အခန်း ၁၁၉၇
Vol. 80 Ch. 1197
အပိုင်း ( 1197 ) ထိပ်တန်းစစ်သားရဲဆယ်ကောင်ထဲမှ တစ်ကောင်၊ ထိုက်ကူးနဂါးဆင်။
"ငါသိသရသလောက်ဆိုရင် ရှန်းအဲ့တိုက်ကြီးမှာ အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အနည်းဆုံး နှစ်ဦး၊ သုံးဦးလောက်ရှိတယ်"
မုဖုန်းက ပြုံးလျက် ရှင်းပြလိုက်သည်။
"အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အနည်းဆုံး နှစ်ဦး၊ သုံးဦးရှိတာလား"
တစ်ယောက်က အံ့အားသင့်သွားပြီးပြီး ပင့်သက်ရှိုက်လိုက်၏။
"အမှန်ပဲ၊ ဒါက အစပဲရှိသေးတယ်"
မုဖုန်း၏ မျက်လုံးများက လှောင်ပြောင်သရော်မှုတို့ ပေါ်လာခဲ့သည်။
အဆင့်ငါး ဝိညာဉ်နတ်ဘုရားသည် အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်ထက် များစွာပို၍ အားကောင်းကြပေသည်။
ဤအခိုက်တွင် ရှမ်းအဲ့တိုက်ကြီးမှ ပါရမီရှင်များ၏ အမူအရာများမှာ မှုန်ကုပ်သွားကြသည်။
သူတို့ထဲ ရွှေရောင်ချပ်ဝတ်နှင့် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် ထွက်လာခဲ့၏။ လုမင်ကို စိုက်ကြည့်လိုက်သော သူ့မျက်လုံးများက ရွှေရောင်သန်းနေကာ အစွမ်းထက် အရှိန်အဝါများလည်း ထွက်ပေါ်လာတော့သည်။
"ရှမ်းဟွမ်တိုက်ကြီးမှာ အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိမယ်လို့ မမျှော်လင့်ထားဘူး။ မဆိုးပါဘူး"
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မင်း တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်ပါ၊ စကားမများနဲ့"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"ဟားဟားဟား၊ မင်းက အတော်မာနကြီးတာပဲ၊ ဒါပေမဲ့..."
ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်လေးက ရယ်မောလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများမှာ အေးစက်သွား၏။ ၎င်း၏ အကြည့်က လုမင်ကိုဖြတ်ပြီး တောအုပ်အတွင်းမှ ခြံဝင်းတစ်ခုဆီသို့ ကျရောက်သွားခဲ့သည်။
"ရှန်းအဲ့တိုက်ကြီးရဲ့ ပါရမီရှင်တွေရှေ့မှာတောင် အေးအေးဆေးဆေးရှိသလို ဟန်ဆောင်နေတာက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်။ ဒါကြောင့် ဒီကောင်ကို ငါအရင်ဂရုစိုက်လိုက်မယ်။ ပြီးတော့မှ မင်းနဲ့တွေ့မယ်"
ထိုသို့ပြောပြီးနောက် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူငယ်က သူ့လက်ကိုဆန့်ကာ လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ခြံဝင်းအထက်တွင် ဧရာမရွှေရောင်လက်ကြီးတစ်ဖက် ဖြစ်ပေါ်လာပြီး ခြံဝင်းကို ဖမ်းဆုပ်လိုက်၏။
"သူက လုံချန်ကို တိုက်ခိုက်နေတာပဲ"
လုမင်က မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
ထိုခြံဝင်းထဲတွင် နေထိုင်သူက လုံချန်ဖြစ်ကြောင်း သူ သတိထားမိပြီး ဖြစ်သည်။
ဤအချိန်ထိ လုံချန်သည် ပေါ်မလာခဲ့ပေ။ ၎င်းက ထိုခြံဝင်းထဲတွင်သာ လေ့ကျင့်နေခဲ့သည်။
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူငယ်လေးကလည်း ခြံဝင်းထဲတွင် လုံချန် လေ့ကျင့်နေသည်ကို သတိပြုမိ၏။ ယင်းက သူ့ကို မကျေမနပ်ဖြစ်စေကာ လုမင်နှင့် ရင်မဆိုင်မီ လုံချန်အား ရိုက်ချချင်ခဲ့သည်။
"ကြည့်ရတာ ငါလုပ်စရာမလိုတော့ဘူး"
လုမင်က ရေရွတ်ပြီး ရှဲ့နျန်ချင်းအနားကို ပြန်လာခဲ့လိုက်သည်။ သူမတိုက်ခိုက်ရတော့ ပိုတောင်ကောင်းသေးသည်။
"ထွက်သွား"
ကြီးမားသော ရွှေရောင်လက်ဝါးကြီးက ခြံဝင်းကို ဖမ်းဆုပ်ခါနီးအချိန်တွင် ခြံဝင်းထဲမှ အေးစက်စက် ငေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လက်သီးအင်အားတစ်ခု ပြေးထွက်လာပြီး ရွှေရောင်လက်ဝါးကြီးကို ချိုးဖြတ်လိုက်၏။
"ဝှစ်"
ခြံဝင်းထဲမှ ပုံရိပ်တစ်ခု ထွက်လာပြီး လေထဲတွင် ပေါ်လာတော့သည်။
၎င်းက လုံချန် ဖြစ်သည်။
"အခု တိုက်ခိုက်လိုက်တာ မင်းလား"
လုံချန်က ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူငယ်ကို စိုက်ကြည့်လိုက်သည်။
"မဆိုးပါဘူး၊ မင်းရဲ့ အင်အားကလည်း ဒီလောက်သန်မာမယ်လို့ ငါမ..."
ရွှေရောင်ချပ်ဝတ်နှင့်လူငယ်က ပြောလိုက်သည်။ သို့သော်လည်း သူ့စကားမဆုံးမီတွင် လုံချန်က အလွန်လျင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်လာခဲ့၏။ လုံချန်က လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်တော့သည်။
ဤလက်သီးမှ ဖိအားက ရွှေရောင်ချပ်ဝတ်နှင့်လူငယ်၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။ သူလည်း အလျင်စလို ထိုးနှက်လိုက်၏။
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံပြီးနောက် ရွှေရောင်ချပ်ဝတ်နှင့်လူငယ်၏ မျက်နှာမှာ ရှုံ့တွသွားတော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်စဥ်သွားခဲ့သည်။ သူ့လက်များက မရပ်မနား တုန်ခါနေပြီး ပါးစပ်မှလည်း သွေးများ အန်ထွက်ခဲ့လေသည်။
"မင်းကများ ငါ့ကို ခိုးဝင်တိုက်ခိုက်ဝံ့တယ်၊ စက်ဆုပ်စရာပဲ"
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က ဟိန်းဟောက်ပြီး သွေးမျိုးဆက် မိကျောင်းကြီးတစ်ကောင်ကို ထုတ်ဖော်လိုက်သည်။ ပထမလူနှင့်မတူဘဲ ဤမိကျောင်းကြီးသည် ရွှေဖြင့်ပြုလုပ်ထားသည့်အတိုင်း ရွှေရောင်တဖိတ်ဖိတ် တောက်နေခဲ့၏။
သူတို့နှစ်ဦးစလုံးက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုလိုက်သောအခါ သူ့အရှိန်အဝါများ ပို၍ မြင့်မားလာတော့သည်။
ဤလူငယ်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်တွင်ရှိသည်။ ၎င်းက ပထမလူငယ်ထက် အနည်းငယ်ပို၍ အားကောင်းခဲ့ပေသည်။
ရွှေရောင်ချပ်ဝတ်နှင့်လူငယ်က ဧရာမမိကျောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လုံချန်ကို ထပ်မံတိုက်ခိုက်လိုက်သည်။
"ဝုန်း"
လုံချန်ထံမှ အရှိန်အဝါများ တဟုန်ထိုးတက်လာသည်။ သူ့လက်များကလည်း ယခင်ကထက် နှစ်ဆပိုကာ ထူလာခဲ့၏။
"အဲဒါ နဂါးအကြေးခွံလား"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ လုံချန်၏ ကြီးမားလာသော လက်များပေါ်တွင် နဂါးအကြေးခွံများနှင့်တူသော အကြေးခွံများကို သူမြင်လိုက်ရပေသည်။
'လုံချန်ရဲ့ သွေးမျိုးဆက်ကလည်း အစစ်အမှန်နဂါးများလား'
လုမင် တွေးလိုက်သည်။
"ဝုန်း ဝုန်း"
လုံချန်က လက်နှစ်ဖက်ဖြင့် အဆက်မပြတ် ထိုးလိုက်သည်။
ပထမလက်သီးချက်က မိကျောင်းအမြီးကိုထိမှန်ကာ ယိုင်သွားစေခဲ့သည်။ ဒုတိယလက်သီးချက်ကတော့ ဧရာမမိကျောင်းဦးခေါင်းပေါ်ကို ကျရောက်သွား၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဧရာမမိကျောင်း၏ ခန္ဓာကိုယ်ကြီးက အနောက်ဘက်ကို လွင့်ပျံသွားတော့သည်။
"ဝုန်း"
လုံချန်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဧရာမမိကျောင်းကို ဖမ်းထားလိုက်သည်။ ထို့နောက်မှာတော့ ကြီးမားသော လက်သီးများနှင့် အဆက်မပြတ် ထိုးကြိတ်လေတော့သည်။
လက်သီးအင်အားက အရာအားလုံးကို ချိုးဖြတ်နိုင်ပုံရသည်။ ဧရာမမိကျောင်းကြီး လုံးဝ ခုခံနိုင်စွမ်းမရှိတော့ပေ။ ရွှေရောင်ချပ်ဝတ်နှင့် လူငယ်လေး၏ သနားစဖွယ် အော်ဟစ်လိုက်သံများ ထွက်ပေါ်လာခဲ့သည်။
"သေစမ်း၊ ရှမ်းဟွမ်တိုက်ကြီးမှာ နောက်ထပ် ဘီလူးတစ်ကောင် ပေါ်လာပြီ။ သူက အတော်သန်မာတာပဲ။ အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတောင်မှ သူ့ကို မယှဉ်နိုင်ဘူးလား"
"ဒီလူက ရှမ်းဟွမ်တိုက်ကြီးမှာ အသန်မာဆုံးလူဖြစ်ပုံရတယ်"
လုံချန်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုက ကြည့်ရှုသူများကို တုန်လှုပ်စေခဲ့သည်။
"ဟမ့်"
မုဖုန်း၏ မျက်နှာက အေးစက်သွား။ သို့သော်လည်း သူ့မျက်လုံးထဲတွင် တုန်လှုပ်သွား၏။
လုံချန်က သူနှင့် ပြဿနာရှိထားသူ ဖြစ်သည်။ သို့သော်လည်း၊ လုံချန်၏ တိုက်ခိုက်နိုင်စွမ်းက သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြီ။
"ဝုန်း ဝုန်း"
လက်သီးချက်အနည်းငယ် ဆက်လက် ထိုးကြိတ်ပြီးနောက် ရွှေရောင်ဝတ်လူငယ်လေး နာကျင်စွာ ငိုကြွေးတော့သည်။
"ရပ်စမ်း"
ရှန်းအဲ့တိုက်ကြီးမှ လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
"တိုက်ခိုက်ချင်နေတယ်မဟုတ်လား၊ အကုန်လာခဲ့။ ငါ့ရဲ့ လေ့ကျင့်မှုကို မနှောင့်ယှက်နဲ့"
လုံချန်က အော်ဟစ်လိုက်သည်။
"ချီးပဲ၊ သူက မာနကြီးလွန်းတယ်"
"သူက တကယ်မောက်တာပဲ။ ဒီကောင်ကို ဖိနှိပ်ရအောင် အတူတူ တိုက်ခိုက်ဖို့ အကြံပေးတယ်"
"မှန်တယ် အတူတူ တိုက်ခိုက်ကြရအောင်"
လုံချန်၏ မထီမဲ့မြင်ပြုသော သဘောထားကြောင့် ရှန်းအဲ့တိုက်ကြီးမှ လူငယ်များ ဒေါသတကြီး ဖြစ်ကုန်သည်။
သူတို့အားလုံးက ရှန်းအဲ့တိုက်ကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ပါရမီရှင်များဖြစ်ကြသည်။ ဧကရာဇ်များသည်ပင် သူတို့ကို အထင်မသေးနိုင်ကြပေ။ သူတို့ကဲ့သို့ တည်ရှိမှုမျိုးက ဘယ်အချိန်ကစပြီး ဤသို့ နှိမ့်ချခံရပ်သနည်း။
အားလုံးက ဟိန်းဟောက်ပြီး အတူတူတိုက်ခိုက်ရန် ပြင်လိုက်သည်။
"ဝုန်း ဝုန်း"
ရှန်းအဲ့တိုက်ကြီးမှ လူငယ်ခုနစ်ဦး သို့မဟုတ် ရှစ်ဦးထက်မနည်း ဦးခေါင်းထက်တွင် မိကျောင်းကြီးများ ပေါ်လာခဲ့၏။
၎င်းတို့အားလုံးက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်များ ဖြစ်ကြသည်။
ရှန်းအဲ့တိုက်ကြီးမှ လူအများစုသည် ရှေးဦးနတ်မိကျောင်း၊ ဧကရာဇ်မိကျောင်းနှင့် ဧရာမမိကျောင်းကြီးတို့၏ အဆက်အနွယ်များ ဖြစ်သည်။
စုစုပေါင်း လူငယ်ခုနစ်ဦးက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ မိကျောင်းကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပေသည်။
သူတို့တစ်ဦးစီက အစွမ်းထက်အရှိန်အဝါများ ရှိကြသည်။
"အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်တစ်ဦးနဲ့ အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တစ်ဦး"
ရှန်းအဲ့တိုက်ကြီးမှ လူငယ်များ၏ ကျင့်ကြံခြင်းအခြေခံကို မြင်ရသောအခါ လုမင်၏မျက်လုံးများ လင်းလက်သွားခဲ့သည်။
၎င်းတို့မှလွဲ၍ ကျန်သူများသည် အဆင့်လေး ဝိညာဉ်နတ်ဘုရားများ ဖြစ်၏။ ထို့ထက် အားနည်းသူများကတော့ မတိုက်ခိုက်ကြပေ။
ကျွမ်းကျင်သူခုနစ်ဦးက ဧရာမမိကျောင်းများအဖြစ်သို့ ပြောင်းလဲသွားကာ လုံချန်ထံသို့ ဦးတည်သွားခဲ့သည်။
'ဒီတစ်ခါတော့ လုံချန်ရဲ့ ခွန်အားကို မြင်နိုင်လိမ့်မယ်'
လုမင်အပါအဝင် အခြားတိုက်ကြီးများမှ လူငယ်များလည်း လုံချန်၏ ခွန်အားအမှန်ကို သိလိုစိတ်တို့ ဖြစ်လာခဲ့ကြသည်။
လုံချန်၏ မျက်လုံးများက ရှားရှားပါးပါး တိုက်ခိုက်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့သည်။
"ဂါး"
လုံချန်၏ ဦးခေါင်းထက်တွင် ဧရာမသတ္တဝါကြီးတစ်ကောင် ပေါ်လာသည်။ ၎င်းထံမှ မိုးမြေတုန်ခါစေသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
တောင်တစ်လုံးထက် ပိုကြီးမားသည့် ဧရာမဆင်ကြီးတစ်ကောင် ပေါ်လာတော့သည်။
သို့သော်၊ ဤဆင်ကြီးက သာမန်ဆင်များနှင့် မတူဘဲ နဂါးအကြေးခွံကဲ့သို့ အကြေးခွံများက တကိုယ်လုံးကို ဖုံးအုပ်ထားသည်။
ဆင်ကြီး၏ ခန္ဓာတစ်ဝိုက်မှာလည်း ရွှေရောင်အလင်းစက်ကိုးခု ရှိနေပါသေးသည်။
သို့ရာတွင် ဆင်ကြီးမှ ထုတ်လွှတ်လာသော အရှိန်အဝါများက အခြား နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်များထက် များစွာပို၍ အားကောင်းသည်။
“ဒါ…ဒါက… ရှေးဦးနဂါးဆင်ပဲ။ တစ်စုံတစ်ယောက်က ရှေးဦးနဂါးဆင် သွေးမျိုးဆက်ကို တကယ်ပဲ နိုးထစေခဲ့တာလား"
လုမင်၏ နားထဲတွင် အံ့အားသင့်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။ ၎င်းက တန်တန်သည်ပင်။ တန်တန်က လုံချန်၏ သွေးမျိုးဆက်ကို ခံစားမိဟန်ဖြင့် တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်လာခဲ့သည်။
“ရှေးဦးနဂါးဆင်လား၊ အဲဒါက အစစ်အမှန်နဂါးအစစ်နဲ့ နတ်ဆင်ရဲ့ ပေါင်းစပ်မှုမျိုးလား"
လုမင်လည်း အံ့သြသွားခဲ့သည်။
"မဟုတ်ဘူး၊ အဲဒါက အစစ်အမှန်နဂါးထက် ပိုအားကောင်းပြီး နတ်ဆင်ထက်လည်း သန်မာတယ်။ သူက နဝမနဂါးလို နာမည်ကြီးတာပေါ့။ အဲဒီကောင်က ငါ့လို ထိပ်တန်းစစ်သားရဲဆယ်ကောင်ထဲက တစ်ကောင်ပဲ"
တန်တန်က ရှင်းပြလိုက်သည်။
"ထိပ်တန်း စစ်ဆယ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ ရှေးဦးနဂါးဆင်"
လုမင်လည်း အံ့အားသင့်သွားသည်။
လုံချန်က အလွန်အစွမ်းထက်နေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူနိုးထလာသော သွေးမျိုးဆက်က အမှန်တကယ်ပင် ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲမှ တစ်ကောင် ဖြစ်သည်။