အခန်း (၂၂၉၁-၂၂၉၂)
Vol. 230 Ch. 2291-2292
အခန်း ၂၂၉၁ - ငါ တကယ့်ကို ကံဆိုးလိုက်တာ
ကောင်းကင် ငါးပါးစစ်မြေပြင် စတင်ဖွင့်လှစ်လိုက်သည်နှင့် တပြိုင်နက် သူတော်စင်အသီးသီးတို့သည် ဆက်တိုက်ဆိုသလို ပေါ်ထွက်လာကြသည်။
နေမင်းခုနှစ်ပါး နယ်မြေ
ရွှီကျန့် ပေါ်လာပြီးသည်နှင့် ရုတ်တရက် အခြေအနေ တစ်စုံတစ်ခု မမှန်တော့ကြောင်း ခံစားလိုက်ရသည်။
သူသည် ခေါင်းပေါ်ရှိ အဆင့်သတ်မှတ်ချက်စာရင်း ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏နာမည်မှာ နံပါတ် (၁) နေရာတွင် ခန့်ညားစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ"
ရွှီကျန့်သည် အံ့အားသင့်စွာဖြင့် လေကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ သူ မျက်စိမှားကြည့်မိသည်ဟု စိုးရိမ်သဖြင့် မျက်လုံးများကို ပွတ်သပ်ကာ အကြိမ်ကြိမ် ပြန်ကြည့်သည်။ နောက်ဆုံးတွင် သူ အမှန်တကယ်ပင် ပထမနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သေချာသွားလေသည်။
"ငါ... ငါ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်စာရင်းမှာ နံပါတ် (၁) ဖြစ်သွားတာလား ငါလေ..."
ရွှီကျန့်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူနှုန်းတို့ မြန်ဆန်လာပြီး မျက်နှာတစ်ခုလုံး နီရဲလာသည်။
စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် နံပါတ် (၁) ဖြစ်လာနိုင်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
"နံပါတ် (၁) သူတော်စင်"
ဟူသော ဘွဲ့နာမကို ရရှိသွားခြင်းပင်။
ထိုအချိန်တွင် အခြားသော နေမင်းခုနှစ်ခုနှစ်ပါးနယ်မြေ ကျောင်းသားများမှာလည်း အခြေအနေကို သဘောပေါက်သွားကြသည်။ သူတို့လည်း စစ်စာရင်းကို ဝိုင်းကြည့်လိုက်ကြပြီး မှားယွင်းမှုမဟုတ်ကြောင်း သေချာသွားသည့်အခါ သူတို့၏ စိတ်ထဲရှိ အံ့ဩခြင်းများမှာ လျှံကျလာတော့သည်။
ကျောင်းသားအချို့မှာ ရွှီကျန့်ထံသို့ သွားရောက် ဂုဏ်ပြုနေကြပြီး အချို့မှာမူ ဤကိစ္စ မည်သို့ဖြစ်ပျက်သွားသနည်းဟု နေရာတွင်ပင် တွေဝေလျက်ရှိသည်။
နံပါတ် (၁) နေရာမှာ လူသားမျိုးနွယ်စုမှ သူတော်စင် ဖန့်ချန် မဟုတ်ပါလား။
ဘာကြောင့် ဖန့်ချန် နံပါတ် (၁) နေရာကို ရရှိပြီး မကြာခင်မှာပင် သူ၏နာမည်မှာ စစ်စာရင်းမှ ပျောက်ကွယ်သွားရသနည်း။
"အမလေး၊ ဘုရားရေ"
ထိုက်ဟောက်ကျုံး က ကြောင်တောင်တောင်ဖြင့် ပြောသည်။
"ဒီလိုမျိုး ဖြစ်ရပ်မျိုး ရှိသေးတာလား ရွှီကျန့်က တကယ်ပဲ နံပါတ် (၁) သူတော်စင် ဖြစ်သွားတာလား"
ယူဝန်ရှန်း ၊ လန်ဟွမ်ချိုင် အစရှိသည့် နေမင်းခုနှစ်ပါး နယ်မြေ ကျောင်းသားများမှာလည်း ယခုအခါ ရှုပ်ထွေးသည့် မျက်နှာအမူအရာများ ဖြစ်နေကြသည်။
သူတို့အမြင်တွင် ရွှီကျန့်၏ ဤနံပါတ် (၁) ဘွဲ့မှာ အနည်းငယ် အနှစ်သာရ အားနည်းသည်ဟု ခံစားရသည်။
ရှန်ရှိုးယွမ် နှင့် ယှဉ်လျှင် လုံးဝမမီ၊ ဖန့်ချန်နှင့်ဆိုလျှင် ပို၍ပင် မယှဉ်သာပေ။
သို့သော်လည်း ဤသည်မှာ လက်တွေ့ကျသော "နံပါတ် (၁) သူတော်စင်" ဘွဲ့ပင် ဖြစ်သည်။
ဖန့်ချန် မည်သည့်အကြောင်းကြောင့် ဤဘွဲ့ကို လက်လွတ်လိုက်ရသည်ဖြစ်စေ၊ ယခုလက်ရှိ ရွှီကျန့်မှာ ကောင်းကင် ငါးပါးစစ်မြေပြင်၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် နံပါတ် (၁) ဖြစ်နေသည်မှာ ငြင်းမရသော အချက်ဖြစ်ပြီး နေမင်းခုနှစ်ပါး ခန်းမဘက်မှလည်း မှားယွင်းမှု မရှိနိုင်ပေ။
"အစ်ကိုရွှီ၊ ဂုဏ်ယူပါတယ်ဗျာ။ ဒီတစ်ခါတော့ အစ်ကိုလည်း စစ်စာရင်းကနေ ကောင်းကင်ဘုံအထိ ကျော်ကြားတော့မှာပဲ"
"ဟုတ်တယ် အစ်ကိုရွှီ၊ ဒါကတော့ အစ်ကို့အတွက် ခါးသီးမှုအဆုံးမှာ ချိုမြိန်မှုကို ရတာပဲ"
"အားလုံးပဲ အားနာစရာပါ၊ နောက်ပိုင်း အခွင့်အရေးရှိရင် ကျွန်တော့်ဆီ လာပြီး အရက်သောက်ကြပါဦး"
ရွှီကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
မျှော်လင့်ထားသည့်အတိုင်းပင် စစ်စာရင်းမှာ ထူးခြားမှုဖြစ်ပေါ်လာပြီး ဖန့်ချန်၏ ယခင်ကအတိုင်း စစ်စာရင်းမှတစ်ဆင့် ကောင်းကင်ဘုံအထိ ကြွေးကြော်သံများ ပျံ့နှံ့သွားလေသည်။
ရွှီကျန့်မှာ ပို၍ပင် ပီတိဖြစ်နေသည်။
ထိုအချိန်တွင် မည်သူမျှ စိတ်မကောင်းစရာ ဖန့်ချန်အကြောင်းကို စကားစမမြည် ပြောဆိုခြင်းမရှိဘဲ ရွှီကျန့်ကိုသာ ဝိုင်းဝန်းဂုဏ်ပြုနေကြသည်။
စွမ်းအင်စုစည်းခြင်းနောက်ပိုင်းအဆင့်ဘက်တွင် စီကုပေ့ ပေါ်လာသည်နှင့် ရွှီကျန့် နံပါတ် (၁) ဖြစ်သွားကြောင်း ချက်ချင်း သိလိုက်သည်။
"ဖန့်လို့ခေါ်တဲ့ကောင်က စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကို တက်သွားပြီနဲ့တူတယ်"
စီကုပေ့က မဲ့ပြုံးပြုံးကာ ပြောသည်။
"လူသားမျိုးနွယ်စုမှာ အခြေခံအားနည်းတော့ ကောင်းကင်အရှင် ဆက်ခံသူ ဒုတိယမြောက်ကို မမွေးထုတ်နိုင်ဘူး။ ဒါကြောင့် သန့်စင်သော အဆင့် ကန့်သတ်ချက်ကို ကျော်လွန်ဖို့တောင် အခွင့်အရေး မပေးနိုင်ဘူး၊ ဟက်"
အနီးနားရှိ သူတော်စင်များမှာလည်း ထူးဆန်းသော မျက်နှာပေးများ ရှိနေကြသော်လည်း အဆင့်နိမ့်သူများမှာမူ ဤကိစ္စကို စိတ်ဝင်စားရန် အချိန်မရှိကြပေ။
သူတို့မှာ ယခုတစ်ခေါက်တွင် တန်ခယ်ရွှမ် ၊ ဆွေထျန်းဟွမ် ၊ ရှန်ရှိုးယွမ် ၊ ဖူယွမ်ဖေး ၊ ရင်တန့် စသည့် တိုက်ခိုက်ရေး ကျွမ်းကျင်သူများ၏ ဖိအားပေးမှုကို ရင်ဆိုင်ရတော့မည်ဖြစ်သောကြောင့် ဖြစ်သည်။
……
ကျယ်ပြောလှသည့် ပလက်ဖောင်းပေါ်တွင် ဖန့်ချန်ပေါ်လာသည်နှင့် အနီးနားရှိ သူတော်စင်များမှာ သူ၏အပေါ် စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
"ဖန့်ချန် မဟုတ်လား"
"ဒီ ကျင့်ကြံခြင်းစွမ်းအားကို ကြည့်ရတာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် မဟုတ်တော့ဘူးဆိုတာ သေချာတယ်"
"တကယ်ကို ပြတ်ပြတ်သားသားပဲ၊ ငါဆိုရင်တော့ နံပါတ် (၁) နေရာမှာ အနည်းဆုံး နှစ်တစ်ထောင်လောက် နေဦးမှာ..."
အနီးနားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ဆက်တိုက်ထွက်ပေါ်နေပြီး အချို့သော သူတော်စင်များမှာမူ ရင်းနှီးဖော်ရွေစွာဖြင့် လာရောက် မိတ်ဆက်ကာ အမည်နာမများ ဖလှယ်ကြသည်။
ဖန့်ချန်မှာလည်း ငြင်းပယ်ခြင်းမရှိဘဲ မိတ်ဆွေဖွဲ့ခြင်းကို ဝါသနာပါသူ ဖြစ်သည့်အတွက် ပျော်ပျော်ရွှင်ရွှင်ပင် တုံ့ပြန်သည်။
"ဖန့်ချန် မင်း စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကို တက်သွားပြီလား"
ရုတ်တရက် လူအုပ်ထဲမှ အနည်းငယ် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
အနီးနားရှိ သူတော်စင်များက လမ်းဖယ်ပေးလိုက်ရာ ရှန်ရှိုးယွမ် ထွက်လာပြီး ဖန့်ချန်ကို အံ့အားသင့်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"အစ်ကိုရှန်"
ဖန့်ချန်လည်း အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးရွှင်စွာဖြင့် လက်ယှက် ဂါရဝပြုလိုက်သည်။
အနီးနားရှိ သူတော်စင်များမှာ ထိုသူနှစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် အများကြီး ခံစားသွားရသည်။
တစ်ဦးမှာ ယခင်က စွမ်းအင်စုစည်းခြင်း အစောပိုင်း နံပါတ် (၁) ဖြစ်ပြီး၊ တစ်ဦးမှာမူ လတ်တလော နံပါတ် (၁) ဖြစ်သည်။
ယခုအခါ သူတို့နှစ်ဦးလုံးတွင် နံပါတ် (၁) ဘွဲ့မရှိတော့သလို၊ နေမင်းခုနှစ်ပါး နယ်မြေထဲသို့လည်း ဝင်ခွင့်မရကြသေးပေ။
"မင်း တကယ်ပဲ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကို တက်လိုက်တာလား နှမြောစရာပဲ၊ တကယ့်ကို နှမြောစရာပဲ"
ဖန့်ချန် တက်လှမ်းဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ရှန်ရှိုးယွမ်မှာ ခေါင်းကိုသာ ခါယမ်းကာ နှမြောတသဖြစ်နေသည်။
ဖန့်ချန်က ပြုံး၍ ပြောသည်
"အစ်ကိုရှန်၊ ဘာများနှမြောစရာရှိလို့လဲဗျာ။ ကျင့်ကြံခြင်းစွမ်းအားက ပြည့်စုံလာပြီဆိုတော့ သဘာဝအတိုင်း တက်ရမှာပေါ့"
"သာမန်သူတော်စင်တွေအတွက်ဆိုရင်တော့ ဒါက ကြီးမားတဲ့ ဝမ်းမြောက်စရာ၊ အကြီးကျယ်ဆုံး ဝမ်းမြောက်စရာပဲ။ ဒါပေမဲ့ မင်းအတွက်ကတော့ အရမ်းနှမြောဖို့ကောင်းတယ်။
မင်းအနေနဲ့ သန့်စင်သော အဆင့် ကန့်သတ်ချက်ကို ကျော်လွန်ဖို့ မစမ်းသပ်ဘဲနဲ့ တစ်မျိုးလမ်းကြောင်းကို စွန့်လွှတ်လိုက်ရတာလေ။
ဒါက မနှမြောဘဲ နေနိုင်ပါ့မလား"
ရှန်ရှိုးယွမ်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
ထိုအချိန်တွင် ဖူယွမ်ဖေး က ဝေးလံသောနေရာမှ ပြုံးရွှင်စွာ လျှောက်လာသည်။ သူမ၏ အသံမှာ စမ်းရေစီးသံကဲ့သို့ ကြည်လင်နေသည်။
"အစ်ကိုရှန်၊ သူက လူသားမျိုးနွယ်စုက လာတာလေ။ လူသားတွေမှာ သူ့ကို သန့်စင်သော အဆင့် ကန့်သတ်ချက်ကျော်ဖို့ ထောက်ပံ့ပေးနိုင်တဲ့ အခြေခံအင်အားက ဘယ်လောက်ရှိလို့လဲ။
တခြားပြောနေစရာမလိုဘူး၊ ဒိိန်ရွှမ်သီး တောင်မှ တောက်လျှောက် ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူးလေ"
"ညီမလေးယွမ်ဖေး၊ တိုက်ဆိုင်လိုက်တာ၊ ညီမလည်း ဒီမှာလား ဒါဆို ရင်တန့် လည်း ဒီနားမှာ ရှိနေဦးမလား "
ရှန်ရှိုးယွမ်က ပြောရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ဖူယွမ်ဖေးက ပြုံး၍ ခေါင်းခါပြသည်။
"မရှာနဲ့တော့၊ ကျွန်မ ကြည့်ပြီးပြီ၊ သူ ဒီနားမှာ မရှိဘူး"
စကားဆုံးသော် ဖူယွမ်ဖေးက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ ခေါင်းညိတ် နှုတ်ဆက်သည်။
"ဒါပေမဲ့လည်း နှမြောစရာပဲ။ လူသားမျိုးနွယ်စုမှာ အခြေခံအင်အား မလုံလောက်တာက ချင်းမင် မှာ မလုံလောက်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ"
ရှန်ရှိုးယွမ်၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော ခံစားချက်များ ပေါ်လာသည်။
"အရင်ကသာ သိခဲ့ရင် ဖန့်ညီလေး၊ ငါ့ရဲ့ ချန်းချုံး မဟာမိတ်အဖွဲ့ကို လာခဲ့ပေါ့။ အသက်ကိုးသက်နဂါးမျိုးနွယ်စုက ကောင်းကင်အရှင် ဆက်ခံသူ တစ်ယောက်ကို ထပ်မွေးထုတ်တာက ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး"
ရှန်ရှိုးယွမ်၏ စကားထဲမှ စည်းရုံးလိုသော ရည်ရွယ်ချက်ကို ဖန့်ချန် နားလည်လိုက်သဖြင့် ပြုံး၍ ပြောလိုက်သည်။
"အစ်ကိုရှန်ရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်က ချင်းမင်က လူပဲ၊ ဘယ်လိုလုပ် ချန်းချုံးဘက်သွားပြီး အသက်ကိုးသက်နဂါးမျိုးနွယ်စုကို ခိုလှုံရမှာလဲ"
"မင်းပြောတာလည်း ဟုတ်တာပါပဲ၊ ငါလည်း စကားအဖြစ် ပြောလိုက်တာပါ"
ရှန်ရှိုးယွမ်က ရယ်မောလိုက်သည်။
"ဒီတစ်ခါ ဘယ်လိုလဲ ဘာတွေ စီစဉ်ထားလဲ အနိုင်ဆယ်ပွဲ ဆက်တိုက်ယူဖို့ ကြိုးစားဦးမှာလား "
သူတို့နှစ်ဦးလုံးမှာ စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်သို့ တက်လှမ်းလိုက်ပြီဖြစ်သည့်အတွက် ယခုတစ်ခေါက်တွင် ဖန့်ချန်နှင့် ထိပ်တိုက်တွေ့စရာ အကြောင်းမရှိပေ။ ထို့ကြောင့် သူတို့မှာ စိုးရိမ်စရာမရှိဘဲ စိုးရိမ်ရမှာက စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ရှိ ကျောင်းသားများသာ ဖြစ်သည်။
"အနိုင်ဆယ်ပွဲ ဆက်တိုက်ယူနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်နဲ့ အစောပိုင်းအဆင့်က မတူညီတဲ့အတွက် ကျွန်တော်လည်း အာမခံချက် အပြည့်တော့ မရှိပါဘူး"
ဖန့်ချန်က သက်ပြင်းချလိုက်သည်။
ရှန်ရှိုးယွမ်နှင့် ဖူယွမ်ဖေးတို့ အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် အနည်းငယ် ထူးဆန်းသော အရိပ်အယောင်များကို တွေ့လိုက်ရသည်။
ယခုအခါ ဖန့်ချန်မှာ စွမ်းအင်စုည်းခြင်း အလယ်အဆင့် သူတော်စင်များကို ရင်ဆိုင်ရာတွင် အာမခံချက် မရှိသယောင် ဖြစ်နေသည်။
သို့သော်လည်း သူတို့နှစ်ဦးမှာ ယခင်က လုကွမ် ၏ "အသက်ရှင်ခြင်းနှင့် သေခြင်း ချိန်ခွင်လျှာ" နည်းပညာကို ရင်ဆိုင်ခဲ့ရစဉ်က ရလဒ်ကို ပြန်သတိရသွားပြီး စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။
"ဖန့်ညီလေး၊ မင်းကတော့ အလွန်အမင်း နှိမ့်ချနေပြန်ပြီ"
ရှန်ရှိုးယွမ်က အနည်းငယ် သက်ပြင်းချလိုက်သည်။
ဖန့်ချန်က ပြုံးသာ ပြုံးပြပြီး နောက်ထပ် ဘာမှ မပြောတော့ပေ။
သူတို့သုံးဦးမှာ စကားမစပ် ပြောဆိုနေကြရာမှ ကောင်းကင် ငါးပါး စစ်မြေပြင်၏ ကြီးကြပ်သူမှ စာရင်း ထုတ်ပြန်လာသည်။
ရွှေဟွေး ကျောင်းတော်မှ ဖန့်ချန် ဖူကွမ်း ကျောင်းတော်မှ ယန့်ပေလင်
"ယန့်ပေလင်က ခုနှစ်ကြယ် နဂါးမျိုးနွယ်စုမှာ ထိပ်တန်းအဆင့်ပဲ၊ ဖန့်ညီလေး သတိထားဦးနော်"
ရှန်ရှိုးယွမ်က စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြုံး၍ သတိပေးသည်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားပါမယ်"
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
ရှန်ရှိုးယွမ်မှာ အနည်းငယ် အံ့အားသင့်သွားပြီး -
"အဲလောက်ထိတော့ မလိုပါဘူး... သူလည်း အရင်တစ်ခါက မင်းကို ကြောက်လို့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကို တက်လိုက်တာပဲ၊ မင်းရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိသာပါတယ်..."
စကားပြောနေစဉ်မှာပင် ရွှေရောင်အလင်းတိုင်ကြီးမှာ ကျဆင်းလာသည်။
ဖန့်ချန်မှာ တစ်ချက် လှုပ်ရှားလိုက်ပြီး ဗလာနယ်ပြင်တွင် ပေါ်လာသည်။
ယန့်ပေလင်သည် ဖန်းချန်းကို ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ပြာနှမ်းသွားပြီး နောက်ဆုံးတွင် မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
"ငါ တကယ့်ကို ကံဆိုးလိုက်တာ "
အခန်း ၂၂၉၂ - ဘာကို ပြန်တိုက်ရမှာလဲ
ယန့်ပေလင်၏ အလွန်အမင်း စိတ်ညစ်နေဟန်ကို မြင်သောအခါ ဖန့်ချန်မှာ မရယ်ဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"ယန့်ပေလင် မိတ်ဆွေ၊ ငါတို့တွေ တိုက်ကြမလား "
"ဘာကို ပြန်တိုက်ရမှာလဲ။ လုကွမ် ဘယ်လိုသေသွားလဲဆိုတာ ငါ မေ့မသွားသေးဘူး။ ဒါနဲ့ မင်းကို ပြောရဦးမယ် ဖန့် မိတ်ဆွေ၊ ငါမင်းကို ပြောတာမဟုတ်ဘူးနော်..."
ယန့်ပေလင်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေသည်။
"မင်းက နံပါတ် (၁) သူတော်စင်နေရာကိုမှ ရထားတာ၊ ဘာလို့ ဒီနေရာမှာ နှစ်နည်းနည်းလောက် ထပ်မနေခဲ့တာလဲ"
"အဓိကက အဓိပ္ပာယ်မရှိလို့လေဗျာ။ စင်ကြယ်သော. ဗောဓိသီးလည်း မရနိုင်တော့တာ၊ ဒီနေရာမှာ တွယ်ကပ်နေပြီး ဘာလုပ်ရမှာလဲ။"
ဖန့်ချန်က ပြန်ပြောသည်။
" သန့်စင်သော အဆင့် ကန့်သတ်ချက်ကို ကျော်လွန်ဖို့လေ မင်းက နံပါတ် (၁) ဖြစ်နေပြီပဲ၊ ဒီနေရာမှာ ကျန်ခဲ့ပြီး သန့်စင်သော အဆင့် ကန့်သတ်ချက်ကို ကျော်လွန်ဖို့ မစမ်းကြည့်ဘူးလား "
ယန့်ပေလင်မှာ အံ့အားသင့်လျက် ပြောသည်။
"ဒီလိုအခွင့်အရေးမျိုး ဘယ်လောက်တောင် ရှားပါးလဲဆိုတာ မင်း သိရဲ့လား "
"မိသားစုထဲက အကြီးအကဲတွေက ပြောတယ်၊ သန့်စင်သော အဆင့် ကန့်သတ်ချက်ကို ကျော်လွန်တဲ့ လမ်းကြောင်းက ငါနဲ့ မသင့်တော်ဘူးတဲ့။ ပြီးတော့ ငါ့မှာလည်း လုံလောက်တဲ့ ဒိိန်ရွှမ်သီး တွေ မရှိဘူးလေ။"
ဖန့်ချန်က ပြုံး၍ ပြောသည်။
"ဒါဆို မင်းက ငါတို့ကို ဒုက္ခပေးဖို့ လာခဲ့တာပေါ့ "
ယန့်ပေလင်က ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်နေမိသည်။
"တကယ်မတိုက်ဘူးလား "
"မတိုက်ဘူး၊ ငါ အရှုံးပေးတယ် "
ယန့်ပေလင်သည် စကားတစ်ခွန်းမျှ မပမ်းဘဲ ထိုနေရာမှာပင် ချက်ချင်း အရှုံးပေးလိုက်သည်။
သူသည် ဖန့်ချန်နှင့် ဖော်ရွေစွာ ယှဉ်ပြိုင်ဖို့ပင် ဆန္ဒမရှိဘဲ ဖန့်ချန်နှင့် လက်ရည်စမ်းရန် စိတ်ကူးပင် မရှိပေ။
ရွှေရောင်အလင်းတိုင်များ ကျဆင်းလာပြီးနောက် သူတို့နှစ်ဦးလုံးမှာ ဗလာနယ်ပြင်ထဲမှ ပျောက်ကွယ်သွားကြသည်။
သူတော်စင်များအားလုံး ဖန့်ချန်၏ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြသည်။ ဖန့်ချန်နှင့် ယန့်ပေလင်တို့ တိုက်ပွဲမှာ မိနစ်အနည်းငယ်အတွင်းပင် အဆုံးသတ်သွားပြီး ဖန့်ချန် အနိုင်ရသွားသည်မှာလည်း ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။
နောက်တစ်ကြိမ် ရွှေရောင်အလင်းတိုင် ပေါ်လာသည့်အခါ ဖန့်ချန်၏ ပြိုင်ဘက်မှာ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်တွင် အဆင့် (၁၀၀) ရှိသူ ဖြစ်လာသည်။
"ဖန့် မိတ်ဆွေ၊ ကျွန်တော်က တန်လင် ကျောင်းတော် လူသားမျိုးနွယ်စု ကျောင်းတော် လွီတုကွမ် ပါ။"
လွီတုကွမ်က ချက်ချင်းပင် သူ့နောက်ခံကို မိတ်ဆက်သည်။ တိုက်ပွဲမစခင် နှစ်ဖက်စလုံးက တစ်ဖက်လူ၏ နောက်ခံကို မြင်နိုင်ကြသော်လည်း ဖန့်ချန် သေချာမကြည့်မိမှာကို သူ စိုးရိမ်နေသည်။
"အစ်ကို လွီ..."
"ကျွန်တော့်ကို အစ်ကိုလို့ မခေါ်ပါနဲ့၊ လွီ မိတ်ဆွေလို့ပဲ ခေါ်ပေးပါ"
လွီတိုးကွမ်မှာ ချက်ချင်း လက်ကာလိုက်သည်။
"ကျွန်တော့်ရဲ့ စွမ်းအားက ယန့်ပေလင်လောက် မရှိဘူး။ မင်းက သူ့ကိုတောင် အနိုင်ယူနိုင်တာဆိုတော့ ငါနဲ့ တိုက်ရတာ အဓိပ္ပာယ် မရှိတော့ပါဘူး။"
သူ ခဏရပ်ပြီးမှ ဆက်ပြောသည်။
"ဒါပေမဲ့ ကျွန်တော်တို့က လူသားမျိုးနွယ်စုချင်းတူတူပဲဆိုတော့ မင်းက ကျုုပ်ကို အသေအလဲ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။... ကျုပ်ကတော့ ငါတို့နှစ်ယောက်ရဲ့ စွမ်းအားချင်း ကွာဟချက်ကိုပဲ သိချင်တာ၊ ဖန့် မိတ်ဆွေ အဆင်ပြေမလား "
"အဆင်ပြေအောင် လုပ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့... သေချာလို့လား ကျွန်တော် ဘယ်လောက် စွမ်းအားသုံးရမလဲ "
ဖန့်ချန်က မေးသည်။
လွီတုကွမ်က ခဏတာ စဉ်းစားပြီးနောက် -
"စွမ်းအား (၇) ပုံလောက်သုံးပါလား အဲလောက်ဆိုရင် အဆင်ပြေမယ်ထင်တယ်"
ဟု ပြောသည်။
"ရတယ်"
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
သူသည် ထူးထူးခြားခြား ပညာရပ်မျိုးကို မသုံးဘဲ မဟာကရုဏာလက်သီး တစ်ချက်ကိုသာ ထုတ်သုံးလိုက်သည်။
ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်စီးကြောင်းမှာ လွီတုကွမ်၏ အတွင်းကမ္ဘာနယ်မြေ တံခါးကို ချက်ချင်းပင် ရိုက်ခွဲလိုက်သည်။
သူ၏ ဝတ်ရုံများမှာလည်း အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားပြီး အတွင်းကမ္ဘာနယ်မြေတစ်ခုလုံးမှာလည်း ရှုပ်ပွပြီး ပျက်စီးသွားသည်။
လွီတုကွမ်မှာမူ သူတောင်းစားတစ်ယောက်လို ပုံစံဖြစ်သွားပြီး ထိုနေရာတွင် ငေးငိုင်စွာ ရပ်နေမိသည်။
ခဏကြာပြီးနောက် သူ၏မျက်နှာပေါ်တွင် လေးစားသည့်အရိပ်အယောင်များ ပေါ်လာသည်။
"ဖန့် မိတ်ဆွေရဲ့ အစွမ်းက တကယ်ကောင်းတာပဲ။ ဒီစွမ်းအား (၇) ပုံနဲ့တင် ဒီလောက် အရှိန်အဝါကြီးနေတာ၊ တကယ်လို့ အားအပြည့်နဲ့သာ တိုက်ခိုက်ရင် ကျုပ် ဒီနေရာမှာတင် အသက်ပျောက်သွားနိုင်တယ်"
"လွီ မိတ်ဆွေက ချီးကျူးလွန်းနေပါပြီ"
ဖန့်ချန်က ပြုံး၍ လက်ယှက် ဂါရဝပြုသည်။
အတွင်းကမ္ဘာနယ်မြေထဲတွင် ချီယန့် သူတော်စင်က လီဝူ ကို ကြည့်ပြီး ပြောသည်။
"လီဝူ၊ ဖန့်ငရဲမင်း က စွမ်းအား (၇) ပုံပဲ သုံးတာလား"
"စွမ်းအား (၂) ပုံတောင် မရှိလောက်ပါဘူး"
ဟု လီဝူက တွေးတောရင်း ပြောသည်။
……
နေမင်းခုနှစ်ပါး နယ်မြေ
လွီတုကွမ် ရှုံးနိမ့်ပြီးနောက် လူတိုင်းမှာ သူ၏ အခြေအနေပျက်နေပုံကို ကြည့်ကာ တိုက်ပွဲအကြောင်း အသေးစိတ် မေးမြန်းကြသည်။
အထူးသဖြင့် ဖန့်ချန်နှင့် မကြာမီ တိုက်ခိုက်ရတော့မည့် သူတော်စင်များမှာ စိတ်ဓာတ်တက်ကြွဖို့ လိုအပ်နေကြသည်။
"ဖန့်ချန် မိတ်ဆွေရဲ့ စွမ်းအားက နံပါတ် (၁) သူတော်စင် ဘွဲ့နဲ့ ထိုက်တန်ပါတယ်။"
လွီတုကွမ်က လေးနက်သော အမူအရာဖြင့် ပြောသည်။
"ဒီတစ်ခေါက် တိုက်ပွဲမှာ သူက စွမ်းအား (၈) ပုံလောက်ပဲ သုံးပြီး တိုက်တာပါ။ တိုက်ကွက်ပေါင်း ရာကျော်ပြီးနောက်မှာ ငါ သူနဲ့ မယှဉ်နိုင်တော့ဘူး။"
"..."
သူတော်စင်များစွာမှာ ဤသတင်းအချက်အလက်ကို အသုံးပြု၍ ဖန့်ချန်နှင့် မိမိတို့ကြား စွမ်းအားကွာဟချက်ကို တိုင်းတာရန် ကြိုးစားနေကြသည်။
သို့သော်လည်း အချို့မှာမူ မယုံကြည်ဘဲ ချက်ချင်းပင် ငြင်းဆန်ကြသည်။
"ဖန့်ချန်က မင်းကို အနိုင်ယူဖို့ တိုက်ကွက်ပေါင်း ရာကျော် သုံးရတယ်ဆိုရင် သူ့စွမ်းအားက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တုန်းက နံပါတ် (၁) သူတော်စင်နေရာကို ဘယ်လိုလုပ် ရနိုင်မှာလဲ"
"ငါ ပြောသားပဲ၊ ဖန့် မိတ်ဆွေက ငါတို့က လူသားမျိုးနွယ်စုချင်း တူတူပဲဆိုပြီး သနားလို့ စွမ်းအားကို လျှော့သုံးပြီး တိုက်ပေးတာ။ ငါအစွမ်းနဲ့ဆိုရင် အချက်ရာကျော်ခံနိုင်တာ မဆန်းပါဘူး။"
လွီတုကွမ်၏ မျက်နှာမှာ တည်သွားသည်။
တစ်ဖက်လူမှာ သူ၏ လေးနက်မှုကို မြင်သောအခါ အနည်းငယ် သံသယဖြစ်နေရာမှ တဖြည်းဖြည်း ယုံကြည်လာကြသည်။
ထိုအချိန်တွင် ရွှေရောင်အလင်းတိုင် ကျလာသည်။ ထိုသူက ဗလာနယ်ပြင်ကို ကြည့်လိုက်ရာ သူ၏ ပြိုင်ဘက်မှာ ဖန့်ချန်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။
မိနစ်ပိုင်းအကြာတွင် ထိုသူသည် ပြန်ပေါ်လာပြီး လွီတုကွမ်ကို အော်ဟစ်ဆဲဆိုလိုက်သည်။
"မင်း အမေကိုယိုးမှပဲ၊ မင်းက ဖန့်ချန်က စွမ်းအား (၈) ပုံသုံးပြီး တိုက်တယ်လို့ ပြောတယ်မလား ငါတော့ သူ့ကို စွမ်းအား (၆) ပုံပဲ သုံးပါလို့ တောင်းပန်တာတောင် သူက တိုက်ကွက်တစ်ကွက် နဲ့တင် ငါ့ကို ရှင်းပစ်လိုက်တာလေ "
လွီတုကွမ်က တည်ငြိမ်စွာ ပြန်ပြောသည်။
"အဲဒါကတော့ သူက ငါ့ကို လူသားမျိုးနွယ်စုချင်းတူတူမို့ အရေးမစိုက်ဘဲ တိုက်တာမျိုး ဖြစ်မှာပေါ့။ မင်းနဲ့ တိုက်တုန်းက စွမ်းအား (၆) ပုံ သုံးတာ ဟုတ်ချင်မှ ဟုတ်မှာပါ။"
အနီးနားရှိ နေမင်းခုနှစ်ပါးနယ်မြေ ကျောင်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။ လွီတုကွမ် စကားကို မယုံကြည်နိုင်တော့ပေ။ သူ၏ပါးစပ်မှ ဖန့်ချန်၏ စွမ်းအားကို အမှန်အတိုင်း သိရဖို့မှာ မဖြစ်နိုင်တော့မှန်း သိလိုက်ကြသည်။
အချိန်တို့မှာ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ဖန့်ချန်၏ ပြိုင်ဘက်များမှာလည်း တစ်ဦးပြီးတစ်ဦး လဲလှယ်သွားကြသည်။
နောက်ဆုံး တိုက်ပွဲရောက်သောအခါ ပြိုင်ဘက်မှာ ချက်ချင်းပင် အရှုံးပေးဖို့ ကြိုးစားသော်လည်း သူ ဘာမျှ ပြော၍မရကြောင်း တွေ့လိုက်ရသည်။
သူ၏ အတွင်းကမ္ဘာနယ်မြေမှာပင် ဖန့်ချန်နှင့် အဆက်အသွယ် ပြတ်သွားသကဲ့သို့ စွမ်းအင်တစ်ခုမျှပင် မသုံးနိုင်တော့ပေ။
သူသည် ဖန့်ချန်ကို ထိတ်လန့်စွာ ကြည့်ကာ တောင်းပန်သည့် အရိပ်အယောင်များဖြင့် ကြည့်လိုက်သည်။
"ရှီး မျိုးနွယ်စုကလား"
ဖန့်ချန်က ပြုံး၍ မေးသည်။
ထိုသူမှာ မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုအခါမှ သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားနိုင်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် အရှုံးပေးကြောင်း အော်ပြောရန် ကြိုးစားသော်လည်း အသံထွက်မလာနိုင်ပေ။
လူသားလောက၏ စွမ်းအားမှာ သူ့ကို လုံးဝ ပိတ်ဆို့ထားလိုက်သည်။
သူ၏ အတွင်းကမ္ဘာနယ်မြေ တံခါးမှာပင် ဖန့်ချန်အတွက် ပုံမှန် တံခါးကြီး တစ်ခုလို အလွယ်တကူ ဖွင့်နိုင်နေသည်။
"ပြန်သွားရင် ငါ့ကိုယ်စား စကားတစ်ခွန်း သွားပြောပေးပါ။ ရှီတျန်းကျုံး ကို ငါ စီရင်ခဲ့တာနဲ့ ပတ်သက်ပြီး ငါ မကျေနပ်သေးဘူး။ သူက ငါ့ဆီလာပြီး တောင်းပန်ဖို့တောင် ဝန်လေးနေတာ။
တကယ်လို့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် နောက်ပိုင်း မင်းတို့ ရှီမျိုးနွယ်စုတွေကို မြင်ရင် ငါ အပြတ်ရှင်းပစ်တော့မှာ။ ဘယ်သူလာပြောပြော မရဘူး။"
ဖန့်ချန်က ပြုံး၍ ပြောသည်။
ထိုသူမှာ ခေါင်းတငြိတ်ငြိတ်ဖြင့် စိတ်သက်သာရာ ရသွားသည်။
ထိုအခါမှ သူ စကားပြောနိုင်ကြောင်း သိလိုက်ရသဖြင့် ကောင်းကင်ကို ရည်ရွယ်ကာ အော်လိုက်သည်။
"ကျွန်တော် အရှုံးပေးပါတယ်"
……
"ဖန့်ချန် (၁၀) ပွဲ ဆက်တိုက် အနိုင်ရသွားပြန်ပြီ။"
"စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကလည်း သူ့ကို မတားနိုင်ပုံပါပဲ။"
"ကံကောင်းတာက ငါတို့က စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်ကို ရောက်သွားလို့ ခဏတာတော့ သူနဲ့ ထိပ်တိုက်မတွေ့တော့ဘူး။"
စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တုန်းက ထိပ်ဆုံး (၁၀) ဦးထဲတွင် ပါဝင်ခဲ့သူ အချို့မှာ အချင်းချင်း စကားပြောနေကြသည်။
ဖန့်ချန်ကို လှောင်ပြောင်ချင်သူများ၊ သူ အလယ်အဆင့်မှာ ဒုက္ခရောက်တာကို ကြည့်ချင်သူများမှာလည်း ယခုအခါ အသံတိတ်သွားကြသည်။
"ဆွေထျန်းဟွမ်၊ မင်း ဖန့်ချန်ကို အကြီးအကျယ် ပြစ်မှားထားမိတာပဲ။ သူက စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကနေ မကြာခင် စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်ကို တက်သွားတော့မှာ။ အဲဒီကျရင် မင်းမှာ ဘာနည်းလမ်းတွေ ရှိသေးလဲ "
တန်ခယ်ရွှမ် က ဗလာနယ်ပြင်ရှိ စစ်စာရင်းကို ကြည့်ကာ အေးစက်စွာ မေးသည်။
"အလယ်အဆင့်တက်ဖို့ လွယ်ပေမဲ့ နောက်ပိုင်းအဆင့်တက်ဖို့က ဒီလောက်မလွယ်ဘူး။"
ဆွေထျန်းဟွမ်က အေးစက်စွာ ပြောသည်။
"သူ နောက်ပိုင်းအဆင့် တက်လာတဲ့အချိန်ဆိုရင် မင်းနဲ့ငါတို့အားလုံးလည်း အသက်စွမ်းအင် အဆင့်ကို ရောက်နေလောက်ပြီ။ သူက နောက်ကျနေမှာဆိုတော့ ငါတို့ကို ဘယ်တော့မှ လိုက်မီတော့မှာ မဟုတ်ဘူး။"
"အမှန်အတိုင်းပြောရရင်... မင်း စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာတုန်းက သန့်စင်သော အဆင့် ကန့်သတ်ချက်ကို ကျော်လွန်ခဲ့လား "
တန်ခယ်ရွှမ်က ရုတ်တရက် မေးသည်။
ဆွေထျန်းဟွမ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောသည်။
"ဒီမေးခွန်းကို ရှန်ရှိုးယွမ်တို့ကို သွားမေးကြည့်လိုက်လေ။"
"အဲဒီလိုဆိုရင်တော့... သူတို့တွေ သန့်စင်သော အဆင့် ကန့်သတ်ချက်ကို ကျော်လွန်ခဲ့တာ ဖြစ်ဖို့ များတယ်..."
တန်ခယ်ရွှမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။