← Chapters

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း (၃၆၀) ချင်းရှောင်ဂိုဏ်းသို့ ချန်ရှန်း ဝင်ရောက်လာခြင်း

​ကျူးရွှင်ယန်က လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း ချင်းရှောင်ဂိုဏ်းနှင့် ဝမ့်ယင်းဂိုဏ်းတို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲအခြေအနေများကို ပြန်လည်ပြောပြခဲ့သဖြင့် ရှန်ယွဲ့ အပါအဝင် ငါးဦးစလုံး အလွန်အမင်း ထိတ်လန့်သွားခဲ့ကြသည်။

​ဝမ့်ယင်းဂိုဏ်း၏ အစွမ်းအစများကို သူတို့ ကောင်းစွာ သိရှိထားကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဝမ့်ယင်းဂိုဏ်းက သူတို့ကို အကြိမ်ကြိမ် အကျပ်အတည်းများဆီသို့ တွန်းပို့ခဲ့ဖူးသည်မဟုတ်ပါလား။

​ချင်းရှောင်ဂိုဏ်းသည် ဝမ့်ယင်းဂိုဏ်းနှင့် စစ်ပွဲဖြစ်ပွားနေကြောင်း ကြားသိခဲ့ရပြီးကတည်းက ရှန်ယွဲ့ ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများကို တွေ့သည့် အခါတိုင်း ဂိုဏ်းအတွက် ဖိအားများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သူ လုံးဝ မထင်မှတ်ထားခဲ့မိသည်မှာ...

​လင်းလင်ကျိုး၊ ဝမ်ဖုန်းနှင့် ယင်ကျင်းရှင်းတို့သည်လည်း ချင်းရှောင်ဂိုဏ်း၏ အစွမ်းအစများကြောင့် အလားတူပင် ထိတ်လန့်သွားခဲ့ကြပြီး ချင်းရှောင်ဂိုဏ်းက မည်မျှအထိ ခမ်းနားထည်ဝါသော အဖွဲ့အစည်းကြီး ဖြစ်လိမ့်မည်နည်းဟု စိတ်ကူးယဉ်လာခဲ့ကြသည်။

​ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့မှာ နေရထိုင်ရ ခက်ခဲနေခဲ့ကြသည်။ သူတို့၏ အမြင်အရဆိုလျှင် ချင်းရှောင်ဂိုဏ်းသည် ကိုးပြည်ထောင်နယ်မြေအတွင်း၌ အခြေချနေသော ဂိုဏ်းငယ်လေးတစ်ခုမျှသာ ဖြစ်သေးသည်။ မိုင်ပေါင်း တစ်သိန်းကျော် ဝေးကွာသော နေရာမှနေ၍ ဝမ့်ယင်းဂိုဏ်းလို ကျင့်ကြံရေးဂိုဏ်းကြီးတစ်ခုကို မည်သို့ အနိုင်ယူနိုင်ခဲ့ပါသနည်း။

​ချင်းရှောင်ဂိုဏ်းမှာ ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ…

​သူတို့တွေပြင်းထန်လှသော ဝေခွဲမရမှုများဖြင့် မြို့စားမင်း၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

​"ဒီကလေးက ဂိုဏ်းချုပ်ရဲ့ အငယ်ဆုံးတပည့်များ ဖြစ်နေမလား..."

နေရာယူပြီးနောက် ကျူးရွှင်ယန်က ယင်ကျင်းရှင်းကို လှမ်းကြည့်ကာ စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

​သူ့ အကြည့်ကြောင့် ယင်ကျင်းရှင်း အတန်ငယ် စိုးရိမ်သွားခဲ့သည်။

​လူတိုင်း ထိုင်လိုက်ကြပြီး လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြရင်း ​ရှန်ယွဲ့က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"ဒီကိစ္စကို မင်း ဘယ်လိုလုပ် သိတာလဲ..."

​"ဒါက လျှို့ဝှက်ချက်မှ မဟုတ်တော့တာ... အကြီးအကဲတို့နှစ်ယောက်က အပြင်ကို ထွက်သွားတာ ကြာလှပြီပဲကိုး..."

ကျူးရွှင်ယန်က ခေါင်းယမ်းပြ၍ ပြုံးလျက် ဖြေကြားလိုက်ပြီး ယင်ကျင်းရှင်းနှင့် မည်သို့ ပိုမိုရင်းနှီးအောင် ဆက်ဆံရမည်နည်းဟူသောအချက်ကို ရင်ထဲမှ တွေးတောနေခဲ့သည်။

​ဝမ့်ယင်းဂိုဏ်းနှင့် မဟာစစ်ပွဲကြီးအတွင်း ယွမ်လီ၊ ရွှီနင်း၊ ကျောက်ကျိန်း၊ ကျိယာနှင့် ဟူယန်တို့၏ စွမ်းဆောင်ချက်များမှာ အလွန်ပင် ကြီးမားလှပြီး ၎င်းက ဂိုဏ်းချုပ်၏ အမြင်နှင့် ပါရမီရှင်များကို မြေတောင်မြှောက်ပေးနိုင်စွမ်းကို အထင်အရှား သက်သေပြနေသည်။

​ယင်ကျင်းရှင်းသည် ယခုအခါ ငယ်ရွယ်သေးပြီး ထူးခြားလှသော အသွင်အပြင် မရှိသော်လည်း နောက်မျိုးဆက် ချင်းရှောင်ဂိုဏ်း တပည့်များအကြားတွင် အတောက်ပဆုံးသော တည်ရှိမှုတစ်ခု ဖြစ်လာမည်ဟု ကျူးရွှင်ယန် ယုံကြည်ထားသည်။

​ရှန်ယွဲ့က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ချက်ချင်းပင်…

"နောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့... ငါ သူ့ကို အရင်ဆုံး ပြန်ခေါ်သွားဖို့ လိုသေးတယ်..."

​ဤနေရာသည် ချင်းရှောင်ဂိုဏ်း၏ ခံစစ်စခန်းတစ်ခု ဖြစ်သော်လည်း ချင်းရှောင်ဂိုဏ်းနှင့် များစွာ ဝေးကွာနေသေးပြီး ဝမ့်ယင်းဂိုဏ်းက အချိန်မရွေး လာရောက် တိုက်ခိုက်နိုင်သေးသည်မဟုတ်ပါလား။

​ကျူးရွှင်ယန်သည်လည်း ယင်ကျင်းရှင်း၏ အရေးပါမှုကို ကောင်းစွာ သိရှိထားသဖြင့် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

​လမ်းခရီးတွင် ရှန်ယွဲ့က လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့ကို ချင်းရှောင်ဂိုဏ်းသို့ အတူတကွ လိုက်ပါရန် ဖိတ်ခေါ်လိုက်ရာ သူတို့နှစ်ဦးမှာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သဘောတူလိုက်သည်။

​မွန်းတည့်ချိန်၌ လီချင်းချိုး ကျင့်ကြံနေစဉ် ရှောင်ဝူချင်းက သူ့ကို လာရောက်ရှာဖွေပြီး ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့ ပြန်လည်ရောက်ရှိလာကြောင်းနှင့် သူ့ းတပည့်ကိုပါ ခေါ်ဆောင်လာခဲ့ကြောင်း ပြောဆိုလိုက်သဖြင့် အလွန်အမင်း ဝမ်းမြောက်သွားစေခဲ့သည်။

​နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး ဤမျှအထိ ကောင်းမွန်သော သတင်းများကို ကြားသိရလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

​လင်းရှောင်ခြံဝင်းအတွင်း၌ လီချင်းချိုးက ယင်ကျင်းရှင်းကို စိုက်ကြည့်နေခဲ့၏။ ယင်ကျင်းရှင်းခင်မျာ အလွန်အမင်း စိုးရိမ်နေသဖြင့် ထိုင်ရန်ပင် မဝံ့ရဲဘဲ ရှန်ယွဲ့၏ နောက်ကျောဘက်၌ ပုန်းကွယ်နေသည်။

​ရှန်ယွဲ့က အတွေ့အကြုံများကို ပြန်လည်ပြောပြနေပြီး ရှောင်ဝူချင်းအပြင် ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ လီစစ်ကျင်နှင့် လီစစ်ဖုန်းတို့အားလုံး ရောက်ရှိနေကြသည်။ သူတို့သည်လည်း ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့၏ အတွေ့အကြုံများအပေါ် များစွာ စိတ်ဝင်စားနေကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာကြာအောင် ပြင်ပသို့ ထွက်ခွာသွားခဲ့ကြသည်မဟုတ်ပါလား။

​ရှန်ယွဲ့ စကားပြောဆိုပြီးသွားသောအခါ လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိကြသည်။ ရှန်ယွဲ့ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရမည်ဟု သူတို့ ခန့်မှန်းထားခဲ့ကြသော်လည်း ဤမျှအထိ များပြားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိသလို ဝမ့်ယင်းဂိုဏ်းနှင့် ဤမျှအထိ ကြာရှည်စွာ တစ်ကိုယ်တည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရမည်ဟုလည်း မထင်မှတ်ထားခဲ့မိကြချေ။

​"တတိယစီနီယာအစ်ကိုကြီး... အစ်ကိုကကော..."

လီစစ်ကျင်က ကျန်းကျောက်ရှားကို ကြည့်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

​ကျန်းကျောက်ရှားက ဝိုင်ခွက်ကို ညင်သာစွာ လှည့်ပတ်လိုက်ရင်း…

"အတားအဆီးတွေကို ရှင်းလင်းတယ်... လမ်းမှာ ပိတ်ဆို့နေတဲ့ မိစ္ဆာတွေကို သတ်ဖြတ်တယ်... အဆက်မပြတ် အံ့ဩစရာကောင်းတဲ့ ဆုံတွေ့မှုတွေ ရှိခဲ့တယ်... အန္တရာယ်တွေကို ဘေးကင်းအောင် ပြောင်းလဲပစ်နိုင်ခဲ့တယ်... ပြောပြနေစရာတောင် မလိုပါဘူး..."

​လီစစ်ကျင်၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားပြီး အခြားသူများလည်း ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကြသည်။သူတို့တွေ ကျန်းကျောက်ရှား၏ စရိုက်လက္ခဏာကို ကျင့်သားရနေခဲ့ကြပြီ ဖြစ်သည်။

​လီချင်းချိုးက ယင်ကျင်းရှင်းကို အရှေ့သို့ လာရန် လက်ယပ်ခေါ်လိုက်တော့ ယင်ကျင်းရှင်း အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

​ရှန်ယွဲ့က လက်သေးသေးလေးကို အသာအယာ ပုတ်လိုက်ပြီး …

"ဘာကို ကြောက်နေတာလဲ...သူက မင်းရဲ့ ဆရာ... နောင်အနာဂတ်မှာ မင်းနဲ့ အရင်းနှီးဆုံးနဲ့ မင်းအပေါ် အကောင်းဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မယ်... သူ့နောက်ကို လိုက်မယ်ဆိုရင် မင်းအတွက် အဆုံးမရှိ တောက်ပတဲ့ အနာဂတ်တစ်ခု သေချာပေါက် ရှိလာလိမ့်မယ်..."

​ထိုစကားကို ကြားပြီးနောက် ယင်ကျင်းရှင်းက လီချင်းချိုးဆီသို့ သတိကြီးစွာဖြင့် လျှောက်လှမ်းသွားခဲ့သည်။

​သူ လီချင်းချိုး၏ အရှေ့သို့ ရောက်ရှိသွားသောအခါ လီချင်းချိုးက သူ့ကို ဆွဲယူလိုက်ပြီး ပေါင်ပေါ်တွင် တင်ထားလိုက်သည်။

​အသက် ငါးနှစ်ပင် မပြည့်သေးသော ယင်ကျင်းရှင်းလေးက လီချင်းချိုး၏ ရင်ခွင်ထဲတွင် ထိုင်နေခဲ့သည်။ အစပိုင်းတွင် စိုးရိမ်နေခဲ့သော်လည်း မကြာမီမှာပင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

လီချင်းချိုးက သူနှင့် အမှန်တကယ် ရင်းနှီးလိုကြောင်းကို သူ ကောင်းစွာ ခံစားမိနေသည်။

​"ဒီနေ့ကစပြီး မင်းက ငါ လီချင်းချိုးရဲ့ သတ္တမမြောက် တပည့် ဖြစ်ပြီ... ဒီနေ့ကစပြီး ဘယ်သူကမှ မင်းကို အနိုင်ကျင့်လို့ မရတော့ဘူး... သေချာတာကတော့ မင်းနဲ့ ရန်ငြိုးရန်စ မရှိတဲ့လူတွေကိုတော့ မင်း အနိုင်ကျင့်လို့ မရဘူးနော်..."

လီချင်းချိုးက ပြုံး၍ ပြောဆိုလိုက်တော့ ယင်ကျင်းရှင်းလည်း နားမလည်နိုင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

​လီတုန်းယွဲ့က ယင်ကျင်းရှင်းကို ကြည့်ရှုရင်း သက်ပြင်းချလိုက်ကာ…

"အရင်တုန်းက ယွမ်လီနဲ့ ကျောက်ကျိန်းတို့ကိုလည်း ဂိုဏ်းချုပ်က ဒီလိုမျိုးပဲ ပွေ့ချီထားခဲ့တာလေ..."

​သူမ၏ စကားလုံးများက လူတိုင်း၏ အတိတ်ကို လွမ်းဆွတ်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

​မသိမသာဖြင့်ပင် ချင်းရှောင်ဂိုဏ်းသည် တပည့်မျိုးဆက် အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်၏။ ယွမ်လီနှင့် ကျောက်ကျိန်းတို့သည် ယခုအခါ ဂိုဏ်း၏ အမာခံ အင်အားစုများအဖြစ် ပြောင်းလဲလာခဲ့ကြရုံတင်မက အဓိက ကျားကန်ပေးထားသော တိုင်လုံးကြီးများပင် ဖြစ်နေကြပြီ။ လူတိုင်း လီချင်းချိုး၏ အခြားသော တပည့်များအကြောင်းကို စတင်၍ စကားစမြည် ပြောဆိုလာကြသည်။ ယင်ကျင်းရှင်းကလည်း စီနီယာအစ်ကိုများနှင့် အစ်မများအကြောင်းကို အပြည့်အဝ စပ်စုလိုစိတ်များဖြင့် အာရုံစိုက် နားထောင်နေခဲ့သည်။

​အချိန်အတော်ကြာပြီးနောက်…

​ရှန်ယွဲ့က ရုတ်တရက် စကားဆိုလိုက်သည်။

"ဒါနဲ့... ဂိုဏ်းချုပ်... ကျွန်တော်တို့ လမ်းခရီးတစ်လျှောက်မှာ ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့တဲ့ လူနှစ်ယောက် ရှိပါတယ်... သူတို့ကို ဂိုဏ်းထဲ ခေါ်သွင်းချင်ပါတယ်..."

​"ကောင်းပြီလေ... သူတို့အတွက် အထူး အခွင့်အရေးတွေ လိုအပ်သေးလား..."

​သူ သိပ်ပြီးတော့ ဂရုမစိုက်ခဲ့ချေ။ အကယ်၍ သူတို့သာ ပါရမီရှင်များ ဖြစ်ကြပါက သူတို့၏ ပါရမီများကို မြင်တွေ့နိုင်စွမ်း ရှိသည်။ အကယ်၍ ပါရမီရှင်များ မဟုတ်ဘဲ ကြီးမားသော တာဝန်များကို ပေးအပ်ခံရမည်ဆိုလျှင်ပင် ၎င်းမှာ ရှန်ယွဲ့၏ မျက်နှာကို ထောက်ထား၍သာ ဖြစ်ပေလိမ့်မည်။ ရှန်ယွဲ့ ဤမျှအထိ ကြီးမားသော စွမ်းဆောင်ချက်များကို ပြုလုပ်ခဲ့ပြီးပြီဖြစ်ရာ လူနှစ်ဦးကို ရာထူးတိုးပေးခြင်းက မည်သို့မျှ အရေးပါမည် မဟုတ်ချေ။

​ရှန်ယွဲ့ ခဏမျှ တုံ့ဆိုင်းနေပြီးနောက်…

"သူတို့ကို တရားဝင် စာရင်းသွင်းလို့ ရမလား..."

​တရားဝင် စာရင်းသွင်းခြင်း ဟူသည်မှာ အပြင်စည်းတပည့်တစ်ဦး ဖြစ်လာခြင်းပင် ဖြစ်၏။ လက်ရှိ ကိုးပြည်ထောင်နယ်မြေအတွက် ချင်းရှောင်ဂိုဏ်း၏ တရားဝင်စာရင်းထဲသို့ ဝင်ရောက်ရန်မှာ လွယ်ကူလှသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။

​" ရတာပေါ့... ဝူချင်း... ဒီကိစ္စကို မင်းကိုယ်တိုင် သွားပြီး စီစဉ်ပေးလိုက်ပါ... ကျင်းရှင်းကိုပါ တရားဝင် စာရင်းသွင်းဖို့ ခေါ်သွားလိုက်ဦး... ကျင်းရှင်း... သူတို့ကို ကျေးဇူးတင်ဖို့ မမေ့နဲ့နော်... မှတ်ထားပါ... နောင်အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် သူတို့ကို ဘယ်တော့မှ မမေ့နဲ့... သူတို့နဲ့ ဆက်ပြီးတော့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားလို့ ရတယ်..."

လီချင်းချိုးက တိုက်ရိုက် သဘောတူညီလိုက်ပြီး ယင်ကျင်းရှင်းကိုပါ မှာကြားလိုက်သေးသည်။

ယင်ကျင်းရှင်းသည် လူကြီးများ၏ လူမှုရေး ဆက်ဆံမှုများကို နားမလည်သေးသော်လည်း လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့ကို အလွန်ပင် သဘောကျသည်။ ဆရာသခင်၏ ညွှန်ကြားချက်ကို ကြားသိရသောအခါ ဝမ်းသာအားရဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဤသို့ဖြင့် ရှောင်ဝူချင်းက ရှန်ယွဲ့နှင့် ယင်ကျင်းရှင်းတို့ကို ခေါ်ဆောင်သွားခဲ့တော့သည်။

​သူတို့ ထွက်ခွာသွားပြီးနောက် လီချင်းချိုးက ကျန်းကျောက်ရှားကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

"မင်း ဘယ်နှစ်ခါ ဒဏ်ရာရခဲ့လဲ..."

​ကျန်းကျောက်ရှား ထွက်ခွာသွားသည်မှာ အချိန်ပိုမို ကြာမြင့်လာသည်နှင့်အမျှ သူ့ ရင်ထဲ၌ နောင်တတရားများ ပိုမို ကြီးမားလာခဲ့ပြီး ကျန်းကျောက်ရှားကို လုံးဝ ထွက်သွားခွင့် မပြုခဲ့သင့်ဟု အမြဲတမ်း ခံစားနေရ၏။

​သို့သော် ကျန်းကျောက်ရှားမှလွဲ၍ သူ့ထံ၌ ပိုမိုကောင်းမွန်သော လူရွေးချယ်စရာ လုံးဝ ရှိမနေခဲ့ချေ။ ကျန်းကျောက်ရှားသည် အစွမ်းထက်ရုံသာမက 【လောကီရေးရာ စစ်မှန်သောနဂါး】 ကံကြမ္မာကိုပါ ပိုင်ဆိုင်ထားပြီး ကြီးမြတ်သော ကံတရားဖြင့် ကောင်းချီးပေးခံထားရသူ ဖြစ်သည်။

​ကျန်းကျောက်ရှားက လီချင်းချိုးကို မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့်…

"ကျွန်တော်က ဘယ်လိုလုပ် ဒဏ်ရာရနိုင်မှာလဲ..."

​ကျန်းယွီချွန်းက ….

"ဟန်ဆောင်နေပြန်ပြီ... ဒါဆို မင်းရဲ့ မျက်ခုံးရိုးပေါ်က အမာရွတ်က ဘယ်ကရောက်လာတာလဲ..."

​"ဒီလိုဆို ပိုကြည့်ကောင်းတယ်လို့ ထင်လို့လေ..."

​သူ့စကားကို ကြားသောအခါ လီစစ်ကျင်နှင့် လီစစ်ဖုန်းတို့သည်လည်း မနေနိုင်တော့ဘဲ သူ့ကို လှောင်ပြောင်ကြလေသည်။

​လီချင်းချိုးက ကျန်းကျောက်ရှား စားပွဲပေါ်၌ တင်ထားသော ဓားကို လှမ်းကြည့်လိုက်သည်။

ဤဓားမှာ အတော်လေး ကောင်းမွန်လှပေသည်။ ၎င်းသည် ထိုက်ကျွယ်မဟာမိတ်ဓားနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ချင်းရှောင်ဂိုဏ်းအတွင်းရှိ အခြားသော အဖိုးတန် ဓားများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပြီး ချင်းရှောင်ဂိုဏ်း၏ ဒုတိယမြောက် အကောင်းဆုံးဓားအဖြစ် သတ်မှတ်နိုင်သည်။

​ကျန်းကျောက်ရှားက လီချင်းချိုး၏ အကြည့်ကို သတိပြုမိသွားပြီး…

"ဒါနဲ့... ဂိုဏ်းချုပ်... ပြန်လာတဲ့ လမ်းမှာ ကျွန်တော်တို့ ဝမ့်ယင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်တုဟိုင်နဲ့ ဆုံခဲ့တယ်... ကောင်းကင်ဓားဂိုဏ်းက စုန့်ချန်ရှန်းသာ ဝင်မကယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ သေနေလောက်ပြီ... ဒီဓားက ယန်တုဟိုင်ရဲ့ ဓားပဲ... စုန့်ချန်ရှန်းက သူ့ဆီကနေ အတင်းအကျပ် လုယူပြီး ကျွန်တော်တို့အတွက် ချန်ထားခဲ့ပေးတာ..."

​လီချင်းချိုး တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် လီစစ်ဖုန်းက မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။

"ဘာ... ကောင်းကင်ဓားဂိုဏ်း... ပြီးတော့ စုန့် မျိုးရိုး ဟုတ်လား..."

​သူ့ ရဲ့ပုံမှန်မဟုတ်သော တုံ့ပြန်မှုကြောင့် လူတိုင်း သူ့ကို လှမ်းကြည့်လိုက်ကြသည်။

​"ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ အရင်က အနှစ်တစ်ထောင် ဓားဝိညာဉ်က သူမ မပျောက်ကွယ်ခင်မှာ ကောင်းကင်ဓားဂိုဏ်းကို သွားရှာဖို့ ပြောခဲ့တယ်... သူ့ရဲ့ စီနီယာအစ်ကိုကြီး နာမည်က စုန့်ခယ်ကျန့် တဲ့... ကျွန်တော် သေချာပေါက် သူတို့ကို သွားရှာရမယ်..."

လီစစ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ပြီး စကားပြောနေရင်းပင် မတ်တတ်ရပ်ရန် ပြင်လိုက်သည်။

​လီချင်းချိုး သူ့ကို မျက်စောင်းခဲလိုက်ပြီး…

"မင်းက ဘယ်နေရာကို သွားရှာမှာလဲ..."

ထိုအခါမှသာ ​လီစစ်ဖုန်း တည်ငြိမ်သွားပြီး ခေါင်းကို လှည့်၍ ကျန်းကျောက်ရှားကို မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။

​အနှစ်တစ်ထောင် ဓားဝိညာဉ်သည် သူ့ကို ကယ်တင်ရန်အတွက် ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်၏။ အကယ်၍ သူ့ရြု နောက်ဆုံး ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပါက တစ်သက်တာလုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မည် မဟုတ်ချေ။

​"ကောင်းကင်ဓားဂိုဏ်း ဘယ်မှာရှိလဲဆိုတာ ငါ မသိဘူး... ပြဿနာ ထပ်မရှာနဲ့တော့... မင်းရဲ့ စွမ်းရည်နဲ့ဆို ကောင်းကင်ဓားဂိုဏ်းကို မရှာတွေ့ခင်မှာတင် မင်း သေသွားလိမ့်မယ်... စိတ်အေးအေးထားပြီး ကျင့်ကြံစမ်းပါ... အကယ်၍ မင်းသာ အသက်ရှည်ရှည် နေနိုင်မယ်ဆိုရင် ကောင်းကင်ဓားဂိုဏ်းနဲ့ အနှေးနဲ့အမြန် သေချာပေါက် ဆုံရမှာပါ... ကောင်းကင်ဓားဂိုဏ်းက ငါတို့ ချင်းရှောင်ဂိုဏ်းထက်တောင် ပိုပြီးတော့ အစွမ်းထက်တယ်... မင်း အခု သူတို့ကို ရှာတွေ့ရင်တောင် အဲဒီ စုန့်ခယ်ကျန့်ကို တွေ့ခွင့်ရမှာ မဟုတ်ဘူး..." ဟု ကျန်းကျောက်ရှားက မျက်နှာသေဖြင့် စကားဆိုလိုက်သည်။

​လွန်ခဲ့သော နှစ်များစွာက လီစစ်ဖုန်း တောင်အောက်သို့ ဆင်းသွားပြီးကတည်းက လီစစ်ဖုန်းကို ကြည့်မရခဲ့ချေ။ သူတို့ တွေ့ဆုံသည့် အခါတိုင်း အမြဲတမ်း စကားများလေ့ ရှိကြသည်။

​ထိုစကားကို ကြားပြီးနောက် လီစစ်ဖုန်း ဒေါသမထွက်ခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ယုတ္တိရှိကြောင်းသာ ခံစားလိုက်ရသည်။

​လီချင်းချိုးကတော့ စုန့်ချန်ရှန်းကို အတော်လေး စိတ်ဝင်စားနေခဲ့ပြီး ကျန်းကျောက်ရှားအား ထိုတိုက်ပွဲအကြောင်းကို အသေးစိတ် ပြန်လည်ပြောပြရန် တောင်းဆိုလိုက်ရာ ကျန်းကျောက်ရှားကလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောပြခဲ့သည်။

​အခြားတစ်ဖက်တွင်မူ….

​လင်းလင်ကျိုးတယောက် ကျောက်တောင်စွန်းတစ်ခုပေါ်၌ မတ်တတ်ရပ်လျက် အောက်ဘက်ရှိ ကျယ်ပြောလှသော မြင်ကွင်းကြီးကို ငုံ့ကြည့်ရင်း မှင်တက်နေခဲ့သည်။

​ကောင်းကင်နှင့်မြေကြီးကြား၌ နှင်းများ လွင့်ဝဲနေပြီး မရေမတွက်နိုင်သော ချင်းရှောင်ဂိုဏ်းမှ တပည့်များက နှင်းများနှင့် မြူခိုးများကြားတွင် သွားလာလှုပ်ရှားနေကြသည်။ ၎င်းမှာ လောကီမြေပြင်ပေါ်ရှိ နတ်သက်ကြွေရာ နယ်မြေတစ်ခုအလား အလွန်ပင် ခမ်းနားထည်ဝါပြီး ပြိုင်ဘက်ကင်းလှပေသည်။

​လင်းလင်ကျိုး စုံစမ်းပြီးသွားခဲ့ပြီ….

ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ လီချင်းချိုး ဖြစ်ပြီး ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားနှင့် အခြားသူများအားလုံး ဂိုဏ်း၏ အဆင့်မြင့် အရာရှိကြီးများ ဖြစ်ကြသည်။ ထို့အပြင် ဤနေရာမှာ ထိုက်ခွန်းတောင်တန်း ဖြစ်သည်။ အရာအားလုံး ကိုက်ညီနေသော်လည်း ၎င်းက သူ့ကို မယုံကြည်နိုင်အောင် ဖြစ်သွားစေခဲ့သည်။

​ချင်းရှောင်ဂိုဏ်းက ကျင့်ကြံရေးဂိုဏ်းတစ်ခု ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ... ပြီးတော့ ဝမ့်ယင်းဂိုဏ်းကိုတောင် ထိပ်တိုက်ရင်ဆိုင် အနိုင်ယူနိုင်စွမ်း ရှိနေသေးတာလား...

​ဤသည်မှာ ဆရာသခင် ပြောပြခဲ့ဖူးသည်များနှင့် လုံးဝကို ကွဲပြားခြားနားနေသည်။ အကယ်၍ ချင်းရှောင်ဂိုဏ်း၌ ကျင့်ကြံခြင်းနည်းလမ်းများ ရှိနေခဲ့ပါက ဆရာသခင် မည်သို့ကြောင့် မသိရှိဘဲ နေမည်နည်း။

​လင်းလင်ကျိုးအနေနှင့် အလွန်အမင်း အဓိပ္ပာယ်မဲ့နေသည်ဟု ခံစားနေရပြီး လွင့်ဝဲနေသော နှင်းများကြား၌ ဝေခွဲမရ ဖြစ်နေခဲ့သည်။

​ဝမ်ဖုန်းက နောက်ကျောဘက်ရှိ တောင်လမ်းပေါ်၌ မတ်တတ်ရပ်၍ ဘုရားဖူးဧည့်သည်တစ်ဦးနှင့် စကားစမြည် ပြောဆိုနေခဲ့သည်။ ဘုရားဖူးဧည့်သည်က ချင်းရှောင်ဂိုဏ်း၏ အတိတ်က ဒဏ္ဍာရီပုံပြင်မျိုးစုံကို ပြန်လည်ပြောပြနေသည်ကို နားထောင်ရင်း ပုံပြင်တစ်ပုဒ်ကို နားထောင်နေရသကဲ့သို့ ခံစားရပြီး အလွန်အမင်း စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မှတ်နေခဲ့သည်။

​ညနေစောင်းအချိန်၌….

​ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ ပြန်လည်ရောက်ရှိလာကြောင်း သတင်းများ ပြန့်နှံ့သွားခဲ့ပြီး ဂိုဏ်းချုပ်၏ သတ္တမမြောက် တပည့်၏ အမည်မှာလည်း လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။

​ယင်ကျင်းရှင်း…

​ဝေးကွာလှသော မင်းဆက်တစ်ခုမှ လူငယ်တစ်ဦး ဖြစ်ပြီး သူ မွေးဖွားသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းချုပ်၏ အိပ်မက်ထဲသို့ ဝင်ရောက်လာခဲ့သူ…..

​ဂိုဏ်း၏ တပည့်များအားလုံး ယင်ကျင်းရှင်းကို စပ်စုလိုစိတ် ဖြစ်ပေါ်နေကြသည်။ ထိုအထက်တန်းလွှာမိသားစုများမှာလည်း သတင်းအချက်အလက်များကို စုံစမ်းရန် ပြေးလွှားလှုပ်ရှားနေကြပြီး ပါရမီရှင် လူငယ်များသည်လည်း ယင်ကျင်းရှင်းက သူတို့၏ အကြီးမားဆုံးသော ပြိုင်ဘက် ဖြစ်လာမည်ကို ကောင်းစွာ သိရှိနေကြသည်။

​တောင်ခြေ၌…

​အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦး ချင်းရှောင်ဂိုဏ်း၏ တောင်တံခါးအရှေ့၌ မတ်တတ်ရပ်နေခဲ့ပြီး အရှိန်အဝါများမှာ လောကီနှင့် ကင်းကွာနေပြီး သူမ၏ မွေးရာပါ မောက်မာဝင့်ကြွားမှုများကိုမူ လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ချေ။

​သူမသည် အခြားသူမဟုတ်ဘဲ ကောင်းကင်ဓားဂိုဏ်းမှ စုန့်ချန်ရှန်းသာ ဖြစ်ပေသည်။

​"ဒီလို ဂိုဏ်းလေးတစ်ခုက ကြီးမြတ်တဲ့ ကံတရားကို ပိုင်ဆိုင်ထားတဲ့ ဓားကျင့်ကြံသူ နှစ်ယောက်ကို အမှန်တကယ်ပဲ ပိုင်ဆိုင်ထားတာလား..."

​စုန့်ချန်ရှန်း မျက်မှောင်ကြုံ့လိုက်ပြီး သူမ၏ နှလုံးသားအတွင်း၌ ဝေခွဲမရမှုများ ပြည့်နှက်နေခဲ့သည်။

​သူမ ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ကို နောက်ယောင်ခံ လိုက်လာခဲ့ခြင်းမှာ ချင်းရှောင်ဂိုဏ်းကို ပစ်မှတ်ထားရန် မဟုတ်ဘဲ ဤဓားကျင့်ကြံသူ ပါရမီရှင်နှစ်ဦး လမ်းခရီးတွင် သေဆုံးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ချင်းရှောင်ဂိုဏ်း၏ နေရာရွှေ့ပြောင်းရေးအစီအရင် အကွာအဝေးက သိပ်မဝေးလှသဖြင့် ရှန်ယွဲ့နှင့် အခြားသူများ ချင်းရှောင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိရန် ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ရွှေ့ပြောင်းခဲ့ရပြီး ဤကြာမြင့်ချိန်မှာ စုန့်ချန်ရှန်း နောက်မှ အမီလိုက်ရန် လုံလောက်လှပေသည်။ ဝေခွဲမရ ဖြစ်နေသော်လည်း စုန့်ချန်ရှန်းကတော့ ဤဂိုဏ်းငယ်လေးကို လာရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည်။

​သူမ ရှေ့သို့ လှမ်းလျှောက်သွားရာ တောင်တံခါးကို စောင့်ကြပ်နေကြသော တပည့်များက သူမကို စိုက်ကြည့်နေကြပြီး သူတို့၏ ရင်ထဲ၌ တီးတိုး ရေရွတ်နေခဲ့ကြသည်။

​ဤပုဂ္ဂိုလ်သည် ကောင်းကင်စက်ဝန်းငယ်အစီအရင်ထဲကို ဝင်ရောက်နိုင်စွမ်း ရှိသဖြင့် ပြဿနာ မရှိနိုင်သော်လည်း သူမ၏ အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် သူမ၏ နောက်ခံသမိုင်းကြောင်းမှာ အလွန်ပင် ကြီးမားလှပုံရသည်။

​စုန့်ချန်ရှန်း တောင်ပေါ်သို့ တက်ရောက်သွားစဉ်မှာပင် တပည့်တစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။

​"မင်းက ဓားကျင့်ကြံသူ တစ်ယောက်လား..."

​စကားပြောဆိုလာသူမှာ အခြားသူမဟုတ်ဘဲ လင်းဟိုင်(ဝိဉာဉ်ပင်လယ်)မှ ပါရမီရှင် ယန်ချင်းပင် ဖြစ်သည်။ သူသည် အပေါ်မှနေ၍ စုန့်ချန်ရှန်းကို ငုံ့ကြည့်နေပြီး သူ့မျက်နှာပေါ်တွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ရှိနေသည်။

​ယနေ့ မန္တန်များကို ကျင့်ကြံရန် တိတ်ဆိတ်သော နေရာတစ်ခု ရှာဖွေရန် တောင်အောက်သို့ ဆင်းလာခဲ့ခြင်းဖြစ်သော်လည်း စုန့်ချန်ရှန်းနှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

​စုန့်ချန်ရှန်းက ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားပြီး သူမ၏ အရှိန်အဝါမှာလည်း အလွန်အမင်း ထူးခြားသဖြင့် အပေါ်ယံ ကြည့်လိုက်ရုံဖြင့် သာမန်မဟုတ်ကြောင်း သိသာနေသည်။

ဤသူမှာ ချင်းရှောင်ဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်နိုင်သည်ဟု သူ ထင်မှတ်လိုက်သည်။

​သူမကို ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသဖြင့် သူမ၏ စွမ်းရည်များကို သူ စမ်းသပ်ကြည့်ရမည် ဖြစ်သည်။

ဓားမိစ္ဆာ၊ ယွင်ချိုင် သို့မဟုတ် ယွမ်လီတို့လို ကြောက်မက်ဖွယ်ကောင်းသော တပည့်များ ထပ်မံ၍ ရှိနေလိမ့်မည်ဟု ယန်ချင်း လုံးဝ မယုံကြည်ပေ။

All Chapters