← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅)

ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် အလှပန်းလေးတစ်ပွင့်နှင့် ချိန်းတွေ့ခြင်း

သံတမန်ဝမ် လုံးဝလက်နက်ချအညံ့ခံသွားခြင်းနှင့်အတူ ကျင်းပေမြို့စားကြီးထံမှ အလျင်အမြန် ပို့ဆောင်ပေး လိုက်သော ပထမအသုတ် လျော်ကြေးပစ္စည်းများကြောင့် နန်ယန်စီရင်စုသည် ရှားပါးလှသော တည်ငြိမ်ပြီး လျင်မြန်သည့် ဖွံ့ဖြိုးတိုးတက်မှုကာလတစ်ခုသို့ ယာယီရောက်ရှိသွားခဲ့လေ၏။

ဖန်းဟန်သည် သူ၏ အကျိုးဆောင်လက်အောက်ငယ်သားများကို ဆုချီးမြှင့်ရန် နောက်ဆုံးတွင် အချိန်ရသွား ခဲ့ပေသည်။

ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ။

လေထုမှာ လေးနက်တည်ကြည်ပြီး တက်ကြွမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ဖန်းဟန်နောက်သို့ အစောဆုံးလိုက်ပါခဲ့ကြသော လျိုရှီးရွာမှ ရွာသားနှစ်ဦးဖြစ်သည့် နျူအာနှင့် မာပေါ်ကော့တို့ သည် ခန်းမ၏အလယ်တွင် မတ်မတ်ရပ်နေကြပြီး သူတို့၏မျက်နှာများမှာ ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများ ကြောင့် နီရဲနေကြလေ၏။

"နျူအာနဲ့ မာပေါ်ကော့... မင်းတို့ရဲ့ ရာထူးတွေကို လက်ခံရယူဖို့ ရှေ့ထွက်ခဲ့ကြ..."

အဓိကနေရာတွင် ထိုင်နေသော ဖန်းဟန်က ဩဇာတိက္ကမအပြည့်ပါသော အသံဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်မျိုးတို့ ဒီမှာရှိပါတယ်..."

ထိုလူနှစ်ဦးသည် ဒူးတစ်ဖက်ထောက်လျက် ကျယ်လောင်စွာ ပြန်လည်ဖြေကြားလိုက်ကြလေ၏။

"တာ့ဝမ်ကျွမ်းတိုက်ပွဲမှာ မင်းတို့နှစ်ယောက်က ကျွမ်းကျင်စွာ ကွပ်ကဲပြီး ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြတယ်... မယုံနိုင် စရာကောင်းတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့ပြီး ကျင်းပေသံချပ်ကာမြင်းတပ်ကို ချေမှုန်းနိုင်ခဲ့တာကြောင့် ငါ့ရဲ့ နဂါးအ စွယ်တပ်မတော်ရဲ့ အင်အားကို ပြသနိုင်ခဲ့တယ်... ဒီနေ့ကစပြီး နန်ယန်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အမည်နာမနဲ့ နျူအာ ကို နဂါးအစွယ်တပ်မတော်ရဲ့ ပထမတပ်ရင်းမှူးအဖြစ်နဲ့ မာပေါ်ကော့ကို ဒုတိယတပ်ရင်းမှူးအဖြစ် တရားဝင် ခန့်အပ်လိုက်တယ်..."

"ဒါ့အပြင် တစ်ယောက်စီကို ရွှေသပြာ (၁၀၀)၊ မြေဆီဩဇာပြည့်ဝတဲ့ လယ်မြေ ဧက (၁၀၀) နဲ့ စံအိမ်တစ်ဆောင် စီ ဆုချီးမြှင့်မယ်..."

"ကျေးဇူးကြီးမားလှပါတယ် အရှင်..."

နျူအာနှင့် မာပေါ်ကော့တို့မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေကြလေ၏။ ရိုးသားဖြူစင်သော ဤလူကြီး နျူအာ၏ မျက်လုံးများတွင် ချက်ချင်းပင် မျက်ရည်များ ပြည့်လျှံလာခဲ့ပေသည်။ သူသည် ကြမ်းပြင်ကို ဦးခေါင်း ဖြင့် ပြင်းထန်စွာ တိုက်၍ အရိုအသေပေးလိုက်ပြီး သူ၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေလျက် ပြော လိုက်လေသည်။

"ကျွန်တော်မျိုးတို့ကို ကယ်တင်ခဲ့တဲ့ အရှင့်ရဲ့ ကျေးဇူးကို နျူအာက... ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး... အရှင့် အတွက်ဆိုရင် သေရမယ်ဆိုရင်တောင် မီးထဲရေထဲ ဆင်းရဲခံဖို့ အသင့်ပါပဲ..."

မာပေါ်ကော့မှာမူ ပို၍ပင် ပါးနပ်လှပေသည်။ သူသည် ယခုအခါတွင် သူတို့၏ ကံကြမ္မာသည် ဤ 'အင်မော်တယ် ဆရာသခင်' နှင့် လုံးဝ ရစ်ပတ်ချည်နှောင်သွားပြီဖြစ်ကြောင်း၊ တစ်ဦးကောင်းလျှင် အားလုံးကောင်းမည်ဖြစ်ပြီး တစ်ဦးပျက်စီးလျှင် အားလုံးပျက်စီးမည်ဖြစ်ကြောင်း ကောင်းစွာ သိရှိထားလေသည်။ သူသည်လည်း ကြမ်းပြင် တွင် ဦးချ၍ အသံကျယ်ကြီးဖြင့် ပြောလိုက်လေ၏။

"အရှင့်အတွက် သေသည်အထိ အလုပ်အကျွေးပြုပါ့မယ်လို့ သစ္စာဆိုပါတယ်..."

ဖန်းဟန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ မြင်းအရိုးကို ဝယ်ရန်အတွက် ငွေအမြောက်အမြား အသုံးပြုခြင်းဆိုသည်မှာ သူ့နောက်သို့ လိုက်ပါမည်ဆိုပါက အစားအသောက်၊ လယ်မြေနှင့် ရာထူးများ သေချာပေါက် ရရှိမည်ဖြစ်ကြောင်း လူတိုင်းကို ပြသရန်ပင် ဖြစ်ပေ၏။

ထို့နောက် သူသည် အခြားတစ်ဖက်တွင်ရှိနေသော လျူရူမေနှင့် စုမေနျန်တို့ထံသို့ အကြည့်ကို လွှဲပြောင်းလိုက် လေသည်။

"ရှင်းလင်ထျန်ကုန်းက 'ပင်နီဆီလီယမ်မှို အံ့ဖွယ်ဆေးစွမ်းကောင်း' ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး လူ့အသက် ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်... ဒီအကျိုးကျေးဇူးတွေက နိုင်ငံတော်အတွက် ကြီးမားလှပြီး နောင်လာ နောက်သားတွေအတွက်လည်း အကျိုးရှိစေလိမ့်မယ်... ပါဝင်သူအားလုံးကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့် မယ်..."

"လျူရူမေနဲ့ စုမေနျန်တို့က အကြီးမားဆုံးသော စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် လူသိရှင်ကြား ဂုဏ်ပြုချီးကျူးရမယ်..."

"ကျင်းပေမြို့စားကြီးဆီကနေ သိမ်းဆည်းရမိခဲ့တဲ့ ငွေစ (၅၀၀,၀၀၀) ထဲက ငွေစ (၂၀၀,၀၀၀) ကို ရှင်းလင် ထျန်ကုန်းရဲ့ နောက်ထပ်သုတေသနလုပ်ငန်းတွေနဲ့ တိုးချဲ့မှုတွေအတွက် အထူးခွဲဝေပေးမယ်လို့ ငါ ဒီကနေပဲ ကြေညာလိုက်တယ်... ဒီအံ့ဖွယ်ဆေးစွမ်းကောင်းက နန်ယန်က နိုင်ငံသားတိုင်းအတွက် အကျိုးရှိစေဖို့ ငါ သေချာပေါက် လုပ်ဆောင်သွားချင်တယ်..."

ထိုစကားများက အခန်းထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့လေ၏။

*ငွေစ နှစ်သိန်း ဟုတ်လား... ဒါက သေးငယ်တဲ့ ခရိုင်မြို့ငယ်လေးတစ်မြို့ကိုတောင် ဝယ်လို့ရတယ်လေ…ဒီလို ငွေကြေးကို ဆေးခန်းတစ်ခုအတွက် အလွယ်တကူ ပေးလိုက်တယ် ဟုတ်လား...*

အားလုံး၏ အကြည့်များမှာ လျူရူမေနှင့် စုမေနျန်တို့ထံသို့ ရောက်ရှိသွားခဲ့ကြပြီး မနာလိုမှုများ၊ ငြူစူမှုများနှင့် ပြည့်နှက်နေသော်လည်း အကြောက်တရားများက ပို၍ပင် လွှမ်းမိုးနေခဲ့လေသည်။

ထိုနေ့ညနေခင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးစံအိမ်တော်၏ နောက်ဖေးခြံဝင်းအတွင်း၌။

ဖန်းဟန်သည် လျူရူမေနှင့် စုမေနျန်တို့၏ အောင်မြင်မှုကို ဂုဏ်ပြုရန်အတွက် သီးသန့် မိသားစုစားပွဲသောက်ပွဲ တစ်ခုကို ကျင်းပပေးခဲ့လေ၏။

သူ၏ ရှေ့မှောက်တွင်ရှိနေသော လွန်စွာ လှပတင့်တယ်လှသည့် အမျိုးသမီးနှစ်ဦးဖြစ်သော ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသူတစ်ဦးနှင့် အေးစက်သော်လည်း ညှို့ယူဖမ်းစားနိုင်သူတစ်ဦးတို့ကို ကြည့်ရင်း ဖန်းဟန်မှာ ကြီးမားသော အောင်မြင်မှုတစ်ခုကို ခံစားလိုက်ရပေသည်။

အရက်အနည်းငယ် သောက်ပြီးနောက်တွင်မူ လေထုမှာ အနည်းငယ် ယစ်မူးဖွယ် ဖြစ်လာခဲ့လေ၏။

ဖန်းဟန်သည် သူ၏ဝိုင်ခွက်ကို ချလိုက်ပြီး စိတ်လှုပ်ရှားမှုနှင့် ရှက်သွေးဖြာမှုတို့ကြောင့် ပါးပြင်များ နီရဲနေသော စုမေနျန်ကို ညင်သာစွာ ကြည့်လိုက်လေသည်။

"မေနျန်... မင်းက နန်ယန်အတွက် ကြီးမားတဲ့ အလုပ်အကျွေးပြုခဲ့တယ်... ပြီးတော့ မင်းရဲ့မျက်နှာကို ကုသပေး မယ်လို့ ငါ ကတိပေးခဲ့တယ်... အခု ငါ့ရဲ့ကတိကို ဖြည့်ဆည်းပေးရမယ့် အချိန်ရောက်ပြီ..."

စုမေနျန်မှာ သူမ၏ခေါင်းထဲတွင် ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး နုနယ်သော ခန္ဓာကိုယ်လေးမှာ ပြင်း ထန်စွာ တုန်ယင်သွားကာ ဝိုင်ခွက်ကို ကိုင်ထားသော သွယ်လျသည့် လက်လေးမှာ လေထဲတွင်ပင် ရပ်တန့် သွားခဲ့လေ၏။

သူမ၏ လှပသော မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့ပြီး ဖန်းဟန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေရင်း အရောင် လက်နေသော မျက်ရည်များဖြင့် ချက်ချင်းပင် ပြည့်လျှံလာခဲ့လေသည်။

ဤနေ့သည်... ထိုမျှလောက် မြန်မြန်ရောက်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ချေ... ဤသည်က ဖန်းဟန် အလွယ်တကူ ပြောလိုက်သော စကားတစ်ခွန်းမျှသာဖြစ်ပြီး လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုဟု သာ သူမ ထင်မှတ်ထားခဲ့မိခြင်း ဖြစ်ပေသည်။

"အရှင်..."

သူမ၏အသံမှာ တုန်ယင်နေပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာခဲ့လေ၏။ လျူရူမေက သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။

"ညီမလေးစု... မစိုးရိမ်ပါနဲ့... ငါတို့ရဲ့ ခင်ပွန်းရှိနေရင် အားလုံး အဆင်ပြေသွားမှာပါ... ငါတို့ရဲ့ ခင်ပွန်းက နတ်ဘုရားတစ်ပါးပဲ... သူက အရာအားလုံးကို လုပ်နိုင်တယ်..."

ဖန်းဟန်သည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ သေသပ်လှပသော စန္ဒကူးသစ်သားသေတ္တာ တစ်ခုကို ဖြည်းညင်းစွာ ထုတ်ယူလိုက်လေ၏။

သေတ္တာကို ဖွင့်လိုက်သောအခါ နူးညံ့သော အနီရောင်ပိုးသားတစ်လွှာကို တွေ့မြင်လိုက်ရလေသည်။ ထိုပိုးသား ပေါ်တွင်မူ အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေသည့် 'နတ်ဘုရားလက်နက်များ' အစီအရီ ရှိနေလေသည်။

၎င်းတို့မှာ ပုံသဏ္ဌာန် ထူးဆန်းသော ဓားငယ်လေးများ (ခွဲစိတ်ဓားများ)၊ ပါးလွှာပြီး ကွေးကောက်နေသော အပ်များ (ခွဲစိတ်အပ်များ) နှင့် ပင့်ကူမျှင်ထက်ပင် ပို၍ သေးသွယ်သော အနက်ရောင်ကြိုးခွေများ (ခွဲစိတ်ကြိုး များ) ပင် ဖြစ်လေသည်။

ခေတ်သစ်ကာလတွင် အလွန်ပင် ရိုးရှင်းလှသော ခွဲစိတ်ကိရိယာများဖြစ်သည့် ဤအရာများသည် ယခုအချိန်၌ စုမေနျန်နှင့် လျူရူမေတို့၏ မျက်လုံးထဲတွင်မူ တစ်ခုချင်းစီတိုင်းက သဘာဝတရား၏ ဖန်တီးမှုတစ်ခုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော အင်အားများဖြင့် ပြည့်နှက်နေလေသည်။

စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များနှင့် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်နေသည့် စုမေနျန်၏ မျက်ဝန်းများ ကို ကြည့်ရင်း ဖန်းဟန်က ငြင်းဆန်၍မရနိုင်သော ယုံကြည်မှုအပြည့်ရှိသည့် လေသံဖြင့် စကားလုံးတစ်လုံးချင်း စီကို ပြောလိုက်လေ၏။

"မနက်ဖြန်ကျရင် ထျန်ကုန်းအလုပ်ရုံမှာ အသစ်ဖွင့်ထားတဲ့ 'သန့်စင်ခန်း' ထဲမှာ..."

"ငါ ကိုယ်တိုင် မင်းအတွက် ခွဲစိတ်မှု လုပ်ပေးမယ်... ပြီးတော့ ပြိုင်ဘက်ကင်း အလှတရားတစ်ခုကို မင်းဆီ ပြန်လည်ပေးအပ်မယ်..."

All Chapters