← Chapters

အခန်း ၁၁၉၉

Vol. 80 Ch. 1199

အခန်း ၁၁၉၉

Vol. 80 Ch. 1199

အပိုင်း ( 1199 ) ကောင်းကင်မိုးကြိုးသစ်သား။

"ရတနာလဲလှယ်ခြင်းမျှော်စင်ဆိုတာ အရင်တုန်းကတော့ မျိုးဆက်ဟောင်းကျွမ်းကျင်သူတွေ ရတနာတွေကို အပြန်အလှန်လဲလှယ်ကြတဲ့ နေရာပါပဲ။ ဒါပေမဲ့ မကြာသေးခင်က တိုက်ကြီး တစ်တိုက်လုံးက ပါရမီရှင်တွေ စုရုံး ရောက်ရှိလာခဲ့ကြတယ်။ အဲဒီအတွက် မျိုးဆက်သစ်ပါရမီရှင် ကျိဟောင်ချန်က မျိုးဆက်သစ်ပါရမီရှင်တွေအတွက် ရတနာလဲလှယ်ရာ နေရာအဖြစ် သိမ်းထားလိုက်တယ်လို့ ကြားတယ်"

ရဲ့ချွမ်က ရှင်းပြလိုက်သည်။

"ကျိဟုန်ချန်လား"

လုမင်နှင့် ရှဲ့နျန်ချင်းလည်း ရေရွတ်လိုက်၏။

"ဟားဟားဟား၊ ကျိဟုန်ချန်က ငါတို့ တောင်ပိုင်းနတ်ဘုရားနန်းတော်ရဲ့ အသန်မာဆုံး သုံးယောက်ထဲက တစ်ယောက်ပဲလေ။ သူက အနှိုင်းမဲ့တဲ့ အလှလေးတစ်ခုပဲ။ ဒီနေ့တော့ မျှော်စင် အမြင့်ဆုံးထပ်မှာ ရှိနေနိုင်တယ်။ ငါတို့ ကံကောင်းရင် သူနဲ့ ဆုံခွင့်ရလိမ့်မယ်"

ကျိဟုန်ချန်အကြောင်း ပြောသောအခါ ရဲ့ချွမ်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

သူ့ပုံစံကိုကြည့်ရင်း လုမင် အနည်းငယ် ပြုံးလိုက်၏။ သူတို့သုံးယောက်လည်း ရတနာမျှော်စင်သို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။

မျှော်စင်တွင် စုစုပေါင်း ခုနစ်ထပ်ရှိပြီး တစ်ထပ်ဝင်ရန် အခကြေးငွေ ပေးရသည်။ ပထမထပ်အတွက် လူတစ်ဦးလျှင် ကျောက်ကြမ်းတစ်ထောင်ဖြစ်ပြီး အထပ်မြင့်လေ၊ စျေးပိုမြင့်လေပင်။

သုံးယောက်သား အခပေးပြီး အလင်းရောင်ဖြင့် ပြုလုပ်ထားသည့် တံခါးတစ်ခုထဲကို ဝင်သွားခဲ့ကြသည်။

ဟုတ်ပေသည်၊ ရတနာလဲလှယ်ခြင်းမျှော်စင်၏ တံခါးက သာမန်တံခါးမဟုတ်ပါ။ ၎င်းက ပေါ်တယ်တစ်ခုဖြစ်ပြီး မျှော်စင်အတွင်းကိုဝင်သော ပေါ်တယ် ဖြစ်သည်။

သူတို့သုံးယောက်သား တံခါးပေါက်ထဲသို့ ဝင်သွားပြီးနောက် နောက်အခိုက်အတန့်တွင် ခန်းမကျယ်တစ်ခုထဲ၌ ပေါ်လာခဲ့ကြသည်။

ခန်းမက အလွန်ကျယ်ဝန်းသလို ခန်းမပတ်လည်တွင်လည်း စားပွဲနှင့် ထိုင်ခုံတန်းများ ရှိ၏။ ဤအခိုက်တွင် စားပွဲနှင့် ကုလားထိုင်များစွာက လူများ ထိုင်နေခဲ့ကြသည်။

စားပွဲနှင့် ကုလားထိုင်များ အလယ်မှာတော့ နေရာလွတ်ကြီးတစ်ခု ရှိ၏။ လူငယ်တစ်ဦးက ရတနာတစ်ခုကိုကိုင်ကာ ထိုနေရာတွင် ရပ်နေခဲ့သည်။

"ငါ့မှာ စွေ့ရှင်းသံအပိုင်းတစ်ခုရှိပါတယ်။ အဲဒါက အဆင့်ခုနစ်ရှိတဲ့ ထိပ်တန်း သန့်စင်ခြင်းပစ္စည်းတစ်ခုပဲ။ အဲဒါကို လေနတ်ဆေးသုံးလုံးနဲ့ လဲလှယ်ချင်ပါတယ်၊ လေနတ်ဆေးသုံးလုံးရှိတဲ့ ဘယ်သူမဆို ဒီစွေ့ရှင်းသံအပိုင်းကို ရမှာပါ"

လူငယ်က ပတ်ဝန်းကျင်ကိုကြည့်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူ့အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

"ငါ့မှာ လေနတ်ဆေးသုံးလုံးရှိတယ်၊ နင်နဲ့ လဲချင်ပါတယ်"

အချိန်အတော်ကြာပြီးနောက် မိန်းမပျိုတစ်ဦးက မတ်တပ်ထရပ်လိုက်သည်။ သူမက ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ လူငယ်လေးလက်သို့ အပ်လိုက်သည်။

လူငယ်လည်း ကျောက်စိမ်းပုလင်းအဖုံးကိုဖွင့်၍ အတွင်းဘက်သို့ ကြည့်လိုက်၏။ ထို့နောက် ဝမ်းသာသွားဟန်ဖြင့် ပြုံးလျက် ပြောလိုက်သည်။

"ဒါက လေနတ်ဆေး အမှန်ပါပဲ။ ကျေးဇူးပါ၊ ဒီစွေ့ရှင်းကြယ်အပိုင်းက မင်းအတွက်ပါပဲ"

လူငယ်က မိန်းကလေးကို စွေ့ရှင်းသံအပိုင်း ကမ်းပေးလိုက်သည်။ ထိုသို့ဖြင့် နှစ်ယောက်စလုံး ကျေနပ်သွားပြီး ပြန်ထိုင်သွားခဲ့ကြလေသည်။

"ပထမထပ်မှာက ကျင့်ကြံခြင်းအခြေခံ အားနည်းတဲ့သူတွေပဲ အနေများတာလေ၊ ဒီနေရာမှာ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို တွေ့ရဖို့ခက်တယ်။ အပေါ်ကို သွားကြရအောင်"

ရဲ့ချွမ် ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ သူသည်လည်း ဝိညာဉ်အသိဖြင့် အကဲခတ်လိုက်ရာ အများစုက ဝိညာဉ်နတ်ဘုရားနယ်ပယ်အောက်မှဖြစ်ကြောင်း တွေ့ခဲ့ရသည်။

သုံးယောက်သား နောက်ထပ် အလင်းတံခါးဆီသို့ လျှောက်သွားကြလေသည်။

အထပ်တစ်ခုစီကြားတွင် တည်နေရာရွှေ့ပြောင်းခြင်း ပေါ်တယ်တစ်ခုစီ ရှိသည်။

ပေါ်တယ်တံခါးကို စောင့်ကြပ်နေသူများလည်း ရှိ၏။ သူတို့သုံးယောက်က ကျောက်ကြမ်းများကို ပေးချေကာ အလင်းတံခါးပေါက်ထဲသို့ ဝင်သွားခဲ့ကြသည်။

ဒုတိယထပ်၏ အပြင်အဆင်ကလည်း ပထမထပ်နှင့် အတူတူပင်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဒုတိယထပ်တွင် လူနည်းသော်လည်း ပထမထပ်မှ လူများထက် ပို၍အားကောင်းသည်။

သို့သော်လည်း ခဏသာရပ်ပြီး ဆက်လက် တက်သွားကြ၏။

ခဏကြာတော့ ပဉ္စမထပ်သို့ သူတို့ရောက်လာကြတော့သည်။

"ညီနောင်၊ မင်း အထက်ကို ဆက်တက်ချင်သေးလား။ ငါကတော့ ဒီအထပ်မှာ ငါလိုအပ်တာတစ်ခုခု ရှိမရှိ ကြည့်လိုက်ဦးမယ်"

ရဲ့ချွမ်က ပြောသည်။

"ကျေးဇူးပဲညီကို၊ ငါတို့တော့ ဆက်ပြီး တက်ကြရဦးမှာ"

လုမင် ပြောလိုက်၏။

နိဗ္ဗာနဆေးပြားလုံးကို ဖော်စပ်လိုပါက လိုအပ်သော ပစ္စည်းများမှာ အလွန်ရှားပါးသည်။ ဤနေရာမှာတော့ မျှော်စင်အထပ်မြင့်လေလေ၊ ထိပ်သီးပါရမီရှင်များနှင့် ဆုံရသောကြောင့် သူလိုချင်တာရရန် အလားအလာ ပိုများလေလေ ဖြစ်သည်။

ထို့ကြောင့်ပင် လုမင်က အထက်သို့ ဆက်တက်သွားရန် စီစဉ်ထားပေသည်။

"ကောင်းပြီလေ၊ မင်းတို့နှစ်ယောက် ကံကောင်းပါစေ။ မင်းတို့ လိုအပ်တာတွေနဲ့ လဲလှယ်နိုင်ပါစေကွာ"

ရဲ့ချွမ်က လက်ယှက်ပြီး ပြောလိုက်သည်။ ထို့နောက်မှာတော့ ခန်းမဆီသို့လျှောက်သွားပြီး ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်တော့သည်။

လုမင်နှင့် ရှဲ့နျန်ချင်းလည်း အခြားအလင်းတံခါးတစ်ခုမှ ဆဋ္ဌမထပ်သို့ တက်လာခဲ့ကြသည်။

ဆဋ္ဌမထပ်တွင် လူအတော်နည်းပြီး လူငါးဆယ်ခန့်သာ ရှိသည်။ သို့သော်လည်း၊ တစ်ဦးစီက အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လျက် ရှိ၏။ ၎င်းတို့က ထိပ်သီးပါရမီရှင်များ ဖြစ်တန်ရာသည်။

၎င်းတို့အားလုံးက တိုက်ကြီးအသီးသီးမှ ပါရမီရှင်များ ဖြစ်လိမ့်မည်။

ဤအထပ်သို့ ရောက်လာပြီးနောက်မှာတော့ လုမင်နှင့် ရှဲ့နျန်ချင်းက အထက်သို့ ဆက်လက် မတက်ကြတော့ပေ။ ထိုအစား ခန်းမဘေးရှိ စားပွဲနှင့် ကုလားထိုင်များဆီသို့ လျှောက်သွားခဲ့ကြသည်။

ထိုအခိုက်အတန့်တွင်၊ လုမင်က သူတို့ကိုကြည့်နေသော အေးစက်စက် အကြည့်အချို့ကို သတိပြုမိလိုက်၏။

'လက်စသတ်တော့ သူတို့က ရှန်းအဲ့တိုက်ကြီးက လူတွေကိုး'

လုမင်က ပြုံးရုံပြုံးလိုက်သည်။ ထို့နောက်မှာတော့ ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်များ၏ အကြည့်များကို လျစ်လျူရှူကာ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်တော့သည်။

ထိုအချိန်တွင် လူငယ်တစ်ယောက်က ရတနာတစ်ခုကိုကိုင်ပြီး ခန်းမအလယ်တွင် ရပ်နေသည်။ ၎င်းက သူလိုအပ်သော ရတနာကို အခြားသူများနှင့် လဲလှယ်လိုပုံရပေသည်။

သို့သော်လည်း ထိုလူငယ်က အကြိမ်အနည်းငယ်မေးသည့်တိုင် မည်သူမျှ ပြန်မဖြေကြပါ။ ပြောရမည်ဆိုလျှင်၊ သူလိုအပ်‌သော ရတနာက မည်သူ့ဆီမှာမှ မရှိခြင်း ဖြစ်သည်။

နောက်ဆုံးမှာတော့ လူငယ်လည်း သက်ပြင်းချကာ အကူအညီမဲ့ဟန်ဖြင့် ထွက်ခွာသွားတော့သည်။

လူငယ်ထွက်သွားပြီးနောက် နောက်ထပ် လူငယ်တစ်ယောက် ရှေ့သို့ ထွက်လာသည်။ သူ့လက်ထဲတွင် နို့ဖြူရောင် ဦးချိုတစ်ချောင်း ပေါ်လာခဲ့၏။

"ဒါက အဆင့်ရှစ် ရတနာ သန့်စင်အလင်းကျားရဲ့ ဦးချိုပါ။ ဒါကို နတ်ဘုရားအဆင့်နိမ့် ကိုယ်ဖော့သိုင်းနဲ့ လဲလှယ်ချင်တယ်။ ရှိတဲ့သူတွေ လဲလှယ်နိုင်ပါတယ်"

လူငယ်က မိတ်ဆက်ပေးသည်။

'ဆဋ္ဌမထပ်ရဲ့ ရတနာတွေက အောက်ထပ်က ရတနာတွေထက် တကယ်ကို သာလွန်နေတာပဲ'

လုမင်လည်း စိတ်ထဲမှ တွေးလိုက်မိသည်။

သို့သော်လည်း သန့်စင်အလင်းကျား၏ ဦးချိုက သူနှင့်ရှဲ့နျန်ချင်း လိုအပ်သော အရာမဟုတ်ပေ။ ထိုအတွက် သဘာဝအတိုင်း သူတို့ ဘာမှ မပြောတော့ပါ။

"ငါ့မှာ ကိုယ်ဖော့သိုင်းတစ်ခုရှိတယ်၊ ငါ မင်းနဲ့ လဲလှယ်ချင်ပါတယ်"

လူငယ်တစ်ယောက် ထရပ်ပြီး လျှို့ဝှက်ကျမ်းတစ်အုပ်ကို ထုတ်လိုက်သည်။ ဤသို့ဖြင့် နှစ်ယောက်သား ကျေနပ်အားရစွာ လဲလှယ်နိုင်ခဲ့ကြပေသည်။

ထို့နောက်တွင်၊ လုလင်များနှင့် မိန်းမပျိုများ တစ်ယောက်ပြီးတစ်ယောက် ရှေ့ကို တိုးလာခဲ့သည်။ သူတို့ကိုယ်ပိုင် ရတနာများကို ထုတ်ယူပြီး လိုအပ်သည်များကို ပြောခဲ့ကြ၏။

ဟုတ်ပေသည်၊ လူတိုင်းကတော့ သူတို့လိုအပ်သည့် ရတနာများကို လဲလှယ်လို့မရပေ။ တချို့လူများကတော့ အလဲအထပ်အစား ရောင်းဝယ်ကြသည်။ တစ်စုံတစ်ဦးက ဈေးကောင်းပေးနိုင်လျှင် ကျောက်ကြမ်းများနှင့် ရောင်းချပေးလိမ့်မည်။

လုမင်နှင့် ရှဲ့နျန်ချင်းက နာရီဝက်ခန့်ကြာအောင် စောင့်ကြည့်ခဲ့ကြသည်။ သို့သော်လည်း၊ ကံမကောင်းချင်တော့ သူတို့လိုအပ်သော ရတနာများကို ရှာမတွေ့ခဲ့သေးပေ။

"ကြည့်ရတာ သတ္တမထပ်ကို ကိုယ်တို့ သွားရတော့မဲ့ပုံပဲ"

လုမင်က မချိပြုံးပြုံးပြီး ရှဲ့နျန်ချင်းကို ကြည့်လိုက်သည်။

"ငါ့မှာ ကောင်းကင်မိုးကြိုးသစ်သား တစ်ပိုင်း ရှိတယ်။ ခရမ်းရောင်မြူသီးနဲ့ လဲလှယ်ချင်ပါတယ်"

ထိုအချိန်တွင် လုမင်ကို တုန်လှုပ်သွားစေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မိုးကြိုးသစ်သား"

လုမင်၏မျက်လုံးများ တောက်ပလာခဲ့၏။

ကောင်းကင်မိုးကြိုးသစ်သားတွင် အမှန်တကယ် အားကောင်းသော လျှပ်စီးများ ရှိသည်။ ၎င်းက မိုးကြိုးတာအိုကို နားလည်ဆင်ခြင်ရာတွင် အလွန်ထိရောက်ပေသည်။

လုမင်သည်လည်း မိုးကြိုးတာအိုကို နားလည်ခဲ့၏။ ကောင်းကင်မိုးကြိုးသစ်သားနှင့် မိုးကြိုးတာအိုကို နားလည်ဆင်ခြင်လျှင် အချိန်များစွာ ချွေတာနိုင်လိမ့်မည်။

သို့သော်လည်း၊ လုမင်တွင် ခရမ်းရောင်မြူသီး မရှိပေ၊ လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့်၊ ဤနေရာမှ လူတချို့လည်း သွေးဆောင်ခံရပုံရှိသည့်တိုင် မည်သူမျှ စကားမပြောကြပေ။ ၎င်းတို့ထဲမှ မည်သူတွင်မျှ ခရမ်းရောင်မြူသစ်သီးမရှိကြောင်း ထင်ရှားသည်။

"ဘယ်သူ့မှာမှ ခရမ်းရောင်မြူသစ်သီး မရှိဘူးလား"

ကောင်းကင်မိုးကြိုးသစ်သားကို ထုတ်ယူလိုက်သောလူငယ်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

"ညီနောင်၊ မိုးကြိုးသစ်သားကို ကျောက်ကြမ်းနဲ့ ဝယ်လို့ရမလား"

တစ်ယောက်က ဝင်မေးလိုက်၏။

ကောင်းကင်မိုးကြိုးသစ်သားကို ထုတ်ယူခဲ့သော လူငယ်က ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အားလုံးမှာ ခရမ်းရောင်မြူသစ်သီး မရှိမှတော့ ကျောက်ကြမ်းနဲ့ပဲ ရောင်းပေးလိုက်ပါမယ်။ မင်းတို့ လေလံဆွဲပြီး ဈေးအမြင့်ဆုံး ပေးနိုင်သူက ရလိမ့်မယ်"

"ကျောက်ကြမ်းငါးသိန်း ပေးပါ့မယ်"

ချက်ချင်းပင် လူတစ်ယောက်က ဈေးပေးသည်။

"ငါက ခြောက်သိန်းပေးမှာပါ"

"ခြောက်သိန်းခွဲ"

များမကြာမီတွင် စျေးနှုန်းက တဖြည်းဖြည်း မြင့်တက်လာပြီး ကျောက်ကြမ်းရှစ်သိန်းအထိ ရောက်ရှိသွား၏။

မိုးကြိုးတာအိုသည် ပုံသေ တာအိုကိုးခုအနက်မှ တစ်ခုဖြစ်၍ သဘာဝအတိုင်း နားလည်ဆင်ခြင်ထားသူ အများအပြားရှိခဲ့သည်။ ထို့ကြောင့် လုမင်သည် လေလံဆွဲရန် အလျင်မလိုခဲ့ပေ။

မကြာမီပင်၊ ကျောက်ကြမ်းဈေးက တစ်သန်းအထိ တက်လာခဲ့သည်။

"ကျောက်ကြမ်းနှစ်သန်း ငါပေးမယ်"

ထိုအချိန်တွင် အသံတစ်ခုထွက်ပေါ်လာပြီး စျေးကို နှစ်ဆတိုးလိုက်သည်။

'ဒါက သူပဲ၊ ရှန်းအဲ့တိုက်ကြီးရဲ့ ပါရမီရှင်'

လုမင် မျက်ခုံးပင့်လိုက်၏။ ရုတ်တရက် ဈေးမြှင့်လိုက်သော လူငယ်ကို သူ မှတ်မိသည်။ ၎င်းက ရှန်းအဲ့တိုက်ကြီး၏ အသန်မာဆုံး ပါရမီရှင်သည်ပင်။ ၎င်းက အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းအခြေခံလည်း ရှိသည်။ သို့သော်လည်း လွန်ခဲ့သည့် လဝက်ခန့်က လုံချန်သည် သူ့ကို အလွယ်တကူ အနိုင်ယူခဲ့ပေသည်။

ဤအခိုက်အတန့်တွင် ၎င်းက ပူလောင်သောအကြည့်ဖြင့် ကောင်းကင်မိုးကြိုးသစ်သားကို စိုက်ကြည့်နေခဲ့သည်။

၎င်း၏သွေးမျိုးဆက်က မိုးကြိုးစွမ်းရည်ရှိသော ဧရာမမိကျောင်းတစ်ကောင် ဖြစ်၏။ သူနားလည်သော တာအိုကလည်း မိုးကြိုးတာအို ဖြစ်သည်။

All Chapters