့က မင်းကို သေချာပေါက် လုပ်ခွင့်ပေးလိမ့်မယ်။ နောက်ဆုံးမှာတော့ ယွမ်လုကိုမသွားခင် မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အရင် ဖြေရှင်းရမယ်လေ။ ဒီလိုမှပဲ မင်းရဲ့ ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး လေ့ကျင့်နိုင်မှာပေါ့"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
လုမင်လည်း ဤတော့မှ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ယွမ်လုဂိုဏ်းက သူ့ကို ရွေးချယ်ခဲ့လျှင်ပင် ကိစ္စရပ်အချို့ကို ဖြေရှင်းရန် ပြန်သွားရဦးမည် ဖြစ်သည်။
ပထမက တိရီကို မဖြေရှင်းရသေးလျှင် သူ စိတ်အေးနိုင်မည် မဟုတ်ပေ။
ထို့အပြင်၊ သူ၏ ဒုတိယခန္ဓာက မြင့်မြတ်စံအိမ် လျှို့ဝှက်နယ်မြေ၌ လေ့ကျင့်နေဆဲ ဖြစ်သည်။ နောင်အခါ၊ ယွမ်လုသို့ သူသွားရောက်ပါက သူ၏ ဒုတိယခန္ဓာကိုလည်း ယူဆောင်သွားရမည် ဖြစ်သည်။
"မင်းတို့မှာ တခြားမေးစရာတွေရှိသေးလား။ သံသယတွေမရှိရအောင် တခါတည်း မေးပါ"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
လူအားလုံးလည်း မေးစရာ မရှိတော့ကြောင်း ခေါင်းယမ်းပြလိုက်ကြ၏။
"ကောင်းပြီ၊ မင်းတို့ တစ်ယောက်မှ မေးစရာ မရှိဘူးဆိုရင် သင်္ဘောပေါ်ကို တက်ကြတော့"
လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။
ထို့နောက်တွင် သူက လှည့်၍ စစ်သင်္ဘောပေါ်သို့ ပျံတက်သွား၏။ လုမင်နှင့် ကျန်လူ ဆယ့်နှစ်ဦးတို့လည်း စစ်သင်္ဘောပေါ်သို့ ပျံတက်သွားတော့သည်။
စစ်သင်္ဘောကြီးက ကြီးမားပြီး အလွန်ကျယ်ဝန်းသည်။ သင်္ဘောကုန်းပတ်သည်ပင် မီတာထောင်ဂဏန်းမျှ ရှည်လျားပြီး ကျယ်ပြန့်လွန်း၏။ ကုန်းပတ်နောက်မှာတော့ တံခါးမကြီးတစ်ခု ရှိလေသည်။ တံခါးအတွင်းသို့ ဝင်လိုက်ပါက အိပ်ခန်းအချို့ကို မြင်ရမည် ဖြစ်သည်။
မုဖုန်းက လုမင်နှင့် ကျန်သူများကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။ အထူးသဖြင့်၊ ရှဲ့နျန်ကျွင်းနှင့် ရှဲ့နျန်ချင်းကို စိုက်ကြည့်လိုက်၏။ ထို့နောက်မှာတော့ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ တံခါးဆီသို့ လျှောက်သွားတော့သည်။
"ညီနောင်လု၊ ငါက ရဲ့ချွမ်ပါ"
ထိုအချိန်တွင် လူငယ်တစ်ယောက်က လုမင်ဆီသို့ လျှောက်လှမ်းလာကာ လက်ယှက်ပြလိုက်သည်။
ထိုလူငယ်ကို လုမင် မှတ်မိ၏။ အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသား၏ နောက်ကွယ်မှ လူငယ်နှစ်ဦးအနက် တစ်ဦး ဖြစ်သည်။ ၎င်းက အမြဲပြုံးနေပြီး နူးညံ့သိမ်မွေ့ပုံရသော လူငယ်တစ်ဦး ဖြစ်လေသည်။
"ညီနောင်ရဲ့၊ ဘာကိစ္စရှိလို့လဲ"
လုမင် ပြောလိုက်သည်။
"ဟားဟားဟား၊ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ညီနောင်လုရဲ့ တိုက်ခိုက်နိုင်စွမ်းကို ငါ လေးစားတယ်၊ ဒါကြောင့် မင်းနဲ့ မိတ်ဖွဲ့ချင်လို့ပါ"
ရဲ့ချွမ်က ပြုံးလျက် ပြောလိုက်သည်။
"ညီနောင်ရဲ့၊ မင်းက ယဉ်ကျေးလွန်းပါပြီ။ ငါ့ရဲ့ အရေးမပါလှတဲ့ အရည်အချင်းတွေက ရှန်းရွှီတိုက်ကြီးရဲ့ အထွတ်အထိပ် ပါရမီရှင်တွေနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ"
လုမင်လည်း ယဉ်ကျေးစွာ ပြန်ပြောလိုက်လေသည်။
ရဲ့ချွမ်က အနည်းငယ်ပြုံးပြီး လေသံနှိမ့်ကာ ပြောလိုက်သည်။
"ညီနောင်လု၊ မုဖုန်းက အမြင်ကျဉ်းတဲ့သူပါ။ ရှန်းရွှီတိုက်ကြီးကို သွားမယ်ဆိုရင် အဲဒီကောင်ရဲ့ လျှို့ဝှက် လှည့်ကွက်တွေကို သတိထားရမယ်"