← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း (၁၅၃) ပညာတတ်လူငယ်မလေး လီလန်၏အိမ်တွင် ညအိပ်ခြင်း၊ သူမ၏ သည်းခံနိုင်စွမ်းမှာ အကြီးမားဆုံးသော အရည်အချင်းဖြစ်သည်

ပန်းရောင်ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး ပန်းနုရောင် သန်းနေသော မျက်နှာလေးဖြင့် လုအန်းနာသည် လက်တစ်ဖက်ကို ခေါင်းအောက်တွင် ခုထားကာ ကန်းစားပွဲပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။

သမင်သွေးအရက်၏ ပြင်းအားမှာ များပြားသော်လည်း သူမ၏ အရက်သောက်နိုင်စွမ်းမှာ နည်းပါးလှ၏။

အရက် လေးအောင်စခန့် သောက်ပြီးနောက်တွင် သူမသည် လုံးဝ မူးယစ်သွားခဲ့ပြီး သူမ၏ ပင်ကိုယ်စရိုက်အမှန် ပေါ်ထွက်လာတော့သည်။

ကြော့ရှင်းပြီး သိမ်မွေ့သော ပညာတတ်လူငယ်မလေးမှာ ရဲတင်းပြီး ပွင့်လင်းလွန်းသော ယောက်ျားလျာတစ်ဦးအဖြစ် ပြောင်းလဲသွားခြင်းမှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပေသည်။

ယခုမူ သူမသည် အလွန်အမင်း မူးယစ်ပြီး အိပ်မောကျသွားပြီဖြစ်ရာ ပတ်ဝန်းကျင်မှာ များစွာ တိတ်ဆိတ်သွားတော့၏။

"သား... ဘယ်လိုလုပ်ကြမလဲ..."

မူးယစ်နေသော ပညာတတ်လူငယ်မလေးကိုကြည့်ရင်း လီတာ့ဟိုင်မှာ ဘာလုပ်ရမှန်းမသိဖြစ်သွားကာ လီလန်ကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။

လီလန်၏ အရက်သောက်နိုင်စွမ်းမှာ မဆိုးလှသော်လည်း ဝံပုလွေသားရေများ ရောင်းရသဖြင့် တစ်ရက်တည်းနှင့် ယွမ် ကိုးဆယ်တိတိ ရှာဖွေနိုင်ခဲ့သောကြောင့် ဝမ်းသာအားရဖြင့် ပုံမှန်ထက် အရက်ခွက်အနည်းငယ်ပို၍ သောက်ထားမိလေသည်။

သူသည်လည်း သမင်သွေးအရက် တစ်ပုလင်းလုံးကို ပြောင်စင်အောင် သောက်ထားခြင်းဖြစ်၏။

သူ၏ မျက်နှာမှာ နီရဲနေပြီး ခေါင်းထဲတွင် အနည်းငယ် မူးဝေနေသည်။

"ဘာလဲ..."

"အဖေ ဘာပြောလိုက်တာလဲ..."

လီလန်သည် မူးယစ်မှုကြောင့် မှုန်ဝါးနေဆဲဖြစ်သော မျက်လုံးများဖြင့် သူ၏ အရက်ခွက်ကို ချကာ ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။

"ဒုက္ခပါပဲ... ရှောင်လန်ရာ မင်းကပါ ဘယ်လိုလုပ် ဒီလောက်တောင် မူးနေရတာလဲ..."

လီတာ့ဟိုင်မှာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားတော့၏။

ဆရာမလုကြောင့် ခေါင်းကိုက်နေရသည့်အထဲ ယခု သူ၏သားပါ မူးနေပြီဖြစ်ရာ ဘာဆက်လုပ်ရမည်နည်း။

"လီထျန်း... မင်းညီမကို အခန်းထဲ ပြန်ခေါ်သွားပြီး ရေနွေးတစ်ဇလုံလောက်ယူပြီး ဆေးကြောပေးလိုက်... ပြီးရင် အိပ်ကြတော့..."

လီတာ့ဟိုင်သည် သူ၏ သမီးနှစ်ယောက်ကို လွှတ်လိုက်သည်။

"အဖေက ဘာတွေပြောနေတာလဲ..."

"သောက်မယ်... သောက်မယ်... ဒီနေ့ ကျွန်တော် အရမ်းပျော်တယ်... လာပါ... နောက်ထပ် နည်းနည်းလောက် ထပ်သောက်ကြသေးတာပေါ့..."

"ဒီလောက် ခံစားချက်ကောင်းတာ မဖြစ်ရတာကြာပြီ... လီရှန်းဟွာကို သွားသေခိုင်းလိုက်... ယွမ်တစ်ရာ တင်တောင်းစရိတ်ကိုလည်း သွားသေခိုင်းလိုက်..."

"တစ်ရာဟုတ်လား... ဝံပုလွေသားရေ နည်းနည်းလေး ရောင်းလိုက်ရုံနဲ့ တစ်ရက်တည်း ယွမ်တစ်ရာ ရနိုင်တယ်... ဒါပေမဲ့ ငါက ဘာလို့ မင်းကို ပေးရမှာလဲ..."

“လီရှန်းဟွာ မင်းကိုယ်မင်း ဘာကောင်မလို့ ထင်နေတာလဲ”

"အလကားပေးရင်တောင် ငါက ယူမှာမဟုတ်ဘူး..."

"..."

လီလန်သည် မူးယစ်နေပြီး သူ၏ ရင်ထဲတွင် မြိုသိပ်ထားရသော စိတ်ပျက်မှုများမှာ အရက်၏ အရှိန်ကြောင့် ပွင့်ထွက်လာတော့သည်။

ယခင်ဘဝက ဆယ်စုနှစ်ပေါင်းများစွာ ကြိတ်မှိတ်ခံစားခဲ့ရသော စိတ်ပျက်မှုများအပြီးတွင် သူက ပြန်လည်မွေးဖွားလာခဲ့သည်။ ထိုရွံစရာကောင်းသော အမျိုးသမီးနှင့် စေ့စပ်ထားမှုကို ဖျက်သိမ်းလိုက်ရုံသာမက တောင်ပေါ်တွင် အမဲလိုက်ခြင်းဖြင့် ငွေအမြောက်အမြားကို ရှာဖွေနိုင်ခဲ့ပြီး ဖခင်နှင့် ညီမငယ်နှစ်ယောက်ကိုပါ ထောက်ပံ့ပေးနိုင်ခဲ့သည်။ သူတို့၏ ဘဝမှာ ပိုပို၍ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ ရင်ထဲတွင် မကျေနပ်မှုတစ်ခု ရှိနေဆဲဖြစ်ကာ ယခု မူးယစ်နေချိန်တွင် ထိုအရာများကို ဖွင့်ထုတ်လိုက်ခြင်းဖြစ်၏။

လီတာ့ဟိုင်သည် ဘေးမှနေ၍ နားထောင်ရင်း မျက်လုံးများ နီရဲလာကာ ရင်ထဲတွင် ဝမ်းနည်းမှုတစ်ရပ်ကို ခံစားလိုက်ရသည်။

လီလန်၏ မူးယစ်နေသော ဝန်ခံစကားများကို ကြားလိုက်ရသည့်အခါ သူ၏သားသည် လီရှန်းဟွာ၏ ကိစ္စနှင့်ပတ်သက်၍ အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ကြောင်းကို သူ နားလည်လိုက်သည်။

သူ၏သား လီလန်သည် ယွမ်တစ်ရာ တင်တောင်းစရိတ်ကို မတတ်နိုင်သောကြောင့် ဒေါသထွက်နေခြင်းမဟုတ်ဘဲ လီရှန်းဟွာ၏ မိသားစုက သူ့ကို အထင်သေးခဲ့သောကြောင့်သာဖြစ်ကြောင်း လီတာ့ဟိုင် နားလည်သွားတော့၏။

ယခု ငွေမရှိလျှင် နောက်မှ ရှာနိုင်သည်။

သို့သော် ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ဆုံးရှုံးသွားပါက ရှင်သန်နေရခြင်းမှာ သေရသည်ထက်ပင် ဆိုးရွားပြီး ဝိညာဉ်ကင်းမဲ့နေသော ရုပ်အလောင်းတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

လူတွေ ရှင်သန်နေကြတာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ဖို့ပင်ဖြစ်သည်။

လီတာ့ဟိုင်သည် လီလန်အတွက် များစွာစိတ်မကောင်းဖြစ်မိသည်။ ဤကာလအတွင်း တောယုန်များနှင့် မိုးပျံနဂါးများကို ဖမ်းရန် ထောင်ချောက်ဆင်ခြင်း၊ တောင်ပေါ်တွင် တောဝက်များကို အမဲလိုက်ခြင်း၊ လုံမင်မြစ်တွင် ငါးဖမ်းခြင်းနှင့် မာလောင်တနှင့်အတူ ဝံပုလွေများကို အမဲလိုက်ခြင်း စသည့် လီလန်၏ ကြိုးစားအားထုတ်မှုအားလုံးကို သူ တွေ့မြင်ခဲ့ရပြီးဖြစ်သည်။

ယင်းကို မြင်ရသည်မှာ ရင်နာစရာပင်ဖြစ်၏။

"ငါ့ရဲ့ ခါးဒဏ်ရာသာမရှိခဲ့ရင်... ဟူး..."

လီတာ့ဟိုင်သည် သူ၏ အင်္ကျီလက်ဖြင့် မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။

"အဖေ... ဘာဖြစ်လို့လဲ... ဘာလို့ ငိုနေတာလဲ..."

"ဘာလို့ ငိုနေတာလဲ... ကျွန်တော်တို့ အခြေအနေတွေ အခု အဆင်ပြေနေပြီပဲဟာကို..."

"ဒီကန်းစားပွဲပေါ်မှာ ဘာတွေရှိလဲ ကြည့်လိုက်စမ်းပါ... ဝက်သားနီချက်... ငါးကြင်းကြီး... ဝက်ဆီဖတ်တွေလေ..."

"ကျွန်တော်တို့ ထမင်းတောင် စားနေရပြီ..."

"အခု ကျွန်တော်တို့ မိသားစုက ချမ်းသာနေပြီဆိုတော့ ကျွန်တော်တို့ရဲ့ ဘဝတွေက ပိုပြီး ကောင်းမွန်လာတော့မှာ... ပိုပြီးတော့လည်း ကြွယ်ဝချမ်းသာလာတော့မှာ..."

လီလန်၏ ခေါင်းမှာ ချာချာလည်နေသော်လည်း သူသည် အသိစိတ်ရှိနေဆဲပင် ဖြစ်သည်။ သူ ခေါင်းလှည့်လိုက်ရာ တစ်ဖက်ကန်းစားပွဲတွင် ထိုင်ကာ မျက်ရည်များကို ခိုးသုတ်နေသော သူ၏ ဖခင်ကို မြင်လိုက်ရသည်။ ထိုအခါမှသာ ထိုစကားများကို တစ်ထိုင်တည်းနှင့် အဆက်မပြတ် ပြောချလိုက်ခြင်း ဖြစ်၏။

"အဖေက ရယ်နေတာပါ... ငိုနေတာ မဟုတ်ပါဘူး..."

လီတာ့ဟိုင်သည် အတင်းအကြပ် ပြုံးပြရင်း ပြောလိုက်သည်။

"ဒါမှပေါ့ အဖေရ... နှစ်သစ်ကူးဖို့ ရက်အနည်းငယ်လောက်ပဲ စောင့်လိုက်ပါတော့... သား သားရေတွေ ရောင်းလိုက်ရလို့ အခု သားအိတ်ကပ်ထဲမှာ ပိုက်ဆံတွေရှိနေပြီ... မနက်ဖြန် မြို့ပေါ်သွားပြီး နှစ်သစ်ကူးပစ္စည်းတွေနဲ့ ဗြောက်အိုးနည်းနည်း ဝယ်လာတာကိုသာ စောင့်နေလိုက်... ဒီနှစ်တော့ ကျွန်တော်တို့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကူးကြတာပေါ့..."

"ကောင်းပြီ... အဖေ မင်းပြောတဲ့အတိုင်း လုပ်ပါ့မယ်... ဒီနှစ် နှစ်သစ်ကူးပစ္စည်းတွေအတွက် မင်းပဲ တာဝန်ယူလိုက်တော့..."

လီတာ့ဟိုင်သည် ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်၏။

သူ၏ ခံစားချက်များကို ဖွင့်ထုတ်ပြီးနောက် လီလန်သည် အရက်နံ့များ ရောနှောနေသော လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ရာ သူ၏ စိတ်မှာ သိသိသာသာ ကြည်လင်သွားတော့သည်။

"ဆရာမလုက ဘာလို့ ဒီမှာအိပ်နေတာလဲ..."

သူ ခေါင်းလှည့်ကြည့်လိုက်ရာ စားပွဲပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ပညာတတ်လူငယ်မလေး လုအန်းနာကို တွေ့လိုက်ရသည်။

ကန်းစားပွဲမှာ မကြီးမားလှဘဲ ၎င်းပေါ်တွင် ပန်းကန်ပြားလေးချပ်နှင့် ကြွေပန်းကန်လုံးများ ရှိနေသည်။ လုအန်းနာသည် စားပွဲပေါ်တွင် အနေရခက်သော ကိုယ်ဟန်အမူအရာဖြင့် အိပ်နေခြင်းဖြစ်၏။

သူမ၏ အနက်ရောင် ဆံပင်ကျစ်ဆံမြီးများမှာ စားပွဲပေါ်မှ ဆီများစွန်းထင်းနေသဖြင့် အနည်းငယ် ညစ်ပတ်နေလေသည်။

"သား... ဘယ်လိုလုပ်ကြမလဲ... ဆရာမလုကို ဒီအတိုင်းကြီး ပစ်ထားလို့မှ မဖြစ်တာ..."

လီတာ့ဟိုင်မှာ ဘာလုပ်ရမှန်းမသိဖြစ်ကာ လီလန်ကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

လီလန်သည် ပညာတတ်လူငယ်မလေး လုအန်းနာ၏ သွယ်လျသော လည်တိုင်ကို စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ရှည်လျားကာ လှုပ်ရှားနေသော မျက်တောင်များဆီသို့ အကြည့်ရောက်သွားသည်။ ထို့နောက် သူသည် ခေါင်းလှည့်၍ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

ဤထမင်းစားပွဲမှာ ကြာမြင့်နေပြီဖြစ်ရာ အပြင်ဘက်တွင် မှောင်မိုက်နေပြီ ဖြစ်သည်။

"သူမကို ပြန်ပို့လိုက်ရင်ရော..."

လီလန်သည် လေချဉ်တစ်ချက်ကို တဝက်တပျက် တက်လိုက်ရင်း မသေချာမရေရာစွာဖြင့် ပြောလိုက်သည်။

"အခုက အရမ်းမိုးချုပ်နေပြီ... ပြန်ပို့ဖို့က သိပ်မသင့်တော်လောက်ဘူး..."

"ရွာသားတွေသာ လမ်းမှာတွေ့သွားရင် ဆရာမလုကို ငါတို့ တစ်ခုခုများ လုပ်လိုက်ပြီလို့ ထင်သွားကြလိမ့်မယ်..."

လီတာ့ဟိုင်သည် ခေါင်းခါပြရင်း သူ၏ စိုးရိမ်ပူပန်မှုများကို ပြောပြလိုက်သည်။

လီလန်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ ဖခင် စိုးရိမ်နေမှုများကို သဘောတူလက်ခံလိုက်သည်။

"ဒါဆိုရင်လည်း ဒီည ကျွန်တော်တို့အိမ်မှာပဲ အိပ်ခိုင်းလိုက်ပါတော့..."

"ကျွန်တော့်အခန်းကို ရှင်းထားလိုက်မယ်... ဒီနေ့တော့ အားလုံးပဲ ပြွတ်သိပ်ပြီး အိပ်လိုက်ကြတာပေါ့..."

လီလန်၏ မိသားစုတွင် အပူပေးနိုင်သော ကန်းအိပ်ရာ နှစ်ခုရှိသည်။

သူ၏ အိပ်ခန်းထဲတွင် သေးငယ်သောကန်းတစ်ခုရှိပြီး ထိုနေရာ၌ သူတစ်ယောက်တည်း နေထိုင်ခြင်းဖြစ်သည်။

အခြားအခန်းကြီးတစ်ခုမှာမူ အများသုံး အိပ်စရာနေရာဖြစ်ပြီး စားပွဲတစ်ခုတင်ထားသော ကြီးမားသည့် ကန်းအိပ်ရာကြီးဖြစ်သည်။ သူ၏ ဖခင်နှင့် ညီမငယ်နှစ်ယောက်တို့က ထိုနေရာတွင် အတူတကွ နေထိုင်ကြ၏။

စားပွဲတင်ထားသော ဤကန်းအိပ်ရာကြီးမှာ အတော်လေး ကြီးမားပြီး လူလေးငါးယောက်ခန့် ပြွတ်သိပ်ကာ အလွယ်တကူ အိပ်စက်နိုင်ပေသည်။

လီတာ့ဟိုင်သည် လုအန်းနာကို နောက်အခန်းဆီသို့ တွဲခေါ်ရန် ထလာသည်ကို မြင်လိုက်ရသည်။

လီလန်က သူ့ကို အလျင်အမြန် တားဆီးလိုက်၏။

"အဖေ... အဲဒါအတွက် စိတ်မပူနဲ့... ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်..."

သူ့ဖခင်ဖြစ်သူ၏ ခါးဒဏ်ရာမှာ မသက်သာသေးသဖြင့် ကိုင်းညွှတ်ခြင်း သို့မဟုတ် အလေးအပင်မခြင်းတို့ကို မလုပ်နိုင်သေးပေ။

"ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းပဲ လုပ်လိုက်တော့... မင်း နောက်မှ ရေချိုးလို့ရအောင် အဖေ မီးဖိုချောင်ထဲသွားပြီး ရေနွေးသွားတည်လိုက်ဦးမယ်..."

လီတာ့ဟိုင်က ခေါင်းညိတ်ပြကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားလေသည်။

အခန်းထဲတွင်မူ မူးယစ်နေသော လုအန်းနာနှင့် အနည်းငယ် ရီဝေဝေဖြစ်နေသည့် လီလန်တို့သာ ကျန်ရစ်ခဲ့တော့၏။

"ဟူး... ဆရာမလုရယ်... ခင်ဗျားကို ကျွန်တော် ဘယ်လိုပြောရမလဲ... အရက်သောက်နိုင်စွမ်းက အရမ်းနည်းပြီး တကယ့်ကို အသုံးမကျတာတောင်မှ အတင်း ခံနိုင်ရည်ရှိသလို လုပ်နေသေးတယ်..."

ယခုလေးတင် ကန်းစားပွဲ၌ ပညာတတ်လူငယ်မလေး လုအန်းနာက "အပြည့်ထည့်လိုက်... အပြည့်ထည့်လိုက်..." "အစ်ကိုလီ... လာပါ... ကံကောင်းပါစေ... ဒီည မမူးမချင်း ကျွန်မတို့ မထကြေးနော်..." ဟု အဆက်မပြတ် ပြောနေခဲ့ခြင်း ဖြစ်သည် ။

သူမသည် အရက်သောက်ရာတွင် မကျွမ်းကျင်သော်လည်း အရက်သောက်သည့် လေလုံးထွားရာတွင်မူ တကယ့်ကို ထိပ်တန်းပင် ဖြစ်၏။

လီလန်သည် အရက်ရှိန်ကြောင့် လေချဉ်တက်လိုက်ပြီးနောက် ကန်းစားပွဲ၏ ထောင့်တစ်နေရာကို လက်တစ်ဖက်ဖြင့် ထောက်ကာ ယိုင်တိုင်တိုင်ဖြင့် မတ်တပ်ရပ်လိုက်သည်။

သူ လုအန်းနာအနီးသို့ မရောက်ခင်မှာပင် သူမထံမှ သင်းပျံ့သော ရနံ့လေးတစ်ခုကို ရှူရှိုက်မိလိုက်၏။

၎င်းမှာ နှင်းဆီပန်းကဲ့သို့ အနည်းငယ် ဆင်တူကာ ချစ်စရာကောင်းသော ရနံ့လေးတစ်ခု ဖြစ်သည်။

"ရေမွှေးလား..."

မည်သို့ပင်ဆိုစေကာမူ လီလန်သည် ယင်းကို အလျင်အမြန်ပင် နားလည်လက်ခံလိုက်သည်။ လုအန်းနာသည် ရှန်ဟိုင်းမှ ပညာတတ်လူငယ်မလေး တစ်ဦးဖြစ်ပြီး ချမ်းသာသော မိသားစုနောက်ခံရှိကာ ပညာတတ်မိသားစုမှ ဆင်းသက်လာသူ မဟုတ်ပါလော။

သူမအိမ်သို့ သူ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က သူမသည် အလွန်ခေတ်မီသော အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။

ရှန်ဟိုင်းတွင် ကြီးပြင်းလာခဲ့သော ဆန်းပြားသည့် မိန်းကလေးတစ်ဦးအနေဖြင့် အလှအပပြင်ဆင်ရသည်ကို နှစ်သက်မည်မှာ သေချာပေသည်။

ထို့ကြောင့် ပညာတတ်လူငယ်မလေး လုအန်းနာ ရေမွှေးဆွတ်ထားခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။

ကန်းအိပ်ရာမှာ စားပွဲတစ်ခုဖြင့် ပြွတ်သိပ်နေပြီး မူးယစ်နေသော လုအန်းနာမှာ နံရံနှင့်ကပ်ကာ အိပ်နေသည်။ လီလန်သည် လုအန်းနာကို ကန်းပေါ်မှမတင်ရန် သူမ၏ ချိုင်းအောက်မှနေ၍ ဆွဲကိုင်ရန် လက်လှမ်းလိုက်၏။

သို့သော် သူမကို ဖက်လိုက်ချိန်တွင် နူးညံ့ပြီး အနည်းငယ် ခုံးနေသော အရာတစ်ခုကို သူ ခံစားလိုက်ရသည်။

ထူထဲသော ဆွယ်တာအင်္ကျီမှတစ်ဆင့်ပင် ထိုအထိအတွေ့ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။

လီလန်မှာ လန့်ဖြန့်သွားကာ သူ၏ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်တော့၏။

သူ အောက်ငုံ့ကြည့်လိုက်ရာ သူမတွင် အလွန် ကြီးမားလှသော အရည်အချင်းများရှိနေကြောင်း တွေ့လိုက်ရသည်။ (ကိုယ့်ဘာသာသိလိုက်တော့)

ဤဆရာမလုမှာ လှပရုံသာမက ကြီးမားသော ပိုင်ဆိုင်မှုများလည်း ရှိနေကာ အစ်မပိုင်ကျဲ့ထက်ပင် ဆွဲဆောင်မှု မလျော့ပါချေ။

"အင့်..."

လီလန်က လုအန်းနာ၏ ခန္ဓာကိုယ်ကို ထိလိုက်ချိန်တွင် သူမထံမှ တိုးညှင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

လီလန်သည် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။

ကံကောင်းထောက်မစွာဖြင့် ပညာတတ်လူငယ်မလေးမှာ မျက်လုံးများ ပွင့်မလာခဲ့ဘဲ ကန်းအိပ်ရာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင် ဖြစ်သည်။

လီလန်က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ယခုတစ်ကြိမ်တွင်မူ လုအန်းနာ၏ ချိုင်းအောက်ကို တိကျစွာ ဖမ်းကိုင်လိုက်သည်။

သူသည် သူမကို ကန်းအိပ်ရာ၏ အစွန်းဆီသို့ ဆွဲခေါ်လာခဲ့၏။

ထို့နောက် သူသည် ကန်းပေါ်မှ ခုန်ဆင်းကာ ဖိနပ်စီးလိုက်ပြီး လုအန်းနာ၏ သွယ်လျသော လည်တိုင်ကို လက်တစ်ဖက်ဖြင့် ပင့်မထားကာ အခြားလက်တစ်ဖက်ဖြင့် သူမ၏ သေးသွယ်သော ခါးလေးကို ဖက်ထားလိုက်သည်။

အားနည်းနည်းစိုက်လိုက်ရုံဖြင့် သူ သူမကို ပွေ့ချီလိုက်နိုင်၏။

ယင်းမှာ ကျက်သရေရှိလှသော မင်းသမီးလေးတစ်ပါးကို ပွေ့ချီသည့်ဟန်ပင် ဖြစ်သည်။

လီလန်သည် တောင်ပေါ်တွင် အမဲလိုက်လေ့ရှိပြီး တရုတ်ရိုးရာ ကိုယ်ခံပညာရပ်များကိုပါ ပေါင်းစပ်သင်ယူထားသူ ဖြစ်သည်။ သူသည် အလွန်သန်မာသူဖြစ်ရာ ပေါင် (၉၀)အောက်သာ အလေးချိန်ရှိသော ပညာတတ်လူငယ်မလေးကို ပွေ့ချီရန်မှာ အရမ်းလွယ်ကူလှပေသည်။

လီလန်သည် လုအန်းနာကို သူ၏ အခန်းထဲသို့ ပွေ့ချီသွားခဲ့သည်။

သူသည် ကန်းအိပ်ရာဆီသို့ သွားကာ လုအန်းနာကို ဂရုတစိုက် ချပေးလိုက်၏။

ကန်းအိပ်ရာမှာ အနည်းငယ် ပူလွန်းနေပြီး လုအန်းနာကလည်း သမင်သွေးအရက်များကို အများအပြား သောက်ထားခြင်းကြောင့် သူမ၏ မျက်နှာမှာ နီရဲနေကာ တီးတိုးရေရွတ်လိုက်သည်။

"အရမ်းပူတာပဲ..."

"ပူလိုက်တာ..."

သူမသည် ကန်းအိပ်ရာပေါ်တွင် မူးမူးရူးရူးဖြင့် ထထိုင်ကာ သူမ၏ ဆွယ်တာအင်္ကျီကို စတင်ချွတ်လေတော့သည်။

လီလန်က ဘေးမှနေ၍ ကြည့်နေရင်း ဆွယ်တာချွတ်ရုံဖြင့် ကိစ္စမရှိလောက်ဟု တွေးလိုက်သော်လည်း အောက်တွင်မူ အတွင်းခံ ရှိသင့်သည် မဟုတ်ပါလော။

ထို့နောက် လုအန်းနာ ဆွယ်တာအင်္ကျီ ချွတ်ပြီးသွားပါက သူမကို စောင်ခြုံပေးရန် သူ စီစဉ်ထားလိုက်သည်

သို့သော် နောက်တစ်ခဏတွင် လီလန်၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားတော့၏။

တစ်ဝက်တစ်ပျက် အိပ်မောကျနေဆဲဖြစ်သော လုအန်းနာသည် သူမ၏ ပန်းရောင် ဆွယ်တာအင်္ကျီကို ချွတ်ချလိုက်သည်။

ကြီးမားပြီး ဖြူဖွေးနေသော အရာနှစ်ခုမှာ အပြင်သို့ ထွက်ကျလာတော့၏။

လီလန်မှာ အံ့သြမှင်တက်သွားတော့သည်။

ဤဆရာမလုသည် သူမ၏ အောက်တွင် မည်သည့်အရာကိုမျှ ဝတ်ဆင်မထားခဲ့ချေ။

All Chapters