← Chapters

အခန်း (၂၂၉၃-၂၂၉၄)

Vol. 230 Ch. 2293-2294

အခန်း (၂၂၉၃-၂၂၉၄)

Vol. 230 Ch. 2293-2294

အခန်း ၂၂၉၃ - မင်းကို ငါစော်ကားရင် ဘာဖြစ်လဲ

ကောင်းကင်ငါးပါး စစ်မြေပြင်မှာ နောက်ဆုံးတော့လည်း ပြီးဆုံးသွားလေပြီ။

ယခုတစ်ကြိမ် ကောင်းကင် ငါးပါးစစ်မြေပြင်တွင် အဖွဲ့အစည်းအသီးသီးက အလေးထား စောင့်ကြည့်နေကြသည့် ကိစ္စရပ်အချို့မှာလည်း နောက်ဆုံးတော့ ရလဒ်ထွက်ပေါ်လာခဲ့သည်။

ပထမဦးဆုံးအနေဖြင့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၏ နံပါတ် (၁) သူတော်စင် ဖန့်ချန် ဖြစ်သည်။ သူသည် ယခုတစ်ကြိမ် ကောင်းကင် ငါးပါးစစ်မြေပြင်တွင်လည်း (၁၀) ပွဲဆက်တိုက် အနိုင်ရရှိသည့် အောင်မြင်မှုကို ထပ်မံရယူနိုင်ခဲ့သည်။

ဒုတိယအချက်မှာ အားလုံး၏ အာရုံစိုက်မှုကို ရရှိထားကြသည့် လူသားမျိုးနွယ်စု သူတော်စင်များဖြစ်ကြသော ဖန့်ကျစ်ရွှယ် ၊ ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်း တို့သုံးဦးမှာလည်း အလွန်ကောင်းမွန်သော ရလဒ်များရရှိကာ (၁၀) ပွဲဆက်တိုက် အနိုင်ရရှိသည့် အောင်မြင်မှုကို ရယူနိုင်ခဲ့ကြသည်။

မူလက နာမည်သတင်း ကျော်ကြားမှု မရှိသလောက်ဖြစ်ပြီး ပုံမှန်အားဖြင့် သူတော်စင်များ အာရုံစိုက်ခြင်း မခံရသည့် လူသားမျိုးနွယ်စုမှာ ယခုနှစ်များအတွင်းတွင်တော့ အဖွဲ့အစည်းအသီးသီးမှ သူတော်စင်များ၏ မျက်စိကျရာ ဖြစ်လာခဲ့ပြီး ပုဂ္ဂလိက စကားဝိုင်းများတွင်လည်း သူတို့အကြောင်းကို တစ်စွန်းတစ်စ ပြောဆိုလာကြသည်။

၎င်းအပြင် ရှန်ရှိုးယွမ်၊ ဖူယွမ်ဖေး၊ ရင်တန့်၊ ဆွေထျန်းဟွမ်နှင့် တန်ခယ်ရွှမ် တို့ကဲ့သို့ ကောင်းကင်ဘုံအရှင်၏ အရိုက်အရာကို ဆက်ခံမည့်သူများ၏ စွမ်းဆောင်ချက်များမှာလည်း လူအများ၏ အာရုံစိုက်မှုကို ခံရသည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး အကြိမ်အနည်းငယ် ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ ရှန်ရှိုးယွမ်က (၁၀) ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်အပြင် ကျန်သူများမှာမူ အနိုင်အရှုံး ရှိကြသည်။

သို့သော်လည်း နေမင်းခုနှစ်ပါးနယ်မြေ၏ ထိပ်ဆုံး (၁၀၀) စာရင်းဝင် အဆင့်သို့ ချောမောစွာ ဝင်ရောက်နိုင်ခဲ့ကြသည်။

၎င်းက စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်ရှိ နေမင်းခုနှစ်ပါးနယ်မြေ ကျောင်းသားအများအပြားကို ထိုနေရာတွင်ပင် ပြိုင်ပွဲမှ ထွက်သွားစေခဲ့သည်။

"ရှန်ရှိုးယွမ်နဲ့ ဖူယွမ်ဖေး တို့က တစ်ပွဲစီ တိုက်ခိုက်ခဲ့ပြီး နှစ်ယောက်စလုံး အနိုင်ရသွားတယ်။ ဒါကြောင့် ဒီအရင်က နံပါတ် (၁) သူတော်စင်ရဲ့ စွမ်းအားက အတုအယောင်မဟုတ်ဘူးဆိုတာ သေချာသွားပြီ။ သူ့ရဲ့ အစွမ်းက မူလက ဒုတိယနေရာမှာရှိတဲ့ ဖူယွမ်ဖေး ထက် အများကြီး ပိုသာနေမှာပဲ။"

"ဒါ့အပြင် ကျန်တဲ့သူတွေရဲ့ စွမ်းအားကလည်း အတူတူလောက်ပါပဲ။ ဖူယွမ်ဖေးနဲ့ ရင်တန့် တို့က နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာမှာ အနိုင်တစ်ကြိမ်၊ အရှုံးတစ်ကြိမ်စီ ရထားတယ်။ ရင်တန့်နဲ့ ဆွေထျန်းဟွမ် တို့ကလည်း နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာမှာ အနိုင်တစ်ကြိမ်၊ အရှုံးတစ်ကြိမ်စီ ရထားပြန်တယ်။ တန်ခယ်ရွှမ် ကတော့ ဖူယွမ်ဖေးကို နှစ်ကြိမ်စလုံး အရှုံးပေးထားတာပဲ..."

ဖန့်ချန်မှာလည်း ကောင်းကင်ဘုံအရှင်၏ အရိုက်အရာကို ဆက်ခံမည့်သူများ၏ စွမ်းဆောင်ချက်များကို အာရုံစိုက်နေပြီး ၎င်းစွမ်းဆောင်ချက်များမှတစ်ဆင့် သူတို့၏ စွမ်းအားအဆင့်ကို ခန့်မှန်းနေသည်။

ဤကောင်းကင်ဘုံအရှင်၏ အရိုက်အရာကို ဆက်ခံသူများ အချင်းချင်း တိုက်ခိုက်ကြသည့်အခါ အနိုင်အရှုံးရှိကြသော်လည်း ရှန်ရှိုးယွမ် တစ်ဦးတည်းသာ အနိုင်အထက် ဖိနှိပ်နိုင်သည့် အစွမ်းကို ပြသနိုင်ခဲ့သည်။

သို့သော် သူတို့အားလုံး ထိပ်ဆုံး (၁၀၀) စာရင်းဝင်ပြီး စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်ရှိ နေမင်းခုနှစ်ပါးနယ်မြေ ကျောင်းသားများနှင့် တိုက်ခိုက်သည့်အခါတွင်မူ ဝါးလုံးကွဲမျှ လွယ်ကူသွားပြီး မည်သူမျှ သူတို့ကို တားဆီးနိုင်ခြင်း မရှိပေ။

ထိုလမ်းကြောင်းအတိုင်းဆိုလျှင် နောက်ထပ် နှစ်ပေါင်း (၇၀၀၊ ၈၀၀) ခန့်တွင် ဤကောင်းကင်ဘုံအရှင်၏ အရိုက်အရာကို ဆက်ခံမည့်သူများမှာ ထိပ်ဆုံး (၃၀) စာရင်းဝင်ဖြစ်လာမှာ အသေအချာပင် ဖြစ်သည်။

"ရှန်ရှိုးယွမ်က စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်မှာ ထိပ်ဆုံး (၃) နေရာမှာ ဆက်ရှိနေနိုင်သလို နံပါတ် (၁) နေရာကိုလည်း ရယူနိုင်မှာပါ။"

"ကောင်းကင်ဘုံအရှင်ရဲ့ အရိုက်အရာကို ဆက်ခံသူတွေရဲ့ တံဆိပ်ခတ်နှိပ်တဲ့ စွမ်းအားအမျိုးအစားက (၁၀) မျိုးနဲ့ အထက် ရှိနေမှာပါ။"

"ဖူယွမ်ဖေးနဲ့ ရင်တန့် တို့လို လူတွေက သာမန် အရိုက်အရာ ဆက်ခံသူတွေထက် တံဆိပ်ခတ်နှိပ်တဲ့ စွမ်းအား (၁) မျိုး၊ (၂) မျိုး ပိုများနေမှာ။ ပြီးတော့ ရှန်ရှိုးယွမ်ကလည်း ဒီနှစ်ယောက်ထက် တံဆိပ်ခတ်နှိပ်တဲ့ စွမ်းအား (၁) မျိုး ပိုများနေမှာပဲ... တံဆိပ်ခတ်နှိပ်တဲ့ စွမ်းအား အရေအတွက်က အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းနဲ့ သက်ဆိုင်တယ်၊ ဒါကြောင့် ဒီသုံးဦးရဲ့ အတွင်းကမ္ဘာနယ်မြေ အဆင့်က အမြင့်ဆုံး အဆင့်အတန်း ဖြစ်နေမှာ..."

ထိုသို့ တွေးမိသောအခါ ဖန့်ချန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိသည်။

အရင်တုန်းက သူက စွမ်းအားအမျိုးအစား အများကြီး တံဆိပ်ခတ်နှိပ်နိုင်တာက ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့် အတွင်းကမ္ဘာနယ်မြေကြောင့်ဟု ထင်ခဲ့သည်။

ယခုကြည့်ရသလောက်တော့ အထွတ်ထိပ်တာအို အတွင်းကမ္ဘာနယ်မြေ ဖြစ်သည့်တိုင် တံဆိပ်ခတ်နှိပ်နိုင်သည့် စွမ်းအား (၇) မျိုးမှ (၈) မျိုးအထိသာ ဖြစ်နိုင်သည်။

သူက တစ်ပိုင်းသူတော်စင်ကာလတွင်ပင် စွမ်းအားဆယ်မျိုးကျော် တံဆိပ်ခတ်နှိပ်နိုင်ခြင်းမှာ ဝိညာဉ်အစွမ်း နှင့်သာ သက်ဆိုင်ပြီး အခြားအကြောင်းရင်း မရှိနိုင်ပေ။

……

ကောင်းကင်ငါးပါး စစ်မြေပြင် ပြီးဆုံးပြီး သုံးနှစ်အကြာတွင် ရှီတျန်းကျုံး က ဖန့်ချန်ထံသို့ ကိုယ်တိုင် လာရောက်တွေ့ဆုံသည်။

"ဖန့်ချန် မိတ်ဆွေ၊ အဲဒီကိစ္စအတွက် ငါ ပေးဆပ်စရာရှိတာ ပေးဆပ်ပြီးပြီ။ ငါ့ရှီမိသားစုရဲ့ အတွင်းကမ္ဘာနယ်မြေ ပိတ်ပင်ထားတဲ့နေရာကို ရောင်းချပြီးတော့မှ စင်ကြယ်သော ဗောဓိသီး နဲ့ လျော်ကြေးပေးခဲ့တာ။ မင်း ဘာများ ထပ်လိုချင်သေးလဲ "

ရှီတျန်းကျုံး၏ မျက်နှာပေါ်တွင် အတင်းအဓမ္မ ပြုံးပြထားပြီး သူ၏ စိတ်ထဲရှိ ဒေါသကို ဖိနှိပ်ထားသည့်ပုံ ပေါ်သည်။

"လျော်ကြေးပေးတာနဲ့ တောင်းပန်တာက တစ်ခုမှ လျော့လို့မရဘူး။ မင်းက လျော်ကြေးပဲ ပေးတာ၊ တောင်းပန်တာကကော "

ဖန့်ချန်က ပြုံး၍ ခေါင်းခါသည်။

"ပြီးတော့ ငါက ရှီမျိုးနွယ်စု ကျောင်းသားတွေကို လာပြောခိုင်းရမှ မင်းက လာတွေ့ဖို့ ဝန်ခံတာ၊ ဒါက ရိုးသားမှု မရှိသေးဘူး။"

"ငါက စင်ကြယ်သော ဗောဓိသီး နဲ့ လျော်ကြေးပေးထားတာတောင် ရိုးသားမှု မရှိသေးဘူးလား "

ရှီတျန်းကျုံး၏ မျက်နှာမှာ ပုံစံအမျိုးမျိုး ပြောင်းလဲသွားသည်။

"မင်း တစ်ခါလောက် စဉ်းစားကြည့်ပါဦး၊ ငါက ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်၊ မင်းက စွမ်းအင်စုစည်းခြင်း အဆင့်ပဲရှိသေးတာ၊ ငါလို ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်ပုဂ္ဂိုလ်တစ်ယောက်က မင်းကို အောက်ကျခံပြီး တောင်းပန်ရမှာလား "

"ငါ နည်းနည်း ပင်ပန်းလာပြီ။"

ဖန့်ချန်က လက်ကာပြလိုက်ပြီး နောက်လှည့်၍ ထွက်သွားသည်။

ရှီတျန်းကျုံး၏ မျက်နှာမှာ မှိုင်းညှိုးသွားသည်။

"ဖန့်ချန်၊ မင်း ဘာလုပ်ချင်တာလဲ မင်းက နေမင်းခုနှစ်ပါးနယ်မြေမှာ ငါ့ရှီးမျိုးနွယ်စု ကျောင်းသားတွေကို တကယ်ပဲ သတ်ဖြတ်ဖို့ ရည်ရွယ်နေတာလား ရှီးမျိုးနွယ်စုမှာ ဘယ်သူမှ မရှိတော့ဘူး၊ မင်းကို တားနိုင်မှာ မဟုတ်ဘူးလို့ ထင်နေတာလား "

"မင်းတို့ ရှီးမျိုးနွယ်စုက နာကျင်မှု မလုံလောက်သေးပုံရတယ်။ ကောင်းကင်ဘုံအရှင်ရဲ့ အရိုက်အရာကို ဆက်ခံမည့်သူ တစ်ယောက်ယောက် သေသွားမှပဲ မင်းတို့က လက်ရှိပြဿနာကို အလေးအနက် ထားမယ့်ပုံပဲ။ နောက်တစ်ခါ ငါ လက်တည့်စမ်းရင် မင်းနာမည်ကိုပဲ သုံးလိုက်တော့မယ်။"

ဖန့်ချန်က နေရာတွင် ခဏရပ်လိုက်ပြီး ရှီတျန်းကျုံးကို ပြုံး၍ ပြောသည်။

ရှီတျန်းကျုံးမှာ ထိတ်လန့်သွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။

"မင်း... မင်း တကယ် လုပ်ရဲလား"

တစ်ဖက်လူက ရှီးမျိုးနွယ်စု၏ ကောင်းကင်ဘုံအရှင် အရိုက်အရာ ဆက်ခံသူအပေါ် တကယ်ပဲ လက်ရဲဇက်ရဲ ရှိပါ့မလား။

"ငါ ဆွေထျန်းဟွမ် ကိုတောင် မကြောက်တာ၊ မင်းတို့ ရှီးမျိုးနွယ်စုကို ကြောက်ရမှာလား "

ဖန့်ချန်က ပြုံး၍ ဆဲဆိုသည်။

"ရှီတျန်းကျုံး၊ မြန်မြန်သွားပြီး မင်းတို့ကျောင်းအုပ် နဲ့ ကာကွယ်ရေးဆရာ တွေကို ပြောပြလိုက်ပါ။ ကိစ္စတွေ ဖြစ်လာမှ သူတို့တွေ ဘာမှမသိဘဲ ဖြစ်မနေပါစေနဲ့။"

ရှီတျန်းကျုံး၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဖန့်ချန် မိတ်ဆွေ၊ ပြောပါ၊ ငါ ဘယ်လို တောင်းပန်မှ ဒီကိစ္စကို ဖြေရှင်းနိုင်မှာလဲ "

"ကရုဏာတောင်ခြေမှာ သုံးရက်လောက် ဒူးထောက်ထား။ ငါ့ရဲ့ ဒီစိတ်ညစ်စရာတွေ အကုန် ပျောက်သွားလိမ့်မယ်။"

ဖန့်ချန်က ပြုံး၍ ပြောသည်။

"သူရဲကောင်းကို သတ်နိုင်ပေမဲ့ စော်ကားလို့တော့ မရဘူး။"

ရှီတျန်းကျုံး၏ မျက်နှာမှာ တည်ငြိမ်သွားပြီး မျက်လုံးထဲတွင် အငြိုးအတေးများ ပေါ်လာသည်။

"မင်းက သူရဲကောင်းမှ မဟုတ်တာ၊ ငါက မင်းကို စော်ကားရင် ဘာဖြစ်လဲ "

ဖန့်ချန်က ပြန်မေးသည်။

"ကိုယ့်ကိုကိုယ် အထင်ကြီးပြီး အကြမ်းဖက်တာ ဘာအကျိုးရှိလဲဆိုတာ လူတိုင်း မသိရင် နောက်ပိုင်း ဘယ်သူမဆို ငါ့လူသားမျိုးနွယ်စုဆီ လာပြီး ဒုက္ခပေးနေမှာပေါ့။ ရှီတျန်းကျုံး၊ လုပ်ပြီးရင် အပြစ်ခံရမှာပဲ။ အပြစ်မခံရင် ပေးဆပ်ရမယ့် တန်ဖိုးကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထား။ စကားတစ်ခွန်းလောက် တောင်းပန်လိုက်တာနဲ့ လူတိုင်းက မင်းကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား "

"……"

ရှီတျန်းကျုံးမှာ ရှီးမျိုးနွယ်စု၏ ကောင်းကင်ဘုံအရှင် အရိုက်အရာ ဆက်ခံသူတစ်ယောက်သာ သူ့ကြောင့် သေဆုံးသွားလျှင် မည်ကဲ့သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို တွေးတောနေသည်။

သုံးစက္ကန့်ခန့် စဉ်းစားပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။

"မင်းပြောတာ မှန်တယ်၊ ငါက သူရဲကောင်း မဟုတ်ဘူး။ ငါ အခုပဲ ကရုဏာတောင်ကို သွားလိုက်မယ်။"

စကားပြောပြီးသည်နှင့် ရှီတျန်းကျုံးမှာ နောက်လှည့်၍ ထွက်သွားသည်။

မကြာမီပင် ကရုဏာတောင်ခြေတွင် အရိပ်တစ်ခု ပေါ်လာသည်။ ထိုသူမှာ အမူအရာမရှိဘဲ မလှုပ်မယှက် ဒူးထောက်နေသော ရှီတျန်းကျုံးပင် ဖြစ်သည်။

ထိုဖြစ်ရပ်ကို လူသားမျိုးနွယ်စု သူတော်စင်များက ချက်ချင်း သိရှိသွားကြပြီး သူတော်စင်အများအပြားမှာ အထူးတလည် လာရောက်ကြည့်ရှုကာ ဝိုင်းရံပြောဆိုနေကြသည်။

ကရုဏာတောင်ပေါ်တွင် ချန်ဖေးဖေး က တောင်ခြေကို ခေါင်းထုတ်ကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

"ရှီမျိုးနွယ်စုက ရှီးတျန်းကျုံး၊ အဲဒီ ကောင်းကင်နိမိတ်ဖြသ်စဥ်အဆင့် အဆင့်ပုဂ္ဂိုလ်ကြီးလား"

"အင်း"

ဝမ်ချုံစန်း ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ သူပဲ။"

"ဖန့်ညီလေး ရဲ့ လက်ချက် ဖြစ်မှာပါ။"

ကျန်းတောက်ယွဲ့ က ပြုံးရွှင်စွာ လျှောက်လာသည်။ သူ့ဘေးတွင် လီမော့ အစရှိသော ညီ/ညီမငယ်များလည်း ပါလာသည်။

ဝမ်ချုံစန်းက ထိုမြင်ကွင်းကို မြင်လျှင် အမြန် လက်ယှက် ဂါရဝပြုကြသည်။

ထို့နောက် လီမော့ တို့က တောင်ခြေရှိ ရှီတျန်းကျုံးကို လက်ညှိုးထိုးပြီး ပြောဆိုနေကြသည်ကို မြင်လိုက်ရသည်။ သူတို့၏ အသံမှာ အတော်လေး ကျယ်လောင်သဖြင့် တောင်ခြေအထိ ပျံ့လွင့်သွားနိုင်သည်။

ရှီတျန်းကျုံးမှာမူ အမူအရာ မပြောင်းလဲဘဲ ဒူးထောက်လျက်သာ ရှိနေကာ ပြင်ပမှ မည်သည့်လှုပ်ရှားမှုကိုမျှ အာရုံခံနိုင်ပုံ မပေါ်ပေ။

ဤသတင်းမှာ ရှီးမျိုးနွယ်စု ကျောင်းတော်သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။

ရှီးမျိုးနွယ်စု ကျောင်းသားများမှာ ဒေါသထွက်သွားကြပြီး လူသားမျိုးနွယ်စု ကျောင်းတော်မှာ အလွန်အကျွံ လုပ်လွန်းသည်ဟု ယူဆကာ သူတို့ကျောင်းတော်၏ ကြီးကြပ်သူ ကို ဒူးထောက်အောင် လုပ်လိုက်သည်ဟု ခံစားလိုက်ရသည်။

ဒါက ဘာလဲ

ကျောင်းသားများမှာ စုရုံးကာ ကျောင်းအုပ် နှင့် အကြီးကဲ များကို ရှာဖွေပြီး အဖြေရှာရန် ကြိုးစားကြသည်။

နောက်ဆုံးတွင် သူတို့ကို ဆုန်ချန််တောက်က ဆူပူကြိမ်းမောင်းလိုက်ပြီးနောက် သူတို့၏ ကျောင်းဆောင်သို့ ပြန်သွား၍ မျက်နှာချင်းဆိုင်တံတိုင်းကို ကြည့်ကာ အပြစ်ကို ပြန်လည်ဆင်ခြင်ခိုင်းလိုက်သည်။

"ဖန့်ချန် ဒီတစ်ခေါက် နည်းနည်းလွန်သွားပြီ။"

ယန်ယွမ် က တွေးတောရင်း ပြောသည်။

"လက်ရှိအခြေအနေက သူ့ဘက်မှာ ရှိနေပေမဲ့ အားနည်းတဲ့အချိန် ဆိုတာတော့ ရှိလာမှာပဲ။"

ဆုန်ချန်တောက် က အေးစက်စွာ ပြောသည်။

ယန်ယွမ် က ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။

အခန်း ၂၂၉၄ - ကြီးမားသော တရားစီရင်ရေး အာဏာကို ကျင့်သုံးခြင်း

အတိအကျ သုံးရက်ကြာမြင့်ပြီးနောက် လူသားမျိုးနွယ်စု ကျောင်းဆရာအများအပြားသည် ကရုဏာတောင်ခြေသို့ လာရောက်ကြည့်ရှုကြသည်။ ကရုဏာတောင်ခြေတွင် ဒူးထောက်နေသူမှာ ရှီတျန်းကျုံး ဟုတ်မဟုတ်ကို အတည်ပြုပြီးနောက် သူတို့သည် လေးနက်သော အမူအရာများဖြင့် အသီးသီး ပြန်လည်ထွက်ခွာသွားကြသည်။

ရှီတျန်းကျုံးသည် လူသားမျိုးနွယ်စု ကျောင်းတော်အောက်တွင် ဒူးထောက်နေရသည့် သတင်းမှာ ရှီးမျိုးနွယ်စု ကျောင်းတော်နှင့် လူသားမျိုးနွယ်စု ကျောင်းတော်အတွင်း၌သာမကဘဲ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။

ရွှေဟွေး ကျောင်းတော်ရှိ ကြီးငယ်မဆိုသော ကျောင်းတော်အားလုံးသည်လည်း ထိုသတင်းစကားကို ကြားသိနေကြပြီ ဖြစ်သည်။

သုံးရက်အကြာတွင် ရှီတျန်းကျုံးသည် ထရပ်ကာ ထွက်ခွာသွားသည်။

ရှီတျန်းကျုံးသည် အဘယ်ကြောင့် ကရုဏာတောင်ခြေတွင် ဒူးထောက်နေရသလဲဆိုသည်နှင့် ပတ်သက်၍ လူအများအပြား အမျိုးမျိုး ပြောဆိုနေကြသည်။

သို့သော် ဤကိစ္စ၏ လူပြောသူပြောများမှုမှာ နှစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီး အခြားကိစ္စတစ်ခု၏ အရှိန်အဝါက ၎င်းကို ဖုံးလွှမ်းသွားခဲ့သည်။

"ကြားပြီးပြီလား ချင်ဝူဆန့် ဆရာက မဟာမိတ်အဖွဲ့ထဲက စင်ကြယ်သော ဗောဓိသီးတွေကို အလွဲသုံးစားလုပ်မှုနဲ့ ထောင်ဒဏ် နှစ်ပေါင်း (၈,၀၀၀) ချမှတ်ခံလိုက်ရတယ်တဲ့။

အကျဉ်းကျမယ့်နေရာကလည်း မဟာမိတ်အဖွဲ့က အန္တရာယ်ကြီးတဲ့ အကျဉ်းသားတွေကို အထူးတလည် ထိန်းသိမ်းတဲ့ ချင်းထျန်း အကျဉ်းထောင်ပဲ "

"ဘာ ဘယ်လိုလုပ် ဒီလိုကိစ္စ ဖြစ်နိုင်မှာလဲ ချင်ဆရာက ရာထူးတိုးသွားတာ မဟုတ်ဘူးလား ဘာလို့ အကျဉ်းကျခံရတာလဲ သူက ဘယ်လိုလုပ်ပြီး စင်ကြယ်သော ဗောဓိသီးတွေကို အလွဲသုံးစား လုပ်လိုက်တာလဲ "

"ငါ့အိမ်က အကြီးအကဲတစ်ယောက်က ချင်းမင် သံတမန်အဖြစ် တာဝန်ထမ်းဆောင်နေတာ။ မနှစ်က သူ အိမ်ကို ပြန်နားတုန်းကမှ ငါတို့ကို ပြောပြတာ။ ဒီကိစ္စက လူသားမျိုးနွယ်စုရဲ့ အထက်ပိုင်းအဆင့်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ပျက်စီးသွားစေတယ်။ ဟော်ဆွေ့ ဘိုးဘေးကိုယ်တိုင် လူကိုယ်တိုင်ထွက်လာပြီး တောင်းပန်မှသာ နှစ်ပေါင်း (၈,၀၀၀) အကျဉ်းကျဖို့ လျှော့ပေါ့ပေးတာ၊ မဟုတ်ရင်တော့..."

"မဟုတ်ရင်တော့ သေချာပေါက် ပြန်လည်မွေးဖွားခြင်း လောကထဲ ပို့ခံရမှာပဲ။ စင်ကြယ်သော ဗောဓိသီး အလုံး (၃၀) ကို အလွဲသုံးစား လုပ်တယ်ဆိုတာ ငွေပမာဏ အနည်းငယ်မှ မဟုတ်တာ "

"မင်းလည်း သိတယ်ပေါ့ "

"ဟုတ်တာပေါ့၊ နောက်ထပ် နှစ်အနည်းငယ်နေရင် ဒီကိစ္စက လူတိုင်း သိကုန်တော့မှာပဲ။ ချင်ဝူဆန့် က ဟော်ဆွေ့ မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်လျက်နဲ့ အပြင်မှာ လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေတယ်။ ဒီတစ်ခေါက် လူသားမျိုးနွယ်ရဲ့ ဆုံးရှုံးမှုတွေကလည်း အများကြီးပဲ။ အဲဒီအစား ဟော်ဆွေ့ အဆက်အနွယ်တွေကသာ အမြတ်ထွက်သွားတယ်၊ တကယ်ကို ရွံစရာကောင်းတယ် "

လူသားမျိုးနွယ်စု ကျောင်းသားများ ပုံမှန် စကားပြောလေ့ရှိသည့် နေရာတွင် နောက်ခံကောင်းသူ ကျောင်းသားအများအပြား စုရုံးကာ ဤကိစ္စအကြောင်းကို ဆွေးနွေးနေကြသည်။

၎င်းတို့အနက် ကျောင်းသားအချို့မှာ ဒေါသထွက်နေကြပြီး လက်သီးများကို တင်းတင်းဆုပ်ထားကြသည်။

ချင်ဝူဆန့် ပြုလုပ်ခဲ့သည့်ကိစ္စအပေါ် များစွာ မကျေနပ်ကြသည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် ချင်ခွန်း၊ ချင်ရွှဲ့နှင့် ချင်ကွမ်း တို့သုံးဦးမှာ ထိုနေရာအနီးမှ ဖြတ်သွားကြရာ ဤလူသားမျိုးနွယ်စု ကျောင်းသားများ၏ ပြောဆိုသံကို ကြားလိုက်ရသဖြင့် ချင်ခွန်းနှင့် ချင်ကွမ်း တို့မှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။

ချင်ဝူဆန့် ရာထူးတိုးပြီးနောက်ပိုင်း သူတို့ကို အခြားတောင်ကုန်းများတွင်သာ လေ့ကျင့်ရန် စီစဉ်ထားသဖြင့် စိတ်ညစ်နေရသည်မှာ ကြာပြီဖြစ်သည်။ ယခုအခါတွင်လည်း သူတို့၏ ဆရာဖြစ်သူ ချင်ဝူဆန့် ကို နောက်ကွယ်မှ အတင်းပြောနေသည်ကို ကြားရသဖြင့် သည်းခံနိုင်စွမ်း မရှိတော့ပေ။

သူတို့နှစ်ဦးသည် ချက်ချင်းပင် ထရပ်ကာ ထိုကျောင်းသားများအုပ်စုရှေ့သို့ လျှောက်သွားကြသည်။

ချင်ခွန်းက အေးစက်သောအသံဖြင့် -

"မင်းတို့ ဘာတွေ လျှောက်ပြောနေတာလဲ ချင်ဝူဆန့် ဆရာက ဟော်ဆွေ့ မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ။ မင်းတို့က ဘယ်လိုလုပ်ပြီး အထက်လူကြီးကို ပြစ်မှားပြီး ဒီလို ကောလာဟလတွေကို လျှောက်ဖြန့်ရဲတာလဲ "

ထိုကျောင်းသားအုပ်စုက ချင်ခွန်း၏ အထောက်အထားကို မှတ်မိသွားကြသည်။ အများစုမှာ သူနှင့် စကားများမနေချင်ကြသဖြင့် တိတ်ဆိတ်စွာပင် နေလိုက်ကြသည်။

သို့သော် မူလက အလွန်ဒေါသထွက်နေသော ကျောင်းသားတစ်ဦးကမူ မထီတရီ ရယ်မောလိုက်ပြီး ချင်ခွန်းကို စောင်းကြည့်ကာ ပြောသည်။

"ကောလာဟလ မင်းက ဟော်ဆွေ့ မျိုးနွယ်ရဲ့ ဘေးထွက်််််မျိုးနွယ်ခွဲ ဖြစ်လျက်နဲ့ သတင်းမရသေးဘူးလား ဒီနေ့ ငါပြောသမျှ တစ်ခွန်းချင်းစီတိုင်းက အမှန်တရားတွေပဲ၊ တစ်ခွန်းမှ မမှားဘူး။

မင်းတို့ကိုတော့ ဂုဏ်ပြုရမှာပဲ၊ ဟော်ဆွေ့ မျိုးနွယ်က စင်ကြယ်သော ဗောဓိသီး အလုံး (၃၀) ရသွားတာပဲ၊ ဘယ်သူ့အတွက် အမြတ်ထွက်မလဲ မသိဘူး။

အဲဒီအစား လူသားမျိုးနွယ်ရဲ့ မျိုးနွယ်စုကြီးတွေကသာ ချင်ဝူဆန့် ရဲ့ ဒီလုပ်ရပ်အတွက် တန်ဖိုးပေးဆပ်ရတော့မှာ "

ချင်ခွန်းမှာ အလွန်ဒေါသထွက်သွားသည်။

"ကောလာဟလ ထပ်ဖြန့်နေသေးတာလား မင်းတို့ ဘာတွေ လျှောက်ပြောနေတာလဲ ဆရာက ရာထူးတိုးသွားတာ၊ ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာ "

"ကောလာဟလ ဟုတ်မဟုတ်ဆိုတာ နောက်ထပ် အချိန်အနည်းငယ် စောင့်ကြည့်ရင် မင်း သိလာလိမ့်မယ်။"

တစ်ဖက်လူမှာ စိတ်တည်ငြိမ်သွားပုံရပြီး ထိုသို့ ပြောပြီးနောက် ချင်ခွန်းတို့ကို လျစ်လျူရှုလိုက်တော့သည်။

သို့သော် ချင်ခွန်းနှင့် ချင်ကွမ်း တို့မှာ မကျေနပ်ဘဲ ဆက်လက်၍ စကားများနေသဖြင့် ပတ်ဝန်းကျင်မှာ ရှုပ်ထွေးသွားပြီး လူသားမျိုးနွယ်စု ကျောင်းသားအများအပြားကို ဆွဲဆောင်မိလိုက်သည်။

ထိုအချိန်တွင် နှစ်ဖက်စလုံး၏ စိတ်ခံစားမှုမှာ တင်းမာနေစဉ် ကျိုကျိတောင် လက်အောက်တွင် လေ့ကျင့်နေသည့် ချင်ထောင်း သည်လည်း သူငယ်ချင်းအချို့နှင့်အတူ ထိုနေရာမှ ဖြတ်သွားသည်။

"ချင်ခွန်း၊ ချင်ဆရာနဲ့ ပတ်သက်တဲ့ကိစ္စကို ငါတို့လည်း သတင်းကြားပြီးပြီ။ တကယ်ပဲ မဟာမိတ်အဖွဲ့က အပြစ်ပေးခံရပြီး ချင်းထျန်း အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း (၈,၀၀၀) အကျဉ်းကျခံနေရတာပဲ။ ဒီနေရာမှာ လာပြီး ဆူညံမနေနဲ့၊ ဟော်ဆွေ့ မျိုးနွယ်ရဲ့ ဂုဏ်ကို ပျက်အောင် မလုပ်နဲ့။"

ချင်ထောင်းက အေးစက်စွာ ပြောသည်။

ချင်ခွန်းမှာ ငေးငိုင်သွားသည်။ ချင်ထောင်း သည်လည်း ဟော်ဆွေ့ မျိုးနွယ်၏ ဘေးထွက်််််မျိုးနွယ်ခွဲ ဖြစ်ပြီး သူထက်အရင် ကျောင်းတော်သို့ ဝင်ရောက်ခဲ့သူဖြစ်ကြောင်း သူသိသည်။ ယခုအခါတွင် ချင်ထောင်း ၏ စကားကို ကြားလိုက်ရသဖြင့် သူ့စိတ်ထဲတွင် အရာအားလုံး ပြိုလဲသွားသလို ဖြစ်သွားသည်။

"ချင်ထောင်း မိတ်ဆွေတောင် သတင်းကြားပြီးပြီ၊ မင်းတို့ကတော့ ဘာမှ မသိသေးဘူးပေါ့။"

ထိုလူသားမျိုးနွယ်စု ကျောင်းသားက လှောင်ပြောင်လိုက်ပြီးနောက် ထွက်ခွာသွားသည်။ သူသည် ချင်ခွန်းတို့နှင့် ဆက်လက် စကားများမနေလိုတော့ပေ။

ချင်ခွန်းမှာလည်း သူ့ကို တားဆီးရန် ကြိုးစားခြင်းမပြုတော့ဘဲ ထိုနေရာတွင်ပင် ငေးငိုင်စွာ ရပ်နေမိသည်။

ချင်ထောင်း က ထိုမြင်ကွင်းကို မြင်လျှင် သက်ပြင်းချလိုက်ပြီး သူသိထားသမျှ အသေးစိတ်အချက်အလက်များကို ပြောပြလိုက်သည်။

ချင်ထောင်း က မုသားစကား မပြောရဲကြောင်း သူတို့သိသဖြင့် ချင်ခွန်းတို့သည် စိတ်ထဲတွင် လုံးဝ မကျေနပ်သော်လည်း ယုံကြည်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလဲ... ဆရာ ဘယ်လိုလုပ်ပြီး..."

ချင်ခွန်းမှာ ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်နေမိသည်။

"အထင်မှားတာ ဖြစ်နိုင်တယ်..."

ချင်ကွမ်း က တိုးတိုးလေး ပြောသည်။

ချင်ရွှဲ့ ၏ မျက်နှာမှာ လေးနက်နေသည်။ ထိုကိစ္စသာ ပေါ်ပေါက်လာလျှင် အထင်မှားမှု ဖြစ်ဖို့ မဖြစ်နိုင်ကြောင်း သူမ သိသည်။

မဟုတ်လျှင် လူသားမျိုးနွယ်စု ကျောင်းတော်အတွင်း၌ ထိုသတင်းများက တိုးတိုးလျှို့လျှို့ဖြင့် မည်သို့ ပြန့်နှံ့နေမည်နည်း။

ပတ်ဝန်းကျင်ရှိ လူသားမျိုးနွယ်စု ကျောင်းသားများမှာလည်း ဤဟော်ဆွေ့ ဘေးထွက်််််မျိုးနွယ်ခွဲ များကို ကြည့်ကာ လှောင်ပြောင်မှုနှင့် ရန်လိုမှုတို့ဖြင့် ပြည့်နှက်နေသည်။

အချိန်အားဖြင့် တစ်ဝက်ခန့် ကြာပြီးနောက်...

ဖန့်ချန် ရှိနေသည့် ကျောင်းဆောင်သို့ လူတစ်ဦး လာရောက်လည်ပတ်သည်။ လာရောက်သူမှာ အခြားသူမဟုတ်၊ ကျိုကျိတောင်မှ ထိုင်ရှီးဝမ်ကျန်း ဖြစ်သည်။

"ထိုင်ရှီး အစ်ကိုကြီး အထဲကို ကြွပါဦး။"

ဖန့်ချန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

ဤသည်မှာ ထိုင်ရှီးဝမ်ကျန်း ပထမဆုံးအကြိမ် သူ၏ ကျောင်းဆောင်သို့ လာရောက်လည်ပတ်ခြင်း ဖြစ်သည်။

"ဖန့် ညီလေး၊ မင်းမှာ နောက်ထပ် အထောက်အထားတစ်ခု ရှိသေးတယ်လို့ ငါမှတ်မိတယ်။ လူသားမျိုးနွယ်စု ကျောင်းတော်ရဲ့ ကြီးမားတဲ့ တရားစီရင်ရေး အကြီးကဲ ဟုတ်တယ်မလား"

ထိုင်ရှီးဝမ်ကျန်း မှာ ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး လေးနက်သော အမူအရာဖြင့် ပြောသည်။

"ဘာတွေ ဖြစ်ခဲ့လို့လဲ"

ဖန့်ချန်၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။

သူ ထိုအထောက်အထားကို ရရှိပြီးနောက်ပိုင်း ဤရာထူး၏ အာဏာကို တစ်ကြိမ်မျှပင် အသုံးမပြုခဲ့ဖူးပေ။

အဓိကအားဖြင့် လူသားမျိုးနွယ်စု ကျောင်းတော်အတွင်းရှိ ရိုးရှင်းသော အငြင်းပွားမှုများကို သက်ဆိုင်ရာလူများက ကိုယ်တိုင် ဖြေရှင်းလိုက်ကြသည်။

ဆရာအဆင့် တင်းမာမှုများမှာလည်း ကိုယ်တိုင်သာ ဖြေရှင်းကြမည် ဖြစ်သည်။ သူ့ကဲ့သို့သော ကျောင်းသားတစ်ဦးထံ လာရောက် တိုင်ကြားရန်မှာ ရှက်စရာကောင်းသည်ဟု သူတို့ ထင်ကြမည် ဖြစ်သည်။

ထိုသို့ဖြင့် သူသည် အလုပ်မလုပ်ရဘဲ ဤရာထူး၏ အကျိုးကျေးဇူးကို အလကားရနေသကဲ့သို့ ဖြစ်နေသည်။

"ချင်ထောင်း မိတ်ဆွေကို မှတ်မိသေးလား"

ထိုင်ရှီးဝမ်ကျန်း ၏ အမူအရာမှာ တည်သွားသည်။

"သူမ ကျောင်းတော်ထဲမှာ တိုက်ခိုက်ခံလိုက်ရတယ်။ သူနဲ့အတူ တိုက်ခိုက်ခံလိုက်ရတဲ့သူတွေထဲမှာ ချင်ခွန်း၊ ချင်ကွမ်း၊ ချင်ရွှဲ့..."

သူသည် ဟော်ဆွေ့ ဘေးထွက်််််မျိုးနွယ်ခွဲ ဆယ်ကျော်၏ အမည်များကို ဆက်တိုက် ရွတ်ဆိုလိုက်သည်။

"အဲဒီထဲမှာ ချင်ထောင်း မိတ်ဆွေက ဒဏ်ရာ အပြင်းထန်ဆုံးပဲ။ အတွင်းကမ္ဘာနယ်မြေကလည်း ပြိုကွဲလုနီးပါး ဖြစ်နေပြီ။ အခု ဆရာက ကိုယ်တိုင် လာပြီး သူမ အသက်ကို ကယ်တင်ပေးထားရတယ်။ နောက်ပိုင်းမှာ သူမ သက်သာသွားရင်တောင်မှ အသက်စွမ်းအင်ကို ဆက်လက် လေ့ကျင့်နိုင်ဖို့ ခဲယဉ်းသွားလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူမရဲ့ တိုးတက်မှုလမ်းကြောင်း ပျက်စီးသွားပြီလေ။"

ထိုင်ရှီးဝမ်ကျန်း က ဆက်ပြောသည်။

"ဒီနေ့ ငါလာရတဲ့အကြောင်းအရင်းက ဆရာက မင်းကို အခုချက်ချင်း လာဖို့ ပြောခိုင်းလို့ပဲ။ ဒီကိစ္စအတွက် တရားမျှတမှုကို ဆောင်ရွက်ပေးဖို့၊ ကြီးမားသော တရားစီရင်ရေး အာဏာကို ကျင့်သုံးပေးဖို့ပဲ "

"ဒီလိုကိစ္စမျိုး ရှိသေးတာလား ဟော်ဆွေ့ ဘေးထွက်မျိုးနွယ်ခွဲတွေက လူသားမျိုးနွယ်စု ကျောင်းတော်မှာ အမြစ်တွယ်နေတာ ကြာပြီ၊ ဘယ်သူက သူတို့ကို လက်ရဲဇက်ရဲ ရှိရတာလဲ "

ဖန့်ချန်၏ အမူအရာမှာ ပြောင်းလဲသွားသည်။

ထိုင်ရှီးဝမ်ကျန်း က သက်ပြင်းချလိုက်သည်။

"ဖြစ်နိုင်တာက ချင်ဝူဆန့် ဆရာရဲ့ ကိစ္စနဲ့ ဆက်စပ်နေမှာပါ။"

" သိပြီ၊ သွားကြစို့။"

ဖန့်ချန် ခေါင်းညိတ်လိုက်သည်။

ချင်ဝူဆန့် ၏ ကိစ္စကို အကြောင်းပြပြီး ဟော်ဆွေ့မျိုးနွယ်ကို ဖိနှိပ်ချင်သူ တစ်ဦးဦး ရှိနေမှန်း သူ ခန့်မှန်းမိသည်။

ချင်ထောင်း တို့ တိုက်ခိုက်ခံရခြင်းမှာ ထိုမီးစကြီး၏ အစပျိုးခြင်းသာ ဖြစ်သည်။

ဖန့်ချန် သည် ထိုင်ရှီးဝမ်ကျန်း ကို နောက်မှလိုက်၍ ကျိုကျိတောင်သို့ ရောက်ရှိသွားသည်။

ကျောင်းတော် ခန်းမကြီးအတွင်းတွင် ဝေလျန့်ရွှမ် နှင့် ဝေကွမ်းရှောင် တို့ ဆရာနှစ်ဦးမှာ ထိုင်ခုံမြင့်ပေါ်တွင် ထိုင်နေကြသည်။ သူတို့၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေပြီး မျက်လုံးများတွင်မူ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါ်လွင်နေသည်။

ချင်ထောင်းမှာမူ မျက်နှာဖြူဖျော့နေပြီး သူတော်စင်တစ်ဦး၏ တွဲကူမှုဖြင့် ခန်းမအောက်တွင် ရပ်နေကာ ဖြစ်ပျက်ခဲ့သည်များကို တိုးတိုးလေး ပြောပြနေသည်။

ဝေလျန့်ရွှမ် မှာ ဖန့်ချန် ရောက်ရှိလာသည်ကို မြင်လျှင် လက်ကို မြှောက်ကာ တားလိုက်သည်။

"စကားမပြောပါနဲ့တော့၊ တရားစီရင်ရေး အကြီးကဲ ရောက်လာပြီ၊ သူနဲ့ပဲ ထပ်ပြောပြလိုက်ပါ။

ဒီကိစ္စအတွက် တရားစီရင်ရေး အကြီးကဲက မင်းကို သေချာပေါက် တရားမျှတမှု ပေးပါလိမ့်မယ်။"

All Chapters