← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) လျှပ်စစ်မီး

ယနေ့အတွက် နံနက်စာမှာ ဆန်ပြုတ်ဖြူ၊ ဟင်းသီးဟင်းရွက်ချဉ်နှင့် ကြက်ဥပြုတ်တို့ ဖြစ်လေသည်။

"အဖေ သားမျက်နှာသစ်ပြီးပြီ... ဆရာမလုရဲ့ နံနက်စာကို သား စားလို့ရမလား..."

လုအန်းနာမှာ အလျင်လိုနေသဖြင့် ညီမငယ် လီထျန်း ယူလာပေးသော နံနက်စာကိုပင် မထိခဲ့ချေ။

ဤခေတ်ကာလ၌ အစားအသောက်မှာ တန်ဖိုးကြီးလှပြီး အစားအစာကို အလေအလွင့် မဖြစ်စေရဟူသောမူအရ လီလန်က လုအန်းနာ၏ ဝေစုကို ယူလိုက်လေသည်။

"လီထျန်း မင်းအစ်ကိုအတွက် သွားယူပေးလိုက်..."

လီတာ့ဟိုင်က ညွှန်ကြားလိုက်၏။

"ဟုတ်ကဲ့…”

လီထျန်းသည် လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်ပြပြီး ပန်းကန်များယူရန် အိမ်ခန်းတွင်းသို့ ခုန်ပေါက်ကာ ဝင်သွားတော့သည်။

"ဂရုစိုက်သွားအုံး သိပ်မြန်မြန်မပြေးနဲ့၊ ချော်လဲနေမယ်..."

လီတာ့ဟိုင်က နောက်မှ လှမ်းအော်လိုက်သည်။

"အဖေ၊ သူ့ကို လွှတ်ထားလိုက်ပါ... သားလည်း ငယ်ငယ်က အဲဒီလိုပဲလေ..."

လီလန်က ရယ်မောရင်း ပြောလိုက်၏။

ကလေးများဆိုသည်မှာ ခုန်ပေါက်ဆော့ကစားရသည်ကို နှစ်သက်ကြပြီး မည်သည့်ပူပင်သောကမျှ မရှိဘဲ သူတို့၏ မျက်နှာထက်တွင် အမြဲတမ်း တောက်ပသော အပြုံးများ ရှိနေတတ်သည်။

အပြစ်ကင်းစင်ပြီး ဖြူစင်ကာ သူတို့၏နှလုံးသားများမှာ ထာဝရ နုပျိုနေကြ၏။

"ဒုတိယညီမလေးနဲ့ အငယ်ဆုံးညီမလေးကို တကယ်အားကျတယ်..."

လီလန်သည် သူ၏လက်များကို ခေါင်းနောက်တွင် ပိုက်ထားရင်း ပျင်းရိပျင်းတွဲ ပြောလိုက်သည်။

"ကလေးတစ်ယောက်ဖြစ်ရတာ သိပ်ကောင်းတာပဲ၊ ဘာပူပင်သောကမှလည်း မရှိဘူး..."

"လူကြီးဖြစ်လာရတာ မပျော်စရာဘူး..."

မှန်ပေသည်။ အရွယ်ရောက်လာသည့်အခါ မည်သို့လုပ် ပျော်စရာကောင်းနိုင်မည်နည်း။

လူကြီးဘဝဆိုသည်မှာ ပူပင်သောကများဖြင့် ပြည့်နှက်နေ၏။ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရပြီး ငွေရှာကာ မိသားစုကို ရှာဖွေကျွေးမွေးရသည်။ နည်းပါးလှသော လစာငွေလေးအတွက် ကျွန်တစ်ယောက်ပမာ အလုပ်လုပ်ရလေသည်။

လူကြီးတစ်ယောက်ဖြစ်ရသည်မှာ အလွန်ပင်ပန်းလှပေသည်။

ကလေးတစ်ယောက်ဖြစ်ရသည်ထက် မည်သည့်အရာကမျှ ပို၍ မပျော်ရွှင်နိုင်တော့ချေ။

"သား…အဖေ တောင်းပန်ပါတယ်..အဖေက မင်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပြီ... အဖေ့ခါးဒဏ်ရာသာ မရခဲ့ရင်..."

လီလန်၏ သက်ပြင်းချသံကို ကြားလိုက်ရသော လီတာ့ဟိုင်က ဘေးနားမှနေ၍ အပြစ်ရှိသလို ခံစားချက်ဖြင့် ပြောလိုက်သည်။

"အဖေရယ် လူတွေက ကြီးပြင်းလာရတာပဲလေ... သားက တစ်သက်လုံး ကလေးဘဝနဲ့ နေလို့မရဘူး... အရွယ်ရောက်လာရင် အဲဒီအရွယ်နဲ့ ထိုက်တန်တဲ့ တာဝန်တွေကို ယူရမှာပဲ..."

"အခုဆိုရင် အဖေရယ်၊ ဒုတိယညီမလေးရယ်၊ အငယ်ဆုံးညီမလေးရယ်ကို သေချာစောင့်ရှောက်ပြီး မိသားစုကို ရှာဖွေကျွေးမွေးဖို့က သားရဲ့ တာဝန်ပဲလေ..."

"အဖေ တောင်းပန်စရာ မလိုပါဘူး... ဒါက အဖေ့သားတစ်ယောက်အနေနဲ့ သားရဲ့ တာဝန်ပါ..."

လီလန်သည် သူ၏အဖေကို ခေါင်းခါပြလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်လေသည်။

သူသည် လက်နှစ်ဖက်ပေါ်တွင် ခေါင်းအုံးလိုက်ပြီး အပူပေးထားသော ကန်းပေါ်တွင် မှီကာ မျက်နှာကြက်ကို မော့ကြည့်လိုက်၏။

ဟူး...

လီလန်သည် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။

အရင်ကအခြေအနေများနှင့် ယှဉ်ကြည့်လျှင်...

ယခုအခါတွင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။

ယခုဆိုလျှင် အလွန်သက်သာနေပြီ ဖြစ်၏။

လီလန်သည် သူ၏လက်ရှိဘဝကို အလွန်ကျေနပ်အားရနေလေသည်။

သူ၏အဖေမှာ သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး ဒုတိယညီမနှင့် အငယ်ဆုံးညီမလေးတို့မှာလည်း ငယ်ရွယ်နေကြဆဲပင်။ ယခုအခါတွင် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ကျေးလက်သို့ စေလွှတ်ခြင်းခံရသော ဆရာမနှစ်ဦး၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် စာရေးစာဖတ်များကိုပါ သင်ကြားနေကြပြီဖြစ်သည်။

သူသည် တောင်ပေါ်တွင် အမဲလိုက်နိုင်ပြီး သားကောင်အမျိုးမျိုးကို ဖမ်းဆီးကာ ရိက္ခာများအတွက် ရောင်းချပြီး သူ၏မိသားစုတစ်စုလုံးကို ရှာဖွေကျွေးမွေးနိုင်လေသည်။

ဤသို့သော ဘဝမျိုးမှာ အလွန်ကောင်းမွန်နေပြီ ဖြစ်၏။

လီလန်က အလွန်ပင် ကျေနပ်နေတော့သည်။

"အစ်ကို ကြက်ဥစားလေ၊ မြန်မြန်စား၊ ခဏနေရင် အေးသွားလိမ့်မယ်..."

နွေးထွေးသော လက်သေးသေးလေးတစ်ဖက်က နူးညံ့ပြီး စေးကပ်ကပ်အရာတစ်ခုကို သူ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ကြက်ဥအနှစ်၏ မွှေးပျံ့သောအနံ့မှာ နှာခေါင်းထဲသို့ ချက်ချင်းဝင်ရောက်လာပြီး အရသာခံအာရုံများကို လှုံ့ဆော်ပေးလိုက်၏။

အနည်းငယ် ညှီနံ့ရသော်လည်း အလွန်မွှေးပျံ့လှပေသည်။

"အရသာရှိလိုက်တာ၊ ကြက်ဥက အရမ်းကောင်းတာပဲ..."

"ဒုတိယညီမလေး နင်လည်း စားလေ... ဉာဏ်ကောင်းအောင် များများစား..."

လီလန်သည် ကျန်နေသော ကြက်ဥပြုတ်တစ်ဝက်ကို ဒုတိယညီမဖြစ်သူ လီထျန်းထံသို့ ကမ်းပေးလိုက်သည်။

"အစ်ကို ညီမ စားပြီးပြီ... အစ်ကိုပဲ စားလိုက်ပါ..."

ကောင်မလေးသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ခေါင်းခါပြလိုက်၏။

ကြက်ဥများမှာ တန်ဖိုးရှိလှပြီး သူ၏အစ်ကို တောင်ပေါ်တွင် အမဲလိုက်ရသည်မှာလည်း မလွယ်ကူလှချေ။ လူလေးယောက်ပါဝင်သော မိသားစုကို ကျွေးမွေးနိုင်ရန်အတွက် ဝံပုလွေများ၏ တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ကိုပင် စွန့်စားရလေသည်။ ဒုတိယညီမဖြစ်သူ လီထျန်းသည် ဤကာလများအတွင်း သူမ၏အစ်ကို မည်မျှ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရသည်ကို မြင်တွေ့ခဲ့ရသည်။

"အစ်ကို မြန်မြန်စားလိုက်ပါ... အစ်ကိုစားပြီးရင် ညီမဆီမှာ နောက်ထပ် ရှိသေးတယ်..."

ဒုတိယညီမ လီထျန်းသည် မျက်လှည့်ပြနေသကဲ့သို့ သူမ၏အိတ်ကပ်ထဲမှ အခွံမခွာရသေးသော ကြက်ဥပြုတ်တစ်လုံးကို ထုတ်ယူပြလိုက်လေသည်။

သူတို့တစ်ယောက်စီတိုင်း နံနက်စာအတွက် ကြက်ဥပြုတ်တစ်လုံးစီ ရရှိခဲ့ကြသည်။ သို့သော် သူမကိုယ်တိုင် မစားဘဲ အစ်ကိုဖြစ်သူ လီလန်၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန်အတွက် ချန်ထားပေးချင်ခဲ့ခြင်း ဖြစ်၏။

"မိုက်လိုက်တဲ့ ကလေးရယ်... အိမ်မှာ ကြက်ဥတွေ ရှိပါသေးတယ် အဲဒီလောက်ထိ ချွေတာနေစရာ မလိုပါဘူး..."

လီလန်၏ နှလုံးသားမှာ နူးညံ့သွားတော့သည်။

သူ၏ညီမလေးမှာ အလွန်သိတတ်လွန်းလှပြီး ရင်ကွဲမတတ် ခံစားရလောက်အောင်ပင် လိမ္မာရေးခြားရှိလှသည်။

မိခင်ဖြစ်သူမှာ စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး ဆိုရိုးစကားရှိသည့်အတိုင်း ဆင်းရဲသော ကလေးများမှာ စောစီးစွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးတတ်လာကြသည်။ ဆရာမလု၊ ဆရာမတုံတို့ထံတွင် စာသင်ကြားခြင်းအပြင် ဒုတိယညီမလေးသည် ကျန်ရှိသောအချိန်များကို အိမ်အလုပ်များ ကူညီလုပ်ကိုင်ပေးရင်း ကုန်ဆုံးလေ့ရှိသည်။

ကောင်မလေးမှာ အရပ်မရှည်သေးသလို ခွန်အားလည်း သိပ်မရှိလှသဖြင့် သန့်ရှင်းရေးလုပ်ခြင်း၊ အဝတ်လျှော်ခြင်း၊ ဟင်းသီးဟင်းရွက်ဆေးခြင်း၊ ပန်းကန်ဆေးခြင်း စသဖြင့် သူမလုပ်နိုင်သောအရာများကိုသာ လုပ်ဆောင်နိုင်သည်။

သူမသည် အစ်မကြီးတစ်ယောက်အနေဖြင့် မိခင်တစ်ဦးပမာ အငယ်ဆုံးညီမလေး လီရွှယ်ကို ပြုစုစောင့်ရှောက်ရာတွင် ကူညီပေးကာ အဝတ်အစားနှင့် ဖိနပ်များ ဝတ်ဆင်ပေးခြင်း၊ မျက်နှာသစ်ပေးခြင်းနှင့် သေချာစွာ စားသောက်စေခြင်းတို့ကို လုပ်ဆောင်ပေးလေသည်။

ကောင်မလေးမှာ အသက်ဆယ့်နှစ်နှစ်သာ ရှိသေးသော်လည်း သူမသည် လိမ္မာရေးခြားရှိပြီး သိတတ်သော လူကြီးပေါက်စလေးတစ်ဦး ဖြစ်နေလေပြီ။

လီလန်သည် ယင်းကိုမြင်သောအခါ သူမအတွက် များစွာသနားမိသွားတော့သည်။

"ညီမလေးပဲ စားလိုက်ပါ၊ အစ်ကို့အတွက် ချန်ထားပေးစရာ မလိုပါဘူး..."

လီလန်က ခေါင်းခါပြလိုက်သည်။ ဤကြက်ဥမှာ သူ၏ဒုတိယညီမလေးက သူ့အတွက် အထူးချန်ထားပေးခြင်းဖြစ်ကြောင်းကို သူ သဘာဝကျကျပင် သိရှိနေ၏။

"ဟင့်အင်း... ညီမ မစားဘူး၊ အစ်ကိုပဲ စားလိုက်၊ အစ်ကိုစားလိုက်ပါ..."

ကောင်မလေးက ခေါင်းခါပြလိုက်လေသည်။

သို့သော် သူမ၏လက်လေးများမှာမူ ရပ်တန့်မနေဘဲ ကြက်ဥအခွံများကို ဆက်လက်ခွာနေတော့သည်။

မကြာမီမှာပင် ဖြူဖွေးနူးညံ့သော ကြက်ဥတစ်လုံးမှာ သူမ၏ လက်သေးသေးလေးထဲတွင် ပေါ်လာလေသည်။

"အစ်ကို မြန်မြန်စားလိုက်၊ ဗိုက်ဝအောင်စား... ဒါမှ ခဏနေ တောင်ပေါ်မှာ အမဲလိုက်ဖို့ အားရှိမှာပေါ့..."

ကောင်မလေးသည် ကြက်ဥပြုတ်ကို လီလန်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။

လီလန်၏ မျက်လုံးများမှာ နီရဲသွားပြီး ပါးစပ်ကို အနည်းငယ်ဟကာ ကိုက်စားလိုက်လေသည်။

"အေးပါ.. အစ်ကို စားပါ့မယ်... စားပါ့မယ်..."

"ကြက်ဥက အရမ်းကောင်းတာပဲ... အခုဆို အစ်ကို ဗိုက်ဝသွားပြီ... နှစ်သစ်ကူးပြီးရင် တောင်ပေါ်မှာ အမဲထပ်လိုက်ပြီး ညီမလေးအတွက် အဝတ်အစားသစ်တွေ ဝယ်ပေးဖို့ အဲဒါတွေကို သွားရောင်းကြမယ်လေ... ဟုတ်ပြီလား..."

"ဟုတ်ကဲ့..."

ကောင်မလေးသည် ကြက်သွန်ဖြူထောင်းနေသကဲ့သို့ ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ရာ သူမ၏ ကျစ်ဆံမြီးနှစ်ဖက်မှာ ရှေ့နောက် ယိမ်းခါသွားတော့သည်။

ထိုအချိန်မှာပင် ဘဝဒဏ်ကို အလူးအလဲ ခံခဲ့ရသော အဘိုးအိုတစ်ဦးက ကြက်ဥပြုတ်တစ်လုံးကို ဒုတိယညီမလေး လီထျန်း၏ လက်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။

"စားလိုက်ပါ၊ သမီးရဲ့ဟာကို အစ်ကို့ကို ပေးလိုက်ပြီဆိုတော့... ဒီကြက်ဥက သမီးအတွက် အဖေပေးတာပါ..."

"အဖေ..."

"အဖေက အရမ်းကောင်းတယ်..."

ကြင်နာတတ်သော မျက်နှာပိုင်ရှင် အဖေဖြစ်သူကို ကြည့်ရင်း လီလန်မှာ အလွန်ပင် စိတ်လှုပ်ရှားကြည်နူးသွားရလေသည်။

သူသည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး စတင်ပြောဆိုလိုက်၏။

"အဖေ၊ ကျွန်တော်တို့အိမ်မှာ လျှပ်စစ်မီးကြိုး တပ်ဆင်ဖို့ စဉ်းစားနေတာ... အဖေ ဘယ်လိုထင်လဲ..."

လျှပ်စစ်မီးကြိုးများ သွယ်တန်းခြင်းဆိုသည်မှာ လျှပ်စစ်မီး တပ်ဆင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

၁၉၆၀ ခုနှစ်များအတွင်းက ကျေးလက်ဒေသများတွင် လျှပ်စစ်မီး မရှိခဲ့ချေ။

တာ့ရှင်းအန်းလင်တောင်တန်းကြီးနှင့် ရှင်းအန်းလင်တောင်တန်းငယ်တို့နှင့် နီးကပ်စွာ တည်ရှိပြီး ကျောက်ဘိုင်တောင်တန်း ခြေရင်းတွင်ရှိသော ရွှမ်းရွှေရွာအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။

ရွှမ်းရွှေရွာသည် ရှေးဟောင်း မုဆိုးရွာတစ်ရွာ ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းအတွက် တောင်တန်းများနှင့် မြစ်များကိုသာ မှီခိုနေရသော အလွန်ရိုးရာဆန်သည့် ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်းကို လုပ်ကိုင်သော ရွာလေးဖြစ်သည်။ ထို့ကြောင့် ရွာသားများ၏ နေထိုင်မှုနှင့် လူနေမှုအဆင့်အတန်းများမှာ အတော်လေး နောက်ကျကျန်ရစ်နေခဲ့လေသည်။

မီးလင်းရေးကို ဥပမာအနေဖြင့် ကြည့်မည်ဆိုလျှင် နေ့လယ်ဘက်၌ နေရောင်ခြည်ရှိသောကြောင့် အဆင်ပြေလှသည်။

ညဘက်ရောက်သောအခါ အလင်းရောင်ရရှိရန် ရေနံဆီမီးခွက်ကိုသာ ထွန်းညှိနိုင်ကြ၏။

သို့မဟုတ် ဖယောင်းတိုင်များကို ထွန်းညှိနိုင်ပေသည်။

ရေနံဆီမီးခွက်များနှင့် ဖယောင်းတိုင်မီးများမှ ရရှိသော အလင်းရောင်မှာ မှိန်ဖျော့ပြီး လုံလောက်သော အလင်းရောင် မရရှိချေ။ အကယ်၍ မတော်တဆ လဲကျသွားပါက မီးလောင်နိုင်သည့် အန္တရာယ်လည်း ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် လီလန်၏ အိမ်မှာ သစ်သားများဖြင့်သာ အပြည့်အဝ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။

သစ်သားအိမ်များမှာ မီးလောင်ကျွမ်းခြင်းနှင့် ရေကြီးရေလျှံမှုဒဏ်များကို အလွန်အမင်း ခံရလွယ်လေသည်။

ထို့ကြောင့် မိသားစု၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် လီလန်က လျှပ်စစ်မီးကြိုးများ သွယ်တန်းပြီး လျှပ်စစ်မီး တပ်ဆင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

"အဖေ ဦးလေးဝေမင် ပြောတာတော့ မြို့ကလူတွေက အခုဆို လျှပ်စစ်မီးတွေ သုံးနေကြပြီတဲ့... ရေနံဆီမီးခွက်တွေကို မသုံးကြတော့ဘဲ မီးသီးတွေကို သုံးနေကြတာတဲ့..."

လီလန်က ဖခင်ဖြစ်သူကို ပြောပြလိုက်သည်။

"မီးသီးဆိုတာ ဘာကြီးလဲ..."

လီတာ့ဟိုင်သည် လီလန်၏စကားကို နားမလည်နိုင်ဘဲ ခေါင်းကို ကုတ်လိုက်လေသည်။

လီတာ့ဟိုင်သည် အလွန်ရှေးကျသော မုဆိုးကြီးတစ်ဦးဖြစ်သည်။ သူသည် စာမတတ်သူဖြစ်ပြီး ကျောင်းလည်း တစ်ခါမျှ မနေဖူးချေ။ ထို့ကြောင့် သူ၏နားတွင် အသစ်အဆန်းဖြစ်နေပြီး ရင်းနှီးမှုမရှိသော မီးသီးဟူသည့် အမည်နာမကို သူ နားမလည်နိုင်ခဲ့ပေ။

"မီးသီးဆိုတာ မီးလိုမျိုးပဲလေ... ကြိုးလေးကို ဆွဲလိုက်တာနဲ့ လင်းလာတာ... အလင်းရောင်ရှိသွားပြီဆိုရင် ညဘက် ပစ္စည်းတွေရှာတဲ့အခါ ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့..."

လီလန်က ခလုတ်ဆွဲသည့် ဟန်ပန်ကို ပြသရင်း ဖခင်ဖြစ်သူကို ရှင်းပြလိုက်သည်။

"အဲဒါက တကယ့်ကို အံ့သြစရာပဲနော်..."

"ဒါဆို အဲဒီမီးသီးကို ဘယ်လို တပ်ဆင်ရမလဲ..."

"အဲ့ဒီအတွက် အဖေ စိတ်ပူစရာ မလိုပါဘူး... လျှပ်စစ်ကျွမ်းကျင်သူကိုသာ လွှဲထားလိုက်ပါ..."

ပြောရင်း လီလန်က ခေါင်းခါပြလိုက်သည်။

"သား လျှပ်စစ်မီးကြိုးတွေ သွယ်တန်းဖို့ဆိုရင် ပိုက်ဆံအများကြီး ကုန်မှာပဲနော်..."

လီတာ့ဟိုင်သည် သိချင်စိတ်ဖြင့် မမေးမီ တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့သည်။

"မြို့နယ်ကနေ ရွာအထိ မီးကြိုးသွယ်ဖို့ဆိုရင် ကီလိုမီတာ ၃၀ ကျော်တောင် ဝေးတာဆိုတော့ ဓာတ်တိုင်တွေပါ စိုက်ရအုံးမှာ... အဲဒါက တကယ့်ကို ငွေအများကြီး ကုန်ကျမှာပဲ..."

"ဒါပေမဲ့ ပိုက်ဆံသက်သာအောင် ကျွန်တော်တို့က မြို့နယ်ကနေ မီးကြိုး သွယ်မှာမဟုတ်ဘူးလေ..."

"ဒါဆို ဘယ်ကနေစပြီး ကြိုးကို ဆွဲကြမလဲ..."

"စန်းဟော့ရွာက လောင်ဟူဆီကနေပေါ့..."

All Chapters