← Chapters

အခန်း ၁၁၉၈

Vol. 80 Ch. 1198

အခန်း ၁၁၉၈

Vol. 80 Ch. 1198

အပိုင်း ( 1198 ) ရတနာလဲလှယ်ခြင်းမျှော်စင်။

ထိပ်တန်းစစ်သားရဲ ဆယ်ကောင် သွေးမျိုးဆက်၏ စွမ်းအားကို နဝမနဂါးမှ မြင်တွေ့ကြနိုင်သည်။

နဝမနဂါးသွေးမျိုးဆက်သည် နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ဖြစ်သော်လည်း နဂါးစွမ်းအားရှစ်ခု ပါရှိသည်။ ဝါးမျိုခြင်းစွမ်းအားကို ထပ်ပေါင်းလိုက်ပြီးနောက် ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက တုန်လှုပ်ချောက်ချားစရာဖြစ်နေပြီ။

ထို့အပြင် နဂါးဝမနဂါးသွေးမျိုးဆက်၏ အသန်မာဆုံးစွမ်းရည်က ဝါးမျိုနိုင်သော စွမ်းရည် ဖြစ်သည်။ ၎င်းက လူတစ်ဦး၏ ကျင့်ကြံခြင်းကို လျင်မြန်စွာ တိုးတက်စေရန် စွမ်းအင်အမျိုးမျိုးတို့ကို သန့်စင်နိုင်စွမ်း ရှိပေသည်။

လုမင်၏ လက်ရှိအောင်မြင်မှုများတွင် နဝမနဂါးသွေးမျိုးဆက်က အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သို့ဖြစ်ပေရာ နဝမနဂါးနှင့် တန်းတူဖြစ်သော ရှေးဦးနဂါးဆင်သွေးမျိုးဆက်က မည်မျှ ကြောက်စရာကောင်းမည်ကို တွေးကြည့်နိုင်ပေသည်။

"ရှေးဦးနဂါးဆင်က ထိပ်တန်းစစ်သားရဲဆယ်ကောင်မှာ သန်မာတဲ့ တိုက်ခိုက်နိုင်စွမ်းကြောင့် ကျော်ကြားတယ်။ သူက ကမ္ဘာကြီးကို ထိုးဖောက်ဝင်ရောက်ပြီး အရာအားလုံးကို ဖိနှိပ်နိုင်လောက်အောင် အစွမ်းထက်ပါတယ်။ ဒီကောင်လေးက ရှေးဦးနဂါးဆင် သွေးမျိုးဆက်ကို နိုးထစေနိုင်တာ အံ့သြစရာပဲ"

တန်တန်က သက်ပြင်းလိုက်သည်။

"ဂါး"

ရှေးဦးနဂါးဆင်က ဟိန်းဟောက်လိုက်၏။ ၎င်း၏ အရှိန်အဝါများက ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်များကို မျက်နှာဖြူဖျော့သွားစေခဲ့သည်။

"ဝုန်း"

လုံချန်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ရှေးဦးနဂါးဆင်အသွင်ပြောင်းကာ ရွှေရောင်ချပ်ဝတ်နှင့်လူငယ် အသွင်ပြောင်းထားသော ဧရာမမိကျောင်းကြီးကို တက်နင်းလိုက်သည်။

ရွှေရောင်မိကျောင်းကြီး ပေါက်ကွဲသွားပြီး ရွှေရောင်ချပ်ဝတ်နှင့်လူငယ် ပြန်ပေါ်လာခဲ့၏။ သူ့ပါးစပ်မှ သွေးများအန်ထွက်လာကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။

လုံချန်က သက်ညှာခဲ့၍ သူ့အသက်တော့ မသေပေ။ သို့ရာတွင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားရသည်။

"ဂါး"

ထို့နောက်တွင်၊ ရှေးဦးနဂါးဆက်ဆင်က ဟိန်းဟောက်ပြီး ဆင်နှာမောင်းနှင့် ရိုက်ချလိုက်သည်။ အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် ပါရမီရှင်များ သွေးမျိုးဆက်ပေါင်းစပ်ခြင်းမှ ပေါက်ကွဲသွား၏။ ၎င်းတို့၏ မူလခန္ဓာများ ပြန်ပေါ်လာကာ နာကျင်စွာအော်ဟစ်ရင်း လွင့်စဉ်သွားတော့သည်။

"အတူတူအလုပ်လုပ်ရအောင်"

ရှန်းအဲ့တိုက်ကြီးတွင် အသန်မာဆုံးက အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ဖြစ်သည်။ ၎င်းက ကြာပွတ်ကဲ့သို့ သူ့အမြီးကိုသုံးပြီး ရှေးဦးနဂါးဆင်ကို ရိုက်ထုတ်လိုက်၏။

ရှေးဦးနဂါးဆင်က အကောင်ကြီးသော်လည်း အလွန်သွက်လက်သည်။ ခြေနှစ်လှမ်းဖြင့် ကြောက်မက်ဖွယ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရန်သူထံမှ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်၏။ တစ်ချိန်တည်းတွင် အစွယ်နှစ်ချောင်းက တောက်ပလာပြီး ကောင်းကင်ဓားနှစ်လက်ကဲ့သို့ အလင်းတန်းနှစ်ခု ပေါက်ကွဲထွက်လာတော့သည်။

‌ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်တချို့၏ သွေးမျိုးဆက်ပေါင်းစပ်ခြင်းက ပျက်စီးကာ နာကျင်စွာအော်ဟစ်ရင်း အဝေးသို့ လွင့်ပျံသွားကြသည်။

ရှန်းအဲ့တိုက်ကြီးဘက်တွင် အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ပါရမီရှင်နှစ်ဦးတည်းသာ ကျန်တော့သည်။

ရှေးဦးနဂါးဆင်က ထပ်မံလှုပ်ရှားလိုက်ရာ ကောင်းကင်ကြီး လှုပ်ခါသွားခဲ့သည်။ ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်နှစ်ဦးက အစွမ်းကုန်ကြိုးစားသော်လည်း မခံနိုင်ဘဲ အပြတ်အသတ် ချေမှုန်းခံခဲ့ရ၏။

တိုက်ကွက်အနည်းငယ်အတွင်းမှာပင် နှစ်ယောက်စလုံး နာကျင်စွာ အော်ဟစ်လိုက်ရ‌တော့သည်။ ၎င်းတို့၏ သွေးမျိုးဆက်များ ပျောက်ကွယ်သွားပြီး လူသားပုံစံကို ပြန်ပြောင်းသွားကြသည်။ ရှေးဦးနဂါးဆင်ကို ကြောက်လန့်တကြားဖြင့်ကြည့်ရင်း သွေးများလည်း အန်ထွက်လာတော့သည်။

"ဝှစ်"

ရှေးဦးနဂါးဆင်က ပြန်ကျုံ့လာကာ လုံချန် ပြန်ပေါ်လာခဲ့သည်။ သူက ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်များကိုကြည့်ပြီး အေးစက်စက်ဖြင့် ငေါက်လိုက်၏။

"ထွက်သွား"

ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်အားလုံး မျက်နှာမည်းမှောင်သွားကြသည်။ သို့သော်၊ သူတို့ မနေရဲတော့ပေ။ ဒဏ်ရာရသူများကို ခေါ်ဆောင်ပြီး တပ်သားတောင်သို့ ပြန်ဆုတ်သွားကြသည်။

"အစွမ်းထက်လွန်းတယ်။ ဒီလူက ဘယ်သူများလဲ။ သူက သန်မာလွန်းပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ငါးတွေတောင်မှ ဘယ်လိုမှ မယှဉ်နိုင်ဘူး"

"သူက တကယ်ကို သန်မာလွန်းပါတယ်။ ရှမ်းဟွမ်တိုက်ကြီးမှာ ဒီလိုပါရမီရှင်မျိုးရှိတာက တွေးကြည့်ဖို့တောင် ခက်ခဲတယ်။ ဒီလိုတိုက်ခိုက်နိုင်စွမ်းမျိုးက ထိပ်တန်းတိုက်ကြီး ဆယ်ခုမှာပဲ တွေ့နိုင်တာ"

"အံ့ဩစရာပဲ၊ ဒီတစ်ကြိမ် ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်ရွေးချယ်မှုမှာ နောက်ထပ် အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက် ရှိနေပြီ"

မနီးမဝေးမှ အခြားတိုက်ကြီးများနှင့် ရှန်းရွှီတိုက်ကြီးမှ ပါရမီရှင်များက လုံချန်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

"သေစမ်း၊ ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာရတာလဲ"

မုဖုန်း၏မျက်နှာက မည်းမှောင်သွားကာ အံကိုတင်းတင်းကြိတ်လိုက်သည်။ မူလ သူသည် ရှန်းအဲ့တိုက်ကြီးမှ လူများကိုသုံးပြီး ရှမ်းဟွမ်တိုက်ကြီးကို နှိပ်စက်စေချင်ခဲ့သည်။ မမျှော်လင့်ဘဲ၊ တကယ့်ရလဒ်မှာ လုံးဝဆန့်ကျင်ဘက်ကြီးပင်။

လုံချန်၏ အမူအရာက ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သူသည် စကားတစ်ခွန်းမှ မပြောတော့ဘဲ ဆက်လက် လေ့ကျင့်ရန် သူ့ခြံဝင်းသို့ တခါတည်း ပြန်လျှောက်သွားတော့သည်။

"မထူးဆန်းပါဘူး"

လုမင်က ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။

"ဘယ်လိုလဲ၊ နင်ယုံကြည်မှုရှိလား"

ရှဲ့နျန်ချင်းက မျက်လုံးရွဲကြီးများနှင့် လုမင်ကို လှည့်ကြည့်လိုက်၏။

သူဆိုလိုသည်က လုမင်မှ လုံချန်ကို အနိုင်ယူရန် ယုံကြည်မှုရှိမလားဟု ဖြစ်သည်။

"ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ငါး အထွတ်အထိပ်နဲ့ ရှေးဦးနဂါးဆင် သွေးမျိုးဆက်က ပုံမှန်မဟုတ်တဲ့ တည်ရှိမှုပါပဲ။ ဒါပေမဲ့ တူညီတဲ့အဆင့်က တိုက်ပွဲမှာ ကိုယ်က ဘယ်အချိန်က ရှုံးနိမ့်ဖူးလို့လဲ"

လုမင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

သူက လုံချန်၏အင်အားကို အကြမ်းဖျင်း တွက်ဆပြီးသွားပြီ ဖြစ်သည်။

"အရှက်မရှိတဲ့ကောင်စုတ်"

ရှဲ့နျန်ချင်းက နှုတ်ခမ်းစူကာ ပြောလိုက်သည်။ သို့သော်၊ သူမ၏ မျက်လုံးများက အပြုံးတို့ကို လှစ်ဟနေခဲ့လေသည်။

နှစ်ယောက်သား စကားစမြည်ပြောရင်း ခြံဝင်းထဲသို့ ပြန်ဝင်ကာ ဆက်လက်လေ့ကျင့်လိုက်ကြသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်ရွေးချယ်မှုမတိုင်မီ သုံးလခန့်သာ လိုတော့သည်။ လူတိုင်းက မိမိတို့၏ ခွန်အားကို မြှင့်တင်ရန် အချိန်ကို ကောင်းစွာအသုံးချလိုသည်။ သူတို့ ပို၍အားကောင်းလေလေ၊ ရွေးချယ်ခံရရန် အခွင့်အလမ်း ပို၍များလေပင်။

အချိန်များ ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားပြီ။

လုမင်က နေ့စဉ်နှင့်အမျှ လုံ့လစိုက်ပြီး လေ့ကျင့်ပေရာ ကြီးစွာသောတိုးတက်မှုကို ရရှိခဲ့သည်။ သူ၏ တာအိုအမျိုးမျိုးကလည်း အတော် တိုးတက်လာပါတယ်။ သို့သော်လည်း၊ သူ၏ မြေတာအိုက ယခုအချိန်ထိ စတုတ္ထအဆင့်၏ အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်သည်။၎င်းက စတုတ္ထအဆင့်၏ ကြီးမားသော ပြီးပြည့်စုံမှုသို့ မရောက်ရှိသေးပေ။

တစ်ဖက်တွင်၊ နဝမနဂါးခြေလှမ်းက အဆင့်ရှစ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။

နဝမနဂါးခြေလှမ်း အဆင့်ရှစ်က နတ်ဘုရားအဆင့်မြင့် သိုင်းပညာနှင့် ညီမျှသည်။ လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံအရ ၎င်း၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်‌နိုင်သေးပေ။ သို့ရာတွင်၊ ၎င်း၏စွမ်းအားက လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို ပို၍ အားကောင်းလာစေမည် ဖြစ်သည်။

ယနေ့တွင်၊ လုမင်နှင့် ရှဲ့နျန်ချင်းက အတူတူ အပြင်သို့ ထွက်လာခဲ့ကြသည်။

ရှန်းရွှီတိုက်ကြီးမှ တောင်ပိုင်းနတ်ဘုရားနန်းတော်သို့ သူတို့ ရောက်ရှိလာသည်မှာ လဝက်ကျော်သွားပြီ။ သူတို့နှစ်ဦးက ရှန်းရွှီတိုက်ကြီးမှ ယဉ်ကျေးမှုများကို လှည့်လည်ကြည့်ရှုရန် စီစဉ်ခဲ့ကြသည်။ ထို့နောက်မှာတော့ သူတို့အတွက် အသုံးဝင်သည့် ရတနာများ သို့မဟုတ် ဆေးပင်ဆေးဝါးများ ရှိမရှိကို ရှာဖွေရလိမ့်မည်။

အထူးသဖြင့် နိဗ္ဗာနဆေးလုံးအတွက် ပါဝင်ပစ္စည်းများ ဖြစ်သည်။ ၎င်းတို့ထဲတွင် အချို့က ရှမ်းဟွမ်တိုက်ကြီး တစ်ခုလုံးမှာပင် ရှာဖွေရန် အလွန်ခက်ခဲနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း၊ ရှန်းရွှီတိုက်ကြီးမှာတော့ ထိုသို့မဖြစ်နိုင်ပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်က၊ သူတို့ထဲမှ အချို့ကို ရှာတွေ့နိုင်လောက်သည်။

သူတို့နှစ်ဦးလည်း စစ်သူကြီးတောင်ထိပ်မှ ထွက်ခွာကာ လူစည်ကားသော လမ်းတစ်ခုဆီသို့ လျှောက်လှမ်းသွားတော့သည်။

"ညီနောင်လုနဲ့ မိန်းကလေးရှဲ့ပါလား... ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ"

ဘေးနားမှ အသံတစ်ခု ထွက်လာသည်။

"ညီနောင်ရဲ့"

လုမင် လှည့်ကြည့်လိုက်တော့ ရဲ့ချွမ်ကို မြင်လိုက်ရ၏။

"မင်းတို့နှစ်ယောက် ဈေးဝယ်ဖို့ ထွက်လာကြတာလား"

ရဲ့ချွမ်က မေးသည်။

"ဟုတ်တယ်၊ ငါတို့ ဒီကို‌ရောက်နေတာ လဝက်ကျော်ပြီလေ၊ အဲဒါကြောင့် ထွက်လာတာ"

လုမင်က ပြုံးပြီး ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်မှာ သွားစရာနေရာရှိလား"

ရဲ့ချွမ်က ဆက်မေးလိုက်၏။

"မရှိပါဘူး၊ ငါတို့က အပြင်လည်းထွက်ရင်း ပစ္စည်းတချို့နဲ့ ဝိညာဥ်ဆေးပင်ကောင်းတွေ ရနိုင်မလား ကြည့်နေတာ"

လုမင် ပြောလိုက်သည်။

"သာမန် ဝိညာဉ်ဆေးပင်တွေနဲ့ ပစ္စည်းတွေဆိုရင် သာမာန်ဈေးကွက်မှာပဲ ရှာတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရှားပါးပစ္စည်းတွေနဲ့ ဝိညာဥ်ဆေးပင်တွေဆိုရင်တော့ သာမာန်ဈေးကွက်မှာ ရှာရခက်လှတယ်။ အင်မတန်ရှားပါးတဲ့ ပစ္စည်းအချို့နဲ့ ဆေးပင်တွေကို ရှာတွေ့နိုင်တဲ့ နေရာတစ်ခုကို ငါသိပါတယ်"

ရဲ့ချွမ်က ပြုံးလျက် ပြော၏။

"အိုး၊ ဘယ်မှာလဲ"

လုမင်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

"ရတနာလဲလှယ်ခြင်းမျှော်စင်"

"ရတနာလဲလှယ်ခြင်းမျှော်စင်"

လုမင် အံ့ဩသွားသည်။

"နာမည်အတိုင်းပါပဲ၊ ရတနာလဲလှယ်ခြင်းမျှော်စင်က ရတနာတွေကို လဲလှယ်လို့ရတဲ့ နေရာတစ်ခုပဲ။ မင်းဝင်သွားတာနဲ့ မင်းမလိုအပ်တဲ့ ရတနာတွေကို မင်းလိုအပ်တဲ့ ရတနာတွေနဲ့ လဲလှယ်နိုင်တယ်။ အခြားသူတွေက‌လည်း သူတို့လိုအပ်တာနဲ့ ရှိတာကိုပြောပြီး စုံစမ်းကြတာပဲ။ ဒီနည်းနဲ့ ရှားပါးတဲ့ ရတနာတချို့ကို ပိုပြီးလွယ်လွယ် ရနိုင်တယ်"

ရဲ့ချွမ်က ရှင်းပြလိုက်သည်။

"ဒီလိုနေရာမျိုး တကယ်ရှိတာလား။ စိတ်ဝင်စားစရာပဲ၊ သွားကြည့်ရအောင်"

လုမင်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

"ဟားဟားဟား၊ ငါလည်းပဲ ရတနာလဲလှယ်ခြင်းမျှော်စင်ကို သွားမလို့၊ ငါ မင်းတို့ကို လမ်းပြပါရစေ"

ရဲ့ချွမ် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

ရဲ့ချွမ်၏ ဦးဆောင်မှုဖြင့် လမ်းအချိုးအကွေ့တချို့ကို ဖြတ်ကျော်ပြီး ကြီးမားသော အဆောက်အဦးတစ်ခုရှေ့ကို ရောက်လာခဲ့၏။

၎င်းက အလွန်ကြီးမားပြီး ဧရိယာကျယ်ဝန်းသော အဆောက်အဦတစ်ခု ဖြစ်သည်။ ၎င်းက အထပ်ခုနစ်ထပ်ပါရှိပြီး ကောင်းကင်ကို တိုးထွက်နေခဲ့၏။ ၎င်း၏တည်ရှိမှုက အခြား အဆောက်အဦများကြားတွင် အထင်အရှား ရှိနေခဲ့ပေသည်။

အနီရောင် နံရံများနှင့် အစိမ်းရောင်အုတ်ကြွပ်ခင်းထားသော အဆောက်အဦကြီးကို လှပစွာ တည်ဆောက်ထားသည်။ ဘေးဘက်မှာတော့ စာလုံးကြီးသုံးလုံးကို ရေးထွင်းထားသည့် ကမ္ဗည်းပြားတစ်ခု ရှိ၏။ ရတနာ လှဲလှယ်ခြင်း မျှော်စင်။

All Chapters