← Chapters

အခန်း ၁၁၉၃

Vol. 80 Ch. 1193

အခန်း ၁၁၉၃

Vol. 80 Ch. 1193

အပိုင်း ( 1193 ) ရှန်းရွှီတိုက်အဖွဲ့အစည်း။

သူ၏ ပါရမီအရ ရှန်းရွှီတိုက်ကြီးတွင် ပါရမီရှင်တစ်ဦး ဖြစ်နိုင်သော်လည်း ထိပ်တန်းအဆင့်ဟု မသတ်မှတ်နိုင်ပေ။ သူ့အခြေအနေက သိပ်အဆင်မပြေသည့်အတွက် ရှမ်းဟွမ်တိုက်ကြီးကို လိုက်ပါရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မူလက သူသည် သူ့ကိုယ်သူ ရှမ်းဟွမ်တိုက်ကြီးတွင် မြင့်မားသော အနေအထားရှိမည် ထင်မှတ်ထားခဲ့သည်။ ထိုဒေသမှ ပါရမီရှင်များအားလုံးကို ဖိနှိပ်နိုင်မည်ဟု သူထင်ခဲ့ပေသည်။

သူ့အမြင်တွင် ရှမ်းဟွမ်တိုက်ကြီးမှ မိုက်မဲသူများက သူ့အား မျက်နှာသာပေး၍ ပေါင်းဖက်ရန် ကြိုးစားကြသင့်သည်။ ရင်သပ်ရှုမောဖွယ်ကောင်းသည့် အလှလေးများကလည်း သူ့ရင်ခွင်ထဲကို ဆန္ဒအလျောက် ခိုဝင်ရလိမ့်မည်။

သို့သော်လည်း တကယ့်လက်တွေ့က သူစိတ်ကူးထားသည်နှင့် များစွာ ဝေးကွာနေခဲ့သည်။

အစပိုင်းတွင် လုမင်က သူ့အား ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ သို့သော်လည်း အကြီးအကဲက သူ့အရည်အချင်းကို တန်ဖိုးထားပုံရပြီး သူ့ကိုပင် တောင်းပန်ခိုင်းခဲ့၏။

ယခုလည်း ရှဲ့နျန်ကျွင်းနှင့် လုံချန်က အလားတူပင် ပြုမူနေပြန်သည်။

သူ သည်းမခံနိုင်တော့ပေ။ လုံချန်ကို နမူထားကာ ဖိနှိပ်ပြပြီး ရှမ်းဟွမ်တိုက်ကြီးမှ အခြားသူများအား ကြောက်ရွံ့စေချင်သည်။ ထို့နောက် ရှဲ့နျန်ကျွင်းကို နာခံမှုရှိရစေလိမ့်မည်။

ချက်ချင်းပင် လုံချန်ဆီသို့ သူ လျှောက်သွားခဲ့သည်။

တစ်ဖက်တွင် လုမင်၊ ရှဲ့နျန်ချင်း၊ ရဟန်းဝူလျန့်၊ ခြင်္သေ့မင်းနှင့် အခြားသူများက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြ၏။

လုံချန်သည် ယခုအခါ ရှဲ့နျန်လင်းနှင့်‌ စေ့စပ်ထားခဲ့သူ ဖြစ်သည်။ ရှဲ့နျန်ကျွင်းသည် ရှဲ့နျန်လင်း၏ အမ ဖြစ်၏။ ထိုအတွက် ရှဲ့နျန်ကျွင်း အခက်တွေ့နေသောအခါ လုံချန်မှ သဘာဝအတိုင်း ထိုင်ကြည့်မနေနိုင်ပေ။

မုဖုန်းက လုံချန်ကို တိုက်ခိုက်နိုင်မလားဟု အားလုံး သိချင်နေကြသည်။ မုဖုန်းကို အကြောင်းပြု၍ လုံချန်၏အင်အားကို စမ်းသပ်လိုကြပေသည်။

"ဝှစ်"

မုဖုန်းက တိုက်ရိုက်ဆန်သော တိုက်ခိုက်မှုကို ထုတ်ဖော်သည်။ သူက လုံချန်ကို လက်ဝါးနှင့် ရိုက်ချလိုက်၏။ လက်ဝါးရိုက်ချက်မှ အင်အားကြောင့် စားသောက်ဆိုင်ထဲတွင် စွမ်းအင်လှိုင်းများ မြင့်တက်လာတော့သည်။

နောက်ဆုံးတွင်၊ ဤသည်က စကြာဝဠာအတွင်း သွားလာနိုင်သော စစ်သင်္ဘော၏ အတွင်းပိုင်း ဖြစ်သည်။ စကြာဝဠာသင်္ဘောပျံတစ်ခုလုံးကို အလွန်မာကျောသောသတ္တုဖြင့် ပြုလုပ်ထား၏။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးကိုလည်း ကမ္ပည်းများဖြင့် ရေးထိုးထားသေးသည်။ ဧကရာဇ်တစ်ပါးသည်ပင် အလွယ်တကူ ဖျက်ဆီးနိင်မည် မဟုတ်သောကြောင့် သဘာဝအတိုင်း ၎င်းတို့အင်အားကို တားဆီးထားနိုင်သည်။

"ထွက်သွား"

လုံချန်က တည်ငြိမ်စွာထိုင်နေရင်း လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်သည်။

"ဝုန်း"

လက်ဝါးချင်း ရိုက်မိသောအခါ မုဖုန်း ခြေခုနစ်လှမ်း၊ ရှစ်လှမ်း ဆုတ်သွားရ၏။ လုံချန်ကတော့ သူ့နေရာတွင် မလှုပ်မယှက် ဆက်ထိုင်နေဆဲပင်။

"ချီးပဲ"

ဒေါသတကြီး ဟိန်းဟောက်ရင်း မုဖုန်းမျက်နှာ နီမြန်းသွားသည်။ သူ့အရှိန်အဝါများက ပိုကြမ်းတမ်းလာပြီး သွေးမျိုးဆက် ထွက်ပေါ်လာခဲ့၏။ သူက ဟိန်းဟောက်ပြီး လုံချန်ကို ထပ်မံတိုက်ခိုက်လိုက်တော့သည်။

သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးမပြုရုံမှလွဲ၍ ဤလက်သီးချက်က အပြင်းထန်ဆုံး ဖြစ်သည်။

ရှမ်းဟွမ်တိုက်ကြီးမှ ထိုသူများက ဤမျှ အစွမ်းထက်မည်ဟု သူမယုံပေ။

လုံချန် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။ သူ့လက်တစ်ဖက်က ပုံမှန်ထက် နှစ်ဆပို၍ ထူထဲလာခဲ့၏။ လကမသီးတစ်ချက်ကို သူ ထုတ်ဖော်လိုက်တော့သည်။

ဤလက်သီးက မုဖုန်း၏ တိုက်ခိုက်မှုအားလုံးကို ချေမှုန်းပြီး လက်ဝါးပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဂျွတ်"

မုဖုန်း၏ လက်ဝါးက ကျိုးပဲ့ပြီး လုံးဝ ပုံပျက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ အဝေးကို လွင့်ထွက်သွား၏။ သူ့ခန္ဓာက နံရံကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိကာ ချောင်းဆိုးရင်း သွေးများအန်ထွက်လာတော့သည်။

ဘေးနားမှ ရဟန်းဝူလျန့်၊ ခြင်္သေ့မင်းနှင့် အခြားသူများလည်း လုံချန်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ကြသည်။

'လုံချန်ရဲ့ တိုက်ခိုက်နိုင်စွမ်းက နောက်တစ်ခါ အားကောင်းလာပြန်ပြီ'

လုမင်၏ နှလုံးသား လှုပ်ရှားသွားခဲ့သည်။

လုံချန်သည် သူတော်စင်မြို့တော်တွင် ထိုပါ့ရှီကို အနိုင်ယူရန် အသုံးပြုခဲ့သည့် လှုပ်ရှားမှုအတိုင်း ယခုလည်း မုဖုန်းကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ သူက လူအများကို နားမလည်နိုင်သည့် ခံစားချက်အား ပေးစွမ်းနေဆဲပင်။

ဤမြင်ကွင်းက ရှမ်းဟွမ်တိုက်ကြီးမှလူများထက် ရှန်းရွှီတိုက်ကြီးမှ လူများကို ပို၍ တုန်လှုပ်သွားစေခဲ့သည်။

"ကြည့်ရတာ ရှမ်းဟွမ်တိုက်ကြီးက ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တချို့ကို မွေးထုတ်ပေးလိုက်တဲ့ပုံပဲ"

ရှန်းရွှီတိုက်ကြီးမှ လူအချို့က သက်ပြင်းချလိုက်ကြသည်။

"ထွက်သွား"

လုံချန်၏ အကြည့်က မုဖုန်းဆီသို့ ကျရောက်လာသည်။

မုဖုန်းလည်း ရုန်းကန်ကာ ထရပ်လိုက်၏။ လွန်စွာ ဒေါသဖြစ်သွားဟန်ဖြင့် သူ့မျက်လုံးများလည်း မီးဝင်း‌ဝင်းတောက်နေခဲ့သည်။

မူလက၊ ရှမ်းဟွမ်တိုက်ကြီးတွင် အရှိန်အဝါပြနိုင်မည်ဟု ထင်ခဲ့သော်လည်း အကြိမ်ကြိမ် အရိုက်ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။

"မင်း၊ မင်းငါ့ကိုစောင့်နေ"

မုဖုန်းက ကြိမ်းမောင်းလိုက်သည်။ ထို့နောက်မှာတော့ တရွေ့ရွေ့ ထွက်ခွာသွားတော့သည်

လုံချန်ကတော့ ဂရုမစိုက်ဘဲ ပြန်ထိုင်ကာ ဆက်သောက်နေလိုက်သည်။ မြင်ကွင်းက တစ်ဖန် ငြိမ်သက်သွားလေသည်။

"လုမင်၊ လုံချန်ကို ရင်ဆိုင်ရမယ်ဆိုရင် နင် ယုံကြည်မှုရှိရဲ့လား"

ရှဲ့နျန်ချင်းက လုမင်ကို အသံပို့လွှတ်၍ ပြောလိုက်သည်။

"ကိုယ်မသိဘူး"

လုမင်က ခေါင်းကိုခါယမ်းလိုက်၏။

"လုံချန်အကြောင်းကို ကိုယ်နည်းနည်းပဲသိတယ်။ သူ့သွေးမျိုးဆက်က ဘာမှန်းမသိဘူး၊ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံ အတိအကျကိုတောင် မသိရဘူးလေ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း သာမန်အသိမြင်နဲ့ တိုင်းတာလို့မရဘူး"

"နင့်မှာ ပြိုင်ဘက်ရှိလာတဲ့ပုံပဲ"

ရှဲ့နျန်ချင်းက ပြုံးလိုက်သည်။

"စိတ်မပူနဲ့။ နောင်မှာ ကိုယ့်ရဲ့ ရန်သူအားလုံးကို ချေမှုန်းမယ်၊ မင်းကို ပြဿနာရှာသူတိုင်းကို အနိုင်ယူပေးနိုင်လိမ့်မယ်"

လုမင်က ပြုံးလျက် ပြောလိုက်သည်။ သူ့စိတ်ထဲတွင် ယုံကြည်မှုအပြည့်ရှိခဲ့၏။

သူက အဘယ်ကြောင့် ထိုမျှယုံကြည်ပါသနည်း။ နောက်ဆုံးတွင် သူ၏ နဝနဂါးသွေးမျိုးဆက်နှင့် ငရဲဖိနှိပ်ကျောက်စာချပ် နှစ်ခုစလုံးက နတ်ဘုရားအဆင့်ကိုးသို့ ရောက်လာပြီးနောက် သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အလွန်အားကောင်းလာခဲ့မည် ဖြစ်သည်။ ထိုအချိန်တွင် တူညီသော အဆင့်ရှိသူများကို တွန်းလှန်နိုင်လိမ့်မည်။

"အရှက်မရှိ လေကြွား"

ရှဲ့နျန်ချင်းက အနည်းငယ် မျက်မှောင်ကြုတ်ပြီး လုမင်ကို မျက်စောင်းထိုးလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများက ပျော်ရွှင်သော အပြုံးများဖြင့် ပြည့်နေခဲ့လေသည်။

ခဏအကြာ စားသောက်ပြီးနောက် လုမင်နှင့် ရှဲ့နျန်ချင်းက စာရင်းရှင်းပြီး ထွက်ခွာသွားခဲ့သည်။ သင်္ဘောထဲတွင် ခဏတာ လျှောက်လှမ်းပြီးနောက် ကုန်းပတ်ပေါ်သို့ ရောက်လာခဲ့၏။ အပြင်ဘက်တွင် လေပြင်းများက တဟူးဟူး တိုက်ခတ်လျက်ရှိသည်။

စစ်သင်္ဘော၏ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသော အရှိန်အဟုန်ကြောင့် လေပြင်းများက ကြောက်စရာကောင်းလှသည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ်အောက်မှ မည်သူမဆို ကုန်းပတ်ပေါ်ကို ရောက်လာသရွေ့ လေပြင်းကြောင့် အပိုင်းပိုင်း ပေါက်ကွဲသွားလိမ့်မည်။

လုမင်နှင့် ရှဲ့နျန်ချင်းလည်း စွမ်းအင်များနှင့် လေပြင်းများကိုတားဆီးကာ ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်သည်။

သူတို့မျက်စိရှေ့တွင် ပေါ်လာသည်က အ‌ဆုံးမဲ့ ပင်လယ်ကြီး ဖြစ်၏။ ပင်လယ်တွင်း၌ လေပြင်းများကလည်း တိုက်ခတ်နေလေသည်။ လေပြင်းများအောက်တွင် ပင်လယ်လှိုင်းများက မီတာထောင်ချီမြင့်မားပြီး အလွှာပေါင်းသောင်းချီကာ ရှိသည်။ ယင်းက တကယ်ကို အံ့မခန်းမြင်ကွင်းတစ်ခုပင်။

လုမင်နှင့် ရှဲ့နျန်ချင်းလည်း တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး လှပသော ဤမြင်ကွင်းများကို အတူ ဆက်လက်ကြည့်နေခဲ့ကြသည်။

............

ကျင့်ကြံသူများအတွက်တော့ တစ်လအချိန်မှာ အလွန်တိုတောင်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်လ ကုန်လွန်သွားခဲ့လေသည်။

တစ်လကြာပြီးနောက် ရှန်းရွှီတိုက်ကြီး၏ နယ်မြေထဲကို သူတို့ ဝင်ရောက်လာခဲ့ကြသည်။

ရှမ်းဟွမ်တိုက်ကြီး၏ ပါရမီရှင်များလည်း ကုန်းပတ်ပေါ်တွင် စုရုံးကာ ကြီးကျယ်ခမ်းနားသော တောင်တန်းများနှင့် မြစ်များကို ကြည့်ရှုနေခဲ့ကြလေသည်။

"ကြွယ်လိုက်တဲ့ မိုးနဲ့မြေရဲ့ သဘာဝစွမ်းအင်၊ ဒီနေရာမှာ မူလချီစွမ်းအင်တွေတောင် ရောနှောနေတာပဲ"

ထိုပါ့ရှီလည်း အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။

"မဆိုးဘူး၊ ဒီကျင့်ကြံမှု ပတ်ဝန်းကျင်က ရှမ်းဟွမ်တိုက်ကြီးထက် အများကြီး ပိုကောင်းတယ်။ ဧကရာဇ်တစ်ပါးသာ ဒီနေရာမှာ လေ့ကျင့်မယ်ဆိုရင်တောင် အဆင့်တက်နိုင်ဖို့ ပိုပြီးလွယ်လိမ့်မယ်။ ဒီအခြေအနေတွေက ရှမ်းဟွမ်တိုက်ကြီးထက် အများကြီး ပိုကောင်းတာပဲ"

လုမင်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

ရှန်းရွှီတိုက်ကြီးတွင် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်နှင့် မူလစွမ်းအင်များ ရှိနေကြရုံ သာမကဘဲ တာအိုသဘောတရားများကိုလည်း နားလည်ရလွယ်ကူပုံပေါ်သည်။

ထိုသို့သောပတ်ဝန်းကျင်တွင် လေ့ကျင့်ခြင်းက သဘာဝအတိုင်း ပို၍ မြန်ဆန်မည်ဖြစ်ကာ ကျွမ်းကျင်သူများလည်း ပေါများပေလိမ့်မည်။

"ရှန်းရွှီတိုက်ကြီးက ယွမ်လုနဲ့ဆိုရင် မတူညီတဲ့ ကမ္ဘာနှစ်ခုလို့ ပြောကြတယ်။ ဒီလိုဆိုရင် ယွမ်လုရဲ့ လေ့ကျင့်မှု ပတ်ဝန်းကျင်က ဘယ်လောက်တောင် ကောင်းလိုက်မလဲ"

လုမင်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။

စစ်သင်္ဘောက လေထဲမှ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ အဆုံးမဲ့ တောင်များနှင့် မြစ်များကို တရိပ်ရိပ် ဖြတ်သွားခဲ့၏။ နောက်နှစ်ရက်အကြာတွင် ကြီးမားကျယ်ပြန့်သော ရှေးဟောင်းမြို့တော်ကြီးတစ်ခုက သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။

"အားလုံးပဲ၊ အဲဒီရှေးဟောင်းမြို့ဟာ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ နတ်ဘုရားနန်းတော် တည်ရှိရာနေရာပဲ။ မင်းတို့ တောင်နတ်ဘုရားနန်းတော်မှာ နောက်သုံးလလောက်နေရမယ်"

အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်ရွေးချယ်မှုအတွက်၊ လုပ်ငန်းစဉ်နဲ့ ရှန်းရွှီတိုက်ကြီးရဲ့ အခြေအနေကို အတိုချုပ်ပြီး ရှင်းပြမယ်"

"ကောင်းကင်နတ်ဘုရားဂိုဏ်းက ရှန်းရွှီတိုက်ကြီးမှာ အမြင့်မြတ်ဆုံးပဲ။ နတ်ဘုရားဂိုဏ်းကို အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးပိုင်းခွဲထားတယ်။ ဒါပေမဲ့ နတ်ဘုရားနန်းတော်လေးခုက ဒေသတစ်ခုစီကို သီးခြားအုပ်ချုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ နတ်ဘုရားနန်းတော်လေးခုစလုံးက ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ သက်ဆိုင်ပေမဲ့ သီးခြား အင်အားလေးခုအဖြစ် သတ်မှတ်နိုင်တယ်။ သူတို့က အချင်းချင်း ပြိုင်ဆိုင်နေကြပြီး တိုက်ပွဲတွေတောင် ဖြစ်ခဲ့ကြပါတယ်"

"ရှန်းရွှီတိုက်ကြီးရဲ့ ရှန်းရွှီတိုက်အဖွဲ့အစည်း လက်အောက်မှာ တိုက်ကြီးပေါင်း လေးဆယ့်နှစ်ခု ရှိတယ်။ နတ်ဘုရားနန်းတော်တစ်ခုစီက ဦးတည်ရာတစ်ခုစီကို တာဝန်ယူ အုပ်ချုပ်ကြရတာ။ ရှန်းရွှီတိုက်ကြီးရဲ့ တောင်ဘက် နတ်ဘုရားနန်းတော်မှာ စုစုပေါင်း တိုက်ကြီးကိုးခု ရှိတယ်။ ရှမ်းဟွမ်တိုက်ကြီးရဲ့ တည်ရှိရာကတော့ ငါ့တောင်းပိုင်းနတ်ဘုရားနန်းတော်ရဲ့ လက်အောက်မှာပဲ။ တိုက်ကြီးကိုးခုရဲ့ ပါရမီရှင်တွေ စုံညီတဲ့အခါ သုံးလအတွင်း ရှန်းရွှီ ရှေးဟောင်းမြို့တော်ဆီကို သွားကြမယ်"

အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက အသေးစိတ် ရှင်းပြလိုက်သည်။

All Chapters