← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃)

အဆောက်အအုံတစ်ခု ပေါက်ထွက်လာခြင်း

သန်းပေါင်းတစ်ထောင်ကျော်သော ဆောက်လုပ်ရေးပိုးကောင်များသည် စူပါကွန်ပျူတာ ထိန်းချုပ်မှု စနစ် အောက်တွင် တိကျသေချာသော ဆောက်လုပ်ရေးကို စတင်တော့မည် ဖြစ်သည်။

၎င်းမှာ တွက်ချက်မှုစွမ်းရည်အတွက် လုံးဝကို ကြီးမားလှသော စိန်ခေါ်မှုတစ်ခုပင် ဖြစ်လေ၏။

သို့သော်လည်း ကောင်းယွမ်သည် စိုးရိမ်ပူပန်နေခြင်း မရှိခဲ့ပေ။

သူသည် ဝမ်ရှန်းယန်ကို ကြည့်ကာ ပြောလိုက်လေသည်။

"မြို့တော်ဝန်ဝမ်... အံ့ဖွယ်ကိစ္စတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရမယ့်အချိန် ရောက်လာပါတော့မယ်..."

ကွန်ပျူတာထိန်းချုပ်မှုအောက်ရှိ မြောက်မြားလှစွာသော ဆောက်လုပ်ရေးပိုးကောင်များက တွင်းတစ်တွင်း စတင်တူးဖော်နေကြသည်ကို လူအများက စောင့်ကြည့်နေခဲ့ကြလေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သစ်သားပြား၏ တစ်ဝက်ကျော်မှာ မီတာအတော်များများအထိ အောက်သို့ တူးဖော်ခံလိုက်ရလေ၏။

ထို့အပြင် တွင်း၏ အစွန်းများမှာ လေဆာဖြတ်စက်ဖြင့် ဖြတ်တောက်ထားသည့်အလား သပ်ရပ်ညီညာနေခဲ့ပေ သည်။

အခြားသူများမှာ ပုံမှန်အတိုင်း ရှိနေသော်လည်း ဝမ်တာလင်းကမူ မျက်လုံးများကို မှေးကျဉ်းလိုက်လေ၏။

ဤအရာသည် စက်ယန္တရားများထက် များစွာပိုမို မြန်ဆန်နေပြီး အရည်အသွေးပိုင်းတွင်လည်း အလွန်မြင့်မား သည့်အသွင် ရှိနေပေသည်။

မကြာမီတွင်ပင် ဤဆောက်လုပ်ရေးပိုးကောင်များသည် အုတ်မြစ်ချခြင်းကို စတင်လိုက်ကြပြီး ၎င်းတို့ ဝါးမျို လိုက်သော မြေကြီးများမှာ ချက်ချင်းဆိုသလိုပင် မူလထက် အဆတစ်ရာခန့် ပိုမိုသိပ်သည်းသော အောက်ခံ ပစ္စည်းတစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။

ထို့နောက် ၎င်းတို့သည် ဘိလပ်မြေ၊ သဲနှင့် သံချောင်းများကိုပါ စားသုံးလိုက်ကြလေ၏။

ထို့နောက်တွင်မူ ဘိလပ်မြေ၊ သဲနှင့် သံချောင်းများကို ဆက်လက် ဝါးမျိုကြပြန်လေသည်။

လူအများ မြင်တွေ့နိုင်သည်မှာ ဤရွှံ့အိုင်ကြီး အဆက်မပြတ် လှုပ်ယမ်းနေခြင်းကိုသာ ဖြစ်ပြီး ၎င်း၏ အောက် ဘက်ရှိ အဆောက်အအုံများမှာ အလိုအလျောက် ကြီးထွားလာနေသကဲ့သို့ ထင်မှတ်ရပေသည်။

မြေအောက်ခန်းနံရံများ၊ တိုင်များနှင့် ကြမ်းပြင်များမှသည် မြေညီထပ်အထိ တစ်စတစ်စ မြင့်တက်လာ သည်ကို မျက်မြင်ကိုယ်တွေ့ပင် မြင်တွေ့နေရလေ၏။

အဆောက်အအုံများသည် အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် ဆက်လက်၍ ကြီးထွားလာနေခဲ့ပေသည်။

လူတိုင်းသည် ဘီလူးသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ပြူးတဲနေသော မျက်လုံးများဖြင့် ကြည့်ရှု နေကြလေ၏။

*ဒါက ဘယ်လိုအရာမျိုးလဲ…. အိမ်တစ်လုံးကို စိုက်ပျိုးနေတာများလား…*

အလွန်အမင်း တုန်လှုပ်အံ့ဩဖွယ် ကောင်းလှသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မျက်တောင်ပင် မခတ်ရဲကြ ပေ။ ၎င်းမှာ မှော်ပညာတစ်ရပ်အလား၊ သို့တည်းမဟုတ် ကွန်ပျူတာ အန်နီမေးရှင်းတစ်ခု အလား ထင်မှတ်ရကာ လွန်ခဲ့သော နာရီအနည်းငယ်က အိမ်ဟောင်းလေးများသာ ရှိခဲ့သည့် နေရာတွင် ယခုအခါ အဆောက်အအုံတစ်ခု မြေကြီးထဲမှနေ၍ သိသိသာသာ ကြီးထွားထွက်ပေါ်လာခဲ့လေသည်။

ယခုအခါ ထိုအိမ်ဟောင်းများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ခေတ်မီအဆောက်အအုံတစ်ခုက မြေပြင် ထက်သို့ ထိုးထွက်လာခဲ့ပြီ ဖြစ်ပေ၏။

ထို့အပြင် ပင်မအဆောက်အအုံကြီးသာမက အတွင်းနှင့် အပြင်နံရံများမှာပါ သပ်ရပ်ညီညာစွာ နေရာယူ သွားပြီး မှန်ပြင်တစ်ချပ်အလား ချောမွေ့နေသည်ကို လူအများ မြင်တွေ့လိုက်ကြရလေသည်။

ဝမ်တာလင်းသည် သူ၏ ခန္ဓာကိုယ်ကြီး တုန်ယင်နေသည်ကိုပင် ခံစားလိုက်ရလေ၏။

တစ်သက်တာလုံး အိမ်ခြံမြေလုပ်ငန်းတွင် ကျင်လည်ခဲ့သူဖြစ်သော်လည်း ဤမျှ အံ့ဩဖွယ်ကောင်းသော အရာ မျိုးကို မည်သည့်အချိန်ကများ သူ မြင်တွေ့ခဲ့ဖူးပါသနည်း။

အစပိုင်းတွင် ဝမ်ရှန်းယန်မှာ အတော်အသင့် တည်ငြိမ်နေခဲ့သော်လည်း မြေကြီးထဲမှနေ၍ အဆောက် အအုံတစ် ခု ကြီးထွားထွက်ပေါ်လာပြီးနောက်တွင်မူ သူလည်း ဆက်လက်၍ မတည်ငြိမ်နိုင်တော့ပေ။ ယခင်က လူတိုင်း သည် ငြိမ်သက်စွာ ရပ်လျက် ကြည့်ရှုနေခဲ့ကြသော်လည်း ယခုအခါတွင်မူ အဆောက် အအုံမှာ ငါးထပ်အထိ မြင့်တက်သွားပြီဖြစ်ရာ အပေါ်သို့သာ မော့ကြည့်နေရတော့လေ၏။

ပုံစံထုတ်လုပ်ထားသည့် ဒီဇိုင်းများအရ ဤသည်မှာ စုစုပေါင်း သုံးဆယ့်ခြောက်ထပ် ပါဝင်မည့် စက်မှုဇုန် ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆောက်အအုံပင် ဖြစ်သည်။ ၎င်းသည် ငါးရံ့နက်နည်းပညာ စက်မှုဇုန်တွင် အမြင့်ဆုံးသော အဆောက်အအုံလည်း ဖြစ်ပေ၏။

တိုက်ရိုက် ရိုက်ကူးထားသော ဗီဒီယိုရုပ်သံကို အွန်လိုင်းပေါ်သို့ တင်လိုက်လေရာ...၊

ကောင်းယွမ်၏ ကိစ္စရပ်မှာ မူလကတည်းက လူအများ၏ အာရုံစိုက်မှုကို ရရှိထားပြီးဖြစ်သည့်အပြင် ယခုအခါ ထိပ်တန်းလုပ်ငန်းရှင်ကြီးများပါ ကိုယ်တိုင် ရောက်ရှိလာကြခြင်း ဖြစ်လေသည်။

မကြာမီမှာပင် အင်တာနက်အသုံးပြုသူ မြောက်မြားစွာသည် တိုက်ရိုက် ထုတ်လွှင့်မှုအတွင်းသို့ အလု အယက် ဝင်ရောက်လာခဲ့ကြလေတော့သည်။

သူတို့သည် မူလက ထိပ်တန်းလုပ်ငန်းရှင်ကြီးများကို မြင်တွေ့ရရန်နှင့် သေးငယ်သော ရည်မှန်းချက်လေး တစ်ခု ကို မည်သို့မည်ပုံ အောင်မြင်အောင် လုပ်ဆောင်သွားသည်ကို သိရှိလိုသောကြောင့် ဝင်ရောက်လာ ခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော် မြင်တွေ့လိုက်ရသည်မှာကား ရွှံ့ပြင်တစ်လွှာအောက်မှနေ၍ လျင်မြန်စွာ ကြီးထွားထွက်ပေါ်လာ နေ သော အဆောက်အအုံကြီးတစ်ခုပင် ဖြစ်နေခဲ့လေ၏။

၎င်းမှာ အလွန်အမင်းကို မြန်ဆန်လွန်းလှပေသည်။

ဝမ်မုံ့သည် ပုံမှန်အားဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုများကို ကြည့်ရှုရာတွင် လှပသော မိန်းကလေးများကို ဖြစ်စေ၊ ပြင်ပလှုပ်ရှားမှုများကိုဖြစ်စေ ကြည့်ရှုလေ့ရှိသူ ဖြစ်သော်လည်း ယခုကဲ့သို့ အိမ်ဆောက်နေ သည်ကို ကြည့်ရှုရုံ ဖြင့် ဤမျှလောက် စွဲလမ်းသွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးထင်ခဲ့ဖူးပေ။

ဤမှော်ဆန်လှသော အံ့ဖွယ်ဖြစ်ရပ်ကြီးမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းလှပေ၏။

အကယ်၍များ သင့်ထံတွင် ထိုကဲ့သို့သော ဆောက်လုပ်ရေးပိုးကောင်မျိုး ရှိနေခဲ့ပါလျှင် ဒီဇိုင်းပုံစံများကို ထည့် သွင်းပေးလိုက်ရုံဖြင့် နာရီအနည်းငယ်အတွင်းမှာပင် ဇာတိရွာရှိ အိမ်ဟောင်းနေရာတွင် ဗီလာတစ်လုံးကို ချက် ချင်း ဆောက်လုပ်နိုင်လိမ့်မည် မဟုတ်ပါလော။

ဤသည်မှာ အိပ်မက်တစ်ခု တကယ်ဖြစ်လာခြင်းပင်ဟု ဝမ်မုံ့ တွေးလိုက်မိလေသည်...။ ထို့ကြောင့် သူသည် ကျင်းဟိုင်သို့သွားရောက်ကာ ငါးရံ့နက်နည်းပညာကုမ္ပဏီတွင် အလုပ်လျှောက် ထားရန် ဆုံးဖြတ်လိုက်လေ တော့၏။

တိုက်ရိုက် ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှုရသည်ထက် အပြင်တွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရခြင်းက ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။

ဝမ်တာလင်း၊ လဲ့ကျန်းကျွင်းနှင့် ကျိုးချီရှန်းတို့ အားလုံးမှာ မော့ကြည့်လျက်သားဖြင့် ဆွံ့အ တိတ်ဆိတ် နေခဲ့ ကြလေ၏။

ထိုစဉ် ဘေးဘက်မှနေ၍ ကျိုးလဲ့က အာမေဍိတ်သံဖြင့် ပြောလိုက်လေသည်။

"ဥက္ကဋ္ဌကောင်းက တကယ်ကို အံ့မခန်းပါပဲ... ဆောက်လုပ်ရေးပိုးကောင်တွေ ထွက်ပေါ်လာပြီဆိုတော့ အနာဂတ် မှာ စက်ယန္တရားကြီးတွေ လိုပါဦးမလား..."

ငါးနက်နည်းပညာ စက်မှုဇုန်၏ တိုက်ရိုက် ထုတ်လွှင့်မှု ဗီဒီယိုမှာ အွန်လိုင်းပေါ်တွင် လျင်မြန်စွာပင် ပြန့်နှံ့ သွားခဲ့ လေတော့၏။

အစပိုင်းတွင် ဖန်းပိုင်ရီသည် လုံးဝ ဂရုမစိုက်ခဲ့သော်လည်း သူ၏ လက်ထောက်ဖြစ်သူက ၎င်းဗီဒီယိုကို သူ၏ ရှေ့တွင် အကြိမ်ကြိမ် ဖွင့်ပြပြီးနောက်တွင်မူ၊ ဖန်းပိုင်ရီ၏ မျက်နှာမှာ မှောင်မိုက်သွားခဲ့လေသည်။

"ဒါက ဆန်းသစ်တီထွင်မှု မဟုတ်ဘူး ဖျက်ဆီးမှုပဲ...၊ ဆောက်လုပ်ရေးပိုးကောင်တွေသာ ရှိနေရင် မြို့တွေ တည်ဆောက်ဖို့ဆိုတာ အရမ်းလွယ်တဲ့ ကိစ္စတစ်ခု ဖြစ်သွားတော့မှာပေါ့..."

ဤသည်မှာ တူညီသော အခြေအနေတစ်ခုပင် ဖြစ်၏။

ရှနိုင်ငံ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ တာဝန်ရှိသူ အချို့က လည်း အလားတူပင် ပြောဆိုနေခဲ့ကြလေသည်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ညွှန်ကြားရေးမှူးဖြစ်သူ ချင်ထျဲ့ကျွင်းသည် လည်း ဗီဒီယိုကို ကြည့်ရှုနေခဲ့လေ၏။ ရုပ်သံထဲတွင် ကောင်းယွမ်၏ တိုက်ရိုက် ထုတ် လွှင့်မှုကို ပြသနေပြီး ဤ အချိန်၌ ငါးရံ့နက်နည်းပညာ စက်မှုဇုန်ကြီးမှာ လျင်မြန်စွာ ကြီးထွားလာနေဆဲ ပင် ဖြစ်လေသည်။

ချင်ထျဲ့ကျွင်းက လှိုက်လှဲစွာပင် အာမေဍိတ်သံ ပြုလိုက်လေသည်။

"ဆောက်လုပ်ရေးပိုးကောင်တွေနဲ့ဆိုရင် မြို့တွေကို တည်ဆောက်ဖို့က အရမ်းကိုလွယ်ကူသွားပြီပဲ... ငါးရံ့နက် နည်းပညာကုမ္ပဏီကို ဆက်သွယ်ဖို့ လူတစ်ယောက်လောက် လွှတ်လိုက်စမ်း... နေဦး မနက်ဖြန် ငါကိုယ်တိုင်ပဲ သွားလိုက်တော့မယ်... ဒီနည်းပညာကို ဘယ်လိုမှ အပြင်ရောက်သွားစေလို့ မဖြစ်ဘူး... "

"နိုင်ငံတော်ကသာ ဒီဆောက်လုပ်ရေးပိုးကောင်တွေကို ထိန်းချုပ်နိုင်ပြီဆိုရင် အရှေ့တောင်အာရှမှာ မြို့သစ် တွေ တည်ဆောက်နိုင်မယ်၊ အန္တရာယ်များတဲ့ နေရာတွေမှာ လမ်းတွေ ဖောက်နိုင်မယ်၊ ချောက် ကမ်းပါးတွေပေါ်မှာ တံတားတွေ တည်ဆောက်နိုင်တော့မှာပဲ..."

ကောင်းယွမ် ချပြလိုက်သည့် ဆောက်လုပ်ရေးပိုးကောင်များအကြောင်းသည် နာရီအနည်းငယ်အတွင်း မှာပင် အင်တာနက်ကွန်ရက် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေတော့၏။

ထိုအချိန်က ဆောက်လုပ်ရေးလုပ်ငန်းခွင် နေရာ၌ ရှိနေခဲ့သော ဝမ်တာလင်းမှာမူ ရှုပ်ထွေးနေသော ခံစားချက် များဖြင့် ပြည့်နှက်နေခဲ့လေသည်။

ဆောက်လုပ်ရေးပိုးကောင်များ ထွက်ပေါ်လာခြင်းမှာ ဆန်းသစ်တီထွင်မှု သက်သက်မျှသာ မဟုတ်တော့ ပေ။ နောင်အနာဂတ်တွင် မြောက်မြားစွာသော ဆောက်လုပ်ရေး အလုပ်သမားကြီးများ၏ အခြေအနေ မှာ မည်သို့ ဖြစ်သွားကြမည်နည်း။

အိမ်တစ်လုံး ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်မရှိသလောက် ဖြစ်သွားပြီဖြစ်ရာ အိမ်များ ကြက် သွန်နီဈေး ကဲ့သို့ ပေါပေါလောလော ဖြစ်လာမည့်ခေတ်မှာ ဝေးကွာနေသေးသလော။ လူအင်အားလည်း လုံးဝ မလိုအပ် တော့ပေ။ ဆောက်လုပ်ရေးပိုးကောင် တစ်သေတ္တာမျှဖြင့် မိနစ်နှစ်ဆယ်အတွင်း ဧက ထောင်ချီ ကျယ်ဝန်းသော နေရာကို ဖုံးလွှမ်းသွားနိုင်သည့် ပမာဏအထိ ပြောင်းလဲပွားများသွားနိုင်လေသည်။

အကယ်၍သာ ကွဲပွားမှုက တစ်နာရီခန့် ကြာမြင့်သွားမည်ဆိုလျှင် မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားရန် လုံလောက် မည် မဟုတ်ပါလော။ လိုအပ်သော ကုန်ကြမ်းပစ္စည်းများ အလုံအလောက်ရှိနေပြီး ဒီဇိုင်း ပုံစံများကိုသာ ရေးဆွဲ ပေးထားပါက မြို့တစ်မြို့လုံးကိုပင် အလွန်တိုတောင်းသော အချိန်ကာလအတွင်း၌ ကြီးထွားပေါ်ပေါက် လာစေနိုင်ပေသည်။

၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေ၏။

ဝမ်တာလင်းသည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးမွေးညင်းများပင် ထသွားခဲ့ရလေသည်။

ညဝင်စပြုလာချိန်တွင်မူ ငါးနက်နည်းပညာ စက်မှုဇုန်၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆောက် အအုံ၏ အဓိက ကိုယ်ထည်ပိုင်းမှာ အလုံးစုံ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

တံခါးနှင့် ပြတင်းပေါက်များ မရှိသေးသည်မှလွဲ၍ ကျန်ရှိသည့် အပိုင်းများမှာ အခြေခံအလှဆင်မှုများပါ မကျန် လက်တွေ့ကျကျပင် ပြီးစီးသွားခဲ့ပြီ ဖြစ်လေ၏။

အချိန်ကား မှောင်မိုက်နေခဲ့ပြီ ဖြစ်သည်။

ကောင်းယွမ်သည် ဖွံ့ဖြိုးတိုးတက်ရေးဇုန်ရှိ ယာယီ ကွပ်ကဲမှုစခန်းလေးအတွင်း၌ ညစာ စားသုံးရန် စီစဉ် ပေးခဲ့လေသည်။

ထူးဆန်းသော မြင်ကွင်းတစ်ရပ်မှာကား ဘီလီယံနာ လုပ်ငန်းရှင်ကြီး တစ်စုသည် ထမင်းဘူးများကိုယ်စီ ကိုင်ဆောင်ကာ ဆောင့်ကြောင့်ထိုင်လျက် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် စကားစမြည်ပြောရင်း စားသောက်နေကြခြင်းပင် ဖြစ်ပေသည်။

ဤမြင်ကွင်းသည် လူအများ၏ ရင်ထဲ၌ မရေမတွက်နိုင်သော ခံစားချက်ပေါင်းစုံကို လှုံ့ဆော်ပေးလိုက် လေ ၏။

ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဆိုသည်မှာလည်း အမှန်တကယ်တော့ သာမန်လူသားများသာ ဖြစ်နေ ကြသည် မဟုတ်ပါလော။

ယနေ့ညတွင်မူ မိမိမှာ ဤထိပ်တန်းလူတန်းစားကြီးများထက်ပင် ပိုမိုကောင်းမွန်သော အချိန်ကာလကို ပိုင်ဆိုင် နိုင်နေပေသည်။

အခြေအနေများ မည်မျှပင် ဆိုးရွားနေပါစေ မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လည် ထွက်ခွာမသွားကြပေ။ လူ တိုင်းမှာ ကောင်းယွမ်၏ အနီး၌သာ စုရုံးနေခဲ့ကြလေ၏။

"ဥက္ကဋ္ဌကောင်း ဒီဆောက်လုပ်ရေးပိုးကောင်တွေက ဈေးကြီးလား..."

"ဆောက်လုပ်ရေးပိုးကောင်တွေကို ရောင်းဖို့ကော အစီအစဉ် ရှိပါသလား..."

"ဒီနောက်ကွယ်က အလုပ်လုပ်တဲ့ သဘောတရားက ဘာများလဲ... အပြင်ဘက်နံရံတွေပေါ်က အနုစိတ် ဆုံး ဒီဇိုင်းပုံစံတွေတောင် ဒီလိုမျိုး ကြီးထွားထွက်ပေါ်လာတာကို ကျွန်တော် မြင်လိုက်ရတယ်နော်..."

လူအများ၏ ဝန်းရံခြင်းကို ခံထားရသော ကောင်းယွမ်မှာ အတော်လေး ဂုဏ်ယူဝင့်ကြွားနေသည့် အသွင် ရှိလေသည်။

"ဥက္ကဋ္ဌဝမ် ဆောက်လုပ်ရေးပိုးကောင်တွေက ဈေးမကြီးပါဘူး ကျွန်တော် ရောင်းလည်း ရောင်းပေးလို့ ရပါ တယ်... ဒါပေမဲ့ ခင်ဗျားတို့အတွက်တော့ သိပ်ပြီး အသုံးဝင်မှာ မဟုတ်ပါဘူး..."

ကျိုးလဲ့မှာ နားမလည်နိုင်သည့်အသွင်ဖြင့် မေးလိုက်လေ၏။

"ဘာဖြစ်လို့လဲ..."

ကောင်းယွမ်က ရှင်းပြလိုက်လေသည်။

"ခုနက ဥက္ကဋ္ဌရွှေ ပြောသွားသလိုပဲ အနုစိတ်ဆုံး ဒီဇိုင်းပုံစံတွေတောင်မှ ကြီးထွားလာနိုင်တယ်လေ... အဲဒါက ဘာကို ဆိုလိုနေတာလဲ..."

ထိုအခါ ဝမ်တာလင်းက ရုတ်တရက် သဘောပေါက်သွားခဲ့လေ၏။

"ဆိုလိုတာက ဒီလောက်များပြားလှတဲ့ ဆောက်လုပ်ရေးပိုးကောင်တွေဟာ တကယ့်ကို တိကျတဲ့ ထိန်း ချုပ်မှု အောက်မှာ ရှိနေတာမိုလို့ပါပဲ..."

ကောင်းယွမ်က ခေါင်းညိတ်ပြလိုက်လေသည်။

"အမှန်တော့ ဒီဆောက်လုပ်ရေးပိုးကောင်တွေက အလွန်သေးငယ်တဲ့ 3D မိုက်ခရိုပရင်တာ တွေနဲ့ တူပါ တယ်... ဆောက်လုပ်ရေးပိုးကောင် တစ်ကောင်စီဟာ အသေးစား စက်ယန္တရားတစ်ခုစီပါပဲ... ဒီနေ့ ကျွန်တော်တို့ ဆောက် လုပ်ရေးပိုးကောင် သန်းတစ်ထောင့်ခြောက်ရာကို အသုံးပြုခဲ့တယ်၊ ဆိုလိုတာက ဒီမိုက်ခရိုစက်ရုပ် သန်း(၁၆၀၀) ကို တိတိကျကျ ထိန်းချုပ်နိုင်မယ့် စနစ်တစ်ခု လိုအပ်တယ် ဆိုတဲ့ သဘောပဲလေ... စက်ရုပ်တစ်ရုပ်စီရဲ့ တည်နေ ရာနဲ့ ထုတ်လွှတ်ပေးရမယ့် ဒြပ်စင်ပမာဏကို တိတိ ကျကျ တွက်ချက်ဖို့ လိုအပ်ပါတယ်..."

လဲ့ကျန်းကျွင်းမှာ အသက်ရှူမှားသွားခဲ့လေသည်။

"ဒီလို ထိန်းချုပ်မှုစနစ်မျိုးကို ခင်ဗျား ဘယ်လိုလုပ်ပြီး ဖန်တီးနိုင်ခဲ့တာလဲ..."

ကောင်းယွမ်က ပြုံးလိုက်ကာ စကားတစ်ခွန်းသာ ဆိုလိုက်လေ၏။

"လျှို့ဝှက်ချက်လေ..."

...

“ကျစ်...”

နေရာတွင် ရှိနေကြသော ထိပ်တန်းလုပ်ငန်းရှင်ကြီးများမှာ တစ်စုံတစ်ယောက်ကို ထိုးကြိတ်ချင်နေသည့် အသွင် ရှိနေကြလေသည်။

ကျိုးလဲ့သည် တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် မေးလိုက်လေ၏။

"ဥက္ကဋ္ဌကောင်း ဆောက်လုပ်ရေးပိုးကောင်ကို တီထွင်ခဲ့တဲ့အဖွဲ့က ဒီနေ့ ရှင်းလင်းပြသသွားတဲ့ ဝမ်ရီတို့ အဖွဲ့ပဲ လား..."

ကောင်းယွမ်က ခေါင်းညိတ်ပြလိုက်လေသည်။

"ဥက္ကဋ္ဌကျိုးက မှတ်ဉာဏ် အရမ်းကောင်းတာပဲ... လူတော်တော်များများက ဒီနာမည်ကိုတောင် သိကြမှာ မဟုတ် ပါဘူး... ဝမ်ရီရဲ့အဖွဲ့က ဆောက်လုပ်ရေးပိုးကောင်ကို တီထွင်ခဲ့တဲ့ တကယ့် သူရဲကောင်းအစစ်တွေ ပါပဲ..."

ကျိုးလဲ့ မျက်မှောင်ကြုတ်သွားခဲ့လေ၏။

*ကောင်းယွမ်ရဲ့ လက်အောက်မှာ ဘယ်လိုလုပ်ပြီး ဒီလောက် အံ့မခန်း အစွမ်းထက်သူတွေ အများကြီး ရှိနေရ တာလဲ…*

All Chapters